ကျန်းမာရေးကြောင့် K Pop အဖွဲ့ EVERGLOW ရဲ့ အမေရိကန်နဲ့ လက်တင်အမေရိက ဖျော်ဖြေရေးခရီးစဉ်တွေမှာ Aisha လိုက်ပါနိုင်မှာမဟုတ်

 211

ရောင်နီ (NP News) - စက်တင်ဘာ ၂၂

တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ EVERGLOW ရဲ့ အဖွဲ့ဝင် Aisha ဟာ သူမရဲ့ကျန်းမာရေး အခြေအနေ တွေကြောင့် အမေရိကန်နဲ့ လက်တင်အမေရိက ဖျော်ဖြေရေးခရီးစဉ်တွေကို လိုက်ပါနိုင်တော့မှာ မဟုတ်ဘူးလို့ အဖွဲ့ အေဂျင်စီက ပြောပါတယ်။

ဒီအကြောင်းကို အဖွဲ့ရဲ့အေဂျင်စီ Yuehua Entertainment က စက်တင်ဘာလ ၂ဝ ရက်မှာ အကြောင်းကြားလာခဲ့ တာဖြစ်ပါတယ်။ "Aisha ဟာ အစမ်းလေ့ကျင့်မှုတွေ မတိုင်မီခင်ကတည်းက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေ အနေ သိသိသာသာကျဆင်းလာပြီး လုံလုံလောက်လောက် အနားယူဖို့ လိုအပ်နေတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးခဲ့ခြင်းကြောင့် EVERGLOW ရဲ့ အမေရိကန်နဲ့ လက်တင်အမေရိက "PULSE & HEART" တေးဂီတ ဖျော်ဖြေရေး ခရီးစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးပါဘူး" "Aisha အနေနဲ့ကတော့ ဖျော်ဖြေရေး ခရီးစဉ်မှာ ပါဝင်လိုစိတ်ဆန္ဒပြင်းပြင်းပြပြ ရှိနေပေမယ့် သေချာဆွေးနွေးခဲ့ပြီးနောက်မှာတော့ သူမ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာဖို့ကိုပဲ အာရုံစိုက် ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့တယ်" "ဒါကြောင့် Aisha ဟာ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ Fansign အစီအစဉ် အပါအဝင် စက်တင်ဘာ ၂၇ ရက်မှာ စတင်မယ့် 2024 EVERGLOW US & LATAM Tour မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ခရီးစဉ်နဲ့ ပွဲကို ကျန်အဖွဲ့ဝင် ငါးဦးနဲ့သာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ အဖွဲ့အေဂျင်စီက အကြောင်းကြားစာနဲ့အတူ EVERGLOW ပရိသတ် တွေကို အကြောင်းကြားလာတာဖြစ်ပါတယ်။

EVERGLOW အဖွဲ့ဟာ ၂ဝ၁၉ ခုနှစ်ကစ ပွဲဦးထွက်လာခဲ့တဲ့ လူငယ် K Pop အဖွဲ့ဖြစ်ပြီး Dun Dun၊ Zombie၊ Slay စတဲ့ တေးသီချင်းတွေနဲ့ နာမည်ကျော်ပါတယ်။

Zawgyi Version;
က်န္းမာေရးေၾကာင့္ K Pop အဖြဲ႕ EVERGLOW ရဲ႕ အေမရိကန္နဲ႔ လက္တင္အေမရိက ေဖ်ာ္ေျဖေရးခရီးစဥ္ေတြမွာ Aisha လိုက္ပါႏိုင္မွာမဟုတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂

ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ EVERGLOW ရဲ႕ အဖြဲ႕ဝင္ Aisha ဟာ သူမရဲ႕က်န္းမာေရး အေျခအေန ေတြေၾကာင့္ အေမရိကန္နဲ႔ လက္တင္အေမရိက ေဖ်ာ္ေျဖေရးခရီးစဥ္ေတြကို လိုက္ပါႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ အဖြဲ႕ ေအဂ်င္စီက ေျပာပါတယ္။

ဒီအေၾကာင္းကို အဖြဲ႕ရဲ႕ေအဂ်င္စီ Yuehua Entertainment က စက္တင္ဘာလ ၂ဝ ရက္မွာ အေၾကာင္းၾကားလာခဲ့ တာျဖစ္ပါတယ္။ "Aisha ဟာ အစမ္းေလ့က်င့္မႈေတြ မတိုင္မီခင္ကတည္းက ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရး အေျခ အေန သိသိသာသာက်ဆင္းလာၿပီး လုံလုံေလာက္ေလာက္ အနားယူဖို႔ လိုအပ္ေနတယ္လို႔ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္သူေတြက အႀကံေပးခဲ့ျခင္းေၾကာင့္ EVERGLOW ရဲ႕ အေမရိကန္နဲ႔ လက္တင္အေမရိက "PULSE & HEART" ေတးဂီတ ေဖ်ာ္ေျဖေရး ခရီးစဥ္မွာ ပါဝင္ႏိုင္မွာ မဟုတ္ဘူးပါဘူး" "Aisha အေနနဲ႔ကေတာ့ ေဖ်ာ္ေျဖေရး ခရီးစဥ္မွာ ပါဝင္လိုစိတ္ဆႏၵျပင္းျပင္းျပျပ ရွိေနေပမယ့္ ေသခ်ာေဆြးေႏြးခဲ့ၿပီးေနာက္မွာေတာ့ သူမ က်န္းမာေရး အေျခအေန ျပန္လည္ေကာင္းမြန္လာဖို႔ကိုပဲ အာ႐ုံစိုက္ ဦးစားေပးဖို႔ ဆုံးျဖတ္ခဲ့တယ္" "ဒါေၾကာင့္ Aisha ဟာ စက္တင္ဘာ ၂၄ ရက္မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ Fansign အစီအစဥ္ အပါအဝင္ စက္တင္ဘာ ၂၇ ရက္မွာ စတင္မယ့္ 2024 EVERGLOW US & LATAM Tour မွာ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။ ခရီးစဥ္နဲ႔ ပြဲကို က်န္အဖြဲ႕ဝင္ ငါးဦးနဲ႔သာ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" လို႔ အဖြဲ႕ေအဂ်င္စီက အေၾကာင္းၾကားစာနဲ႔အတူ EVERGLOW ပရိသတ္ ေတြကို အေၾကာင္းၾကားလာတာျဖစ္ပါတယ္။

EVERGLOW အဖြဲ႕ဟာ ၂ဝ၁၉ ခုႏွစ္ကစ ပြဲဦးထြက္လာခဲ့တဲ့ လူငယ္ K Pop အဖြဲ႕ျဖစ္ၿပီး Dun Dun၊ Zombie၊ Slay စတဲ့ ေတးသီခ်င္းေတြနဲ႔ နာမည္ေက်ာ္ပါတယ္။

Related news

© 2021. All rights reserved.