‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)

 187

အိဖြူ (NP News) - စက်တင်ဘာ ၂၃

ရေဘေးသင့်ပြည်သူတွေအတွက် အင်တိုက်အား တိုက်ပါဝင်လာကြတဲ့ အနုပညာရှင်များ

ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူသိန်းချီရဲ့ဆုံးရှုံးနစ်နာမှုတွေအပေါ် အများပြည်သူတွေက ကိုယ်ချင်းစာနာခဲ့ကြပြီး ဖေးမကူညီကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် စုပေါင်းပြင်ဆင်ခဲ့ကြပါတယ်။ အဲဒီလိုပြင် ဆင်မှုတွေထဲမှာ အနုပညာရှင်တွေလည်း ထိပ်ဆုံးကနေ ပါဝင်လာခဲ့ကြပါတယ်။

ရေဘေးအတွက် သရုပ်ဆောင် ခိုင်နှင်းဝေက ထိပ်ဆုံးနေရာမှာ ရပ်တည်လုပ်ဆောင်နေ လျက်ရှိနေပြီး အနုပညာ ရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံ သားတွေ၊ အလှူရှင်တွေက ခိုင်နှင်းဝေထံ ဗဟိုပြု လှူဒါန်းလျက်ရှိပါတယ်။ ခိုင်နှင်းဝေက စက်တင်ဘာ လ (၁၈)ရက်အထိ လက်ခံရရှိထားတဲ့ အလှူငွေအရ ကျပ်သိန်း (၁၁,ဝဝဝ) ကျော်ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ သူပေးအပ်လှူဒါန်းခဲ့တဲ့ ပရဟိတ အသင်းအဖွဲ့တွေနဲ့ ရေဘေးသင့်ဒေသခံတွေအတွက် လှူဒါန်းမှုပစ္စည်းစာရင်းအပါအဝင် ငွေသားလှူဒါန်းမှုတွေကို ခိုင်နှင်းဝေ ဖေ့စ်ဘွတ် ပေ့ချ်မှာ နေ့စဉ် ဖော်ပြပေးလျက်ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။

ခိုင်နှင်းဝေက ရေဘေးအလှူအတွက် သိန်း(၃၀ဝ)မတည်ခဲ့ရာ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံက သိန်း (၁၀ဝ)၊ ပိုင်တံခွန်က သိန်း (၁၀ဝ)၊ သူချစ်ခင်ရုပ်ရှင်အဖွဲ့သားများက သိန်း(၁၀ဝ)၊ ခိုင် သင်းကြည်မိသားစုက သိန်း(၉၀)၊ ဂရေဟမ် မိသား စုက သိန်း(၆၀)၊ မိုးဟေကို သိန်း (၅၀)၊ မေလသံစဉ် သိန်း(၅၀)၊ စိုင်းစိုင်းခမ်းလှိုင် သိန်း(၃၀)၊ ယုသန္တာတင် သိန်း(၃၀)၊ သက်မွန်မြင့် (၁၀)သိန်း၊ နေဝင်း (၁၀)သိန်း၊ ရဲလေး (၁၀)သိန်း၊ ယွန်းမြတ်သူ (၁၅)သိန်း ကျော်၊ ပိုးမမှီသာ (၁၀)သိန်း၊ စမိုင်းလ်တို့ ဇနီးမောင်နှံက သိန်း(၃၀ဝ) အစရှိတဲ့ အနုပညာများစွာ ပါဝင်လှူဒါန်းထားကြတာကို တွေ့ရပါ တယ်။

