ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်

 2758

ယွန်း (NP News) - စက်တင်ဘာ ၂၃

ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆည်တမံ (၁၂) ခုရှိရာ မုန်၊ ငလိုက် နှင့် ပေါင်းလောင်းတမံတို့မှာ ရေကျော်နေပြီး ၎င်းတို့အနက် အများဆုံးရေကျော်နေသည်မှာ ပေါင်းလောင်းတမံဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်တွင် ရေပိုလွှဲပေါ်မှ (၆ ဒသမ ၃) ပေရှိကြောင်း သိရသည်။

ပေါင်းလောင်းရေလှောင်တမံသည် ပြီးခဲ့သည့် စက်တင်ဘာ(၁၄)ရက်တွင် အများဆုံးရေကျော်ခဲ့သည်မှာ (၁၁ ဒသမ ၈၇)ပေ ဖြစ်ခဲ့ရာ စိုးရိမ်စရာအခြေအနေမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဟူသောသတင်းမှာ လုံးဝဖြစ်နိုင်ချေမရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပြီး တမံသည် ကျောက်သားဖြင့် တည်ဆောက်ထားသော Rock Fill Dam အမျိုးအစားတမံဖြစ်ကြောင်း ဖော်ပြထားသည်။

ပေါင်းလောင်းရေလှောင်တမံရှိ ရေပိုလွှဲ၏ ရေကျော်နိုင်သော ခံနိုင်ရည်အားသည် ဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေရေကျော်နိုင်ပြီး လက်ရှိတွင် (၆ ဒသမ ၃)ပေသာ ရေကျော်နေသည့်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော တစ်နိုင်ငံလုံးရှိ ဆည်ပေါင်း (၂၄၆) ခုအနက် (၅၄) ခုမှာ ရေပိုလွှမှ ရေကျော်နေတာဖြစ်သော်လည်း စိုးရိမ်စရာမရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ေပါင္းေလာင္းေရေလွာင္တမံ က်ိဳးေတာ့မည္ဆိုသည့္သတင္းမွာ လုံးဝမျဖစ္ႏိုင္ေၾကာင္း နစကထုတ္ျပန္

ယြန္း(NP News) - စက္တင္ဘာ ၂၃

ေပါင္းေလာင္းေရေလွာင္တမံ က်ိဳးေတာ့မည္ဆိုသည့္သတင္းမွာ လုံးဝမျဖစ္ႏိုင္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က စက္တင္ဘာ ၂၂ ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္တြင္ ဆည္တမံ (၁၂) ခုရွိရာ မုန္၊ ငလိုက္ ႏွင့္ ေပါင္းေလာင္းတမံတို႔မွာ ေရေက်ာ္ေနၿပီး ၎တို႔အနက္ အမ်ားဆုံးေရေက်ာ္ေနသည္မွာ ေပါင္းေလာင္းတမံျဖစ္ၿပီး စက္တင္ဘာ ၂၂ ရက္တြင္ ေရပိုလႊဲေပၚမွ (၆ ဒသမ ၃) ေပရွိေၾကာင္း သိရသည္။

ေပါင္းေလာင္းေရေလွာင္တမံသည္ ၿပီးခဲ့သည့္ စက္တင္ဘာ(၁၄)ရက္တြင္ အမ်ားဆုံးေရေက်ာ္ခဲ့သည္မွာ (၁၁ ဒသမ ၈၇)ေပ ျဖစ္ခဲ့ရာ စိုးရိမ္စရာအေျခအေနမရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ေပါင္းေလာင္းေရေလွာင္တမံ က်ိဳးေတာ့မည္ဟူေသာသတင္းမွာ လုံးဝျဖစ္ႏိုင္ေခ်မရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားၿပီး တမံသည္ ေက်ာက္သားျဖင့္ တည္ေဆာက္ထားေသာ Rock Fill Dam အမ်ိဳးအစားတမံျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ေပါင္းေလာင္းေရေလွာင္တမံရွိ ေရပိုလႊဲ၏ ေရေက်ာ္ႏိုင္ေသာ ခံႏိုင္ရည္အားသည္ ဒီဇိုင္းတြက္ခ်က္မႈအရ ၂၁ ေပေရေက်ာ္ႏိုင္ၿပီး လက္ရွိတြင္ (၆ ဒသမ ၃)ေပသာ ေရေက်ာ္ေနသည့္အတြက္ စိုးရိမ္ဖြယ္မရွိေၾကာင္း သိရသည္။

ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာနမွ ထိန္းသိမ္းထားရွိေသာ တစ္ႏိုင္ငံလုံးရွိ ဆည္ေပါင္း (၂၄၆) ခုအနက္ (၅၄) ခုမွာ ေရပိုလႊမွ ေရေက်ာ္ေနတာျဖစ္ေသာ္လည္း စိုးရိမ္စရာမရွိေၾကာင္း အဆိုပါထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.