နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အကြမ်းဖက်သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်မှ မထွက်ခွာမီ ဖမ်းဆီးနိုင်ခဲ့

 25006

Iris (NP News) - စက်တင်ဘာ ၂၆

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လက်ရှိ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံ့သစ္စာဖောက် ဝန်ထမ်း (DCS)၊ အကြမ်းဖက်သမားနှင့် အကြမ်းဖက် ထောက်ပို့သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

တည်ဆဲအစိုးရ နစကအား ပုန်ကန်ခြားနား၍ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ကာ အကြမ်းဖက်သမား ဘဝကူး ပြောင်းခြင်း၊ အကြမ်းဖက်သမားများအား ထောက်ပံ့ကူညီခြင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်နေလျှက်နှင့်ပင် အကြမ်းဖက် သမားများအား သတင်းပေးလောက်ကောင်လုပ်နေခြင်းအပါအဝင် နိုင်ငံတော် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင် သူအားလုံးကို လေဆိပ်မှ အထွက်နှင့်အဝင်တို့တွင် စစ်ဆေး ဖမ်းဆီးနိုင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။

‘‘ဒီနှစ်ထဲမှာတော့ ဖမ်းမိတာ ရာဂဏန်း လောက်ပါပဲ။ ရာဂဏန်းဆိုပေမယ့် (၃-၄၀ဝ)လောက်ပေါ့။ အရင်နှစ် တွေက ပိုပြီးဖမ်းဆီးနိုင်ခဲ့တယ်။ အားလုံးပေါင်းရင် (၇၀ဝဝ)ကျော်မယ်။ ဒီထက် များရင်သာများမယ်။ ဆရာဝန်တွေ ဘာတွေရော အကုန်ပါတယ်။ သာမန်ပြည်သူတွေ မသိတဲ့သူတွေ၊ ထင်ပေါ်ကျော်ကြားသူမဟုတ်တဲ့ လက်ကြိတ်ပုန်း တွေပါ ပါတယ်’’ ဟု လုံခြုံရေးဆိုင်ရာသတင်းရင်း မြစ်တစ်ဦးက NP News ကိုပြောသည်။

ရန်ကုန်လေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံတစ်ခုခုသို့ သွားရောက်ရန် ပုံဖျက်၍လာကြသော နိုင်ငံ့သစ္စာ ဖောက်များ ကို လေဆိပ်စစ်ဆေးရေးကောင်တာများက ပတ်စ်ပို့ Scan မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပို့ခြင်းမျိုး ဖြစ်ပြီး တာဝန်ရှိသူများက လာရောက်ခေါ်ယူစစ်ဆေးအတည်ပြုပြီးနောက် အကြမ်းဖက်သမားများနှင့် ဆက်စပ် ပတ် သက်သူ၊ ကိုယ်တိုင် အကြမ်းဖက်မှုကျုးလွန်သူများဖြစ်နေပါက ဖမ်းဆီး အရေးယူခြင်းမျိုးဖြစ်ကြောင်းသိရသည်။ ယင်း အထဲတွင် နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့ဖူးသူများလည်း ပါဝင်နေပြီး ကျန်းမာရေး၊ ပညာရေး အစရှိသည့် ဝန်ကြီးဌာနမှ DCS များ အများဆုံးပါဝင်သည်ဟု သိရသည်။

