‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)

 94

သုတကျော် (NP News) - စက်တင်ဘာ ၂၆

မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်းကာလများ၌ ရေကြီးမြေပြို သဘာဝဘေး အန္တရာယ်များ တိုးပွားလာသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် သဘာဝဘေးအန္တရာယ် သည် သတိပြုဆင်ခြင်ရန်သာမက သတိထားရမည့် အနေအထား သို့ပင် ဆိုက်ရောက်နေပြီ ဖြစ်သည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ Zarmani Myanmar Pro Active Citizen Community (ZMPACC) မှ တည်ထောင်သူ ဆရာ ဦးသန့်ဇင် (Globalutionist)ထံ The Statesman Journal မှ မေးမြန်းထားသည်များကို NP News က ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းနှစ်တွေ သတိထားကြည့်တဲ့အခါ နှစ်တိုင်းလိုလို ရေဘေးကို ကြုံနေရတာကို တွေ့ရပါတယ် ဆရာ။ ဘာကြောင့်ပါလဲ ခင်ဗျာ။
ဖြေ - သည်မေးခွန်းက အခြေခံအကျဆုံးမို့ အဓိက အချက်ကိုပြောရရင် မြေဧရိယာ အားလုံးရဲ့ ရေဆင်း ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးငါးသွယ် နဲ့ မြစ်ငယ်ငါးရာတောင်ရှိနေပြီး အဲဒီမြစ်တွေကနေ ပင်လယ်ထဲကို ပုံမှန်စီးဆင်းရမှာပါ။ ဒီနေရာမှာ ရာဇဝင်ထဲက သတို့သမီးခေါ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး တောင် နာတာရှည်ဖြစ်နေပါပြီ။ ဒီရေလမ်းတွေက ကျွန်တော်တို့ကို နှစ်ပေါင်း တစ်ရာကျော်ကျွန်ပြုသွား တဲ့အင်္ဂလိပ်က ကောင်းကောင်း အသုံးချအမြတ်ထုတ်သွားပါတယ်။ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းရဲ့ပင်မအခြေခံကတော့ River Flood Management ပါပဲ။ ကျွန်တော်တို့နဲ့ကပ်နေတဲ့ ထိုင်းဘုရင့် နိုင်ငံကို ကြည့်ရင် သည်ပညာရပ်ကို ကောင်းကောင်းကြီးသုံးတတ်တဲ့ လူငယ်ပညာရှင်တွေ အစိုးရ မဟုတ်တဲ့ အဖွဲ့စည်းတွေ အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းပြီးအချိန်နဲ့တစ်ပြေးညီဆောင်ရွက်နေတာပါ။ မိခင်ဧရာဝတီမြစ်ကြီးအလှဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)တွင်း မစို့မပို့ပြုပြင်ရာကနေ သဲသောင်ခုံ ပေါင်း များစွာ ရေတိုက်စားကမ်းပါးပြိုမှုများစွာနဲ့ ကျစ်ဆံမြီး ဧရာဝတီလို့ ကျွန်တော်အမည်ပေးတင်ပြထားတဲ့ ဆောင်းပါးမှာ အသေးစိတ်သိနိုင်ပါတယ်ခင်ဗျာ။

မေး - ဆိုတော့ ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ တွေအတွက် ဗဟုသုတရဖွယ်ပေါ့ ဆရာ။ ဆောင်းပါးပါ အကြောင်းကို အကျဉ်းချုပ်ပြီး ပြောပေးနိုင်မလား ဆရာ။
ဖြေ - သဘာဝကတော့ သူ့သဘာဝအတိုင်း သွားတာပေါ့။ ဒါပေမဲ့ ဧရာဝတီ မြစ်ကြောတစ်လျှောက်မှာ ရှိတဲ့ နုံးအနည်းအနှစ်တွေကို တကောင်းမြို့အောက်ကနေ စပြီး နုံးအနည်အနှစ်တွေ တွေ့ရတယ်။ အထက်မှာ မတွေ့ဘူး။ မြစ်ဆုံကိစ္စတုန်းက ဟိုတယ်တက် ဘူဖေး စားပြီး RDM တွေထုတ်ပြီး ပြန်သွားတဲ့ CSO အဖွဲ့ တွေပေါ့ နာမည်တော့တပ်မပြောတော့ဘူး။ အဲဒီလူတွေက သေချာမလေ့လာဘဲနဲ့ ပေါက်ကရ တွေ လျှောက်ပြောပြီးတော့ နုံးအနည်အနှစ်တွေ မရှိရင် ဧရာဝတီမြစ်မှာရှိတဲ့ သားငါးသယံဇာတတွေ ပျောက်သွားမယ်ပေါ့။ ဂေဟစနစ် ပျက်သွားမယ် ပြောကြတယ်။ မိခင် ဧရာဝတီကို ကျွန်တော်တို့ သုံးတော့ သုံးခဲ့တယ်။ ဒါပေမဲ့ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အပြုအမူ နိုင်ငံကြီးသားတွေမှာရှိတဲ့ တာဝန်အရ ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်တဲ့ အလုပ်က ဘယ်သူမှ မသိကြဘူး။ လုပ်လည်း မလုပ် ကြဘူး။ ကိုယ့်နိုင် ငံသားနဲ့ ကိုယ့်အစိုးရက မလုပ်တော့ နိုင်ငံခြားသားတွေက Fund တွေနဲ့လာပြီး လုပ်ပေးရတယ်။ အဲဒီအချိန်မှာ မြန်မာလုပ်ငန်းရှင်တစ်ယောက်က နာမည်တော့ မပြောတော့ပါဘူး။ သူနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်းတစ်ရာ ချေးတယ်။ ဟိုမှာက ဒေါ်လာ သန်းလေးထောင် ပရောဂျက် လောက်နဲ့လုပ်မှာ။ ဒီက သန်းတစ်ရာလေးကောက်ပြီးတော့ လုပ်ပြီးတော့ သောင်တူးစက် နှစ်စက်နဲ့စပြီးတော့ လုပ်တယ်။ တူးတော့ မြစ်ထဲမှာ ဘာရှိလဲဆိုတော့ သဲအပြင် ဆီလီကွန်ရှိတယ်။ ဖန်ချက်တဲ့ ဆီလီကွန် ရှိတယ်။ သတ္တုမှုန်တွေ ရှိတယ်။ ရွှေတွေကော မပါ ဘူးလား။ ငွေတွေလည်း ပါတယ်။ အဲဒီ သဲတူးတဲ့ အဖွဲ့တွေက သဲတူးတယ်ဆိုတာ ပါးစပ်ကသာ ပြောနေတာ တကယ်တမ်း ပြောရရင် ရွှေကျင်နေတယ်။ လုပ်ပိုင်ခွင့်ပေးလိုက်တော့ အဲဒီ တာဝန်ရှိတဲ့ဌာနက ပြုတ်ရော။ နောက် တစ်ခုက အုပ်ချုပ်မှု လက်လှမ်း မမီဘူး။ မြစ်ကြီးက ကျယ်ပြန့်တယ်။ ရှည်တော့။ အဓိက ပြဿနာက အဲဒါပဲ။

မေး - ရေဘေးနဲ့အတူ မြင်တွေ့ရတာကတော့ အခုနှစ်မှာ အဆုံးဆိုးဖြစ်တဲ့ မြေပြိုမှုပါ ဆရာ။ ဒါက သစ် ပင်တွေ မရှိလို့ပဲလား။ ဒါမှမဟုတ် ရာသီဥတု အပြောင်းအလဲကြောင့်လား ဆရာ။
ဖြေ - သစ်ပင်နည်းလို့၊ ရာသီဥတုမမှန်လို့ဆိုတာက များစွာသော အချက်များကြားက နှစ်ခုသာသာပါ။ သည်နေရာမှာ မြေပြိုတာကို သဘာဝဘေးအန္တရာယ် အနေနဲ့ မြန်မာနိင်ငံမှာသာ လူသိများနေပြီး မူလက တည်းက အဲဒီမြေပေါ်မှာ အခြေချမနေခင် မြေကြီးရဲ့ ခံနိုင်ဝန်အင်အားကိုမြေသုံးချရေး သီအိုရီအရ တကယ်တမ်း တွက်ချက်အသုံးချရဲ့လားဆိုတာ ကျွန်တော်က ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်နဲ့ ပြန်မေးရ ပါမယ်။ ဥပမာ ပြောရရင် ရန်ကုန်-ပြည်မီးရထားလမ်းဟာ (၁၈၇၇) ခုနှစ်မတိုင်မီက လမ်းအူကြောင်း ရွေးပြီး ခုထိအမြန်ရထားတွေ ရေပြင်ညီညီခုတ်မောင်းနေတာ ဘာကြောင့်ပါလဲ။ ဆင်တွေရေချိုးဖို့ နွံအိုင် တွေ ပြည့်နေပြီး ဆင်ရေချိုးဆိပ်ဖြစ်ခဲ့ရတဲ့ ရန်ကုန်မြို့ အလုံမြို့ နယ်မှာအချို့တိုက်အမြင့်တွေ စောင်းနေ တာ မြင်ရမယ်။ သည်နေရာမှာ နိုင်ငံရေးသမားများကနေ အစိုး ရဖွဲ့နည်းအရဆိုရင် နိုင်ငံရေးဆိုတာ မြေနဲ့လူကို စီမံ ခန့်ခွဲတာပါခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာတော့ ၁၉၈၈ နောက်ပိုင်းလစာရတဲ့ ပြည်သူ့နီတိ လုပ်ငန်းကြီးလို့ ပြောလို့ရတဲ့ အစိုးရဖွဲ့စည်းပုံတွေမှာ ပညာရပ်အခြေပြု သူ ပညာရှင်ကို ကိုယ်စားပြုသူ ဝန်ထမ်းကြီးတွေကြား ထူးဆန်းတဲ့ဌာနတွေ ဖွဲ့စည်းထားတာမြင်ရပါတယ်။တာဝန်ရှိတဲ့ဌာနက လုပ်ပိုင် ခွင့် မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဌာနက တာဝန်ရှိနေပြီး ပညာရပ်တစ်ခုပေါ်လာတိုင်း၊ အဲဒီအမည်နဲ့ ဝန်ကြီး ဌာနတစ်ခုဖွဲ့နေတာဟာ စီမံခန့်ခွဲ မှု လမ်းကြောင်းအရ လူတွေမြေကိုစီမံခန့်ခွဲ အသုံးချ တာနဲ့လွဲနေ တာပါ။ သာမန်ပြည်သူတွေရဲ့အခွန်တွေကိုမျက်လှည့်ပြလှည့်စားထားသလို ဖြစ်နေတာပါ။ မြေဆွဲအားကို ဒေါင်လိုက်ကိုးဆယ်ဒီဂရီ မတ်မတ်ရပ် ဆန့်ကျင်နေနိုင်တာ လူသားပဲရှိပါတယ်။ လူသား တွေအားထား အရဆုံး မဟာပထဝီမြေကြီးက ခဏချင်း လိုလိုပြိုလဲပြီး မခိုင်ခန့်တော့ဘူးဆိုရင် လူသားတွေအတွက် မနက်ဖြန်မရှိတော့ပါဘူးဗျာ။ ဒီလိုသစ် တော သစ်ပင်ပြုန်းတီးကုန်လို့ မြေကြီးအပေါ်ယံလွှာတွေ ရေဝင်ပြီး တိုက်စားလို့မြေပြို လူ့အသက်တွေ သေကြရတဲ့ထိ ခံစားကြရတဲ့အချက်တွေတင်မက သတ္တု သယံဇာတတွေ ပင်လယ်ထဲသဲနဲ့ရော ရေမျော ပါတာတွေကို သိဖို့တော့လိုပါတယ်။

