ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ

 124

Pika (NP News) - စက်တင်ဘာ ၂၆

Arc’teryx ကုမ္ပဏီသည် ဝတ်ဆင်သူ၏ ခြေထောက်အားကို (၄၀)ရာခိုင်နှုန်းတိုးစေကာ ပေါင် (၃၀)ခန့် ပေါ့ပါးသွားသည်ဟုခံစားရစေမည့် ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး exoskeleton ပုံစံ MO/GO တောင်တက် ဘောင်းဘီကို ဖန်တီးကာ မိတ်ဆက်ခဲ့ကြောင်းသိရသည်။

ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် မော်တာစွမ်းအင်သုံး exoskeleton ဝတ်စုံများသည် နှစ်ပေါင်းများစွာကြာ အောင် အလုပ်ဖြစ်ခဲ့သော်လည်း အပန်းဖြေနယ်ပယ်တွင် ယခုကဲ့သို့ အသုံးပြုခြင်းမျိုးမှာ ရှားပါး ကြောင်းလည်းသိရ သည်။ Arc’teryx ကုမ္ပဏီသည် ကမ္ဘာ့ပထမဆုံးမော်တာစွမ်းအင်သုံးတောင်တက် ဘောင်းဘီကို ဖန်တီးရန်အတွက် Skip ကုမ္ပဏီနှင့် မကြာသေးမီက ပူးပေါင်းခဲ့ကြောင်းသိရသည်။

MO/GO ဟုခေါ်သော တောင်တက်ဘောင်းဘီတွင် AI နည်းပညာဖြင့်ထိန်းချုပ်ထားသော မော်တာများမှ တစ်ဆင့်ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားသော exoskeleton ကို စွမ်းအင်ပေးကာ တောင်တက်ခြင်းကို ပိုမိုအဆင်ပြေစေ ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ဖန်တီးသူများက ‘‘ MO/GO တောင်တက် ဘောင်းဘီဟာ ရွေ့လျားမှုအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်သလို ခံစားရမှာပါ။အပန်းဖြေနယ်ပယ်မှာ ဒီလို exoskeleton ဝတ်စုံ တွေကို အသုံးပြုတာမျိုးကတော့ ရှားပါးပါတယ်’’ဟု ပြောဆိုခဲ့သည်။ ဒူးခေါင်းဘေးဘက်တွင်ရှိသော မော်တာများကို ဘောင်းဘီ၏ခါးတစ် ဝိုက်တွင်ရှိသော ဘက်ထရီများဖြင့် စွမ်းအင်ပေးထားမည်ဖြစ်ပြီး အချိန် (၃)နာရီခန့် အသုံးပြုနိုင် မည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အဆိုပါဘောင်းဘီကိုဝတ်ဆင်ထားသူသည် ကုန်းဆင်းသို့ လမ်း လျှောက်နေစဉ်အချိန်အတွင်း ဘက်ထရီက အလိုအလျောက်အားပြန်ပြည့် သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ MO/GO တောင်တက်ဘောင်း ဘီသည် မော်တာများနှင့် ဘက်ထရီများအပါအဝင် စုစုပေါင်းအလေးချိန် (၇)ပေါင်ခန့်သာရှိပြီး ဈေးကွက်အတွင်း ရောင်းချမည့်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၅၀ဝဝ)ဝန်းကျင် ရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ကမာၻ႔ပထမဆုံး ေမာ္တာစြမ္းအင္သုံး ေတာင္တက္ေဘာင္းဘီ ထြက္ေပၚလာ
Pika (NP News) - စက္တင္ဘာ ၂၆

Arc’teryx ကုမၸဏီသည္ ဝတ္ဆင္သူ၏ ေျခေထာက္အားကို (၄၀)ရာခိုင္ႏႈန္းတိုးေစကာ ေပါင္ (၃၀)ခန႔္ ေပါ့ပါးသြားသည္ဟုခံစားရေစမည့္ ကမာၻ႔ပထမဆုံး ေမာ္တာစြမ္းအင္သုံး exoskeleton ပုံစံ MO/GO ေတာင္တက္ ေဘာင္းဘီကို ဖန္တီးကာ မိတ္ဆက္ခဲ့ေၾကာင္းသိရသည္။

