ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်

 1145

သုတကျော် (NP News) - စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူ (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း ဆေးရှားပါးခြင်း ကြောင့် AA က မကူနိုင်ဖြစ်နေကြောင်း ဒေသခံအချို့ထံ NP News က မေးမြန်းထားသည့် အချက်အလက်များ အရသိရသည်။

လတ်တလောသိရသောအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် အရေပြားရောဂါဖြစ်ပွားသူအရေအတွက် မှာ (၄၈၂)ဦးရှိပြီး ကလေးငယ် (၁၁၂) ဦးပါဝင်ကာ AA က ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း မြို့နယ်တွင်အများဆုံးနှင့် မိုးဦးကာလကပင် အဆိုပါရောဂါမှာ စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းသိရသည်။

‘အားလုံးနီးပါးက စစ်ဘေးရှောင်ဒုက္ခသည် တွေဖြစ်ပါတယ်။ အစက ယားတယ်။ ယားပြီးတော့ ကုတ်ရင်းနဲ့ အနာတွေဖြစ်လာပြီး အနာဖေးလို အဖတ် လိုက်ကြီးတွေဖြစ်တာပေါ့။ အရေပြားတစ်ပြင်လုံး ဖြစ်တာ။ အဓိကတော့ နေရာထိုင်ခင်းမသန့်ရှင်းတာနဲ့ သန့်ရှင်းတဲ့ရေ မရလို့ဖြစ်တာပေါ့။ ဆေးကုတာကလည်း ကောင်းကောင်းမရတော့ ဒီ အတိုင်း ဆေးမြီးတို တွေနဲ့ပဲကုနေရတာပေါ့။ ဒါပေမဲ့လည်း မပျောက်ဘူး’ဟု ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိ အရေပြားရောဂါ ခံစားနေရသူများအနက် အများစုမှာ ကျောကုန်း၊ လက်၊ ခြေသလုံး၊ လည်ပင်းတို့တွင် အများဆုံးတွေ့ရပြီး အချို့မှာ ဦးခေါင်းပိုင်းအထိ ပျံ့နေခြင်းဖြစ်သည်။ ‘AA ကလည်း ဆေးကုပေးတာရှိပါတယ်။ ဒါပေမဲ့ ဆေးဝါးကလည်း ရခိုင်ပြည်နယ်မှာ တော်တော်လေးရှားပါးတယ်လေ။ ဒါကြောင့် အပြီးသတ်ပျောက်တဲ့အထိ ကုလို့ မရဘူး ဖြစ်နေတာ။ ကုဖို့လုပ်တယ်။ ဒါပေမဲ့ လုံးဝပျောက်သွားတဲ့အထိတော့ မရဘူးဖြစ်နေတာ’ဟု အထက်ပါ ဒေသခံ ကဆိုသည်။

ယခု အရေပြားရောဂါဖြစ်ပွားသူများအနက် ကလေးငယ်အယောက် (၁၀ဝ)ကျော်ပါဝင် ကြောင်းလည်းသိရ သည်။ ‘ကလေးတွေဆိုလည်း သနားဖို့ကောင်းတယ်။ မြင်ရတာကတော့ အစိုနဲ့အခြောက်ပေါ့။ ယားတယ်။ ယားလို့ ကုတ်ရင်းကနေ အနာတွေ ဖြစ်တယ်။ အနာကနေထပ်ပြီး ပွားလာတဲ့ အနေအထားမျိုးလို့ ခန့်မှန်းရပါတယ်။ သေချာတဲ့ ဆေးဝါးကုသမှုလိုအပ်နေပါတယ်’ဟု ၎င်းကဆိုသည်။

လက်ရှိ အတည်မပြုနိုင်သောသတင်းများအရ မင်းပြားမြို့နယ်တွင် အလားတူ အရေပြားရော ဂါဖြစ်စဉ်မျိုးဖြစ် ပွားသည်ဆိုသော်လည်း အဆိုပါ အချက်ကိုသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

zawgyi version
ရခိုင္စစ္ေဘးေရွာင္ (၅ဝဝ)နီးပါး အေရျပားေရာဂါျဖစ္ေနေသာ္လည္း AA မကူညီႏိုင္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၃

ရခိုင္ျပည္နယ္မွ စစ္ေဘးေရွာင္ျပည္သူ (၅ဝဝ)နီးပါး အေရျပားေရာဂါျဖစ္ေနေသာ္လည္း ေဆးရွားပါးျခင္း ေၾကာင့္ AA က မကူႏိုင္ျဖစ္ေနေၾကာင္း ေဒသခံအခ်ိဳ႕ထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ား အရသိရသည္။