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မိသားစုက ပရဟိတအသင်းတစ်ဖွဲ့ထံ ရေဘေးအတွက် သိန်း (၃၀) လှူဒါန်းထား ကြောင်း မှတ်တမ်းတစ်ခုပျံ့နှံ့ခဲ့ပေမယ့် စက်တင်ဘာလ (၁၉)ရက်အထိ ရေဘေးအလှူအတွက် တရားဝင်အသိပေး ထားခြင်း မရှိသေးတာပါ။ အလားတူပါပဲ လူမင်း၊ ဇင်ဝိုင်း၊ ဒါရိုက်တာဝိုင်း၊ ဖွေးဖွေး၊ မေ၊ အလင်းရောင်တို့တွေ CDM လှုံ့ဆော်မှုမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြသလို ရေဘေးကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် တစ်ကျော့ ပြန်ရှေ့ထွက်ပြီး ထိပ်ဆုံးကနေ ရပ်တည်လှူဒါန်းမှုများ လုပ်ဆောင်ပေးဦးမလားလို့ ပြည်သူလူထုက မျှော်လင့်လျက်ရှိ ကြပါတယ်။
ဖြူဖြူထွေးလည်း ငွေအင်အားသာမက အလှူရှင်များနဲ့စုပေါင်းပြီး နေ့စဉ်ရေဘေးသင့် ဒေသများအထိ သွား ရောက်ကာ လိုအပ်တဲ့အသုံး အဆောင်ပစ္စည်းများ၊ အစားအသောက်များ လှူဒါန်းမှုပြုလုပ်နေတာကို‌တွေ့ရပြီး သရုပ်ဆောင်မေပန်းချီ ကိုယ်တိုင်လည်း ရေဘေးသင့်ဒေသတွေအထိ သွားရောက်ကာ လှူဒါန်းလျက်ရှိပါတယ်။ အလားတူ အဆိုတော်နန်းဆုရတီစိုးကလည်း သိန်း (၁၃၀) မတည်လှူဒါန်းခဲ့ပြီး အလှူရှင်များထံမှ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀ဝ)နီးပါးကိုလည်း ရေဘေးသင့်ဒေသအတွက် လှူဒါန်းဖို့ ပြင်ဆင်နေကြောင်း၊ ပိုးကြာဖြူခင် တို့မိသားစုကလည်း ကနဦး သိန်း(၃၅၀) လှူဒါန်းခဲ့ရာ ထပ်မံပြီး ဆန်အပါအဝင် အစား အသောက်/လူသုံးကုန် ပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ ခင်ဝင့်ဝါနဲ့အလှူရှင်များ စုပေါင်းပြီး သိန်း (၈၂၀)၊ မြတ်သူသူတို့ ဇနီးမောင်နှံက သိန်း (၇၀) နီးပါး၊ သရုပ်ဆောင်ဟိန်းဝေယံကလည်း သိန်း (၃၀) မတည်ပြီး အဝတ်အစား အထည် (၂၀ဝ) အပါအဝင် အလှူငွေကောက်ခံရရှိမှု သိန်း(၁၂၀) တို့ကို လှူဒါန်းခဲ့ပါတယ်။

တခြားတစ်ဖက်မှာလည်း အဆိုတော် ချယ်ရီ သင်းနဲ့အတူ အဆိုတော်တွေ စုပေါင်းအသံ ကုသိုလ်ပြုကာ ရေဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေ ရှာဖွေနေကြသလို ပွင့်၊ ခင်စန်းဝင်း၊ နွေးနွေး ချစ်ဖွယ်၊ မိုးပြည့်ပြည့်မောင်၊ ဆွိ၊ မေမဒီ၊ ကျော်ကျော် နန္ဒ၊ မိတ်ကပ်ပညာရှင်တွေကလည်း ကိုယ်စီ စုပေါင်း ကာ ရန်ပုံငွေပွဲအသီးသီး လုပ်ဆောင် အလှူခံနေကြပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ကလည်း အဖွဲ့ အစည်းအလိုက် အလှူငွေ ကောက် ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဟာသပညာရှင် များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ အပါအဝင် အုန်းသီး၊ ငြိမ်းချမ်းတို့ကိုယ်တိုင် ရေဘေးသင့်ဒေသတွေအထိ သွားရောက်အားပေး လှူဒါန်းမှုတွေ လုပ်ဆောင်နေကြ တာကို တွေ့မြင်ရပါတယ်။

အကယ်ဒမီရန်အောင်၊ မြင့်မြတ်တို့မိသားစု၊ သရုပ်ဆောင် ပိုးမမှီသာ၊ Kညီတို့က ရှမ်းပြည်နယ် ကလောမြို့က ရေဘေးသင့်ပြည်သူတွေအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အရေးပေါ်ဆေးနဲ့ အစားအသောက်တွေကို ကိုယ်တိုင်သွားရောက်လှူ ဒါန်းမှု တွေပြုလုပ်ခဲ့ကြပါတယ်။ နေတိုး၊ ဖြိုးငွေစိုး၊ ခင်လှိုင်တို့မိသားစု၊ တိုင်ရွန်၊ ဖြိုးလေး၊ မိုးမိုး၊ ဝါဆိုမိုးဦး၊ နော်ဖောအယ်ထား၊ တက္ကသိုလ် ဂွမ်းပုံတို့လည်း တပ်ကုန်းမြို့ရှိ ငွေတောင်ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေထိုင်တဲ့ ရေဘေးသင့် ပြည်သူတွေ အတွက် အလှူငွေ သိန်း (၂၀) အပါအဝင် သောက်ရေသန့်နဲ့ စားသောက်ကုန်ကြမ်းများကို ကျောင်းထိုင် ဘုန်းကြီးထံသွား ရောက်လှူဒါန်းခဲ့ကြပြီး (၃) ရက်ဆက်တိုက် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