မေး - ဒီနေရာကနေ ဆောင်းပါးပါ အကြောင်းအရာကို စာဖတ်သူတွေအတွက် အကျဉ်းချုပ် ပြန်ပြောလို့ ရမလား ဆရာ။
ဖြေ - ပြောဖို့ဆိုရင် မော်လမြိုင်မြို့ အောက်ဘက်က သတ္တုတွင်း တစ်ခုရှိတယ် နာမည်မသိဘူး။ အဲဒီက နေပြီးတော့ ကော့သောင်းမြို့ မြောက်ဘက်က သတ္တုတွင်းကြားမှာ သတ္တုတွင်းပေါင်း(၃၃)တွင်း ရှိတယ်။ အဲဒီသတ္တုတွင်းက အောက်ကို (၁)မိုင်၊ (၂)မိုင်ဆင်း ပြီးတော့ ဘေးကို သံလမ်းတွေနဲ့ထုတ်ခဲ့တယ်။ (၁၈၂၄) ခုနှစ်မတိုင်ခင်တည်းကဆိုတော့ နှစ်ပေါင်း (၂၀ဝ) ကျော်ပြီ။ နှစ်ပေါင် (၂၀ဝ)ကျော်အတွင်း ထုတ်ခဲ့တဲ့ အဲဒီ သတ္တုတွေက ပေးသလောက်ပဲ ထုတ်တာ။ ဥပမာ ပြောရရင် ဖားကန့်မှာ နောက်ဆုံးပေါ် တူးတဲ့ စက်ကြီးတွေနဲ့ ဟင်းလင်းပွင့်ကြီးတွေတူးတာ မတွေ့ဘူးလား။ ဧရာမကျောက်တုံးကြီးတွေ ထွက် တယ်လေ။ ဒါပေမဲ့ အဲဒီ ကျောက်တုံးကြီးတွေထဲမှာ သန်းတန် ကျောက်တို့၊ ကုဋေတန်ကျောက်တို့ ထွက်လာတာ ပါတာတွေ့လား။ ဒါပေမဲ့ တစ်ဦးချင်း တူးစဉ်တုန်းကမှ သန်းတန်ကျောက်တွေကို ကံကောင်းတဲ့သူတစ်ဦးက တွေ့တယ်ဆိုတာ ကမ္ဘာကျော်တာပဲ ရှိခဲ့ဖူးတယ်။ အခုတော့ ခပ်ကွက်ကြီး တွေနဲ့ တူးတဲ့အခါ မရဘူး။ ဒါပေမဲ့ ခုနကပြောတဲ့ မိုင်း(၃၃)တွင်းကို တရုတ်က ဘာလာလုပ်လဲဆိုတော့ ရှေ့ပြေး Pilot ပရောဂျက်ဆိုပြီး စာလာချုပ်တယ်။ တစ်တွင်းကို နှစ်နှစ် လုပ်မယ်ဆိုပြီးတော့။ အဲဒီလို လုပ်တဲ့အခါမှာ သတ္တုဘယ်လောက် ကျန်လဲဆိုတာကို လာတိုင်းတာ။ သူတို့က ဘယ်လို တိုင်းလဲဆိုတော့ အလျားတစ်မီတာ၊ အနံတစ်မီတာ၊ ထုတစ်မီတာပေါ့။ အဲဒီလို မြေကြီးတုံးကြီး တစ်တုံးမှာ သတ္တု အမှုန် ပေါင်း (၂၀ဝဝ)လောက် ထွက်ရင် သူတို့က ယူတယ်။ စစ်လည်း စစ်လိုက်ရော အဲဒီ ပမာဏ အထက် လည်း ရှိမှာပေါ့။ တွေ့လည်း တွေ့လိုက်ကော ဘာလုပ်လဲဆိုတော့ ဒီဟာတွေက ငါတို့လိုပဲ သတ္တု မုဆိုး တွေ အဲဒီတုန်းက မြန်မာပြည်က ဖွင့်ပြီလေ။ သူတို့တူးလိုက်ရင် ကုန်သွားမယ်။ နောက်လာမယ့် တရုတ် ပြည်ရဲ့ သတ္တုလိုအပ်ချက်ကို တွက်လိုက်တဲ့ အခါကျတော့ သတ္တုလိုအပ်ချက်က များလိမ့်မယ်။ ဒါ ကြောင့် သူတို့က ဘာလုပ်လိုက်လဲဆိုတော့ မိုးတွင်းမှာ ရေတံလျှောက်တပ်ပြီး ခုနကပြောတဲ့တစ်မိုင်တို့၊ နှစ် မိုင်တို့ထဲကို ရေထည့်လိုက်ကော။ မိုင်းတွင်း ရေဝင် သွားရင် ပြိုပြီလေ။ အဲဒီဖျက်တဲ့ဟာကို ပြောတဲ့ ဟာကလည်း တာဝန်ရှိသူက ပြောပြတာ။ တို့ဘက်က မိုင်း တွင်းထဲကို ယိုးဒယားဘက်ကနေ ဖောက် တယ်။ မော် လမြိုင်ဘက်က ရေတွင်းတွေမြင်ဖူးမယ် ရေထွက်များ အောင်ဆိုပြီး တည့်တည့်တူးပြီးရင် ဘေးတိုက် ဖောက်တာလေ။ ယိုးဒယားဘက်ကနေ ဒေါနတောင်တန်းကြီး အောက် ခြောက်မိုင်၊ ခုနှစ်မိုင် အနက်ကနေ ဖောက်တယ်။ လာခိုးတာ။ မြန်မာပြည်က နိုင်ငံခြားကနေ ဆီဝယ်နေရတော့ တနင်္သာရီ တိုင်းမှာ အသုံးမတည့်တဲ့ တောတွေကို ဖျက်ပြီးတော့ ဆီအုန်းစိုက်လိုက်ရင် အီကွေတာ ရာသီဥတု ဆိုတော့ ဆီအုန်းဖြစ်တယ်။ အဲဒါကြောင့် တို့စိုက်မယ်ဆိုပြီးတော့ နိုင်ငံခြားက လာတဲ့ မလေးဆီအုန်းမျိုး ကို ကျွန်တော်တို့က ပြန်ပွားပြီး စိုက်တာ။ ဆီအုန်းစိုက်ပြီဆိုတည်းက မြေကြီးကို ပြင်ရပြီလေ။ မြေကြီး ပြင်ရပြီဆိုတည်းက အပေါ်မှာ ရှိတဲ့တောခုတ်မယ်။ ဘူဒိုဇာနဲ့ထိုးမယ်။ မြေအပြောင် ပြောင်မယ်။ အကွက် ချစိုက်မယ်။ ဆီအုန်းပင်ကြီးတွေက အမြင့်ကြီးတွေ။ ဆီအုန်းခိုင်တစ်ခိုင်ဆို ဆီအချိန် တစ်ဆယ်ကျော် မယ်။ အောက်ကနေ သံနဲ့ထိုးပြီး ချ တာနဲ့ အစေ့သုံးလေးဆယ်က ကြွေသွားတာ။ အဲဒါ လိုက်ကောက် မယ့်သူက လိုသေးတယ်။ တစ်ဧက နှစ်ယောက်ဆိုတော့ တစ်နေ့ကို ဆီသီးခိုင်အလုံး လေးငါးဆယ်ထက် ပိုမခူးနိုင်ဘူး။ တနင်္သာရီမှာက မိုးခြောက်လက်မလောက် ရွာတယ်။ အဲဒီတော့ ဟိုအောက်ထဲက ကျင်း သေးသေးလေးနဲ့ ဆင်းသွားပြီး ခုနကပြောတဲ့ နှစ်ပေါင်း(၂၀ဝ)ကျော် ထုတ်တဲ့ သတ္တုတွင်းတွေဟာ သဲတွေနဲ့ စားပြီးတော့ တနင်္သာရီ မြစ်ဝကြီးမှာ သောင်တွေနဲ့ ထွန်းနေတာ မြင်မကောင်းဘူး။ အဲဒီ သဲနဲ့ အတူ အဖြိုက်နက်၊ ခဲ၊ ရွှေ၊ ငွေ မျောသွား တာ။ ဆီအုန်းစိုက်လိုက်တာက အခု နှစ်သုံးဆယ် လောက်ရှိပြီ။ တနင်္သာရီကထွက်တဲ့ဆီ မြင်ဖူးလား။ ဒီ သတ္တုတွေ ပင်လယ်ထဲရောက်တော့ ဆီအုန်းပင်ကို မျိုးလာ ရောင်းတဲ့ ကုမ္ပဏီကပဲ ဆောက်လုပ်ရေး လုပ်ဖို့ သဲမရှိလို့ တစ်တန်ကို သုံးထောင်သုံးရာနဲ့ လာတိုက် တယ်။ တို့တွေ ရှုံးတယ်။ သန္တာကျောက်တန်းတွေကပါ သဲနဲ့ရောပြီး အခပ်ခံရတော့ သန္တာတွေ သေရတယ်။

