ရှားပါး နှလုံးအကျိတ်ကင်ဆာကြောင့် ထိုင်းမင်းသား အက်ကာဖန်နာမက် အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်

 11395

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

ရှားပါး နှလုံးအကျိတ်ကင်ဆာကြောင့် နာမည်ကျော် ထိုင်းမင်းသားတစ်ဦးဖြစ်တဲ့ အက်ကာဖန်နာမက်ဟာ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ Channel 7HD က တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဝမ်းနည်းကြောင်း သဝဏ်လွှာနဲ့အတူ တနင်္ဂနွေနေ့(စက်တင်ဘာ ၂၁ ရက်) က အတည်ပြုခဲ့ပါတယ်။

အမျိုးသားကင်ဆာ အင်စတီကျုရဲ့ဒါရိုက်တာ ဒေါက်တာဆွန်ချိုင်သန်စစ်သီချိုင်က အက်ကာဖန်နာမက် ခံစားခဲ့ရတဲ့ နှလုံးအကျိတ်ကင်ဆာဝေဒနာဟာ ထိုင်းနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ အဖြစ်ရှားတဲ့ ရောဂါ ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးဟာ ပုံမှန်ဆိုရင် အကျိတ်တွေဖြစ်ပေါ်လာခြင်း မရှိတာကြောင့် ဒီလိုဖြစ်ရပ်မျိုးဟာ အလွန်ရှားပါးတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီရောဂါဟာ တစ်နှစ်မှ တစ်ခါ (သို့မဟုတ်) နှစ်ခါလောက်သာတွေ့ရလေ့ရှိပြီး နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ဖြစ်ပွားတာတောင် အလွန်ရှားတယ်လို့ ဆိုပါတယ်။ နှလုံးဟာ သွေးကို ညှစ်ထုတ်ပေးတဲ့ အရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်ပြီး နှလုံးတွင်းမှာ အကျိတ်များ (သို့မဟုတ်) ကင်ဆာရှိနေရင်လည်း သိနိုင်ဖို့ ခက်ခဲပါတယ်။ ဒီရောဂါဟာ အဆင့်မြင့်တဲ့အချိန်ကျမှသာ သိရှိနိုင်တာဖြစ်ပြီး အစောပိုင်းအဆင့်တွေမှာတော့ ရောဂါလက္ခဏာမပြတတ်တာကြောင့် စောစောသိဖို့ခက်ပါတယ်။

ဒီနှလုံးအကြိတ် ကင်ဆာရောဂါဖြစ်ပွားသူ လူနာ ၅၀ ရာခိုင်နှုန်းကျော်ဟာ တစ်နှစ်အတွင်း သေဆုံးကြရပြီး လက်ရှိ အထူးကုသနည်းတွေ မပေါ်သေးပါဘူး။ အကျိတ်ကို ဖယ်ရှားဖို့ နှလုံးခွဲစိတ်ခြင်းဟာလည်း လူနာရဲ့အသက်ကို ယာယီသာ သက်တမ်းတိုးစေတယ်လို့ သိရပါတယ်။

Zawgyi Version;
ရွားပါး ႏွလုံးအက်ိတ္ကင္ဆာေၾကာင့္ ထိုင္းမင္းသား အက္ကာဖန္နာမက္ အသက္ ၃၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

ရွားပါး ႏွလုံးအက်ိတ္ကင္ဆာေၾကာင့္ နာမည္ေက်ာ္ ထိုင္းမင္းသားတစ္ဦးျဖစ္တဲ့ အက္ကာဖန္နာမက္ဟာ အသက္ ၃၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ Channel 7HD က တရားဝင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ဝမ္းနည္းေၾကာင္း သဝဏ္လႊာနဲ႔အတူ တနဂၤေႏြေန႔(စက္တင္ဘာ ၂၁ ရက္) က အတည္ျပဳခဲ့ပါတယ္။

အမ်ိဳးသားကင္ဆာ အင္စတီက်ဳရဲ႕ဒါ႐ိုက္တာ ေဒါက္တာဆြန္ခ်ိဳင္သန္စစ္သီခ်ိဳင္က အက္ကာဖန္နာမက္ ခံစားခဲ့ရတဲ့ ႏွလုံးအက်ိတ္ကင္ဆာေဝဒနာဟာ ထိုင္းႏိုင္ငံမွာသာမက ကမာၻတစ္ဝွမ္းမွာပါ အျဖစ္ရွားတဲ့ ေရာဂါ ျဖစ္တယ္လို႔ ဆိုပါတယ္။ ႏွလုံးဟာ ပုံမွန္ဆိုရင္ အက်ိတ္ေတြျဖစ္ေပၚလာျခင္း မရွိတာေၾကာင့္ ဒီလိုျဖစ္ရပ္မ်ိဳးဟာ အလြန္ရွားပါးတယ္လို႔ ဆိုပါတယ္။

ဒါအျပင္ ဒီေရာဂါဟာ တစ္ႏွစ္မွ တစ္ခါ (သို႔မဟုတ္) ႏွစ္ခါေလာက္သာေတြ႕ရေလ့ရွိၿပီး ႏွစ္တိုင္း တစ္ႏွစ္တစ္ႀကိမ္ ျဖစ္ပြားတာေတာင္ အလြန္ရွားတယ္လို႔ ဆိုပါတယ္။ ႏွလုံးဟာ ေသြးကို ညႇစ္ထုတ္ေပးတဲ့ အေရးႀကီးတဲ့အဂၤါတစ္ခုျဖစ္ၿပီး ႏွလုံးတြင္းမွာ အက်ိတ္မ်ား (သို႔မဟုတ္) ကင္ဆာရွိေနရင္လည္း သိႏိုင္ဖို႔ ခက္ခဲပါတယ္။ ဒီေရာဂါဟာ အဆင့္ျမင့္တဲ့အခ်ိန္က်မွသာ သိရွိႏိုင္တာျဖစ္ၿပီး အေစာပိုင္းအဆင့္ေတြမွာေတာ့ ေရာဂါလကၡဏာမျပတတ္တာေၾကာင့္ ေစာေစာသိဖို႔ခက္ပါတယ္။

ဒီႏွလုံးအႀကိတ္ ကင္ဆာေရာဂါျဖစ္ပြားသူ လူနာ ၅၀ ရာခိုင္ႏႈန္းေက်ာ္ဟာ တစ္ႏွစ္အတြင္း ေသဆုံးၾကရၿပီး လက္ရွိ အထူးကုသနည္းေတြ မေပၚေသးပါဘူး။ အက်ိတ္ကို ဖယ္ရွားဖို႔ ႏွလုံးခြဲစိတ္ျခင္းဟာလည္း လူနာရဲ႕အသက္ကို ယာယီသာ သက္တမ္းတိုးေစတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.