ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ

 158

Pika (NP News) - စက်တင်ဘာ ၂၂

လာမယ့်နိုဝင်ဘာလ(၅)ရက်မှာ ပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ စကားစစ်ထိုးပွဲထပ်မံ လုပ်ဆောင်ဖို့ ဒီမိုကရက်တစ်သမ္မလောင်း ကာမာလာဟားရစ်ရဲ့တောင်းဆိုချက်ကို ရီပတ်ဘလစ်ကန်သမ္မတ လောင်းဒေါ်နယ်ထရမ့်က စက်တင်ဘာလ(၂၁)ရက်မှာ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အစောပိုင်းမဲပေးမှုတွေဟာ အချို့ပြည်နယ်တွေမှာ စတင်လုပ်ဆောင်နေပြီဖြစ်တာမလို့ စကားစစ်ထိုးပွဲ ထပ်မံ လုပ်ဆောင်ဖို့က အချိန်နောက်ကျနေပြီဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလ(၂၃)ရက်မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ CNN သတင်းဌာနရဲ့ဖိတ်ကြားချက်ကို ကာမာလာဟားရစ်က လက်ခံခဲ့တယ်လို့ ၎င်းရဲ့ကမ်းပိန်းက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ(၁၀)ရက်က ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲပြီးရင် ယခုတစ်ကြိမ်ထပ်မံလုပ်ဆောင်မယ့် စကားစစ်ထိုးပွဲ ဟာ ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟားရစ်ကြား ဒုတိယအကြိမ်မြောက်လုပ်ဆောင်မယ့် စကားစစ်ထိုးပွဲဖြစ်တယ်လို့ လည်း သိရပါတယ်။ ကာမာလာဟားရစ်ကမ်းပိန်းရဲ့ဥက္ကဋ္ဌ Jen O'Malley Dillon က "အမေရိကန်ပြည်သူတွေဟာ မဲမထည့်ခင် ဒေါ်နယ်ထရမ့် နဲ့ ကာမာလာဟားရစ်တို့ရဲ့စကားစစ်ထိုးပွဲကိုမြင်တွေ့ရမယ့် အခြားအခွင့်အရေးတစ်ခုနဲ့ ထိုက်တန်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ကာမာလာဟားရစ် က "ဒေါ်နယ်ထရမ့်က ဒီစကားစစ်ထိုးပွဲမှာ ပါဝင်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် က "အချို့ပြည်နယ်တွေမှာ အစောပိုင်းမဲပေးတာက စတင်နေပြီမလို့ စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့က နောက်ကျနေပါပြီ" လို့ တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲအတွင်း ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟားရစ်တို့ဟာ ဒီမိုကရေစီ အရေး၊ လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ ယူကရိန်းစစ်ပွဲ အပါအဝင် အခြားကိစ္စရပ်တွေကို အချိန်(၁)နာရီကျော်ကြာ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဒုတိယအႀကိမ္ေျမာက္စကားစစ္ထိုးပြဲ လုပ္ေဆာင္ဖို႔အတြက္ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ရဲ႕ ေတာင္းဆိုမႈကို ေဒၚနယ္ထရမ့္ ျငင္းဆန္ပယ္ခ်
Pika (NP News) - စက္တင္ဘာ ၂၂

လာမယ့္ႏိုဝင္ဘာလ(၅)ရက္မွာ ျပဳလုပ္မယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္မီ စကားစစ္ထိုးပြဲထပ္မံ လုပ္ေဆာင္ဖို႔ ဒီမိုကရက္တစ္သမၼေလာင္း ကာမာလာဟားရစ္ရဲ႕ေတာင္းဆိုခ်က္ကို ရီပတ္ဘလစ္ကန္သမၼတ ေလာင္းေဒၚနယ္ထရမ့္က စက္တင္ဘာလ(၂၁)ရက္မွာ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
အေစာပိုင္းမဲေပးမႈေတြဟာ အခ်ိဳ႕ျပည္နယ္ေတြမွာ စတင္လုပ္ေဆာင္ေနၿပီျဖစ္တာမလို႔ စကားစစ္ထိုးပြဲ ထပ္မံ လုပ္ေဆာင္ဖို႔က အခ်ိန္ေနာက္က်ေနၿပီျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။ လာမယ့္ ေအာက္တိုဘာလ(၂၃)ရက္မွာ ျပဳလုပ္မယ့္ စကားစစ္ထိုးပြဲမွာ ပါဝင္ဖို႔ CNN သတင္းဌာနရဲ႕ဖိတ္ၾကားခ်က္ကို ကာမာလာဟားရစ္က လက္ခံခဲ့တယ္လို႔ ၎ရဲ႕ကမ္းပိန္းက ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ(၁၀)ရက္က ျပဳလုပ္ခဲ့တဲ့ စကားစစ္ထိုးပြဲၿပီးရင္ ယခုတစ္ႀကိမ္ထပ္မံလုပ္ေဆာင္မယ့္ စကားစစ္ထိုးပြဲ ဟာ ေဒၚနယ္ထရမ့္နဲ႔ ကာမာလာဟားရစ္ၾကား ဒုတိယအႀကိမ္ေျမာက္လုပ္ေဆာင္မယ့္ စကားစစ္ထိုးပြဲျဖစ္တယ္လို႔ လည္း သိရပါတယ္။ ကာမာလာဟားရစ္ကမ္းပိန္းရဲ႕ဥကၠ႒ Jen O'Malley Dillon က "အေမရိကန္ျပည္သူေတြဟာ မဲမထည့္ခင္ ေဒၚနယ္ထရမ့္ နဲ႔ ကာမာလာဟားရစ္တို႔ရဲ႕စကားစစ္ထိုးပြဲကိုျမင္ေတြ႕ရမယ့္ အျခားအခြင့္အေရးတစ္ခုနဲ႔ ထိုက္တန္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ကာမာလာဟားရစ္ က "ေဒၚနယ္ထရမ့္က ဒီစကားစစ္ထိုးပြဲမွာ ပါဝင္လာမယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ က "အခ်ိဳ႕ျပည္နယ္ေတြမွာ အေစာပိုင္းမဲေပးတာက စတင္ေနၿပီမလို႔ စကားစစ္ထိုးပြဲ လုပ္ေဆာင္ဖို႔က ေနာက္က်ေနပါၿပီ" လို႔ တုံ႔ျပန္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ စကားစစ္ထိုးပြဲအတြင္း ေဒၚနယ္ထရမ့္နဲ႔ ကာမာလာဟားရစ္တို႔ဟာ ဒီမိုကေရစီ အေရး၊ လူဝင္မႈႀကီးၾကပ္ေရးကိစၥ၊ ယူကရိန္းစစ္ပြဲ အပါအဝင္ အျခားကိစၥရပ္ေတြကို အခ်ိန္(၁)နာရီေက်ာ္ၾကာ ေဆြးေႏြးေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.