စိုးမြတ်သူဇာကလည်း ရေဘေးသင့် ဒေသခံတွေကို သွားရောက်အားပေးလှူဒါန်းခဲ့ပြီး၊ ဇာတ်မင်းသား ဖိုးချစ် လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ မင်းသမီးယဉ်လတ်ကလည်း သူ့ရဲ့ ပန်းချီကားတွေကို ထုတ်ရောင်းကာ ပါဝင်လှူဒါန်းခဲ့ပြီး၊ အဆိုတော်ပိုပိုကလည်း ဦးကျော်သူပရဟိတအဖွဲ့ ထွန်းကိုကို၊ ဒေါ်သန်းမြင့် အောင်တို့နဲ့အတူ ရေဘေးသင့်ဒေသများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့ပြင် ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေ စုပေါင်းပြီး ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် စက်တင် ဘာလ (၂၄) ရက်မှ (၂၇) ရက်အထိ ရန်ကုန်မြို့ရှိ MFF FUTSAL STADIUM မှာ (၄) ရက် တိုင်တိုင် ဘောလုံးပွဲပြုလုပ်ကြမှာဖြစ်ပါတယ်။

ပြည်သူလူထုအားလုံးက ရေဘေးသင့် ပြည်သူတွေအတွက် အင်တိုက် အားတိုက်ဝိုင်းဝန်း ကူညီလှူဒါန်းမှုများ လုပ်ဆောင်နေကြချိန်မှာ အကြမ်းဖက်အားပေးထောက်ခံသူတွေဖြစ်တဲ့ ပြည်ပြေး ကိုပေါက်၊ မင်းမော်ကွန်း၊ အောင်သော်၊ စိန်သီး၊ ပန်ဆယ်လို၊ မောင်မောင်အေး၊ ခါရာ၊ ချစ်သုဝေ၊ လင်းလင်း၊ ကျားပေါက် အစရှိသူတို့က မနာလိုမရှုဆိမ့်ကြီးစွာ ပြည်တွင်းမှာ ကောင်းမှု ကုသိုလ်ပြုလုပ်နေသူတွေကို ပြောဆိုဝေဖန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြတာကို မြင်တွေ့နေ ရပြန်ပါတယ်။

zawgyi version
‘‘ေရေဘးျဖစ္စဥ္မွ ျပန္လည္ေတြ႕ျမင္လာရတဲ့ ျမန္မာတို႔ရဲ႕ေလးစားဖြယ္အျပဳအမူေတြနဲ႔ အၾကမ္းဖက္အားေပးတို႔ရဲ႕ မနာလိုမႈ” (အႏုပညာေဆာင္းပါး)
အိျဖဴ (NP News) - စက္တင္ဘာ ၂၃

ေရေဘးသင့္ျပည္သူေတြအတြက္ အင္တိုက္အား တိုက္ပါဝင္လာၾကတဲ့ အႏုပညာရွင္မ်ား

ေရေဘးအႏၲရာယ္နဲ႔ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသူ ျပည္သူသိန္းခ်ီရဲ႕ဆုံးရႈံးနစ္နာမႈေတြအေပၚ အမ်ားျပည္သူေတြက ကိုယ္ခ်င္းစာနာခဲ့ၾကၿပီး ေဖးမကူညီၾကဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္းအလိုက္ စုေပါင္းျပင္ဆင္ခဲ့ၾကပါတယ္။ အဲဒီလိုျပင္ ဆင္မႈေတြထဲမွာ အႏုပညာရွင္ေတြလည္း ထိပ္ဆုံးကေန ပါဝင္လာခဲ့ၾကပါတယ္။

