လက်ဘနွန်တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွက် အစ္စရေးနိုင်ငံ လက်တုံ့ပြန်ခံရမည်ဟု အီရန်ဗိုလ်ချုပ်ကြီး သတိပေး

 495

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အစ္စရေးနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိလက်နက်ကိုင်အဖွဲ့များ၏ ပြင်းထန်သောတုံ့ပြန်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်အစိုးရ၏ စစ်ဦးစီးချုပ်တစ်ဦးဖြစ်သူ ဟူစိန်ဆာလာမီက ထုတ်ဖော်သတိပေးလိုက် သည်။ စက်တင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် လက်ဘနွန်နိုင်ငံတွင် ဟစ်ဘိုလာအဖွဲ့ဝင်များ အသုံးပြုသော ဆက်သွယ်ရေးပေဂျာများ၊ ဆက်သွယ်ရေးကိရိယာများ ပေါက်ကွဲမှုများဖြစ်ပွားကာ လူပေါင်းထောင်ချီ ဒဏ်ရာရကာ လူသေဆုံးမှုများဖြစ်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အီရန်နိုင်ငံ၏ အထောက်ပံ့ကို ရရှိထားသည့် အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိ ဟူသီလက်နက်ကိုင်အဖွဲ့၊ အီရတ်လက်နက်ကိုင်အဖွဲ့၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့များသည် အစ္စရေး အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရကတော့ လက်ဘနွန်နိုင်ငံတွင် လူပေါင်း ၃၇ ဦး သေဆုံးကာ လူပေါင်း ၃၀၀၀ ဒဏ်ရာရစေခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သိရသည်။

အီရန်ဗိုလ်ချုပ်ကြီး ဆာလာမီက "ဒီအကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစ္စရေးရဲ့လုပ်ရပ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။ အဲဒီအတွက်လည်း အစ္စရေးမကြာခင်မှာ တုံ့ပြန်ခံရမယ်။ ကျွန်တော်တို့ဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး သွေးဆာနေတဲ့သူတွေဘယ်လို ပျက်စီးသွားမလဲဆိုတာ တွေ့မြင်ရမယ်" ဟု ပြောသည်။ အီရန်နှင့် အစ္စရေးနိုင်ငံတို့သည် တစ်နိုင်ငံအပေါ် အခြားတစ်နိုင်ငံက ဖျက်ဆီးမည်ဆိုသောခြိမ်းခြောက်မှုများမကြာခဏ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။

ဟစ်ဘိုလာခေါင်းဆောင်က ၎င်းတို့အဖွဲ့ဝင်များအသုံးပြုသော ဆက်သွယ်ရေးကိရိယာများ ပေါက်ကွဲခြင်းသည် သတ်မှတ်ထားသည့် အနီရောင်မျဉ်းကို ကျော်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံကို မကြာခင် စစ်ကြေညာ သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်အစိုးရကတော့ တင်းမာမှုအရှိန်လျော့ချကြရန် အစ္စရေး နှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိအဖွဲ့အစည်းများကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများဖြစ်လာခဲ့ရာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဟစ်ဘိုလာအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လက္ဘႏြန္တြင္ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈမ်ားအတြက္ အစၥေရးႏိုင္ငံ လက္တုံ႔ျပန္ခံရမည္ဟု အီရန္ဗိုလ္ခ်ဳပ္ႀကီး သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

အစၥေရးႏိုင္ငံအေနျဖင့္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိလက္နက္ကိုင္အဖြဲ႕မ်ား၏ ျပင္းထန္ေသာတုံ႔ျပန္မႈမ်ားကို ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း အီရန္အစိုးရ၏ စစ္ဦးစီးခ်ဳပ္တစ္ဦးျဖစ္သူ ဟူစိန္ဆာလာမီက ထုတ္ေဖာ္သတိေပးလိုက္ သည္။ စက္တင္ဘာ ၁၇ ရက္ ႏွင့္ ၁၈ ရက္တို႔တြင္ လက္ဘႏြန္ႏိုင္ငံတြင္ ဟစ္ဘိုလာအဖြဲ႕ဝင္မ်ား အသုံးျပဳေသာ ဆက္သြယ္ေရးေပဂ်ာမ်ား၊ ဆက္သြယ္ေရးကိရိယာမ်ား ေပါက္ကြဲမႈမ်ားျဖစ္ပြားကာ လူေပါင္းေထာင္ခ်ီ ဒဏ္ရာရကာ လူေသဆုံးမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာခဲ့သည္။

အဆိုပါ ေပါက္ကြဲမႈမ်ားႏွင့္ပတ္သက္ၿပီး အီရန္ႏိုင္ငံ၏ အေထာက္ပံ့ကို ရရွိထားသည့္ အေရွ႕အလယ္ပိုင္းေဒသ အတြင္းရွိ ဟူသီလက္နက္ကိုင္အဖြဲ႕၊ အီရတ္လက္နက္ကိုင္အဖြဲ႕၊ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕မ်ားသည္ အစၥေရး အစိုးရကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရသည္။ အစၥေရးအစိုးရကေတာ့ လက္ဘႏြန္ႏိုင္ငံတြင္ လူေပါင္း ၃၇ ဦး ေသဆုံးကာ လူေပါင္း ၃၀၀၀ ဒဏ္ရာရေစခဲ့ေသာ ေပါက္ကြဲမႈႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ျပဳေျပာဆိုျခင္း မရွိေၾကာင္း သိရသည္။

အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆာလာမီက "ဒီအၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး အစၥေရးရဲ႕လုပ္ရပ္ဆိုတာ သံသယ ျဖစ္စရာမလိုပါဘူး။ အဲဒီအတြက္လည္း အစၥေရးမၾကာခင္မွာ တုံ႔ျပန္ခံရမယ္။ ကြၽန္ေတာ္တို႔ဟာ ရာဇဝတ္မႈေတြ က်ဴးလြန္ေနၿပီး ေသြးဆာေနတဲ့သူေတြဘယ္လို ပ်က္စီးသြားမလဲဆိုတာ ေတြ႕ျမင္ရမယ္" ဟု ေျပာသည္။ အီရန္ႏွင့္ အစၥေရးႏိုင္ငံတို႔သည္ တစ္ႏိုင္ငံအေပၚ အျခားတစ္ႏိုင္ငံက ဖ်က္ဆီးမည္ဆိုေသာၿခိမ္းေျခာက္မႈမ်ားမၾကာခဏ လုပ္ေဆာင္ေနခဲ့ေၾကာင္း သိရသည္။

ဟစ္ဘိုလာေခါင္းေဆာင္က ၎တို႔အဖြဲ႕ဝင္မ်ားအသုံးျပဳေသာ ဆက္သြယ္ေရးကိရိယာမ်ား ေပါက္ကြဲျခင္းသည္ သတ္မွတ္ထားသည့္ အနီေရာင္မ်ဥ္းကို ေက်ာ္ျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း၊ အစၥေရးႏိုင္ငံကို မၾကာခင္ စစ္ေၾကညာ သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္အစိုးရကေတာ့ တင္းမာမႈအရွိန္ေလ်ာ့ခ်ၾကရန္ အစၥေရး ႏွင့္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိအဖြဲ႕အစည္းမ်ားကို တိုက္တြန္းေတာင္းဆိုထားေၾကာင္း သိရသည္။ အစၥေရးႏွင့္ ဟားမက္စ္အဖြဲ႕ၾကား ဂါဇာစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းတည္းက အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈမ်ားျဖစ္လာခဲ့ရာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ဟစ္ဘိုလာအဖြဲ႕က ပစ္မွတ္ထားတိုက္ခိုက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.