မေး - ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုမှာ မြန်မာနိုင်ငံအနေနဲ့ ဘာများ ပြင်ဆင်ရ ပါမလဲဆရာ။ တချို့က ပြောကြတယ် ဆရာ။ ရာသီဥတု အပြောင်းအလဲနဲ့အတူ လိုက်လျောညီထွေ ဖြစ် အောင် ပြင်ဆင်နေထိုင်ရမယ်တဲ့။ ကျွန်တော်တို့ ပြည်သူတွေ ပြောင်းလဲနေထိုင်နိုင်ပါ့မလား ဆရာ။
ဖြေ - ကမ္ဘာကြီးက သူ့ဘာသာအလိုလိုပူနွေးလာတာမဟုတ်ပါ။ ကမ္ဘာကြီးပူနွေးလာအောင်လူတွေကသာ လုပ်တာပါတဲ့။ ကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ မြတ်ဘုရားရှင်ကို သူ့ကိုယုံကြည်သူတို့ကိုသူရဲ့ စရိယ သုံးပါးကို ပြဆို အတုယူဖို့ ၁။ လောကတ္ထစရိယ- လောကသတ္တဝါတို့၏ အကျိုးငှာကျင့်ခြင်းဆိုတာ ကျွန်တော်တို့ခု ပြောပြောနေတဲ့ သစ်ပင်စိုက်တာလည်း ပါပါတယ်။ အလွယ်ပြောရင် ဗမာတို့ရဲ့ဓလေ့ သစ်ပင် ခုတ်ရင်နတ်နေကိုင်းချန်ခုတ်ထားဖို့။ သစ်ပင်ကြီး တစ် ပင်ကို အပြီးတိုင်ခုတ်လှဲရင် ထိုသစ်ပင်က ရုက္စစိုးမင်း ဘုံပျောက်မှာစိုးလို့ သစ်ပင်ငယ်တစ်ပင်ပြန်စိုက်ရတာ တို့က လောကတ္ထစရိယကို နတ်နဲ့ပြဆို လိုက်နာတဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြတဲ့ နှစ် ထောင်ချီနေတဲ့အမျိုးသားရေးသံန္ဓိဌာန် အမူအကျင့် တွေပါ။ သည်လိုနဂိုထဲက ရှိပြီးသား အမူအကျင့် ကောင်းတွေကို ပြန်လည်ဖော် ထုတ်လိုက် နာရင် ပြည် သူတွေပြောင်းဖို့မခက်ပါ။ နိုင်ငံသားဖြစ်ပြီး နိုင်ငံသား ကတ်ပြားရဖို့ နိုင်ငံသားတွေကို သဘာဝ ဘေးလွတ်ဖို့ သင်တန်းတက်ရပြီး နိုင်ငံသားတွေကို ကလေးဘဝတည်းက ကျောင်းတွေမှာ အရပ် ထဲမှာ လုပ်ငန်းခွင်တွေမှာ ကျကျနန ဇာတ်တိုက်လေ့ကျင့်ထားတဲ့ ဂျပန်နိုင်ငံမှာဆိုရင် မြေကနေပေး လာတဲ့ ချမ်းသာခြင်းတွေကနေအမြတ်ထုတ်နိုင်ပြီး မြေကနေပေးလာမည့်ဆင်းရဲ ခြင်းတွေအတွက် ဘယ် အစိုးရတက်တက်ထိလို့မရတဲ့အထူးဘတ်ဂျက်နဲ့ ထိန်းသိမ်းထားတဲ့ ရန်ပုံငွေ ရှိပါသည်။ ကျွန်တော်တို့က အခုမှထင်ရှားပြလာတဲ့ မြေ ပြိုမှုပါ။ သူတို့ဆီမှာရိုးအီနေပါပြီ။ မြေမခိုင်အိမ်မ ဆောက်ပါ။ မြန်မာ မှာ တော့ ထိုသို့ ဘေးအန္တရာယ်တွေ အတွက် ( Before / During / After -မဖြစ်ခင် / ဖြစ်နေဆဲ/ဖြစ်ပြီး) အုပ်ချုပ်မှုကိစ္စအဝဝကို Change of Command (CoC)ချက်ခြင်းလွှဲပြောင်း လုပ်ကိုင်ပေးမည့်အဖွဲ့ကို အမြဲတမ်းမဖွဲ့ထားပါ။ မြန်မာ ကတော့အမိန့်တွေ နဲ့ Disaster Risk Reductionလုပ်နိုင်ကြဖို့ ဗဟိုအဆင့် လူစုံပါတဲ့ အဖွဲ့တွေ၊ ပြည် နယ်တိုင်းခရိုင်မြို့နယ်ရပ်ကျေးထိ သဘာဝဘေး အန္တရာယ်တားဆီး ကာကွယ် ရေး အဖွဲ့ထားပါတယ်။ ဖြစ်မှ ထလုပ်မည့်အဖွဲ့လားလို့မေးရမလိုပါ။ မြန်မာပြည်မှာစိပ်စိပ်လာနေတဲ့ သဘာဝဘေးဆိုးတွေကနေ ပြည်သူ တွေ အနည်းဆုံးသက်သာဖို့ အရပ်သားအစိုးရနှစ် ဆက်မျက်စိ လျှမ်း သွားတာက နိုင်ငံသားဖြစ်ခြင်းနဲ့နိုင်ငံသား တာဝန်များကို အခြေခံဥပဒေအခန်း(၈)မှာ ပြဋ္ဌာန်းပြီးသားပါ။ ဥပမာတစ်ခုပြောပါမယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကိုဗစ်ကပ်ဆိုးကသက်သာဖို့မြို့အလိုက်တားဆီး ကြီးကြပ် ကန့်သတ်မိန့်တွေကို ဗဟို အဖွဲ့က (LockDown) ချပိတ်တာကိုနိုင်ငံသားတွေ မဖြစ်မနေလိုက်နာ ရပါ တယ်။ ထိုအမိန့်ကိုအတည်ပြု လိုက်နာဖို့စီမံကွပ်ကဲရတဲ့ဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်နေ ပြီး ထိုဌာနရဲ့အောက်ခြေအကျဆုံးအုပ်ကြီးတို့မှာတော့ အဆိုပါတားမြစ်မိန့်ကို ဖော်ဆောင်ဖို့ ရပ်ကျေး အုပ်ကြီး လက်စွဲကမထုတ်ရသေးပါ။ ကျွန်တော်တို့ရန်ကုန်တိုင်းက Operation COVID 19 Respond Taskforce ညှိနှိုင်းပေါင်းစပ် အဖွဲ့က ပြည်ထဲရေး ပြည်ထောင်စု ဒုတိယဝန်ကြီးကို ဖုန်းဆက်တင်ပြ တိုက်တွန်းမှ နေပြည်တော်က အုပ်ကြီးများလက်စွဲ စတင်ထုတ်ဝေတာမျိုးပါ။ အခုထိ လည်း ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးလက်စွဲများ ထွက်မထွက်မသိရသေးပါခင်ဗျာ။

မေး - ရေကြီးတာကိုကော တားလို့ ရနိုင်ပါမလား ဆရာ။ ဆိုလိုတာက ရေမကြီးအောင် ဘာတွေများ လုပ်လို့ ရနိုင်ပါမလဲ ဆရာ။ မြန်မာနိုင်ငံရဲ့ သဘာဝ ဘေးတွေထဲမှာ ရေကြီးတာက ပုံမှန်လိုလို ဖြစ်လာ နေပါတယ် ဆရာ။ ဒီဘေးကို ကာကွယ်ဖို့အတွက် ဘာများ ပြင်ဆင်ရပါမလဲ ဆရာ။
ဖြေ -ရန်သူမျိုးငါးပါးမှာ ရေကထိပ်ဆုံးမို့ ကြိုတင်ကာ ကွယ်ခြင်းနဲ့ အန္တရာယ်လျှော့ချမယ့် နည်းလမ်း ပညာတွေ သိထားရပါမယ်။ အပေါ်ကအဖွဲ့တွေဖွဲ့ထားပြီး သဘာဝဘေးကျမှရေကြီးမှအလှူထခံပြီး ရသမျှနဲ့ ထကယ်လုပ်တာထက် မူလကတည်းက ရေကြီးနိုင်တဲ့ နေရာတွေမှာကို ပြည်သူ့ရေးရာ စီမံခန့်ခွဲ သူတွေက ဂျပန်လိုမျိုး Geospatial Information Authority of Myanmar (GSI)ပထဝီနဲ့အာကာသ သတင်းအချက်အလက်ဆိုင်ရာ အမျိုးသားအာဏာပိုင် အဖွဲ့(မြန်မာ)အမြဲတမ်းဖွဲ့ထားပြီး နိုင်ငံသား တာဝန်အရကို တိကျစွာလိုက်နာကြရပါမယ်။ ပြီးခဲ့တဲ့တစ်လက မြန်မာ့တမံကြီးများ ကော်မတီဆိုလား ဥပဒေ မပါတဲ့ အရပ်ဘက်အဖွဲ့လိုလိုတစ်ခု သတင်းစာကနေ မြစ်များ ကျန်းမာရေးလုပ်မလို့ ပြောဆို နေတာ မြင်ရပါတယ်။ ထိုပါသူများကို သုံးသပ်တော့ လျှပ်စစ်စွမ်း အင်ဆည်များနဲ့ပတ်သက်သူတွေက ကြီးစိုးနေတာ မြင်ရပါတယ်။ ထိုသို့မဖြစ်သင့်ပါခင်ဗျာ။သည်နေရာမှာ ဆည်နှစ်မျိုးသာရှိပါတယ်။ လျှပ်စစ်စွမ်းအင်ဆည် နဲ့စိုက်ပျိုးရေးတွက် ရေမပြတ်ဖို့ရေလှောင်ဆည်ပါ။ Geospatial Information Authority of Myanmar သာဖွဲ့ထားပြီး သီးခြားဘတ်ဂျက်နဲ့လုပ်ရင်ရပါပြီခင်ဗျာ။ မိုးလေဝသတင်းသာ သိတဲ့နိုင်ငံသားကနေ ရေဘေးလွတ်အောင် ရှောင်တတ်ပြီး မြေမပြိုနိုင်တဲ့မြေကြီးပေါ်အိမ်ဆောက်နေ တတ်တဲ့ မြန်မာနိုင် ငံကြီးသားတွေပေါ်ထွန်းလာဖို့ အသိပညာတွေ အမြဲတမ်းလိုလိုမူလတန်း အဆင့် ကနေ စတင်ပြီး လုပ်ထားရပါမယ်။ အမျိုးသားအဆင့်လမ်းမကြီးတွေပေါ်ရေမကျော်အောင် လမ်းမကြီး မပျက်စီးဘဲ ဆက်သွယ် ရေးမပြတ်တောက်အောင် လမ်းမကြီးများတစ်လျှောက် ကီလိုမီတာ (၅၀)တိုင်း မှာ ရေကြီးသိုလှောင်ကန် (Flood Water Storage Area) ကြီးတွေ ဖော်ဆောင်ထားရပါမယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် နိုင်ငံမှာ အဲဒီလိုရေသိုလှောင်ကန်ကြီးတွေ အမျိုးသား လမ်းမကြီးများ တလျှောက်တူးထားပါတယ်။ မြစ်များ ကျန်းမာရေးကောင်းအောင်က ခုနကတင်ပြခဲ့တဲ့ ကျစ်ဆံမြီးဧရာဝတီမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