‘‘များသောအားဖြင့် လေဆိပ်အထွက်မှာ မိတာ။ လေဆိပ်ကို ပြန်ဝင်လာသူနည်းတော့ အဝင်မှာ မိတာလည်း နည်းတယ်။ အစိုးရဝန်ထမ်းဟောင်းဆိုရင် ဆရာဝန်တွေပါတယ်။ ကျောင်းဆရာ/မတွေပါတယ်။ လဝက ဝန်ထမ်းတွေ ပါတယ်။ အများဆုံးကတော့ ဆရာဝန်နဲ့ ကျောင်းဆရာ/မတွေပဲ’’ ဟု သတင်းရင်းမြစ်က ပြောသည်။ ယင်းကဲ့သို့ လေဆိပ် ၌ စစ်ဆေးသည့်အစီအစဉ်တွင် အကြမ်းဖက်မှုလုပ်ငန်းများ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုမျိုးမဟုတ်ဘဲ တစ်စုတစ်ဖွဲ့၏ လှုံ့ဆော်မှုကြောင့် ရောယောင်ပါသွားသော နိုင်ငံရေးနားမလည်သည့်ပုဂ္ဂိုလ်များကိုမူ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည် များလည်းရှိကြောင်း သိရသည်။ ‘‘သိပ်မကြာသေးခင်ကတောင် ဆရာဝန်မတစ်ဖွဲ့ကို ဖမ်းမိထားတာရှိတယ်။ စစ်ဆေး လို့ ပေါ်ပေါက်ရင် တရားရုံးတင်တယ်လေ” ဟု သတင်းရင်းမြစ်ကပြောသည်။

လေဆိပ်၌ ယင်းကဲ့သို့ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် ကြိုတင်ရောက်ရှိနေပြီးသား အကြမ်းဖက်သမားစာရင်းအတိုင်း စိစစ်ဖော်ထုတ်ခြင်းမျိုးဖြစ်ပြီး စာရင်းတွင်ပါဝင်ထားပြီးသား ပုဂ္ဂိုလ်များကို အခကြေးငွေမျိုးယူ၍ လွှတ်ပေးရဲသူမရှိကြောင်းလည်း ဆိုသည်။ မတော်တဆ လွတ်သွားလျှင်ပင် သက်ဆိုင်ရာတာဝန်ကျသူများအားလုံး အရေးယူခံရနိုင်သည်အထိ တင်းကြပ်ထားသည် ဟုသိရသည်။ ကိုယ်တိုင်လေဆိပ်ဖြတ်သန်းခဲ့ဖူးသူတစ်ဦး၏ အတွေ့အကြုံအရ ဖမ်းဆီးထိန်းသိမ်းရမည့်စာရင်းတွင် ပါဝင်နေသော နိုင်ငံ့သစ္စာဖောက်ဝန်ထမ်း တစ်ဦး၏အမည်နှင့် မွေးသက္ကရာဇ်အချို့ တူနေသည့်အတွက် လေဆိပ် ကောင်တာက ချက်ချင်းဖြတ်ခွင့်မပေးဘဲ မှတ်ပုံတင်ပါ တောင်းယူစစ်ဆေးခြင်း၊ မွေးရပ်မြေနှင့် မိသားစုအချက် အလက်ကို အလွတ်ဖြေ ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အချက်အလက်နှစ်ခုခန့်သာ တူနေသည့်အပြင် နိုင်ငံ့ဝန်ထမ်း မလုပ်ခဲ့ဖူးသည့်အတွက် လေဆိပ်ကောင်တာကို ဖြတ်သန်း ၍ လိုရာခရီးကိုသွားလာနိုင်ခဲ့ကြောင်း NP News ကို ဖွင့်ဟပြောကြားသည်။

zawgyi version
ႏိုင္ငံ့သစၥာေဖာက္ဝန္ထမ္းႏွင့္ အၾကမ္းဖက္သမား (၇၀ဝဝ)ထက္မနည္း ရန္ကုန္ေလဆိပ္မွ မထြက္ခြာမီ ဖမ္းဆီးႏိုင္ခဲ့
Iris (NP News) - စက္တင္ဘာ ၂၆

ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚခဲ့သည့္ လက္ရွိ သုံးႏွစ္ေက်ာ္ကာလအတြင္း ႏိုင္ငံ့သစၥာေဖာက္ ဝန္ထမ္း (DCS)၊ အၾကမ္းဖက္သမားႏွင့္ အၾကမ္းဖက္ ေထာက္ပို႔သမား (၇၀ဝဝ)ထက္မနည္း ရန္ကုန္ေလဆိပ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