ေရေဘးအတြက္ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ထိပ္ဆုံးေနရာမွာ ရပ္တည္လုပ္ေဆာင္ေန လ်က္ရွိေနၿပီး အႏုပညာ ရွင္ေတြအပါအဝင္ စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕နဲ႔ ျပည္ပေရာက္ျမန္မာႏိုင္ငံ သားေတြ၊ အလႉရွင္ေတြက ခိုင္ႏွင္းေဝထံ ဗဟိုျပဳ လႉဒါန္းလ်က္ရွိပါတယ္။ ခိုင္ႏွင္းေဝက စက္တင္ဘာ လ (၁၈)ရက္အထိ လက္ခံရရွိထားတဲ့ အလႉေငြအရ က်ပ္သိန္း (၁၁,ဝဝဝ) ေက်ာ္ရရွိခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ သူေပးအပ္လႉဒါန္းခဲ့တဲ့ ပရဟိတ အသင္းအဖြဲ႕ေတြနဲ႔ ေရေဘးသင့္ေဒသခံေတြအတြက္ လႉဒါန္းမႈပစၥည္းစာရင္းအပါအဝင္ ေငြသားလႉဒါန္းမႈေတြကို ခိုင္ႏွင္းေဝ ေဖ့စ္ဘြတ္ ေပ့ခ်္မွာ ေန႔စဥ္ ေဖာ္ျပေပးလ်က္ရွိေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ခိုင္ႏွင္းေဝက ေရေဘးအလႉအတြက္ သိန္း(၃၀ဝ)မတည္ခဲ့ရာ ဝတ္မႈန္ေ႐ႊရည္တို႔ ဇနီးေမာင္ႏွံက သိန္း (၁၀ဝ)၊ ပိုင္တံခြန္က သိန္း (၁၀ဝ)၊ သူခ်စ္ခင္႐ုပ္ရွင္အဖြဲ႕သားမ်ားက သိန္း(၁၀ဝ)၊ ခိုင္ သင္းၾကည္မိသားစုက သိန္း(၉၀)၊ ဂေရဟမ္ မိသား စုက သိန္း(၆၀)၊ မိုးေဟကို သိန္း (၅၀)၊ ေမလသံစဥ္ သိန္း(၅၀)၊ စိုင္းစိုင္းခမ္းလႈိင္ သိန္း(၃၀)၊ ယုသႏၲာတင္ သိန္း(၃၀)၊ သက္မြန္ျမင့္ (၁၀)သိန္း၊ ေနဝင္း (၁၀)သိန္း၊ ရဲေလး (၁၀)သိန္း၊ ယြန္းျမတ္သူ (၁၅)သိန္း ေက်ာ္၊ ပိုးမမွီသာ (၁၀)သိန္း၊ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံက သိန္း(၃၀ဝ) အစရွိတဲ့ အႏုပညာမ်ားစြာ ပါဝင္လႉဒါန္းထားၾကတာကို ေတြ႕ရပါ တယ္။

ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္တို႔မိသားစုက ပရဟိတအသင္းတစ္ဖြဲ႕ထံ ေရေဘးအတြက္ သိန္း (၃၀) လႉဒါန္းထား ေၾကာင္း မွတ္တမ္းတစ္ခုပ်ံ႕ႏွံ႔ခဲ့ေပမယ့္ စက္တင္ဘာလ (၁၉)ရက္အထိ ေရေဘးအလႉအတြက္ တရားဝင္အသိေပး ထားျခင္း မရွိေသးတာပါ။ အလားတူပါပဲ လူမင္း၊ ဇင္ဝိုင္း၊ ဒါ႐ိုက္တာဝိုင္း၊ ေဖြးေဖြး၊ ေမ၊ အလင္းေရာင္တို႔ေတြ CDM လႈံ႕ေဆာ္မႈမွာ အင္တိုက္အားတိုက္ပါဝင္ခဲ့ၾကသလို ေရေဘးေၾကာင့္ ဒုကၡေရာက္ေနရတဲ့ ျပည္သူေတြအတြက္ တစ္ေက်ာ့ ျပန္ေရွ႕ထြက္ၿပီး ထိပ္ဆုံးကေန ရပ္တည္လႉဒါန္းမႈမ်ား လုပ္ေဆာင္ေပးဦးမလားလို႔ ျပည္သူလူထုက ေမွ်ာ္လင့္လ်က္ရွိ ၾကပါတယ္။
ျဖဴျဖဴေထြးလည္း ေငြအင္အားသာမက အလႉရွင္မ်ားနဲ႔စုေပါင္းၿပီး ေန႔စဥ္ေရေဘးသင့္ ေဒသမ်ားအထိ သြား ေရာက္ကာ လိုအပ္တဲ့အသုံး အေဆာင္ပစၥည္းမ်ား၊ အစားအေသာက္မ်ား လႉဒါန္းမႈျပဳလုပ္ေနတာကို‌ေတြ႕ရၿပီး သ႐ုပ္ေဆာင္ေမပန္းခ်ီ ကိုယ္တိုင္လည္း ေရေဘးသင့္ေဒသေတြအထိ သြားေရာက္ကာ လႉဒါန္းလ်က္ရွိပါတယ္။ အလားတူ အဆိုေတာ္နန္းဆုရတီစိုးကလည္း သိန္း (၁၃၀) မတည္လႉဒါန္းခဲ့ၿပီး အလႉရွင္မ်ားထံမွ ေကာက္ခံရရွိေငြ စုစုေပါင္း က်ပ္သိန္း(၃၀ဝ)နီးပါးကိုလည္း ေရေဘးသင့္ေဒသအတြက္ လႉဒါန္းဖို႔ ျပင္ဆင္ေနေၾကာင္း၊ ပိုးၾကာျဖဴခင္ တို႔မိသားစုကလည္း ကနဦး သိန္း(၃၅၀) လႉဒါန္းခဲ့ရာ ထပ္မံၿပီး ဆန္အပါအဝင္ အစား အေသာက္/လူသုံးကုန္ ပစၥည္းမ်ား လႉဒါန္း ခဲ့ေၾကာင္း သိရပါတယ္။ ခင္ဝင့္ဝါနဲ႔အလႉရွင္မ်ား စုေပါင္းၿပီး သိန္း (၈၂၀)၊ ျမတ္သူသူတို႔ ဇနီးေမာင္ႏွံက သိန္း (၇၀) နီးပါး၊ သ႐ုပ္ေဆာင္ဟိန္းေဝယံကလည္း သိန္း (၃၀) မတည္ၿပီး အဝတ္အစား အထည္ (၂၀ဝ) အပါအဝင္ အလႉေငြေကာက္ခံရရွိမႈ သိန္း(၁၂၀) တို႔ကို လႉဒါန္းခဲ့ပါတယ္။

တျခားတစ္ဖက္မွာလည္း အဆိုေတာ္ ခ်ယ္ရီ သင္းနဲ႔အတူ အဆိုေတာ္ေတြ စုေပါင္းအသံ ကုသိုလ္ျပဳကာ ေရေဘးသင့္ ျပည္သူေတြကို ေထာက္ပံ့ကူညီဖို႔ ရန္ပုံေငြ ရွာေဖြေနၾကသလို ပြင့္၊ ခင္စန္းဝင္း၊ ေႏြးေႏြး ခ်စ္ဖြယ္၊ မိုးျပည့္ျပည့္ေမာင္၊ ဆြိ၊ ေမမဒီ၊ ေက်ာ္ေက်ာ္ နႏၵ၊ မိတ္ကပ္ပညာရွင္ေတြကလည္း ကိုယ္စီ စုေပါင္း ကာ ရန္ပုံေငြပြဲအသီးသီး လုပ္ေဆာင္ အလႉခံေနၾကပါတယ္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ဂီတအစည္းအ႐ုံးနဲ႔ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) ကလည္း အဖြဲ႕ အစည္းအလိုက္ အလႉေငြ ေကာက္ ခံျခင္းမ်ား လုပ္ေဆာင္လ်က္ရွိၿပီး ဟာသပညာရွင္ မ်ားအစည္းအ႐ုံး(ဗဟို) ဥကၠ႒ အပါအဝင္ အုန္းသီး၊ ၿငိမ္းခ်မ္းတို႔ကိုယ္တိုင္ ေရေဘးသင့္ေဒသေတြအထိ သြားေရာက္အားေပး လႉဒါန္းမႈေတြ လုပ္ေဆာင္ေနၾက တာကို ေတြ႕ျမင္ရပါတယ္။