မေး - မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိနေတယ်ဆိုရင် ပြန်ပြီးကုစားဖို့ ဘယ် လောက် အချိန်ယူရပါမလဲ ဆရာ။
ဖြေ - ဒီမေးခွန်းကိုဖြေဖို့ဆရာကြီးဦးရွှေအောင်ရဲ့ ထေရဝါဒအုတ်မြစ်စာအုပ်စာမျက်နှာ(၂၀)မှာပါတဲ့ စာပိုဒ်လေးတစ်ခုနဲ့စဖြေချင်ပါတယ်ဗျာ။ စာကတော့ “ငါကိုရှေ့တန်းတင်မည်လား၊ လောကကိုရှေ့တန်း တင် မည်လား” ဆိုတဲ့ခေါင်းစဉ်အောက်ကပါ။ စာရဲ့ အကျဉ်းချုပ်ကတော့ “အသင်္ချေသတ္တဝါအုပ်စုတွင် တစ်ခုအဖြစ်ပါဝင်ခဲ့ရသောလူ(မြန်မာနိုင်ငံသားအပေါင်းတို့)တို့သည်လောက၏ (နိုင်ငံတော်နှင့် နိုင်ငံသား တို့၏)အကျိုးစီးပွားဖြစ်ထွန်းစေရန် တကယ်တမ်းရိုးရိုးသားသား ဆောင်ရွက်ချင်ရိုးမှန်လျှင်၊ ‘ငါ’ ကို ရှေ့တန်းတင် မည်လော၊ လောကကိုရှေ့တန်းတင်မည်လော၊ မေးကြပါ။ မေးခွန်း များ၏အဖြေကို မိမိ ဘာသာ မိမိဖြေရန်သာ ဖြစ်ပါ၏။ယနေ့မြန်မာပြည်ရဲ့ဗုဒ္ဓသာသနာတော်မှာသက်ဝင် ယုံကြည်သူတိုင်း ယုံကြည် လက်ခံထားတဲ့ လောကသုံးပါးမှာ သဘာဝပတ်ဝန်းကျင်ကြီးကို သကြာသလောကလို့ လက်ခံ ပြီးသားပါပဲ။ လောက ကို စောင့်ရှောက်ဖို့က ဗုဒ္ဓသာသနာတော်မှာသက်ဝင် ယုံကြည်သူတိုင်းအတွက် သန္နိဋ္ဌာန်တစ်ရပ်အနေနဲ့ လက်ခံလုပ်ရမယ့် ပဓာနအရှိတရားတွေပါပဲခင်ဗျာ၊ ဒါကိုအနောက်တိုင်းကဆရာ တွေက ကမ္ဘာကြီးကို ရာစုချီ ကိုလိုနီပြုပြီး အားရပါးရအနိုင်ကျင့် သဘာဝ သယံဇာတတွေကို အကန့် အသတ်မဲ့ ထုတ်ယူသုံးစွဲကြ ပြီးမှ ကျွန်တော်တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုပြီး ဆရာ ပြန် လာလုပ်ကြတာပါ။

မေး - ကျွန်တော်တို့ နိုင်ငံအနေနဲ့ ရေကြီးခြင်း ဘေးလိုမျိုး သဘာဝဘေးကနေ ကျော်လွှားနိုင်ဖို့ရာ ဒါမှ မဟုတ် ရေမကြီးဖို့ရာ လုပ်သင်တဲ့အချက်တွေထဲ အရေးကြီးဆုံးက ဘာများဖြစ်မလဲဆရာ။
ဖြေ - အရေးအကြီးဆုံးကတော့ မြစ်ချောင်းများကို ပြုပြင်ထိန်းသိမ်းဖို့အလုပ်ပါပဲ။ အပေါ်က ပြောခဲ့သလို ပေါ့ ဗဟိုအဆင့်က အမြဲတမ်းကြိုတင်ပြင်ဆင် ထောက်လှမ်းနေတဲ့ စနစ်တစ်ခုကို နိုင်ငံသားပြည်သူတွေ နဲ့ အမြဲထိတွေ့နိုင်တဲ့ ပထဝီနဲ့အာကာသဆိုင်ရာ သတင်းအချက်အလက်စနစ်များကို သာမန်အချိန်မှာပဲ ဖြစ်စေ၊ အရေးပေါ်ကာလမှာပဲဖြစ်စေ အမြဲတမ်း သတိပေးစနစ်ထိတွေ့မှုပေးနိုင်ရပါမယ်။ ဒါကို လည်း ပြည်သူ့ထောက်ခံမဲနဲ့ နောင်တက်လာမယ့် နိုင်ငံရေးသမားတွေ ပါတီတွေကလည်း ကျကျနနရှင်းရှင်း လင်းလင်း မလိုအပ်တဲ့စိုးရိမ်စိတ်တွေနဲ့မချဉ်းကပ်ဘဲ အမှန်တိုင်းချပြပြီး ပြည်သူ့အသက်ဘေးတွေက လွတ်အောင် နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကိုသာဦးထိပ်ထားပြီးဆောင်ရွက်ကြဖို့ပါပဲ ခင်ဗျာ။

မေး - ဆရာခင်ဗျား လာမည့် အရေးပေါ်ကာလတွေ မှာလည်း သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် သတိပေး ရှောင်ရှားနိုင်ဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ Geospatial Information Authority of Myanmar နဲ့ ပတ်သက်လို့ အခုဘာစလုပ်သင့်လဲ ခင်ဗျာ။
ဖြေ - ဘီလျံချီရတဲ့ ငွေတွေထဲကနေ အခု ရေမြုပ်ခံရ တဲ့ နေရာဧရိယာတွေ (တစ်ခါရေမြုပ်ဘူးရင်နောက် တစ်ခါထပ်ဖြစ်ဖို့သေချာတဲ့ မြေပုံတွေကို ကြိုထုတ် လေ့လာ သတိပေးနိုင်မယ့်ဧရိယာ)ကို အမြဲတမ်း စောင့် ကြည့်မယ့်အဖွဲ့ တစ်ခု။ နောက်ထပ်ရေဘေးတွေထပ် ဖြစ်လာရင် ကြိုတင်ရှောင်ရှားနိုင်ကြဖို့ အချိန်နဲ့တစ် ပြေးညီ သတိပေးနိုင်တဲ့ Geospatial Information Authority of Myanmar မြန်မာ့ ပထဝီနဲ့အာကာသ သတင်းအချက်အလက် အာဏာပိုင်အဖွဲ့လို လွတ်လပ်ပြီး ဥပဒေနဲ့ညီညွတ်တဲ့ ပညာရှင်တွေစုစည်းနိုင်ဖို့ အခုရတဲ့အလှူငွေတွေကနေ (၃)ရာခိုင်နှုန်းလောက် ငွေပဒေသာပင်လေး စိုက်ထူထားဖို့လိုမယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
‌သဘာဝေဘးႏွင့္ ျမန္မာႏိုင္ငံေတာ္ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၆

ျမန္မာႏိုင္ငံတြင္ ယခုေနာက္ပိုင္းကာလမ်ား၌ ေရႀကီးေျမၿပိဳ သဘာဝေဘး အႏၲရာယ္မ်ား တိုးပြားလာသည္ကို ေတြ႕ျမင္ရသည္။ ျမန္မာႏိုင္ငံတြင္ ေနထိုင္သူမ်ားအတြက္ သဘာဝေဘးအႏၲရာယ္ သည္ သတိျပဳဆင္ျခင္ရန္သာမက သတိထားရမည့္ အေနအထား သို႔ပင္ ဆိုက္ေရာက္ေနၿပီ ျဖစ္သည္။ အဆိုပါ ကိစၥမ်ားႏွင့္ပတ္သက္၍ Zarmani Myanmar Pro Active Citizen Community (ZMPACC) မွ တည္ေထာင္သူ ဆရာ ဦးသန႔္ဇင္ (Globalutionist)ထံ The Statesman Journal မွ ေမးျမန္းထားသည္မ်ားကို NP News က ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ျမန္မာႏိုင္ငံမွာ အခုေနာက္ပိုင္းႏွစ္ေတြ သတိထားၾကည့္တဲ့အခါ ႏွစ္တိုင္းလိုလို ေရေဘးကို ႀကဳံေနရတာကို ေတြ႕ရပါတယ္ ဆရာ။ ဘာေၾကာင့္ပါလဲ ခင္ဗ်ာ။
ေျဖ - သည္ေမးခြန္းက အေျခခံအက်ဆုံးမို႔ အဓိက အခ်က္ကိုေျပာရရင္ ေျမဧရိယာ အားလုံးရဲ႕ ေရဆင္း ဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ျမစ္ႀကီးငါးသြယ္ နဲ႔ ျမစ္ငယ္ငါးရာေတာင္ရွိေနၿပီး အဲဒီျမစ္ေတြကေန ပင္လယ္ထဲကို ပုံမွန္စီးဆင္းရမွာပါ။ ဒီေနရာမွာ ရာဇဝင္ထဲက သတို႔သမီးေခၚတဲ့ မိခင္ဧရာဝတီျမစ္ႀကီး ေတာင္ နာတာရွည္ျဖစ္ေနပါၿပီ။ ဒီေရလမ္းေတြက ကြၽန္ေတာ္တို႔ကို ႏွစ္ေပါင္း တစ္ရာေက်ာ္ကြၽန္ျပဳသြား တဲ့အဂၤလိပ္က ေကာင္းေကာင္း အသုံးခ်အျမတ္ထုတ္သြားပါတယ္။ ျမစ္ေၾကာင္းျပဳျပင္ထိန္းသိမ္းေရးလုပ္ ငန္းရဲ႕ပင္မအေျခခံကေတာ့ River Flood Management ပါပဲ။ ကြၽန္ေတာ္တို႔နဲ႔ကပ္ေနတဲ့ ထိုင္းဘုရင့္ ႏိုင္ငံကို ၾကည့္ရင္ သည္ပညာရပ္ကို ေကာင္းေကာင္းႀကီးသုံးတတ္တဲ့ လူငယ္ပညာရွင္ေတြ အစိုးရ မဟုတ္တဲ့ အဖြဲ႕စည္းေတြ အစိုးရတာဝန္ရွိသူေတြ ပူးေပါင္းၿပီးအခ်ိန္နဲ႔တစ္ေျပးညီေဆာင္႐ြက္ေနတာပါ။ မိခင္ဧရာဝတီျမစ္ႀကီးအလွဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၅၀)တြင္း မစို႔မပို႔ျပဳျပင္ရာကေန သဲေသာင္ခုံ ေပါင္း မ်ားစြာ ေရတိုက္စားကမ္းပါးၿပိဳမႈမ်ားစြာနဲ႔ က်စ္ဆံၿမီး ဧရာဝတီလို႔ ကြၽန္ေတာ္အမည္ေပးတင္ျပထားတဲ့ ေဆာင္းပါးမွာ အေသးစိတ္သိႏိုင္ပါတယ္ခင္ဗ်ာ။