တည္ဆဲအစိုးရ နစကအား ပုန္ကန္ျခားနား၍ ႏိုင္ငံ့ဝန္ထမ္းအျဖစ္မွ ႏုတ္ထြက္ကာ အၾကမ္းဖက္သမား ဘဝကူး ေျပာင္းျခင္း၊ အၾကမ္းဖက္သမားမ်ားအား ေထာက္ပံ့ကူညီျခင္း၊ ႏိုင္ငံ့ဝန္ထမ္းလုပ္ေနလွ်က္ႏွင့္ပင္ အၾကမ္းဖက္ သမားမ်ားအား သတင္းေပးေလာက္ေကာင္လုပ္ေနျခင္းအပါအဝင္ ႏိုင္ငံေတာ္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားလုပ္ေဆာင္ သူအားလုံးကို ေလဆိပ္မွ အထြက္ႏွင့္အဝင္တို႔တြင္ စစ္ေဆး ဖမ္းဆီးႏိုင္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

‘‘ဒီႏွစ္ထဲမွာေတာ့ ဖမ္းမိတာ ရာဂဏန္း ေလာက္ပါပဲ။ ရာဂဏန္းဆိုေပမယ့္ (၃-၄၀ဝ)ေလာက္ေပါ့။ အရင္ႏွစ္ ေတြက ပိုၿပီးဖမ္းဆီးႏိုင္ခဲ့တယ္။ အားလုံးေပါင္းရင္ (၇၀ဝဝ)ေက်ာ္မယ္။ ဒီထက္ မ်ားရင္သာမ်ားမယ္။ ဆရာဝန္ေတြ ဘာေတြေရာ အကုန္ပါတယ္။ သာမန္ျပည္သူေတြ မသိတဲ့သူေတြ၊ ထင္ေပၚေက်ာ္ၾကားသူမဟုတ္တဲ့ လက္ႀကိတ္ပုန္း ေတြပါ ပါတယ္’’ ဟု လုံၿခဳံေရးဆိုင္ရာသတင္းရင္း ျမစ္တစ္ဦးက NP News ကိုေျပာသည္။

ရန္ကုန္ေလဆိပ္မွတစ္ဆင့္ ျပည္ပႏိုင္ငံတစ္ခုခုသို႔ သြားေရာက္ရန္ ပုံဖ်က္၍လာၾကေသာ ႏိုင္ငံ့သစၥာ ေဖာက္မ်ား ကို ေလဆိပ္စစ္ေဆးေရးေကာင္တာမ်ားက ပတ္စ္ပို႔ Scan မွတစ္ဆင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံ သတင္းပို႔ျခင္းမ်ိဳး ျဖစ္ၿပီး တာဝန္ရွိသူမ်ားက လာေရာက္ေခၚယူစစ္ေဆးအတည္ျပဳၿပီးေနာက္ အၾကမ္းဖက္သမားမ်ားႏွင့္ ဆက္စပ္ ပတ္ သက္သူ၊ ကိုယ္တိုင္ အၾကမ္းဖက္မႈက်ဳးလြန္သူမ်ားျဖစ္ေနပါက ဖမ္းဆီး အေရးယူျခင္းမ်ိဳးျဖစ္ေၾကာင္းသိရသည္။ ယင္း အထဲတြင္ ႏိုင္ငံ့ဝန္ထမ္းလုပ္ခဲ့ဖူးသူမ်ားလည္း ပါဝင္ေနၿပီး က်န္းမာေရး၊ ပညာေရး အစရွိသည့္ ဝန္ႀကီးဌာနမွ DCS မ်ား အမ်ားဆုံးပါဝင္သည္ဟု သိရသည္။