ေဆးဘက္ဆိုင္ရာနယ္ပယ္တြင္ ေမာ္တာစြမ္းအင္သုံး exoskeleton ဝတ္စုံမ်ားသည္ ႏွစ္ေပါင္းမ်ားစြာၾကာ ေအာင္ အလုပ္ျဖစ္ခဲ့ေသာ္လည္း အပန္းေျဖနယ္ပယ္တြင္ ယခုကဲ့သို႔ အသုံးျပဳျခင္းမ်ိဳးမွာ ရွားပါး ေၾကာင္းလည္းသိရ သည္။ Arc’teryx ကုမၸဏီသည္ ကမာၻ႔ပထမဆုံးေမာ္တာစြမ္းအင္သုံးေတာင္တက္ ေဘာင္းဘီကို ဖန္တီးရန္အတြက္ Skip ကုမၸဏီႏွင့္ မၾကာေသးမီက ပူးေပါင္းခဲ့ေၾကာင္းသိရသည္။

MO/GO ဟုေခၚေသာ ေတာင္တက္ေဘာင္းဘီတြင္ AI နည္းပညာျဖင့္ထိန္းခ်ဳပ္ထားေသာ ေမာ္တာမ်ားမွ တစ္ဆင့္ကာဗြန္ဖိုက္ဘာျဖင့္ ျပဳလုပ္ထားေသာ exoskeleton ကို စြမ္းအင္ေပးကာ ေတာင္တက္ျခင္းကို ပိုမိုအဆင္ေျပေစ ရန္အတြက္ ဒီဇိုင္းထုတ္ထားျခင္း ျဖစ္သည္။ဖန္တီးသူမ်ားက ‘‘ MO/GO ေတာင္တက္ ေဘာင္းဘီဟာ ေ႐ြ႕လ်ားမႈအားကို ျမႇင့္တင္ေပးၿပီး ခႏၶာကိုယ္နဲ႔တစ္သားတည္းျဖစ္သလို ခံစားရမွာပါ။အပန္းေျဖနယ္ပယ္မွာ ဒီလို exoskeleton ဝတ္စုံ ေတြကို အသုံးျပဳတာမ်ိဳးကေတာ့ ရွားပါးပါတယ္’’ဟု ေျပာဆိုခဲ့သည္။ ဒူးေခါင္းေဘးဘက္တြင္ရွိေသာ ေမာ္တာမ်ားကို ေဘာင္းဘီ၏ခါးတစ္ ဝိုက္တြင္ရွိေသာ ဘက္ထရီမ်ားျဖင့္ စြမ္းအင္ေပးထားမည္ျဖစ္ၿပီး အခ်ိန္ (၃)နာရီခန႔္ အသုံးျပဳႏိုင္ မည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ အဆိုပါေဘာင္းဘီကိုဝတ္ဆင္ထားသူသည္ ကုန္းဆင္းသို႔ လမ္း ေလွ်ာက္ေနစဥ္အခ်ိန္အတြင္း ဘက္ထရီက အလိုအေလ်ာက္အားျပန္ျပည့္ သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ MO/GO ေတာင္တက္ေဘာင္း ဘီသည္ ေမာ္တာမ်ားႏွင့္ ဘက္ထရီမ်ားအပါအဝင္ စုစုေပါင္းအေလးခ်ိန္ (၇)ေပါင္ခန႔္သာရွိၿပီး ေဈးကြက္အတြင္း ေရာင္းခ်မည့္ေဈးႏႈန္းမွာ အေမရိကန္ေဒၚလာ(၅၀ဝဝ)ဝန္းက်င္ ရွိမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.