ေမး - ဆိုေတာ့ ေဆာင္းပါးနဲ႔ပတ္သက္ၿပီး စာဖတ္သူ ေတြအတြက္ ဗဟုသုတရဖြယ္ေပါ့ ဆရာ။ ေဆာင္းပါးပါ အေၾကာင္းကို အက်ဥ္းခ်ဳပ္ၿပီး ေျပာေပးႏိုင္မလား ဆရာ။
ေျဖ - သဘာဝကေတာ့ သူ႔သဘာဝအတိုင္း သြားတာေပါ့။ ဒါေပမဲ့ ဧရာဝတီ ျမစ္ေၾကာတစ္ေလွ်ာက္မွာ ရွိတဲ့ ႏုံးအနည္းအႏွစ္ေတြကို တေကာင္းၿမိဳ႕ေအာက္ကေန စၿပီး ႏုံးအနည္အႏွစ္ေတြ ေတြ႕ရတယ္။ အထက္မွာ မေတြ႕ဘူး။ ျမစ္ဆုံကိစၥတုန္းက ဟိုတယ္တက္ ဘူေဖး စားၿပီး RDM ေတြထုတ္ၿပီး ျပန္သြားတဲ့ CSO အဖြဲ႕ ေတြေပါ့ နာမည္ေတာ့တပ္မေျပာေတာ့ဘူး။ အဲဒီလူေတြက ေသခ်ာမေလ့လာဘဲနဲ႔ ေပါက္ကရ ေတြ ေလွ်ာက္ေျပာၿပီးေတာ့ ႏုံးအနည္အႏွစ္ေတြ မရွိရင္ ဧရာဝတီျမစ္မွာရွိတဲ့ သားငါးသယံဇာတေတြ ေပ်ာက္သြားမယ္ေပါ့။ ေဂဟစနစ္ ပ်က္သြားမယ္ ေျပာၾကတယ္။ မိခင္ ဧရာဝတီကို ကြၽန္ေတာ္တို႔ သုံးေတာ့ သုံးခဲ့တယ္။ ဒါေပမဲ့ ေကာင္းတဲ့ အလုပ္၊ ေကာင္းတဲ့ အျပဳအမူ ႏိုင္ငံႀကီးသားေတြမွာရွိတဲ့ တာဝန္အရ ဧရာဝတီျမစ္ႀကီးကို ေစာင့္ေရွာက္တဲ့ အလုပ္က ဘယ္သူမွ မသိၾကဘူး။ လုပ္လည္း မလုပ္ ၾကဘူး။ ကိုယ့္ႏိုင္ ငံသားနဲ႔ ကိုယ့္အစိုးရက မလုပ္ေတာ့ ႏိုင္ငံျခားသားေတြက Fund ေတြနဲ႔လာၿပီး လုပ္ေပးရတယ္။ အဲဒီအခ်ိန္မွာ ျမန္မာလုပ္ငန္းရွင္တစ္ေယာက္က နာမည္ေတာ့ မေျပာေတာ့ပါဘူး။ သူနဲ႔ ပတ္သက္ၿပီးေတာ့ ကမာၻ႔ဘဏ္က ေဒၚလာ သန္းတစ္ရာ ေခ်းတယ္။ ဟိုမွာက ေဒၚလာ သန္းေလးေထာင္ ပေရာဂ်က္ ေလာက္နဲ႔လုပ္မွာ။ ဒီက သန္းတစ္ရာေလးေကာက္ၿပီးေတာ့ လုပ္ၿပီးေတာ့ ေသာင္တူးစက္ ႏွစ္စက္နဲ႔စၿပီးေတာ့ လုပ္တယ္။ တူးေတာ့ ျမစ္ထဲမွာ ဘာရွိလဲဆိုေတာ့ သဲအျပင္ ဆီလီကြန္ရွိတယ္။ ဖန္ခ်က္တဲ့ ဆီလီကြန္ ရွိတယ္။ သတၱဳမႈန္ေတြ ရွိတယ္။ ေ႐ႊေတြေကာ မပါ ဘူးလား။ ေငြေတြလည္း ပါတယ္။ အဲဒီ သဲတူးတဲ့ အဖြဲ႕ေတြက သဲတူးတယ္ဆိုတာ ပါးစပ္ကသာ ေျပာေနတာ တကယ္တမ္း ေျပာရရင္ ေ႐ႊက်င္ေနတယ္။ လုပ္ပိုင္ခြင့္ေပးလိုက္ေတာ့ အဲဒီ တာဝန္ရွိတဲ့ဌာနက ျပဳတ္ေရာ။ ေနာက္ တစ္ခုက အုပ္ခ်ဳပ္မႈ လက္လွမ္း မမီဘူး။ ျမစ္ႀကီးက က်ယ္ျပန႔္တယ္။ ရွည္ေတာ့။ အဓိက ျပႆနာက အဲဒါပဲ။

ေမး - ေရေဘးနဲ႔အတူ ျမင္ေတြ႕ရတာကေတာ့ အခုႏွစ္မွာ အဆုံးဆိုးျဖစ္တဲ့ ေျမၿပိဳမႈပါ ဆရာ။ ဒါက သစ္ ပင္ေတြ မရွိလို႔ပဲလား။ ဒါမွမဟုတ္ ရာသီဥတု အေျပာင္းအလဲေၾကာင့္လား ဆရာ။
ေျဖ - သစ္ပင္နည္းလို႔၊ ရာသီဥတုမမွန္လို႔ဆိုတာက မ်ားစြာေသာ အခ်က္မ်ားၾကားက ႏွစ္ခုသာသာပါ။ သည္ေနရာမွာ ေျမၿပိဳတာကို သဘာဝေဘးအႏၲရာယ္ အေနနဲ႔ ျမန္မာနိင္ငံမွာသာ လူသိမ်ားေနၿပီး မူလက တည္းက အဲဒီေျမေပၚမွာ အေျခခ်မေနခင္ ေျမႀကီးရဲ႕ ခံႏိုင္ဝန္အင္အားကိုေျမသုံးခ်ေရး သီအိုရီအရ တကယ္တမ္း တြက္ခ်က္အသုံးခ်ရဲ႕လားဆိုတာ ကြၽန္ေတာ္က ျပည္သူ႔ေရးရာစီမံခန႔္ခြဲမႈအျမင္နဲ႔ ျပန္ေမးရ ပါမယ္။ ဥပမာ ေျပာရရင္ ရန္ကုန္-ျပည္မီးရထားလမ္းဟာ (၁၈၇၇) ခုႏွစ္မတိုင္မီက လမ္းအူေၾကာင္း ေ႐ြးၿပီး ခုထိအျမန္ရထားေတြ ေရျပင္ညီညီခုတ္ေမာင္းေနတာ ဘာေၾကာင့္ပါလဲ။ ဆင္ေတြေရခ်ိဳးဖို႔ ႏြံအိုင္ ေတြ ျပည့္ေနၿပီး ဆင္ေရခ်ိဳးဆိပ္ျဖစ္ခဲ့ရတဲ့ ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕ နယ္မွာအခ်ိဳ႕တိုက္အျမင့္ေတြ ေစာင္းေန တာ ျမင္ရမယ္။ သည္ေနရာမွာ ႏိုင္ငံေရးသမားမ်ားကေန အစိုး ရဖြဲ႕နည္းအရဆိုရင္ ႏိုင္ငံေရးဆိုတာ ေျမနဲ႔လူကို စီမံ ခန႔္ခြဲတာပါခင္ဗ်ာ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ ၁၉၈၈ ေနာက္ပိုင္းလစာရတဲ့ ျပည္သူ႔နီတိ လုပ္ငန္းႀကီးလို႔ ေျပာလို႔ရတဲ့ အစိုးရဖြဲ႕စည္းပုံေတြမွာ ပညာရပ္အေျချပဳ သူ ပညာရွင္ကို ကိုယ္စားျပဳသူ ဝန္ထမ္းႀကီးေတြၾကား ထူးဆန္းတဲ့ဌာနေတြ ဖြဲ႕စည္းထားတာျမင္ရပါတယ္။တာဝန္ရွိတဲ့ဌာနက လုပ္ပိုင္ ခြင့္ မရွိ၊ လုပ္ပိုင္ခြင့္မရွိတဲ့ ဌာနက တာဝန္ရွိေနၿပီး ပညာရပ္တစ္ခုေပၚလာတိုင္း၊ အဲဒီအမည္နဲ႔ ဝန္ႀကီး ဌာနတစ္ခုဖြဲ႕ေနတာဟာ စီမံခန႔္ခြဲ မႈ လမ္းေၾကာင္းအရ လူေတြေျမကိုစီမံခန႔္ခြဲ အသုံးခ် တာနဲ႔လြဲေန တာပါ။ သာမန္ျပည္သူေတြရဲ႕အခြန္ေတြကိုမ်က္လွည့္ျပလွည့္စားထားသလို ျဖစ္ေနတာပါ။ ေျမဆြဲအားကို ေဒါင္လိုက္ကိုးဆယ္ဒီဂရီ မတ္မတ္ရပ္ ဆန႔္က်င္ေနႏိုင္တာ လူသားပဲရွိပါတယ္။ လူသား ေတြအားထား အရဆုံး မဟာပထဝီေျမႀကီးက ခဏခ်င္း လိုလိုၿပိဳလဲၿပီး မခိုင္ခန႔္ေတာ့ဘူးဆိုရင္ လူသားေတြအတြက္ မနက္ျဖန္မရွိေတာ့ပါဘူးဗ်ာ။ ဒီလိုသစ္ ေတာ သစ္ပင္ျပဳန္းတီးကုန္လို႔ ေျမႀကီးအေပၚယံလႊာေတြ ေရဝင္ၿပီး တိုက္စားလို႔ေျမၿပိဳ လူ႔အသက္ေတြ ေသၾကရတဲ့ထိ ခံစားၾကရတဲ့အခ်က္ေတြတင္မက သတၱဳ သယံဇာတေတြ ပင္လယ္ထဲသဲနဲ႔ေရာ ေရေမ်ာ ပါတာေတြကို သိဖို႔ေတာ့လိုပါတယ္။