လတ္တေလာသိရေသာအခ်က္အလက္မ်ားအရ ရခိုင္ျပည္နယ္တြင္ အေရျပားေရာဂါျဖစ္ပြားသူအေရအတြက္ မွာ (၄၈၂)ဦးရွိၿပီး ကေလးငယ္ (၁၁၂) ဦးပါဝင္ကာ AA က ထိန္းခ်ဳပ္ထားသည့္ ပုဏၰားကြၽန္း ၿမိဳ႕နယ္တြင္အမ်ားဆုံးႏွင့္ မိုးဦးကာလကပင္ အဆိုပါေရာဂါမွာ စတင္ျဖစ္ပြားလာျခင္းျဖစ္ေၾကာင္းသိရသည္။

‘အားလုံးနီးပါးက စစ္ေဘးေရွာင္ဒုကၡသည္ ေတြျဖစ္ပါတယ္။ အစက ယားတယ္။ ယားၿပီးေတာ့ ကုတ္ရင္းနဲ႔ အနာေတြျဖစ္လာၿပီး အနာေဖးလို အဖတ္ လိုက္ႀကီးေတြျဖစ္တာေပါ့။ အေရျပားတစ္ျပင္လုံး ျဖစ္တာ။ အဓိကေတာ့ ေနရာထိုင္ခင္းမသန႔္ရွင္းတာနဲ႔ သန႔္ရွင္းတဲ့ေရ မရလို႔ျဖစ္တာေပါ့။ ေဆးကုတာကလည္း ေကာင္းေကာင္းမရေတာ့ ဒီ အတိုင္း ေဆးၿမီးတို ေတြနဲ႔ပဲကုေနရတာေပါ့။ ဒါေပမဲ့လည္း မေပ်ာက္ဘူး’ဟု ေဒသခံတစ္ဦးကဆိုသည္။

လက္ရွိ အေရျပားေရာဂါ ခံစားေနရသူမ်ားအနက္ အမ်ားစုမွာ ေက်ာကုန္း၊ လက္၊ ေျခသလုံး၊ လည္ပင္းတို႔တြင္ အမ်ားဆုံးေတြ႕ရၿပီး အခ်ိဳ႕မွာ ဦးေခါင္းပိုင္းအထိ ပ်ံ႕ေနျခင္းျဖစ္သည္။ ‘AA ကလည္း ေဆးကုေပးတာရွိပါတယ္။ ဒါေပမဲ့ ေဆးဝါးကလည္း ရခိုင္ျပည္နယ္မွာ ေတာ္ေတာ္ေလးရွားပါးတယ္ေလ။ ဒါေၾကာင့္ အၿပီးသတ္ေပ်ာက္တဲ့အထိ ကုလို႔ မရဘူး ျဖစ္ေနတာ။ ကုဖို႔လုပ္တယ္။ ဒါေပမဲ့ လုံးဝေပ်ာက္သြားတဲ့အထိေတာ့ မရဘူးျဖစ္ေနတာ’ဟု အထက္ပါ ေဒသခံ ကဆိုသည္။

ယခု အေရျပားေရာဂါျဖစ္ပြားသူမ်ားအနက္ ကေလးငယ္အေယာက္ (၁၀ဝ)ေက်ာ္ပါဝင္ ေၾကာင္းလည္းသိရ သည္။ ‘ကေလးေတြဆိုလည္း သနားဖို႔ေကာင္းတယ္။ ျမင္ရတာကေတာ့ အစိုနဲ႔အေျခာက္ေပါ့။ ယားတယ္။ ယားလို႔ ကုတ္ရင္းကေန အနာေတြ ျဖစ္တယ္။ အနာကေနထပ္ၿပီး ပြားလာတဲ့ အေနအထားမ်ိဳးလို႔ ခန႔္မွန္းရပါတယ္။ ေသခ်ာတဲ့ ေဆးဝါးကုသမႈလိုအပ္ေနပါတယ္’ဟု ၎ကဆိုသည္။

လက္ရွိ အတည္မျပဳႏိုင္ေသာသတင္းမ်ားအရ မင္းျပားၿမိဳ႕နယ္တြင္ အလားတူ အေရျပားေရာ ဂါျဖစ္စဥ္မ်ိဳးျဖစ္ ပြားသည္ဆိုေသာ္လည္း အဆိုပါ အခ်က္ကိုသီးျခားအတည္ျပဳႏိုင္ျခင္းမရွိေပ။

Related news

© 2021. All rights reserved.