ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ

 1908

ချယ်ရီ (NP News) - စက်တင်ဘာ ၂၁

ရာဂီအရှိန်ကြောင့် ရေတိုက်စားပျက်စီးခဲ့ရသော ရန်ကုန် - မန္တလေး ရထားလမ်းမကြီးတွင် ရထားအမြန်ဆုံး ပြေးဆွဲနိုင်ရေးအတွက် ပစ္စည်းအင်အား၊ လူအင်အားသုံးပြီး အင်တိုက်အားတိုက် လုပ်နေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ အချက်အလက်များအရ သိရသည်။

အဆိုပါ ရထားလမ်းပိုင်းအတွင်း ရှိ နေရာများတွင် ထိခိုက်မှုများဖြစ်ပွားပြီးနောက် ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံး စတင်ဆောင်ရွက်နေခြင်း ဖြစ်ကာ မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်း မံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်နေခြင်း ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှ မန္တလေးအထိ လူစီး ရထားများ၊ ကုန်ရထားများ ဆောလျင်စွာ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ စက်တင် ဘာလ ၁၈ ရက်မှစတင်ကာ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာတွင် ယာယီရပ်တန့်ထားရသော အစုန်ကုန်ရထား တွဲဆိုင်း (၄) ဆိုင်းနှင့် ညောင်ရမ်းဘူတာ၌ ရပ်တန့်ထားရသည့် အမှတ် (၂) အစုန်စာပို့ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက်စေလွှတ်ပေးနိုင်ပြီဖြစ်ကာ ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ် တန့်ထားသော အဆန်ကုန်ရထား (၄)စင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ ပြောင်းပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

တံတားချဉ်းကပ်လမ်းများ ရေတိုက်စားသွားသဖြင့် သံလမ်းများခေတ္တဖြုတ်သိမ်းပြီး ရထားလမ်းတာဘောင်များ ပြန်လည်ဆောင်ရွက်မည့်သပြေတောင်း နှင့် စမုံဘူတာအကြား တံတားအမှတ် (၆၉၁)ကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များ အမြန်ဆုံးရောက်ရှိနိုင်ရန် ဆောင်ရွက်နေကြောင်းသိရကာ စမုံနှင့်သပြေတောင်းအဆန်လမ်းပိုင်းအား စက်တင်ဘာလမကုန်မီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

သာစည်နှင့်လှိုင်းတက်ကြား၊ လှိုင်းတက်နှင့် ဘုရားငါးဆူအကြားရှိ ရထားလမ်းတာဘောင်နေရာများတွင်လည်း ပြုပြင်ရေးလုပ်ငန်းစဉ်များ စသည်ဖြင့် လိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။

zawgyi version
ရန္ကုန္ မွ မႏၲေလးအထိ လူစီးႏွင့္ကုန္ရထားမ်ား အျမန္ဆုံးေျပးဆြဲႏိုင္ရန္ အတြက္ ျပင္ဆင္ေရးလုပ္ငန္းကို ေဆာင္႐ြက္ေန
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၁

ရာဂီအရွိန္ေၾကာင့္ ေရတိုက္စားပ်က္စီးခဲ့ရေသာ ရန္ကုန္ - မႏၲေလး ရထားလမ္းမႀကီးတြင္ ရထားအျမန္ဆုံး ေျပးဆြဲႏိုင္ေရးအတြက္ ပစၥည္းအင္အား၊ လူအင္အားသုံးၿပီး အင္တိုက္အားတိုက္ လုပ္ေနေၾကာင္း ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျမန္မာ့မီးရထား၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ ရထားလမ္းပိုင္းအတြင္း ရွိ ေနရာမ်ားတြင္ ထိခိုက္မႈမ်ားျဖစ္ပြားၿပီးေနာက္ ျပင္ဆင္ေရးလုပ္ငန္းမ်ားကို အျမန္ဆုံး စတင္ေဆာင္႐ြက္ေနျခင္း ျဖစ္ကာ ျမန္မာ့မီးရထားအေနျဖင့္ ရထားလမ္းႏွင့္တံတားမ်ား ျပင္ဆင္မြမ္း မံမႈကို လူအင္အား၊ ပစၥည္းအင္အား၊ ထိေရာက္ေသာ ေထာက္ပံ့ပို႔ေဆာင္ေရးအစီအစဥ္တို႔ျဖင့္ စနစ္တက် စီမံႀကီးၾကပ္ေဆာင္႐ြက္ေနျခင္း ျဖစ္ေနေၾကာင္း သိရသည္။

ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းအတြင္း ရန္ကုန္မွ မႏၲေလးအထိ လူစီး ရထားမ်ား၊ ကုန္ရထားမ်ား ေဆာလ်င္စြာ ျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ လမ္းပိုင္းအား အျမန္ဆုံးျပဳျပင္ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။ စက္တင္ ဘာလ ၁၈ ရက္မွစတင္ကာ တပ္ကုန္းႏွင့္ သာစည္အၾကား ေရတိုက္စားခံခဲ့ရသည့္ ေနရာအခ်ိဳ႕ကို ျပဳျပင္ၿပီးေနာက္ တစ္လမ္းေမာင္းစနစ္ကို အသုံးျပဳႏိုင္ၿပီျဖစ္သျဖင့္ သာစည္ဘူတာတြင္ ယာယီရပ္တန႔္ထားရေသာ အစုန္ကုန္ရထား တြဲဆိုင္း (၄) ဆိုင္းႏွင့္ ေညာင္ရမ္းဘူတာ၌ ရပ္တန႔္ထားရသည့္ အမွတ္ (၂) အစုန္စာပို႔ရထားတို႔ကို ရန္ကုန္ဘက္သို႔ ဆက္လက္ေစလႊတ္ေပးႏိုင္ၿပီျဖစ္ကာ ေပ်ာ္ဘြယ္ဘူတာ၊ ပ်ဥ္းမနားဘူတာႏွင့္ ေရနီဘူတာတို႔၌ ရပ္ တန႔္ထားေသာ အဆန္ကုန္ရထား (၄)စင္းတို႔ကို သာစည္ဘူတာသို႔ ေ႐ႊ႕ ေျပာင္းပို႔ေဆာင္ထားၿပီျဖစ္ေၾကာင္း သိရသည္။

တံတားခ်ဥ္းကပ္လမ္းမ်ား ေရတိုက္စားသြားသျဖင့္ သံလမ္းမ်ားေခတၱျဖဳတ္သိမ္းၿပီး ရထားလမ္းတာေဘာင္မ်ား ျပန္လည္ေဆာင္႐ြက္မည့္သေျပေတာင္း ႏွင့္ စမုံဘူတာအၾကား တံတားအမွတ္ (၆၉၁)ကို ျပန္လည္ျပဳျပင္ႏိုင္ေရးအတြက္ လိုအပ္သည္မ်ား အျမန္ဆုံးေရာက္ရွိႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္းသိရကာ စမုံႏွင့္သေျပေတာင္းအဆန္လမ္းပိုင္းအား စက္တင္ဘာလမကုန္မီ အျမန္ဆုံးဖြင့္လွစ္ႏိုင္ေရး ရည္မွန္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

သာစည္ႏွင့္လႈိင္းတက္ၾကား၊ လႈိင္းတက္ႏွင့္ ဘုရားငါးဆူအၾကားရွိ ရထားလမ္းတာေဘာင္ေနရာမ်ားတြင္လည္း ျပဳျပင္ေရးလုပ္ငန္းစဥ္မ်ား စသည္ျဖင့္ လိုအပ္ေသာ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.