ေမး - ဒီေနရာကေန ေဆာင္းပါးပါ အေၾကာင္းအရာကို စာဖတ္သူေတြအတြက္ အက်ဥ္းခ်ဳပ္ ျပန္ေျပာလို႔ ရမလား ဆရာ။
ေျဖ - ေျပာဖို႔ဆိုရင္ ေမာ္လၿမိဳင္ၿမိဳ႕ ေအာက္ဘက္က သတၱဳတြင္း တစ္ခုရွိတယ္ နာမည္မသိဘူး။ အဲဒီက ေနၿပီးေတာ့ ေကာ့ေသာင္းၿမိဳ႕ ေျမာက္ဘက္က သတၱဳတြင္းၾကားမွာ သတၱဳတြင္းေပါင္း(၃၃)တြင္း ရွိတယ္။ အဲဒီသတၱဳတြင္းက ေအာက္ကို (၁)မိုင္၊ (၂)မိုင္ဆင္း ၿပီးေတာ့ ေဘးကို သံလမ္းေတြနဲ႔ထုတ္ခဲ့တယ္။ (၁၈၂၄) ခုႏွစ္မတိုင္ခင္တည္းကဆိုေတာ့ ႏွစ္ေပါင္း (၂၀ဝ) ေက်ာ္ၿပီ။ ႏွစ္ေပါင္ (၂၀ဝ)ေက်ာ္အတြင္း ထုတ္ခဲ့တဲ့ အဲဒီ သတၱဳေတြက ေပးသေလာက္ပဲ ထုတ္တာ။ ဥပမာ ေျပာရရင္ ဖားကန႔္မွာ ေနာက္ဆုံးေပၚ တူးတဲ့ စက္ႀကီးေတြနဲ႔ ဟင္းလင္းပြင့္ႀကီးေတြတူးတာ မေတြ႕ဘူးလား။ ဧရာမေက်ာက္တုံးႀကီးေတြ ထြက္ တယ္ေလ။ ဒါေပမဲ့ အဲဒီ ေက်ာက္တုံးႀကီးေတြထဲမွာ သန္းတန္ ေက်ာက္တို႔၊ ကုေဋတန္ေက်ာက္တို႔ ထြက္လာတာ ပါတာေတြ႕လား။ ဒါေပမဲ့ တစ္ဦးခ်င္း တူးစဥ္တုန္းကမွ သန္းတန္ေက်ာက္ေတြကို ကံေကာင္းတဲ့သူတစ္ဦးက ေတြ႕တယ္ဆိုတာ ကမာၻေက်ာ္တာပဲ ရွိခဲ့ဖူးတယ္။ အခုေတာ့ ခပ္ကြက္ႀကီး ေတြနဲ႔ တူးတဲ့အခါ မရဘူး။ ဒါေပမဲ့ ခုနကေျပာတဲ့ မိုင္း(၃၃)တြင္းကို တ႐ုတ္က ဘာလာလုပ္လဲဆိုေတာ့ ေရွ႕ေျပး Pilot ပေရာဂ်က္ဆိုၿပီး စာလာခ်ဳပ္တယ္။ တစ္တြင္းကို ႏွစ္ႏွစ္ လုပ္မယ္ဆိုၿပီးေတာ့။ အဲဒီလို လုပ္တဲ့အခါမွာ သတၱဳဘယ္ေလာက္ က်န္လဲဆိုတာကို လာတိုင္းတာ။ သူတို႔က ဘယ္လို တိုင္းလဲဆိုေတာ့ အလ်ားတစ္မီတာ၊ အနံတစ္မီတာ၊ ထုတစ္မီတာေပါ့။ အဲဒီလို ေျမႀကီးတုံးႀကီး တစ္တုံးမွာ သတၱဳ အမႈန္ ေပါင္း (၂၀ဝဝ)ေလာက္ ထြက္ရင္ သူတို႔က ယူတယ္။ စစ္လည္း စစ္လိုက္ေရာ အဲဒီ ပမာဏ အထက္ လည္း ရွိမွာေပါ့။ ေတြ႕လည္း ေတြ႕လိုက္ေကာ ဘာလုပ္လဲဆိုေတာ့ ဒီဟာေတြက ငါတို႔လိုပဲ သတၱဳ မုဆိုး ေတြ အဲဒီတုန္းက ျမန္မာျပည္က ဖြင့္ၿပီေလ။ သူတို႔တူးလိုက္ရင္ ကုန္သြားမယ္။ ေနာက္လာမယ့္ တ႐ုတ္ ျပည္ရဲ႕ သတၱဳလိုအပ္ခ်က္ကို တြက္လိုက္တဲ့ အခါက်ေတာ့ သတၱဳလိုအပ္ခ်က္က မ်ားလိမ့္မယ္။ ဒါ ေၾကာင့္ သူတို႔က ဘာလုပ္လိုက္လဲဆိုေတာ့ မိုးတြင္းမွာ ေရတံေလွ်ာက္တပ္ၿပီး ခုနကေျပာတဲ့တစ္မိုင္တို႔၊ ႏွစ္ မိုင္တို႔ထဲကို ေရထည့္လိုက္ေကာ။ မိုင္းတြင္း ေရဝင္ သြားရင္ ၿပိဳၿပီေလ။ အဲဒီဖ်က္တဲ့ဟာကို ေျပာတဲ့ ဟာကလည္း တာဝန္ရွိသူက ေျပာျပတာ။ တို႔ဘက္က မိုင္း တြင္းထဲကို ယိုးဒယားဘက္ကေန ေဖာက္ တယ္။ ေမာ္ လၿမိဳင္ဘက္က ေရတြင္းေတြျမင္ဖူးမယ္ ေရထြက္မ်ား ေအာင္ဆိုၿပီး တည့္တည့္တူးၿပီးရင္ ေဘးတိုက္ ေဖာက္တာေလ။ ယိုးဒယားဘက္ကေန ေဒါနေတာင္တန္းႀကီး ေအာက္ ေျခာက္မိုင္၊ ခုႏွစ္မိုင္ အနက္ကေန ေဖာက္တယ္။ လာခိုးတာ။ ျမန္မာျပည္က ႏိုင္ငံျခားကေန ဆီဝယ္ေနရေတာ့ တနသၤာရီ တိုင္းမွာ အသုံးမတည့္တဲ့ ေတာေတြကို ဖ်က္ၿပီးေတာ့ ဆီအုန္းစိုက္လိုက္ရင္ အီေကြတာ ရာသီဥတု ဆိုေတာ့ ဆီအုန္းျဖစ္တယ္။ အဲဒါေၾကာင့္ တို႔စိုက္မယ္ဆိုၿပီးေတာ့ ႏိုင္ငံျခားက လာတဲ့ မေလးဆီအုန္းမ်ိဳး ကို ကြၽန္ေတာ္တို႔က ျပန္ပြားၿပီး စိုက္တာ။ ဆီအုန္းစိုက္ၿပီဆိုတည္းက ေျမႀကီးကို ျပင္ရၿပီေလ။ ေျမႀကီး ျပင္ရၿပီဆိုတည္းက အေပၚမွာ ရွိတဲ့ေတာခုတ္မယ္။ ဘူဒိုဇာနဲ႔ထိုးမယ္။ ေျမအေျပာင္ ေျပာင္မယ္။ အကြက္ ခ်စိုက္မယ္။ ဆီအုန္းပင္ႀကီးေတြက အျမင့္ႀကီးေတြ။ ဆီအုန္းခိုင္တစ္ခိုင္ဆို ဆီအခ်ိန္ တစ္ဆယ္ေက်ာ္ မယ္။ ေအာက္ကေန သံနဲ႔ထိုးၿပီး ခ် တာနဲ႔ အေစ့သုံးေလးဆယ္က ေႂကြသြားတာ။ အဲဒါ လိုက္ေကာက္ မယ့္သူက လိုေသးတယ္။ တစ္ဧက ႏွစ္ေယာက္ဆိုေတာ့ တစ္ေန႔ကို ဆီသီးခိုင္အလုံး ေလးငါးဆယ္ထက္ ပိုမခူးႏိုင္ဘူး။ တနသၤာရီမွာက မိုးေျခာက္လက္မေလာက္ ႐ြာတယ္။ အဲဒီေတာ့ ဟိုေအာက္ထဲက က်င္း ေသးေသးေလးနဲ႔ ဆင္းသြားၿပီး ခုနကေျပာတဲ့ ႏွစ္ေပါင္း(၂၀ဝ)ေက်ာ္ ထုတ္တဲ့ သတၱဳတြင္းေတြဟာ သဲေတြနဲ႔ စားၿပီးေတာ့ တနသၤာရီ ျမစ္ဝႀကီးမွာ ေသာင္ေတြနဲ႔ ထြန္းေနတာ ျမင္မေကာင္းဘူး။ အဲဒီ သဲနဲ႔ အတူ အၿဖိဳက္နက္၊ ခဲ၊ ေ႐ႊ၊ ေငြ ေမ်ာသြား တာ။ ဆီအုန္းစိုက္လိုက္တာက အခု ႏွစ္သုံးဆယ္ ေလာက္ရွိၿပီ။ တနသၤာရီကထြက္တဲ့ဆီ ျမင္ဖူးလား။ ဒီ သတၱဳေတြ ပင္လယ္ထဲေရာက္ေတာ့ ဆီအုန္းပင္ကို မ်ိဳးလာ ေရာင္းတဲ့ ကုမၸဏီကပဲ ေဆာက္လုပ္ေရး လုပ္ဖို႔ သဲမရွိလို႔ တစ္တန္ကို သုံးေထာင္သုံးရာနဲ႔ လာတိုက္ တယ္။ တို႔ေတြ ရႈံးတယ္။ သႏၲာေက်ာက္တန္းေတြကပါ သဲနဲ႔ေရာၿပီး အခပ္ခံရေတာ့ သႏၲာေတြ ေသရတယ္။

