BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း

 48

Pika (NP News) - စက်တင်ဘာ ၂၆

တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်းကို ၎င်းတို့၏ သံတမန်အသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာဇိမ်ခံလက်ဝတ်ရတနာပစ္စည်းကုမ္ပဏီ BVLGARI က စက်တင်ဘာလ(၂၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ၎င်းတို့၏အမှတ်တံဆိပ်နှင့် လိုက်လျောညီထွေမှုရှိသော ကင်ဂျီဝန်း၏ မတူကွဲပြားသောဆွဲဆောင်မှုများ၊ ခေတ်မီသောစတိုင်နှင့် ကောင်း မွန်သော သရုပ်ဆောင်မှုတို့ကို BVLGARI ကချီးကျူးစကားပြောဆိုခဲ့ကြောင်းသိရသည်။ BVLGARI ကုမ္ပဏီ၏ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာသည့် ကင်ဂျီဝန်းသည် လက်ဝတ်ရတနာများ၊ နာရီများ နှင့် ရေမွှေးများအပါအဝင် အခြားအမျိုးအစားအားလုံးတွင် BVLGARI အမှတ်တံဆိပ်ကို ကိုယ်စားပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကင်ဂျီဝန်းသည် ရဲရင့်ပြီးတောက်ပကာ လွတ်လပ်သောစိတ်ဓာတ်ရှိသည့် အမျိုးသမီးများကို ဖော်ညွှန်းသော BVLGARI အမှတ်တံဆိပ်၏ Diva's Dream Jewelry Collection အတွက်လည်း ကိုယ်စားပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကင်ဂျီဝန်းသည် BVLGARI အမှတ်တံဆိပ်၏ နောက်ဆုံးထွက်ရှိထားသော စုဆောင်းမှုများအတွက် ကမ်းပိန်းများတွင်လည်း ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

BVLGARI ၏ နှစ်(၁၄၀)ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် 'Eternal Rebirth: Art and Jewelry, Inspired by Rome' ပြပွဲကို ဆိုးလ်မြို့ Samcheong ရပ်ကွက်ရှိ ဟန်မီပြတိုက်တွင် စက်တင်ဘာလ(၂၇)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကင်ဂျီဝန်းသည် 'Queen of Tears'၊ 'My Liberation Notes' နှင့် 'Lovestruck in the City' တို့ကဲ့သို့သော ဒရမ်မာစီးရီးများတွင် ၎င်း၏ အကောင်းဆုံးသရုပ်ဆောင်စွမ်းရည်များကို ပြသနိုင်ခဲ့သည့် တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
BVLGARI အမွတ္တံဆိပ္ရဲ႕ ပထမဆုံးကိုရီးယား သံတမန္ျဖစ္လာခဲ့တဲ့ ေတာင္ကိုရီးယားနာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး ကင္ဂ်ီဝန္း
Pika (NP News) - စက္တင္ဘာ ၂၆

ေတာင္ကိုရီးယားနာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး ကင္ဂ်ီဝန္းကို ၎တို႔၏ သံတမန္အသစ္အျဖစ္ ခန႔္အပ္ခဲ့ေၾကာင္း ကမာၻလုံးဆိုင္ရာဇိမ္ခံလက္ဝတ္ရတနာပစၥည္းကုမၸဏီ BVLGARI က စက္တင္ဘာလ(၂၃)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထို႔ျပင္ ၎တို႔၏အမွတ္တံဆိပ္ႏွင့္ လိုက္ေလ်ာညီေထြမႈရွိေသာ ကင္ဂ်ီဝန္း၏ မတူကြဲျပားေသာဆြဲေဆာင္မႈမ်ား၊ ေခတ္မီေသာစတိုင္ႏွင့္ ေကာင္း မြန္ေသာ သ႐ုပ္ေဆာင္မႈတို႔ကို BVLGARI ကခ်ီးက်ဴးစကားေျပာဆိုခဲ့ေၾကာင္းသိရသည္။ BVLGARI ကုမၸဏီ၏ ပထမဆုံးကိုရီးယား သံတမန္ျဖစ္လာသည့္ ကင္ဂ်ီဝန္းသည္ လက္ဝတ္ရတနာမ်ား၊ နာရီမ်ား ႏွင့္ ေရေမႊးမ်ားအပါအဝင္ အျခားအမ်ိဳးအစားအားလုံးတြင္ BVLGARI အမွတ္တံဆိပ္ကို ကိုယ္စားျပဳသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ကင္ဂ်ီဝန္းသည္ ရဲရင့္ၿပီးေတာက္ပကာ လြတ္လပ္ေသာစိတ္ဓာတ္ရွိသည့္ အမ်ိဳးသမီးမ်ားကို ေဖာ္ၫႊန္းေသာ BVLGARI အမွတ္တံဆိပ္၏ Diva's Dream Jewelry Collection အတြက္လည္း ကိုယ္စားျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ကင္ဂ်ီဝန္းသည္ BVLGARI အမွတ္တံဆိပ္၏ ေနာက္ဆုံးထြက္ရွိထားေသာ စုေဆာင္းမႈမ်ားအတြက္ ကမ္းပိန္းမ်ားတြင္လည္း ပါဝင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

BVLGARI ၏ ႏွစ္(၁၄၀)ျပည့္ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳရန္အတြက္ 'Eternal Rebirth: Art and Jewelry, Inspired by Rome' ျပပြဲကို ဆိုးလ္ၿမိဳ႕ Samcheong ရပ္ကြက္ရွိ ဟန္မီျပတိုက္တြင္ စက္တင္ဘာလ(၂၇)ရက္ေန႔မွ ႏိုဝင္ဘာလ(၃)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ကင္ဂ်ီဝန္းသည္ 'Queen of Tears'၊ 'My Liberation Notes' ႏွင့္ 'Lovestruck in the City' တို႔ကဲ့သို႔ေသာ ဒရမ္မာစီးရီးမ်ားတြင္ ၎၏ အေကာင္းဆုံးသ႐ုပ္ေဆာင္စြမ္းရည္မ်ားကို ျပသႏိုင္ခဲ့သည့္ ေတာင္ကိုရီးယား နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.