ဝေးလံခေါင်သီတဲ့ကျေးရွာအတွက် တံတားတည်ဆောက်ပေးခဲ့တဲ့ တရုတ်အမျိုးသား ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရ

 3877

Pika (NP News) - စက်တင်ဘာ ၂၅

ဝေးလံခေါင်သီတဲ့ကျေးရွာအတွက် တံတားတည်ဆောက်ပေးခဲ့တဲ့ တရုတ်အမျိုးသား ထောင်ဒဏ်(၂)နှစ်ချ မှတ်ခံရေ တရုတ်နိုင်ငံတွင် သီးခြားဖြစ်နေသော ကျေးရွာတစ်ရွာအတွက် ကိုယ်ပိုင်ပိုက်ဆံဖြင့် ဗောတံတားကို တည် ဆောက်ပေးခဲ့သည့် အမျိုးသားတစ်ဦးအား အာဏာပိုင်များက အကြိမ်ပေါင်းများစွာဒဏ်ရိုက်ခဲ့ပြီး ခွင့်ပြုချက် မရှိသည့် တံတားကို တည်ဆောက်မှုအတွက် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ကြောင်းသိရ သည်။(၂၀ဝ၅) ခုနှစ်မတိုင်မီက ဂျီလင်းပြည် နယ်ရှိ ဇန်လင်းရွာသည် Taoer မြစ်ဘေးနားတွင်တည်ရှိပြီး အနီးဆုံးတွင်ရှိသော တံတားဆီကိုသွားရန်အတွက်ကီလိုမီတာ(၇၀) ဝန်းကျင်ခန့် သွားရောက်ရကြောင်း လည်းသိရသည်။

သို့သော်လည်း ယခင်ကကူးတို့ အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသော ရွာသားတစ်ဦးဖြစ်သည့် Huang Deyi သည် အာဏာပိုင်များကခွင့်ပြုထား ခြင်းမျိုးမရှိသော တံတားငယ်တစ်စင်းကို မြစ်ကိုဖြတ် ကာတည်ဆောက်ခဲ့ပြီးနောက် အရာအားလုံးပြောင်းလဲသွားခဲ့ကြောင်းသိရသည်။

အဆိုပါ ဗောတံတားကို ရွာသားများက ဝမ်းသာအားရလက်ခံခဲ့ပြီး လူများသည်တံတားကို ဖြတ်ကူးရန်အတွက် Huang Deyi ကို ပိုက်ဆံ အနည်းငယ်သာ ပေးခဲ့ရကြောင်းသိရသည်။ (၂၀၁၄) ခုနှစ်တွင် Huang Deyi သည် အခြား ရွာသား(၁၇)ယောက်နှင့်အတူ သတ္တုလှေ(၁၃)စင်းကို ဂဟေဆက်ကာ တံတားကိုပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီး နောက် ရွာ၏စီးပွားရေးမှာ တိုးတက်လာခဲ့ကြောင်း လည်းသိရသည်။ သို့သော်လည်း လေးနှစ်အကြာ (၂၀၁၈) ခုနှစ်တွင် Taonan ရေကြောင်းဆိုင်ရာအာဏာပိုင်အဖွဲ့သည် အဆိုပါတံတားကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် Huang Deyi နှင့် ၎င်း၏မိသားစုသည် အဆိုပါတံတားမှ တစ်ဆင့် အကျိုးအမြတ်များကို တရားမဝင် ရယူနေ ကြောင်း အာဏာပိုင်များက စွပ်စွဲပြောဆိုခဲ့သည်။ Huang Deyi သည် (၂၀၁၉)ခုနှစ်တွင် မိသားစုဝင်များနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး (၂၀၁၄) ခုနှစ်မှ (၂၀၁၈)ခုနှစ်အတွင်း တံတားကိုဖြတ် ကူးသည့်ယာဉ်များထံမှ ယွမ်ငွေစုစုပေါင်း (၄၄၀ဝဝ) ကောက်ယူခဲ့ခြင်းအပါအဝင် ရာဇဝတ်မှုပေါင်းများ စွာဖြင့် တရားစွဲဆိုခံခဲ့ရသည်။ နောက်ဆက်တွဲစုံစမ်းစစ် ဆေးချက်များအရ Huang သည် (၂၀ဝ၅)ခုနှစ် တည်းက တံတားကိုဖြတ်ကူးခအဖြစ် စုစုပေါင်း ယွမ်ငွေ (၅၂၀ဝဝ)ကျော် ကောက်ယူခဲ့မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါတံတားကိုတည် ဆောက်မှုနှင့်ပတ်သက်ပြီး အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက်မရရှိခဲ့သော်လည်း ရွာသားများကို ကူညီရန်အတွက် တည်ဆောက်ခဲ့ခြင်းမျိုးသာဖြစ်ကြောင်း Huang Deyi က ဝန်ခံပြောဆိုခဲ့သည်။ Huang Deyi သည် အဆိုပါတံတားကို တည်ဆောက်ရန်အတွက် ယွမ်ငွေ (၁၃၀ဝဝဝ)ကျော် ကုန်ကျခဲ့ကြောင်းလည်းသိရသည်။ Huang Deyi ၏အမှုကို လက်ရှိအချိန်တွင် ပြန်လည်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မကြာသေးမီက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဆို ရှယ် မီဒီယာများတွင် အချေအတင်ငြင်းခုံမှုများရှိခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ေဝးလံေခါင္သီတဲ့ေက်း႐ြာအတြက္ တံတားတည္ေဆာက္ေပးခဲ့တဲ့ တ႐ုတ္အမ်ိဳးသား ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခံရ
Pika (NP News) - စက္တင္ဘာ ၂၅

