တရုတ်နိုင်ငံထံမှ လက်ဆောင်ရထားတဲ့ ပန်ဒါဝက်ဝံတွေကို ဖင်လန်အစိုးရ ပြန်ပို့ဖို့ စီစဥ် နေ

 857

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

ဖင်လန်နိုင်ငံဟာ ပန်ဒါအကောင်ကြီး နှစ်ကောင်ကို တိရစ္ဆာန်ရုံမှာ ပြုစုစောင့်ရှောက်ဖို့အတွက် ကုန်ကျစရိတ် မြင့်မားလွန်းတာကြောင့် လာမယ့် နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို ပန်ဒါကြီးနှစ်ကောင် ပြန်ပို့မယ်လို့ တိရစ္ဆာန် ရုံဘုတ်အဖွဲ့ဥက္ကဋ္ဌက အင်္ဂါနေ့ (စက်တင်ဘာ ၂၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက လူမီနဲ့ ပိုင်ရေးဆိုတဲ့ ပန်ဒါဝက်ဝံကြီး ၂ ကောင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် နော်ဒစ်နိုင်ငံတစ်ခုဖြစ်တဲ့ ဖင်လန်နိုင်ငံကို လာရောက်ပြီး တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ပူးတွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်ခဲ့ချိန် ၁၉၄၉ ခုနှစ် ကတည်းက ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေဖို့၊ နိုင်ငံခြား သံတမန် ဆက်ဆံရေးတွေ ခိုင်မာစေဖို့နဲ့ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ဖို့ အတွက် ပြည်ပနိုင်ငံတွေကို ပန်ဒါဝက်ဝံများ လက်ဆောင်ပေးအပ်လေ့ ရှိပါတယ်။
အခု ဖင်လန်နိုင်ငံနဲ့သဘောတူညီချက်ကတော့ လူမီနဲ့ ပိုင်ရေးဆိုတဲ့ ပန်ဒါ ၂ ကောင်ကို ၁၅ နှစ်ကြာထိ ထိန်းသိမ်း စောင့်ရှောက်ဖို့ဖြစ်ပေမယ့် ပန်ဒါတွေအတွက် ကုန်ကျစရိတ်များလွန်းတာကြောင့် ဖင်လန်နိုင်ငံက တရုတ်ကို ပြန်လည်အပ်နှံတော့မှာဖြစ်ပါတယ်။
ပန်ဒါတွေကို တရုတ်နိုင်ငံကို ပြန်မပို့မီ တစ်လကြာထိ သီးခြားကွာရန်တင်း ထားရှိသွားမှာဖြစ်တယ်လို့ ပန်ဒါတွေကို လက်ရှိထိန်းသိမ်းထားတဲ့ Ahtari Zoo က ဆိုပါတယ်။
တိရစ္ဆာန်ရုံဟာ ပန်ဒါတွေကို ထိန်းသိမ်းစရိတ်က နှစ်စဉ် ယူရို ၁.၅ သန်း ကုန်ကျနေတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ရုံ အနေနဲ့လည်း ပန်ဒါတွေဟာ ဖင်လန်အလယ်ပိုင်းရှိ ဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ကပ်ရောဂါကြောင့် ခရီးသွားလာမှုကန့်သတ်ချက်တွေ ထုတ်ထားတာကြောင့် မမြတ်တဲ့အပြင် အကြွေးတွေ တိုးလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှတွေနဲ့အတူ ကုန်ကျစရိတ်တွေ ထပ်တိုးလာခဲ့တာကြောင့် ၃ နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက်မှာ တိရစ္ဆာန်တွေကို ပြန်လည်အပ်နှံဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပန်ဒါဝက်ဝံတွေကို ပြန်ပို့ခြင်းဟာ ဖင်လန်အစိုးရနဲ့မပတ်သက်ဘဲ တိရစ္ဆာန်ရုံရဲ့ဆုံးဖြတ်ချက်သာဖြစ်တာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကိုတော့ မထိခိုက်စေသင့်ဘူးလို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံထံမွ လက္ေဆာင္ရထားတဲ့ ပန္ဒါဝက္ဝံေတြကို ဖင္လန္အစိုးရ ျပန္ပို႔ဖို႔ စီစဥ္ ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