‘‘မ်ားေသာအားျဖင့္ ေလဆိပ္အထြက္မွာ မိတာ။ ေလဆိပ္ကို ျပန္ဝင္လာသူနည္းေတာ့ အဝင္မွာ မိတာလည္း နည္းတယ္။ အစိုးရဝန္ထမ္းေဟာင္းဆိုရင္ ဆရာဝန္ေတြပါတယ္။ ေက်ာင္းဆရာ/မေတြပါတယ္။ လဝက ဝန္ထမ္းေတြ ပါတယ္။ အမ်ားဆုံးကေတာ့ ဆရာဝန္နဲ႔ ေက်ာင္းဆရာ/မေတြပဲ’’ ဟု သတင္းရင္းျမစ္က ေျပာသည္။ ယင္းကဲ့သို႔ ေလဆိပ္ ၌ စစ္ေဆးသည့္အစီအစဥ္တြင္ အၾကမ္းဖက္မႈလုပ္ငန္းမ်ား၌ တိုက္႐ိုက္ပါဝင္ပတ္သက္မႈမ်ိဳးမဟုတ္ဘဲ တစ္စုတစ္ဖြဲ႕၏ လႈံ႕ေဆာ္မႈေၾကာင့္ ေရာေယာင္ပါသြားေသာ ႏိုင္ငံေရးနားမလည္သည့္ပုဂၢိဳလ္မ်ားကိုမူ ခံဝန္ကတိျဖင့္ ျပန္လႊတ္ေပးခဲ့သည္ မ်ားလည္းရွိေၾကာင္း သိရသည္။ ‘‘သိပ္မၾကာေသးခင္ကေတာင္ ဆရာဝန္မတစ္ဖြဲ႕ကို ဖမ္းမိထားတာရွိတယ္။ စစ္ေဆး လို႔ ေပၚေပါက္ရင္ တရား႐ုံးတင္တယ္ေလ” ဟု သတင္းရင္းျမစ္ကေျပာသည္။

ေလဆိပ္၌ ယင္းကဲ့သို႔ ဖမ္းဆီးရမိသည့္ ျဖစ္စဥ္မ်ားတြင္ ႀကိဳတင္ေရာက္ရွိေနၿပီးသား အၾကမ္းဖက္သမားစာရင္းအတိုင္း စိစစ္ေဖာ္ထုတ္ျခင္းမ်ိဳးျဖစ္ၿပီး စာရင္းတြင္ပါဝင္ထားၿပီးသား ပုဂၢိဳလ္မ်ားကို အခေၾကးေငြမ်ိဳးယူ၍ လႊတ္ေပးရဲသူမရွိေၾကာင္းလည္း ဆိုသည္။ မေတာ္တဆ လြတ္သြားလွ်င္ပင္ သက္ဆိုင္ရာတာဝန္က်သူမ်ားအားလုံး အေရးယူခံရႏိုင္သည္အထိ တင္းၾကပ္ထားသည္ ဟုသိရသည္။ ကိုယ္တိုင္ေလဆိပ္ျဖတ္သန္းခဲ့ဖူးသူတစ္ဦး၏ အေတြ႕အႀကဳံအရ ဖမ္းဆီးထိန္းသိမ္းရမည့္စာရင္းတြင္ ပါဝင္ေနေသာ ႏိုင္ငံ့သစၥာေဖာက္ဝန္ထမ္း တစ္ဦး၏အမည္ႏွင့္ ေမြးသကၠရာဇ္အခ်ိဳ႕ တူေနသည့္အတြက္ ေလဆိပ္ ေကာင္တာက ခ်က္ခ်င္းျဖတ္ခြင့္မေပးဘဲ မွတ္ပုံတင္ပါ ေတာင္းယူစစ္ေဆးျခင္း၊ ေမြးရပ္ေျမႏွင့္ မိသားစုအခ်က္ အလက္ကို အလြတ္ေျဖ ခိုင္းျခင္းမ်ား လုပ္ေဆာင္ခဲ့သည္ဟု သိရသည္။ သို႔ေသာ္လည္း ႏိုင္ငံ့သစၥာေဖာက္ဝန္ထမ္းႏွင့္ အခ်က္အလက္ႏွစ္ခုခန႔္သာ တူေနသည့္အျပင္ ႏိုင္ငံ့ဝန္ထမ္း မလုပ္ခဲ့ဖူးသည့္အတြက္ ေလဆိပ္ေကာင္တာကို ျဖတ္သန္း ၍ လိုရာခရီးကိုသြားလာႏိုင္ခဲ့ေၾကာင္း NP News ကို ဖြင့္ဟေျပာၾကားသည္။

Related news

© 2021. All rights reserved.