ေဝးလံေခါင္သီတဲ့ေက်း႐ြာအတြက္ တံတားတည္ေဆာက္ေပးခဲ့တဲ့ တ႐ုတ္အမ်ိဳးသား ေထာင္ဒဏ္(၂)ႏွစ္ခ် မွတ္ခံေရ တ႐ုတ္ႏိုင္ငံတြင္ သီးျခားျဖစ္ေနေသာ ေက်း႐ြာတစ္႐ြာအတြက္ ကိုယ္ပိုင္ပိုက္ဆံျဖင့္ ေဗာတံတားကို တည္ ေဆာက္ေပးခဲ့သည့္ အမ်ိဳးသားတစ္ဦးအား အာဏာပိုင္မ်ားက အႀကိမ္ေပါင္းမ်ားစြာဒဏ္႐ိုက္ခဲ့ၿပီး ခြင့္ျပဳခ်က္ မရွိသည့္ တံတားကို တည္ေဆာက္မႈအတြက္ ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခဲ့ေၾကာင္းသိရ သည္။(၂၀ဝ၅) ခုႏွစ္မတိုင္မီက ဂ်ီလင္းျပည္ နယ္ရွိ ဇန္လင္း႐ြာသည္ Taoer ျမစ္ေဘးနားတြင္တည္ရွိၿပီး အနီးဆုံးတြင္ရွိေသာ တံတားဆီကိုသြားရန္အတြက္ကီလိုမီတာ(၇၀) ဝန္းက်င္ခန႔္ သြားေရာက္ရေၾကာင္း လည္းသိရသည္။

သို႔ေသာ္လည္း ယခင္ကကူးတို႔ အလုပ္ကို လုပ္ကိုင္ခဲ့ဖူးေသာ ႐ြာသားတစ္ဦးျဖစ္သည့္ Huang Deyi သည္ အာဏာပိုင္မ်ားကခြင့္ျပဳထား ျခင္းမ်ိဳးမရွိေသာ တံတားငယ္တစ္စင္းကို ျမစ္ကိုျဖတ္ ကာတည္ေဆာက္ခဲ့ၿပီးေနာက္ အရာအားလုံးေျပာင္းလဲသြားခဲ့ေၾကာင္းသိရသည္။

