ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား

 586

ချယ်ရီ (NP News)- စက်တင်ဘာ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် အိမ်စီးကားတစ်စီးမောင်းနေစဉ် အင်ဂျင်ခန်းအပူလွန်ကဲရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေါပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၃ ရက်)၊ ညနေပိုင်း ၅နာရီ ၄၉ မိနစ်အချိန်ခန့်က ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမကြီး၊ ဂျပန်တံတားအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အင်ဂျင်ခန်းက ဘက်ထရီနဲ့ဆက်စပ်ထားတဲ့ဝါယာတွေ အပူလွန်ကဲပြီးမှ လောင်တာပေါ့နော်။ မောင်းတဲ့သူကတော့ ထိခိုက်မှု မရှိပါဘူး။ သူ့မှာပါလာတဲ့ မီးသတ်ဆေးဘူးနဲ့ ငြှိမ်းတာကို မငြိမ်းဘဲနဲ့ အဲဒီမီးက ပိုပြီးကြီးသွားတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မီးလောင်းသော ကားအမျိုးအစားမှာ Chevrolet Trax အမျိုးအစားဖြစ်ပြီး အင်ဂျင်ခန်း နှင့် ကားအရှေ့ပိုင်းသာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ကားတွေဆိုတာ သုံးလာတာကြာသည်နှင့်အမျှတော့ အစိတ်အပိုင်းတွေက အနည်းနဲ့အများ ချို့ယွင်းမှုတွေ ဖြစ်နေမှာပဲလေ။ ချို့ယွင်းမှုတွေဖြစ်နေတဲ့ချိန်မှာ ဒီလိုမီးလောင်မှုဆိုတာတော့ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ယာဉ်အသုံး ပြုသူတွေက ကိုယ့်ကားကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ပြုပြင်မှုတွေ ဆောင်ရွက်မယ်။ ပြီးလို့ချင်ရင် ဒီမီးသတ်တဲ့အခါ ထိရောက်တဲ့မီးသတ်ဆေးဘူးမျိုးတွေ ကားပေါ်မှာ ဆောင်ထားဖို့ အကြံပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ကားမီးလောင်သည့် ဖြစ်စဉ်အနက် အနီးစပ်ဆုံးဖြစ်စဉ်မှာ ပြီးခဲ့သည့်(စက်တင်ဘာ ၁၃ ရက်)၊ နံနက် ၁၀ နာရီ ၄၂ မိနစ်ခန့်က ရန်ကုန်မြို့ရှိ အောက်ကြည့်မြင်တိုင်လမ်းနှင့် အလုံလမ်းမီးပွိုင့်ထောင့် Hotel Grand Vista ရှေ့တွင် YBS -၂၂ ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဥ်အတွင်းပိုင်းနှင့် တစ်စီးလုံးနီးပါး မီးလောင်ပျက်စီးခဲ့သည်။

zawgyi version
ဂ်ပန္တံတားအဆင္းတြင္ အိမ္စီးကားတစ္စီး အပူလြန္ကဲကာ မီးေလာင္မႈ ျဖစ္ပြား
ခ်ယ္ရီ (NP News)- စက္တင္ဘာ၂၄

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီးေမာင္းေနစဥ္ အင္ဂ်င္ခန္းအပူလြန္ကဲရာမွ ကားမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒါပုံၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂၃ ရက္)၊ ညေနပိုင္း ၅နာရီ ၄၉ မိနစ္အခ်ိန္ခန႔္က ေဒါပုံၿမိဳ႕နယ္၊ မင္းနႏၵာလမ္းမႀကီး၊ ဂ်ပန္တံတားအဆင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“အင္ဂ်င္ခန္းက ဘက္ထရီနဲ႔ဆက္စပ္ထားတဲ့ဝါယာေတြ အပူလြန္ကဲၿပီးမွ ေလာင္တာေပါ့ေနာ္။ ေမာင္းတဲ့သူကေတာ့ ထိခိုက္မႈ မရွိပါဘူး။ သူ႔မွာပါလာတဲ့ မီးသတ္ေဆးဘူးနဲ႔ ျငႇိမ္းတာကို မၿငိမ္းဘဲနဲ႔ အဲဒီမီးက ပိုၿပီးႀကီးသြားတာပါ”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

မီးေလာင္းေသာ ကားအမ်ိဳးအစားမွာ Chevrolet Trax အမ်ိဳးအစားျဖစ္ၿပီး အင္ဂ်င္ခန္း ႏွင့္ ကားအေရွ႕ပိုင္းသာ ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
“ကားေတြဆိုတာ သုံးလာတာၾကာသည္ႏွင့္အမွ်ေတာ့ အစိတ္အပိုင္းေတြက အနည္းနဲ႔အမ်ား ခ်ိဳ႕ယြင္းမႈေတြ ျဖစ္ေနမွာပဲေလ။ ခ်ိဳ႕ယြင္းမႈေတြျဖစ္ေနတဲ့ခ်ိန္မွာ ဒီလိုမီးေလာင္မႈဆိုတာေတာ့ ျဖစ္ႏိုင္ပါတယ္။ အဲဒီေတာ့ ယာဥ္အသုံး ျပဳသူေတြက ကိုယ့္ကားကိုလည္း သတ္မွတ္ထားတဲ့အတိုင္း ျပဳျပင္မႈေတြ ေဆာင္႐ြက္မယ္။ ၿပီးလို႔ခ်င္ရင္ ဒီမီးသတ္တဲ့အခါ ထိေရာက္တဲ့မီးသတ္ေဆးဘူးမ်ိဳးေတြ ကားေပၚမွာ ေဆာင္ထားဖို႔ အႀကံျပဳခ်င္ပါတယ္”ဟု ၎က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ကားမီးေလာင္သည့္ ျဖစ္စဥ္အနက္ အနီးစပ္ဆုံးျဖစ္စဥ္မွာ ၿပီးခဲ့သည့္(စက္တင္ဘာ ၁၃ ရက္)၊ နံနက္ ၁၀ နာရီ ၄၂ မိနစ္ခန္႔က ရန္ကုန္ၿမိဳ႕ရွိ ေအာက္ၾကည့္ျမင္တိုင္လမ္းႏွင့္ အလုံလမ္းမီးပြိဳင့္ေထာင့္ Hotel Grand Vista ေရွ႕တြင္ YBS -၂၂ ယာဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ယာဥ္အတြင္းပိုင္းႏွင့္ တစ္စီးလုံးနီးပါး မီးေလာင္ပ်က္စီးခဲ့သည္။

Related news

© 2021. All rights reserved.