PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား

 1499

သန့်ဇင် (NP News) - စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ဆက်ကြေးမပေး၊ စကားနားမထောင်သော ကြောင့် ဟုဆိုကာ PDFများက ကျေးရွာအချို့ကို ပစ်ခတ်၊ မီးရှို့ဖျက်ဆီးပြီး လူ(၅ဝ)ကျော် ဖမ်းဆီးသွားကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၉)ရက်၊ နံနက် (၆)နာရီခွဲခန့်က ကင်းမွန်းကျေးရွာသို့ PDF အဖွဲ့ဝင်များရောက်လာပြီး လက်လုပ်စိန်ပြောင်းများ၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်အပါအဝင် ဒေသခံများ၏ နေအိမ်များအပေါ်သို့ ကျရောက်၍ မီးလောင်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် နံနက် (၇)နာရီအချိန်ခန့်ကလည်း ကံဇီးကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များ ဝင်ရောက်လာပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် လူ(၅၄)ဦးကို ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ နံနက် (၇)နာရီခွဲအချိန်ခန့်ကလည်း တပ္ပါယ်အင်းကျေးရွာသို့ PDF အဖွဲ့က ဒရုန်း (၄) စင်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့ရာ နေအိမ် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အထက် ပါသတင်းအရင်းမြစ်က ဆိုသည်။

ထိုသို့ ကျေးရွာများကို လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းသည် အဆိုပါ ကျေးရွာများတွင် နေထိုင်သည့် ရွာသူ၊ ရွာသား များက ၎င်းတို့အဖွဲ့ကိုဆက်ကြေးရိက္ခာ မပေးခြင်း နှင့် ၎င်းတို့၏စကားကို နားမထောင်ခြင်းများဟူသော အကြောင်းပြချက်များဖြင့် လုပ်ဆောင်ခြင်းများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ လက်နက်ကိုင်ထားတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူတွေက ကြောက်နေရတာ အထူးပြောစရာ မလိုပါဘူး။ လက်နက်ပြပြီး တောင်းရင် ပေးရပါတယ်။ ပစ်ခတ်သတ်ဖြတ်မီးရှို့ပြမှ ကြောက်ရ ပေးရတဲ့ဘဝ မဟုတ်ပါဘူး။ အဲဒီလိုတွေလုပ်မှ ဒီမိုကရေစီရမှာဆိုရင်တော့ မလိုချင်တော့ပါဘူး။ ဘယ်သူ့ ကိုမှအဖြစ်ဆိုးမကြုံစေလိုပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရသူများကို ချောင်းဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး သေဆုံး သူတစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ် (၂)သိန်းနှုန်း ထောက်ပံ့ပေးထား ပြီး ထွက်ပြေးလွတ်မြောက်လာသူ ကျေးရွာသူ၊ ရွာသား (၈၀)ဦးခန့်ကိုလည်း ချောင်းဦးမြို့တွင် ယာယီ စခန်း ဖွင့်လှစ်ကူညီပေးထားကြောင်း သိရသည်။

zawgyi version
PDF မ်ားက ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးၿပီး ႐ြာသား(၅ဝ)ေက်ာ္ကို ဖမ္းဆီးသြားမႈ ေခ်ာင္းဦး၌ျဖစ္ပြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၃

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္တြင္ ဆက္ေၾကးမေပး၊ စကားနားမေထာင္ေသာ ေၾကာင့္ ဟုဆိုကာ PDFမ်ားက ေက်း႐ြာအခ်ိဳ႕ကို ပစ္ခတ္၊ မီးရႈိ႕ဖ်က္ဆီးၿပီး လူ(၅ဝ)ေက်ာ္ ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ (၁၉)ရက္၊ နံနက္ (၆)နာရီခြဲခန႔္က ကင္းမြန္းေက်း႐ြာသို႔ PDF အဖြဲ႕ဝင္မ်ားေရာက္လာၿပီး လက္လုပ္စိန္ေျပာင္းမ်ား၊လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ေက်း႐ြာဘုန္းႀကီးေက်ာင္းရွိ ဆြမ္းစားေဆာင္အပါအဝင္ ေဒသခံမ်ား၏ ေနအိမ္မ်ားအေပၚသို႔ က်ေရာက္၍ မီးေလာင္ပ်က္စီးမႈမ်ားလည္း ရွိခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ နံနက္ (၇)နာရီအခ်ိန္ခန႔္ကလည္း ကံဇီးေက်း႐ြာအတြင္းသို႔ PDF အဖြဲ႕ဝင္မ်ား ဝင္ေရာက္လာၿပီး ကေလးသူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား အပါအဝင္ လူ(၅၄)ဦးကို ဖမ္းဆီးေခၚေဆာင္၍ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ နံနက္ (၇)နာရီခြဲအခ်ိန္ခန႔္ကလည္း တပၸါယ္အင္းေက်း႐ြာသို႔ PDF အဖြဲ႕က ဒ႐ုန္း (၄) စင္းျဖင့္ ဗုံးမ်ားပစ္ခ်တိုက္ခိုက္ခဲ့ရာ ေနအိမ္ အေဆာက္အအုံအခ်ိဳ႕ ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း အထက္ ပါသတင္းအရင္းျမစ္က ဆိုသည္။

ထိုသို႔ ေက်း႐ြာမ်ားကို လက္နက္ႀကီးမ်ား၊ လက္နက္ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ျခင္းသည္ အဆိုပါ ေက်း႐ြာမ်ားတြင္ ေနထိုင္သည့္ ႐ြာသူ၊ ႐ြာသား မ်ားက ၎တို႔အဖြဲ႕ကိုဆက္ေၾကးရိကၡာ မေပးျခင္း ႏွင့္ ၎တို႔၏စကားကို နားမေထာင္ျခင္းမ်ားဟူေသာ အေၾကာင္းျပခ်က္မ်ားျဖင့္ လုပ္ေဆာင္ျခင္းမ်ားျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ လက္နက္ကိုင္ထားတဲ့ ဘယ္အဖြဲ႕အစည္းကိုမဆို ျပည္သူေတြက ေၾကာက္ေနရတာ အထူးေျပာစရာ မလိုပါဘူး။ လက္နက္ျပၿပီး ေတာင္းရင္ ေပးရပါတယ္။ ပစ္ခတ္သတ္ျဖတ္မီးရႈိ႕ျပမွ ေၾကာက္ရ ေပးရတဲ့ဘဝ မဟုတ္ပါဘူး။ အဲဒီလိုေတြလုပ္မွ ဒီမိုကေရစီရမွာဆိုရင္ေတာ့ မလိုခ်င္ေတာ့ပါဘူး။ ဘယ္သူ႔ ကိုမွအျဖစ္ဆိုးမႀကဳံေစလိုပါဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာ ရသူမ်ားကို ေခ်ာင္းဦးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ေသဆုံး သူတစ္ဦးလွ်င္ ေငြက်ပ္(၁၀)သိန္းႏွင့္ ဒဏ္ရာရရွိသူ တစ္ဦးလွ်င္ ေငြက်ပ္ (၂)သိန္းႏႈန္း ေထာက္ပံ့ေပးထား ၿပီး ထြက္ေျပးလြတ္ေျမာက္လာသူ ေက်း႐ြာသူ၊ ႐ြာသား (၈၀)ဦးခန႔္ကိုလည္း ေခ်ာင္းဦးၿမိဳ႕တြင္ ယာယီ စခန္း ဖြင့္လွစ္ကူညီေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.