အကယ္ဒမီရန္ေအာင္၊ ျမင့္ျမတ္တို႔မိသားစု၊ သ႐ုပ္ေဆာင္ ပိုးမမွီသာ၊ Kညီတို႔က ရွမ္းျပည္နယ္ ကေလာၿမိဳ႕က ေရေဘးသင့္ျပည္သူေတြအတြက္ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံးမ်ား၊ အေရးေပၚေဆးနဲ႔ အစားအေသာက္ေတြကို ကိုယ္တိုင္သြားေရာက္လႉ ဒါန္းမႈ ေတြျပဳလုပ္ခဲ့ၾကပါတယ္။ ေနတိုး၊ ၿဖိဳးေငြစိုး၊ ခင္လႈိင္တို႔မိသားစု၊ တိုင္႐ြန္၊ ၿဖိဳးေလး၊ မိုးမိုး၊ ဝါဆိုမိုးဦး၊ ေနာ္ေဖာအယ္ထား၊ တကၠသိုလ္ ဂြမ္းပုံတို႔လည္း တပ္ကုန္းၿမိဳ႕ရွိ ေငြေတာင္ဘုန္းေတာ္ႀကီးေက်ာင္းမွာ တည္းခိုေနထိုင္တဲ့ ေရေဘးသင့္ ျပည္သူေတြ အတြက္ အလႉေငြ သိန္း (၂၀) အပါအဝင္ ေသာက္ေရသန႔္နဲ႔ စားေသာက္ကုန္ၾကမ္းမ်ားကို ေက်ာင္းထိုင္ ဘုန္းႀကီးထံသြား ေရာက္လႉဒါန္းခဲ့ၾကၿပီး (၃) ရက္ဆက္တိုက္ အာဟာရဒါန ေကြၽးေမြးလႉဒါန္းခဲ့ၾကတယ္လို႔ သိရပါတယ္။

စိုးျမတ္သူဇာကလည္း ေရေဘးသင့္ ေဒသခံေတြကို သြားေရာက္အားေပးလႉဒါန္းခဲ့ၿပီး၊ ဇာတ္မင္းသား ဖိုးခ်စ္ လည္း ကိုယ္တိုင္သြားေရာက္ လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ မင္းသမီးယဥ္လတ္ကလည္း သူ႔ရဲ႕ ပန္းခ်ီကားေတြကို ထုတ္ေရာင္းကာ ပါဝင္လႉဒါန္းခဲ့ၿပီး၊ အဆိုေတာ္ပိုပိုကလည္း ဦးေက်ာ္သူပရဟိတအဖြဲ႕ ထြန္းကိုကို၊ ေဒၚသန္းျမင့္ ေအာင္တို႔နဲ႔အတူ ေရေဘးသင့္ေဒသမ်ားကို ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္။

ဒါ့ျပင္ ႐ုပ္ရွင္၊ ဂီတနယ္ပယ္က အႏုပညာရွင္ေတြ စုေပါင္းၿပီး ေရေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရး ရန္ပုံေငြအတြက္ စက္တင္ ဘာလ (၂၄) ရက္မွ (၂၇) ရက္အထိ ရန္ကုန္ၿမိဳ႕ရွိ MFF FUTSAL STADIUM မွာ (၄) ရက္ တိုင္တိုင္ ေဘာလုံးပြဲျပဳလုပ္ၾကမွာျဖစ္ပါတယ္။

ျပည္သူလူထုအားလုံးက ေရေဘးသင့္ ျပည္သူေတြအတြက္ အင္တိုက္ အားတိုက္ဝိုင္းဝန္း ကူညီလႉဒါန္းမႈမ်ား လုပ္ေဆာင္ေနၾကခ်ိန္မွာ အၾကမ္းဖက္အားေပးေထာက္ခံသူေတြျဖစ္တဲ့ ျပည္ေျပး ကိုေပါက္၊ မင္းေမာ္ကြန္း၊ ေအာင္ေသာ္၊ စိန္သီး၊ ပန္ဆယ္လို၊ ေမာင္ေမာင္ေအး၊ ခါရာ၊ ခ်စ္သုေဝ၊ လင္းလင္း၊ က်ားေပါက္ အစရွိသူတို႔က မနာလိုမရႈဆိမ့္ႀကီးစြာ ျပည္တြင္းမွာ ေကာင္းမႈ ကုသိုလ္ျပဳလုပ္ေနသူေတြကို ေျပာဆိုေဝဖန္ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနၾကတာကို ျမင္ေတြ႕ေန ရျပန္ပါတယ္။

Related news

© 2021. All rights reserved.