ဗြိတိန်မှာ အမျိုးသမီးတစ်ဦးရဲ့ကြောင်က ချီယူလာတဲ့ ခဲခြစ်ကံစမ်းမဲကြောင့် ကံစမ်းမဲပေါက်

 2301

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

ဗြိတိန်မှာ ကြောင်တစ်ကောင် ချီယူလာတဲ့ ခဲခြစ်ကံစမ်းမဲကြောင့် ကြောင်ပိုင်ရှင်ကံစမ်းမဲပေါက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု မကြာသေးခင်က ဖြစ်ခဲ့ပါတယ်။

ယခုလ အစောပိုင်းက TikTok အသုံးပြုသူ @meganchristian ဟာ Monkey လို့ခေါ်တဲ့ သူရဲ့ကြောင် ချီလာတဲ့ ခဲခြစ်ကံစမ်းမဲကဒ်နဲ့ ၂၇ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုကို Tiktok မှာ တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Monkey က ပါးစပ်ထဲမှာ ခဲခြစ်ကံစမ်းမဲတစ်ခု ချီယူပြီး ပြတင်းပေါက်ပေါ်က ခုန်ဆင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ပိုင်ရှင်ဖြစ်သူက ခဲခြစ်ကံစမ်းမဲကို စစ်ဆေးပြီး ခြစ်ထုတ်လိုက်တဲ့အခါ ၁၀ ပေါင်တန်တဲ့ ကံစမ်းမဲပေါက်ခဲ့ တာကို တွေ့ရှိခဲ့ပါတယ်။
အင်တာနက်သုံးစွဲသူတစ်ဦးက ပိုင်ရှင် bills တွေ ပေးဆောင်နိုင်ဖို့ ကြောင်က တိတ်တဆိတ်ကူညီနေတာဖြစ်တယ် လို့ဆိုကာ ပြောခဲ့ပါတယ်။
အဆိုပါဗီဒီယိုကို ကြည့်ရှုသူ ၁၁ သန်းကျော်ထိ ရှိခဲ့ပြီး အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားလျက် ရှိပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕ေၾကာင္က ခ်ီယူလာတဲ့ ခဲျခစ္ကံစမ္းမဲေၾကာင့္ ကံစမ္းမဲေပါက္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

ၿဗိတိန္မွာ ေၾကာင္တစ္ေကာင္ ခ်ီယူလာတဲ့ ခဲျခစ္ကံစမ္းမဲေၾကာင့္ ေၾကာင္ပိုင္ရွင္ကံစမ္းမဲေပါက္ခဲ့တဲ့ျဖစ္ရပ္တစ္ခု မၾကာေသးခင္က ျဖစ္ခဲ့ပါတယ္။

ယခုလ အေစာပိုင္းက TikTok အသုံးျပဳသူ @meganchristian ဟာ Monkey လို႔ေခၚတဲ့ သူရဲ႕ေၾကာင္ ခ်ီလာတဲ့ ခဲျခစ္ကံစမ္းမဲကဒ္နဲ႔ ၂၇ စကၠန႔္ၾကာျမင့္တဲ့ ဗီဒီယိုကို Tiktok မွာ တင္ခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ Monkey က ပါးစပ္ထဲမွာ ခဲျခစ္ကံစမ္းမဲတစ္ခု ခ်ီယူၿပီး ျပတင္းေပါက္ေပၚက ခုန္ဆင္းေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္ ပိုင္ရွင္ျဖစ္သူက ခဲျခစ္ကံစမ္းမဲကို စစ္ေဆးၿပီး ျခစ္ထုတ္လိုက္တဲ့အခါ ၁၀ ေပါင္တန္တဲ့ ကံစမ္းမဲေပါက္ခဲ့ တာကို ေတြ႕ရွိခဲ့ပါတယ္။
အင္တာနက္သုံးစြဲသူတစ္ဦးက ပိုင္ရွင္ bills ေတြ ေပးေဆာင္ႏိုင္ဖို႔ ေၾကာင္က တိတ္တဆိတ္ကူညီေနတာျဖစ္တယ္ လို႔ဆိုကာ ေျပာခဲ့ပါတယ္။
အဆိုပါဗီဒီယိုကို ၾကည့္ရႈသူ ၁၁ သန္းေက်ာ္ထိ ရွိခဲ့ၿပီး အင္တာနက္အသုံးျပဳသူေတြၾကား ေရပန္းစားလ်က္ ရွိပါတယ္။

Related news

© 2021. All rights reserved.