ေမး - ကမာၻႀကီး ပူေႏြးလာတဲ့အတြက္ ရာသီဥတု ေျပာင္းလဲမႈမွာ ျမန္မာႏိုင္ငံအေနနဲ႔ ဘာမ်ား ျပင္ဆင္ရ ပါမလဲဆရာ။ တခ်ိဳ႕က ေျပာၾကတယ္ ဆရာ။ ရာသီဥတု အေျပာင္းအလဲနဲ႔အတူ လိုက္ေလ်ာညီေထြ ျဖစ္ ေအာင္ ျပင္ဆင္ေနထိုင္ရမယ္တဲ့။ ကြၽန္ေတာ္တို႔ ျပည္သူေတြ ေျပာင္းလဲေနထိုင္ႏိုင္ပါ့မလား ဆရာ။
ေျဖ - ကမာၻႀကီးက သူ႔ဘာသာအလိုလိုပူေႏြးလာတာမဟုတ္ပါ။ ကမာၻႀကီးပူေႏြးလာေအာင္လူေတြကသာ လုပ္တာပါတဲ့။ ကြၽန္ေတာ္တို႔ကိုးကြယ္ယုံၾကည္တဲ့ ျမတ္ဘုရားရွင္ကို သူ႔ကိုယုံၾကည္သူတို႔ကိုသူရဲ႕ စရိယ သုံးပါးကို ျပဆို အတုယူဖို႔ ၁။ ေလာကတၳစရိယ- ေလာကသတၱဝါတို႔၏ အက်ိဳးငွာက်င့္ျခင္းဆိုတာ ကြၽန္ေတာ္တို႔ခု ေျပာေျပာေနတဲ့ သစ္ပင္စိုက္တာလည္း ပါပါတယ္။ အလြယ္ေျပာရင္ ဗမာတို႔ရဲ႕ဓေလ့ သစ္ပင္ ခုတ္ရင္နတ္ေနကိုင္းခ်န္ခုတ္ထားဖို႔။ သစ္ပင္ႀကီး တစ္ ပင္ကို အၿပီးတိုင္ခုတ္လွဲရင္ ထိုသစ္ပင္က ႐ုကၥစိုးမင္း ဘုံေပ်ာက္မွာစိုးလို႔ သစ္ပင္ငယ္တစ္ပင္ျပန္စိုက္ရတာ တို႔က ေလာကတၳစရိယကို နတ္နဲ႔ျပဆို လိုက္နာတဲ့ သဘာဝပတ္ဝန္းက်င္ကို ေစာင့္ေရွာက္ခဲ့ၾကတဲ့ ႏွစ္ ေထာင္ခ်ီေနတဲ့အမ်ိဳးသားေရးသံႏၶိဌာန္ အမူအက်င့္ ေတြပါ။ သည္လိုနဂိုထဲက ရွိၿပီးသား အမူအက်င့္ ေကာင္းေတြကို ျပန္လည္ေဖာ္ ထုတ္လိုက္ နာရင္ ျပည္ သူေတြေျပာင္းဖို႔မခက္ပါ။ ႏိုင္ငံသားျဖစ္ၿပီး ႏိုင္ငံသား ကတ္ျပားရဖို႔ ႏိုင္ငံသားေတြကို သဘာဝ ေဘးလြတ္ဖို႔ သင္တန္းတက္ရၿပီး ႏိုင္ငံသားေတြကို ကေလးဘဝတည္းက ေက်ာင္းေတြမွာ အရပ္ ထဲမွာ လုပ္ငန္းခြင္ေတြမွာ က်က်နန ဇာတ္တိုက္ေလ့က်င့္ထားတဲ့ ဂ်ပန္ႏိုင္ငံမွာဆိုရင္ ေျမကေနေပး လာတဲ့ ခ်မ္းသာျခင္းေတြကေနအျမတ္ထုတ္ႏိုင္ၿပီး ေျမကေနေပးလာမည့္ဆင္းရဲ ျခင္းေတြအတြက္ ဘယ္ အစိုးရတက္တက္ထိလို႔မရတဲ့အထူးဘတ္ဂ်က္နဲ႔ ထိန္းသိမ္းထားတဲ့ ရန္ပုံေငြ ရွိပါသည္။ ကြၽန္ေတာ္တို႔က အခုမွထင္ရွားျပလာတဲ့ ေျမ ၿပိဳမႈပါ။ သူတို႔ဆီမွာ႐ိုးအီေနပါၿပီ။ ေျမမခိုင္အိမ္မ ေဆာက္ပါ။ ျမန္မာ မွာ ေတာ့ ထိုသို႔ ေဘးအႏၲရာယ္ေတြ အတြက္ ( Before / During / After -မျဖစ္ခင္ / ျဖစ္ေနဆဲ/ျဖစ္ၿပီး) အုပ္ခ်ဳပ္မႈကိစၥအဝဝကို Change of Command (CoC)ခ်က္ျခင္းလႊဲေျပာင္း လုပ္ကိုင္ေပးမည့္အဖြဲ႕ကို အၿမဲတမ္းမဖြဲ႕ထားပါ။ ျမန္မာ ကေတာ့အမိန႔္ေတြ နဲ႔ Disaster Risk Reductionလုပ္ႏိုင္ၾကဖို႔ ဗဟိုအဆင့္ လူစုံပါတဲ့ အဖြဲ႕ေတြ၊ ျပည္ နယ္တိုင္းခ႐ိုင္ၿမိဳ႕နယ္ရပ္ေက်းထိ သဘာဝေဘး အႏၲရာယ္တားဆီး ကာကြယ္ ေရး အဖြဲ႕ထားပါတယ္။ ျဖစ္မွ ထလုပ္မည့္အဖြဲ႕လားလို႔ေမးရမလိုပါ။ ျမန္မာျပည္မွာစိပ္စိပ္လာေနတဲ့ သဘာဝေဘးဆိုးေတြကေန ျပည္သူ ေတြ အနည္းဆုံးသက္သာဖို႔ အရပ္သားအစိုးရႏွစ္ ဆက္မ်က္စိ လွ်မ္း သြားတာက ႏိုင္ငံသားျဖစ္ျခင္းနဲ႔ႏိုင္ငံသား တာဝန္မ်ားကို အေျခခံဥပေဒအခန္း(၈)မွာ ျပ႒ာန္းၿပီးသားပါ။ ဥပမာတစ္ခုေျပာပါမယ္။ လြန္ခဲ့တဲ့သုံးႏွစ္က ကိုဗစ္ကပ္ဆိုးကသက္သာဖို႔ၿမိဳ႕အလိုက္တားဆီး ႀကီးၾကပ္ ကန႔္သတ္မိန႔္ေတြကို ဗဟို အဖြဲ႕က (LockDown) ခ်ပိတ္တာကိုႏိုင္ငံသားေတြ မျဖစ္မေနလိုက္နာ ရပါ တယ္။ ထိုအမိန႔္ကိုအတည္ျပဳ လိုက္နာဖို႔စီမံကြပ္ကဲရတဲ့ဌာနက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ျဖစ္ေန ၿပီး ထိုဌာနရဲ႕ေအာက္ေျခအက်ဆုံးအုပ္ႀကီးတို႔မွာေတာ့ အဆိုပါတားျမစ္မိန႔္ကို ေဖာ္ေဆာင္ဖို႔ ရပ္ေက်း အုပ္ႀကီး လက္စြဲကမထုတ္ရေသးပါ။ ကြၽန္ေတာ္တို႔ရန္ကုန္တိုင္းက Operation COVID 19 Respond Taskforce ညႇိႏႈိင္းေပါင္းစပ္ အဖြဲ႕က ျပည္ထဲေရး ျပည္ေထာင္စု ဒုတိယဝန္ႀကီးကို ဖုန္းဆက္တင္ျပ တိုက္တြန္းမွ ေနျပည္ေတာ္က အုပ္ႀကီးမ်ားလက္စြဲ စတင္ထုတ္ေဝတာမ်ိဳးပါ။ အခုထိ လည္း ခ႐ိုင္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးလက္စြဲမ်ား ထြက္မထြက္မသိရေသးပါခင္ဗ်ာ။