အဆိုပါ ေဗာတံတားကို ႐ြာသားမ်ားက ဝမ္းသာအားရလက္ခံခဲ့ၿပီး လူမ်ားသည္တံတားကို ျဖတ္ကူးရန္အတြက္ Huang Deyi ကို ပိုက္ဆံ အနည္းငယ္သာ ေပးခဲ့ရေၾကာင္းသိရသည္။ (၂၀၁၄) ခုႏွစ္တြင္ Huang Deyi သည္ အျခား ႐ြာသား(၁၇)ေယာက္ႏွင့္အတူ သတၱဳေလွ(၁၃)စင္းကို ဂေဟဆက္ကာ တံတားကိုပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ခဲ့ၿပီး ေနာက္ ႐ြာ၏စီးပြားေရးမွာ တိုးတက္လာခဲ့ေၾကာင္း လည္းသိရသည္။ သို႔ေသာ္လည္း ေလးႏွစ္အၾကာ (၂၀၁၈) ခုႏွစ္တြင္ Taonan ေရေၾကာင္းဆိုင္ရာအာဏာပိုင္အဖြဲ႕သည္ အဆိုပါတံတားကို ဖ်က္သိမ္းရန္ အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Huang Deyi ႏွင့္ ၎၏မိသားစုသည္ အဆိုပါတံတားမွ တစ္ဆင့္ အက်ိဳးအျမတ္မ်ားကို တရားမဝင္ ရယူေန ေၾကာင္း အာဏာပိုင္မ်ားက စြပ္စြဲေျပာဆိုခဲ့သည္။ Huang Deyi သည္ (၂၀၁၉)ခုႏွစ္တြင္ မိသားစုဝင္မ်ားႏွင့္အတူ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရၿပီး (၂၀၁၄) ခုႏွစ္မွ (၂၀၁၈)ခုႏွစ္အတြင္း တံတားကိုျဖတ္ ကူးသည့္ယာဥ္မ်ားထံမွ ယြမ္ေငြစုစုေပါင္း (၄၄၀ဝဝ) ေကာက္ယူခဲ့ျခင္းအပါအဝင္ ရာဇဝတ္မႈေပါင္းမ်ား စြာျဖင့္ တရားစြဲဆိုခံခဲ့ရသည္။ ေနာက္ဆက္တြဲစုံစမ္းစစ္ ေဆးခ်က္မ်ားအရ Huang သည္ (၂၀ဝ၅)ခုႏွစ္ တည္းက တံတားကိုျဖတ္ကူးခအျဖစ္ စုစုေပါင္း ယြမ္ေငြ (၅၂၀ဝဝ)ေက်ာ္ ေကာက္ယူခဲ့မႈျဖင့္ တရားစြဲဆိုခံခဲ့ရၿပီး ေထာင္ဒဏ္(၂)ႏွစ္ ခ်မွတ္ခံခဲ့ရေၾကာင္းသိရသည္။

အဆိုပါတံတားကိုတည္ ေဆာက္မႈႏွင့္ပတ္သက္ၿပီး အာဏာပိုင္မ်ားထံမွ တရားဝင္ခြင့္ျပဳခ်က္မရရွိခဲ့ေသာ္လည္း ႐ြာသားမ်ားကို ကူညီရန္အတြက္ တည္ေဆာက္ခဲ့ျခင္းမ်ိဳးသာျဖစ္ေၾကာင္း Huang Deyi က ဝန္ခံေျပာဆိုခဲ့သည္။ Huang Deyi သည္ အဆိုပါတံတားကို တည္ေဆာက္ရန္အတြက္ ယြမ္ေငြ (၁၃၀ဝဝဝ)ေက်ာ္ ကုန္က်ခဲ့ေၾကာင္းလည္းသိရသည္။ Huang Deyi ၏အမႈကို လက္ရွိအခ်ိန္တြင္ ျပန္လည္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနၿပီး မၾကာေသးမီက အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး တ႐ုတ္ဆို ရွယ္ မီဒီယာမ်ားတြင္ အေခ်အတင္ျငင္းခုံမႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.