ဖင္လန္ႏိုင္ငံဟာ ပန္ဒါအေကာင္ႀကီး ႏွစ္ေကာင္ကို တိရစာၦန္႐ုံမွာ ျပဳစုေစာင့္ေရွာက္ဖို႔အတြက္ ကုန္က်စရိတ္ ျမင့္မားလြန္းတာေၾကာင့္ လာမယ့္ ႏိုဝင္ဘာလမွာ တ႐ုတ္ႏိုင္ငံကို ပန္ဒါႀကီးႏွစ္ေကာင္ ျပန္ပို႔မယ္လို႔ တိရစာၦန္ ႐ုံဘုတ္အဖြဲ႕ဥကၠ႒က အဂၤါေန႔ (စက္တင္ဘာ ၂၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက လူမီနဲ႔ ပိုင္ေရးဆိုတဲ့ ပန္ဒါဝက္ဝံႀကီး ၂ ေကာင္ကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ေနာ္ဒစ္ႏိုင္ငံတစ္ခုျဖစ္တဲ့ ဖင္လန္ႏိုင္ငံကို လာေရာက္ၿပီး တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရး ပူးတြဲ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ကာ လက္ေဆာင္ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံအျဖစ္ စတင္ခဲ့ခ်ိန္ ၁၉၄၉ ခုႏွစ္ ကတည္းက ကုန္သြယ္မႈဆက္ဆံေရး ခိုင္မာေစဖို႔၊ ႏိုင္ငံျခား သံတမန္ ဆက္ဆံေရးေတြ ခိုင္မာေစဖို႔နဲ႔ ႏိုင္ငံတကာပုံရိပ္ကို ျမႇင့္တင္ဖို႔ အတြက္ ျပည္ပႏိုင္ငံေတြကို ပန္ဒါဝက္ဝံမ်ား လက္ေဆာင္ေပးအပ္ေလ့ ရွိပါတယ္။
အခု ဖင္လန္ႏိုင္ငံနဲ႔သေဘာတူညီခ်က္ကေတာ့ လူမီနဲ႔ ပိုင္ေရးဆိုတဲ့ ပန္ဒါ ၂ ေကာင္ကို ၁၅ ႏွစ္ၾကာထိ ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ျဖစ္ေပမယ့္ ပန္ဒါေတြအတြက္ ကုန္က်စရိတ္မ်ားလြန္းတာေၾကာင့္ ဖင္လန္ႏိုင္ငံက တ႐ုတ္ကို ျပန္လည္အပ္ႏွံေတာ့မွာျဖစ္ပါတယ္။
ပန္ဒါေတြကို တ႐ုတ္ႏိုင္ငံကို ျပန္မပို႔မီ တစ္လၾကာထိ သီးျခားကြာရန္တင္း ထားရွိသြားမွာျဖစ္တယ္လို႔ ပန္ဒါေတြကို လက္ရွိထိန္းသိမ္းထားတဲ့ Ahtari Zoo က ဆိုပါတယ္။
တိရစာၦန္႐ုံဟာ ပန္ဒါေတြကို ထိန္းသိမ္းစရိတ္က ႏွစ္စဥ္ ယူ႐ို ၁.၅ သန္း ကုန္က်ေနတယ္လို႔ ဆိုပါတယ္။ တိရစာၦန္႐ုံ အေနနဲ႔လည္း ပန္ဒါေတြဟာ ဖင္လန္အလယ္ပိုင္းရွိ ဧည့္သည္ေတြကို ဆြဲေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ ကပ္ေရာဂါေၾကာင့္ ခရီးသြားလာမႈကန႔္သတ္ခ်က္ေတြ ထုတ္ထားတာေၾကာင့္ မျမတ္တဲ့အျပင္ အေႂကြးေတြ တိုးလာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ျမင့္တက္လာတဲ့ ေငြေၾကးေဖာင္းပြမွေတြနဲ႔အတူ ကုန္က်စရိတ္ေတြ ထပ္တိုးလာခဲ့တာေၾကာင့္ ၃ ႏွစ္ၾကာ ေဆြးေႏြးညႇိႏႈိင္းၿပီးတဲ့ေနာက္မွာ တိရစာၦန္ေတြကို ျပန္လည္အပ္ႏွံဖို႔ ဆုံးျဖတ္ခဲ့ တယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ပန္ဒါဝက္ဝံေတြကို ျပန္ပို႔ျခင္းဟာ ဖင္လန္အစိုးရနဲ႔မပတ္သက္ဘဲ တိရစာၦန္႐ုံရဲ႕ဆုံးျဖတ္ခ်က္သာျဖစ္တာေၾကာင့္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကိုေတာ့ မထိခိုက္ေစသင့္ဘူးလို႔ ဖင္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.