ေမး - ေရႀကီးတာကိုေကာ တားလို႔ ရႏိုင္ပါမလား ဆရာ။ ဆိုလိုတာက ေရမႀကီးေအာင္ ဘာေတြမ်ား လုပ္လို႔ ရႏိုင္ပါမလဲ ဆရာ။ ျမန္မာႏိုင္ငံရဲ႕ သဘာဝ ေဘးေတြထဲမွာ ေရႀကီးတာက ပုံမွန္လိုလို ျဖစ္လာ ေနပါတယ္ ဆရာ။ ဒီေဘးကို ကာကြယ္ဖို႔အတြက္ ဘာမ်ား ျပင္ဆင္ရပါမလဲ ဆရာ။
ေျဖ -ရန္သူမ်ိဳးငါးပါးမွာ ေရကထိပ္ဆုံးမို႔ ႀကိဳတင္ကာ ကြယ္ျခင္းနဲ႔ အႏၲရာယ္ေလွ်ာ့ခ်မယ့္ နည္းလမ္း ပညာေတြ သိထားရပါမယ္။ အေပၚကအဖြဲ႕ေတြဖြဲ႕ထားၿပီး သဘာဝေဘးက်မွေရႀကီးမွအလႉထခံၿပီး ရသမွ်နဲ႔ ထကယ္လုပ္တာထက္ မူလကတည္းက ေရႀကီးႏိုင္တဲ့ ေနရာေတြမွာကို ျပည္သူ႔ေရးရာ စီမံခန႔္ခြဲ သူေတြက ဂ်ပန္လိုမ်ိဳး Geospatial Information Authority of Myanmar (GSI)ပထဝီနဲ႔အာကာသ သတင္းအခ်က္အလက္ဆိုင္ရာ အမ်ိဳးသားအာဏာပိုင္ အဖြဲ႕(ျမန္မာ)အၿမဲတမ္းဖြဲ႕ထားၿပီး ႏိုင္ငံသား တာဝန္အရကို တိက်စြာလိုက္နာၾကရပါမယ္။ ၿပီးခဲ့တဲ့တစ္လက ျမန္မာ့တမံႀကီးမ်ား ေကာ္မတီဆိုလား ဥပေဒ မပါတဲ့ အရပ္ဘက္အဖြဲ႕လိုလိုတစ္ခု သတင္းစာကေန ျမစ္မ်ား က်န္းမာေရးလုပ္မလို႔ ေျပာဆို ေနတာ ျမင္ရပါတယ္။ ထိုပါသူမ်ားကို သုံးသပ္ေတာ့ လွ်ပ္စစ္စြမ္း အင္ဆည္မ်ားနဲ႔ပတ္သက္သူေတြက ႀကီးစိုးေနတာ ျမင္ရပါတယ္။ ထိုသို႔မျဖစ္သင့္ပါခင္ဗ်ာ။သည္ေနရာမွာ ဆည္ႏွစ္မ်ိဳးသာရွိပါတယ္။ လွ်ပ္စစ္စြမ္းအင္ဆည္ နဲ႔စိုက္ပ်ိဳးေရးတြက္ ေရမျပတ္ဖို႔ေရေလွာင္ဆည္ပါ။ Geospatial Information Authority of Myanmar သာဖြဲ႕ထားၿပီး သီးျခားဘတ္ဂ်က္နဲ႔လုပ္ရင္ရပါၿပီခင္ဗ်ာ။ မိုးေလဝသတင္းသာ သိတဲ့ႏိုင္ငံသားကေန ေရေဘးလြတ္ေအာင္ ေရွာင္တတ္ၿပီး ေျမမၿပိဳႏိုင္တဲ့ေျမႀကီးေပၚအိမ္ေဆာက္ေန တတ္တဲ့ ျမန္မာႏိုင္ ငံႀကီးသားေတြေပၚထြန္းလာဖို႔ အသိပညာေတြ အၿမဲတမ္းလိုလိုမူလတန္း အဆင့္ ကေန စတင္ၿပီး လုပ္ထားရပါမယ္။ အမ်ိဳးသားအဆင့္လမ္းမႀကီးေတြေပၚေရမေက်ာ္ေအာင္ လမ္းမႀကီး မပ်က္စီးဘဲ ဆက္သြယ္ ေရးမျပတ္ေတာက္ေအာင္ လမ္းမႀကီးမ်ားတစ္ေလွ်ာက္ ကီလိုမီတာ (၅၀)တိုင္း မွာ ေရႀကီးသိုေလွာင္ကန္ (Flood Water Storage Area) ႀကီးေတြ ေဖာ္ေဆာင္ထားရပါမယ္။ အာဆီယံအဖြဲ႕ဝင္ ဗီယက္နမ္ ႏိုင္ငံမွာ အဲဒီလိုေရသိုေလွာင္ကန္ႀကီးေတြ အမ်ိဳးသား လမ္းမႀကီးမ်ား တေလွ်ာက္တူးထားပါတယ္။ ျမစ္မ်ား က်န္းမာေရးေကာင္းေအာင္က ခုနကတင္ျပခဲ့တဲ့ က်စ္ဆံၿမီးဧရာဝတီမွာ အေသးစိတ္ေလ့လာႏိုင္ပါတယ္။

ေမး - ျမန္မာႏိုင္ငံအေနနဲ႔ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈေတြ ရွိေနတယ္ဆိုရင္ ျပန္ၿပီးကုစားဖို႔ ဘယ္ ေလာက္ အခ်ိန္ယူရပါမလဲ ဆရာ။
ေျဖ - ဒီေမးခြန္းကိုေျဖဖို႔ဆရာႀကီးဦးေ႐ႊေအာင္ရဲ႕ ေထရဝါဒအုတ္ျမစ္စာအုပ္စာမ်က္ႏွာ(၂၀)မွာပါတဲ့ စာပိုဒ္ေလးတစ္ခုနဲ႔စေျဖခ်င္ပါတယ္ဗ်ာ။ စာကေတာ့ “ငါကိုေရွ႕တန္းတင္မည္လား၊ ေလာကကိုေရွ႕တန္း တင္ မည္လား” ဆိုတဲ့ေခါင္းစဥ္ေအာက္ကပါ။ စာရဲ႕ အက်ဥ္းခ်ဳပ္ကေတာ့ “အသေခ်ၤသတၱဝါအုပ္စုတြင္ တစ္ခုအျဖစ္ပါဝင္ခဲ့ရေသာလူ(ျမန္မာႏိုင္ငံသားအေပါင္းတို႔)တို႔သည္ေလာက၏ (ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသား တို႔၏)အက်ိဳးစီးပြားျဖစ္ထြန္းေစရန္ တကယ္တမ္း႐ိုး႐ိုးသားသား ေဆာင္႐ြက္ခ်င္႐ိုးမွန္လွ်င္၊ ‘ငါ’ ကို ေရွ႕တန္းတင္ မည္ေလာ၊ ေလာကကိုေရွ႕တန္းတင္မည္ေလာ၊ ေမးၾကပါ။ ေမးခြန္း မ်ား၏အေျဖကို မိမိ ဘာသာ မိမိေျဖရန္သာ ျဖစ္ပါ၏။ယေန႔ျမန္မာျပည္ရဲ႕ဗုဒၶသာသနာေတာ္မွာသက္ဝင္ ယုံၾကည္သူတိုင္း ယုံၾကည္ လက္ခံထားတဲ့ ေလာကသုံးပါးမွာ သဘာဝပတ္ဝန္းက်င္ႀကီးကို သၾကာသေလာကလို႔ လက္ခံ ၿပီးသားပါပဲ။ ေလာက ကို ေစာင့္ေရွာက္ဖို႔က ဗုဒၶသာသနာေတာ္မွာသက္ဝင္ ယုံၾကည္သူတိုင္းအတြက္ သႏၷိ႒ာန္တစ္ရပ္အေနနဲ႔ လက္ခံလုပ္ရမယ့္ ပဓာနအရွိတရားေတြပါပဲခင္ဗ်ာ၊ ဒါကိုအေနာက္တိုင္းကဆရာ ေတြက ကမာၻႀကီးကို ရာစုခ်ီ ကိုလိုနီျပဳၿပီး အားရပါးရအႏိုင္က်င့္ သဘာဝ သယံဇာတေတြကို အကန႔္ အသတ္မဲ့ ထုတ္ယူသုံးစြဲၾက ၿပီးမွ ကြၽန္ေတာ္တို႔ကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုၿပီး ဆရာ ျပန္ လာလုပ္ၾကတာပါ။

ေမး - ကြၽန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ ေရႀကီးျခင္း ေဘးလိုမ်ိဳး သဘာဝေဘးကေန ေက်ာ္လႊားႏိုင္ဖို႔ရာ ဒါမွ မဟုတ္ ေရမႀကီးဖို႔ရာ လုပ္သင္တဲ့အခ်က္ေတြထဲ အေရးႀကီးဆုံးက ဘာမ်ားျဖစ္မလဲဆရာ။
ေျဖ - အေရးအႀကီးဆုံးကေတာ့ ျမစ္ေခ်ာင္းမ်ားကို ျပဳျပင္ထိန္းသိမ္းဖို႔အလုပ္ပါပဲ။ အေပၚက ေျပာခဲ့သလို ေပါ့ ဗဟိုအဆင့္က အၿမဲတမ္းႀကိဳတင္ျပင္ဆင္ ေထာက္လွမ္းေနတဲ့ စနစ္တစ္ခုကို ႏိုင္ငံသားျပည္သူေတြ နဲ႔ အၿမဲထိေတြ႕ႏိုင္တဲ့ ပထဝီနဲ႔အာကာသဆိုင္ရာ သတင္းအခ်က္အလက္စနစ္မ်ားကို သာမန္အခ်ိန္မွာပဲ ျဖစ္ေစ၊ အေရးေပၚကာလမွာပဲျဖစ္ေစ အၿမဲတမ္း သတိေပးစနစ္ထိေတြ႕မႈေပးႏိုင္ရပါမယ္။ ဒါကို လည္း ျပည္သူ႔ေထာက္ခံမဲနဲ႔ ေနာင္တက္လာမယ့္ ႏိုင္ငံေရးသမားေတြ ပါတီေတြကလည္း က်က်နနရွင္းရွင္း လင္းလင္း မလိုအပ္တဲ့စိုးရိမ္စိတ္ေတြနဲ႔မခ်ဥ္းကပ္ဘဲ အမွန္တိုင္းခ်ျပၿပီး ျပည္သူ႔အသက္ေဘးေတြက လြတ္ေအာင္ ႏိုင္ငံေတာ္နဲ႔ႏိုင္ငံသားတို႔ရဲ႕ အက်ိဳးစီးပြားကိုသာဦးထိပ္ထားၿပီးေဆာင္႐ြက္ၾကဖို႔ပါပဲ ခင္ဗ်ာ။

ေမး - ဆရာခင္ဗ်ား လာမည့္ အေရးေပၚကာလေတြ မွာလည္း သဘာဝေဘးအတြက္ ႀကိဳတင္ျပင္ဆင္ သတိေပး ေရွာင္ရွားႏိုင္ဖို႔ ျမန္မာႏိုင္ငံမွာ လိုအပ္ေနတဲ့ Geospatial Information Authority of Myanmar နဲ႔ ပတ္သက္လို႔ အခုဘာစလုပ္သင့္လဲ ခင္ဗ်ာ။
ေျဖ - ဘီလ်ံခ်ီရတဲ့ ေငြေတြထဲကေန အခု ေရျမဳပ္ခံရ တဲ့ ေနရာဧရိယာေတြ (တစ္ခါေရျမဳပ္ဘူးရင္ေနာက္ တစ္ခါထပ္ျဖစ္ဖို႔ေသခ်ာတဲ့ ေျမပုံေတြကို ႀကိဳထုတ္ ေလ့လာ သတိေပးႏိုင္မယ့္ဧရိယာ)ကို အၿမဲတမ္း ေစာင့္ ၾကည့္မယ့္အဖြဲ႕ တစ္ခု။ ေနာက္ထပ္ေရေဘးေတြထပ္ ျဖစ္လာရင္ ႀကိဳတင္ေရွာင္ရွားႏိုင္ၾကဖို႔ အခ်ိန္နဲ႔တစ္ ေျပးညီ သတိေပးႏိုင္တဲ့ Geospatial Information Authority of Myanmar ျမန္မာ့ ပထဝီနဲ႔အာကာသ သတင္းအခ်က္အလက္ အာဏာပိုင္အဖြဲ႕လို လြတ္လပ္ၿပီး ဥပေဒနဲ႔ညီၫြတ္တဲ့ ပညာရွင္ေတြစုစည္းႏိုင္ဖို႔ အခုရတဲ့အလႉေငြေတြကေန (၃)ရာခိုင္ႏႈန္းေလာက္ ေငြပေဒသာပင္ေလး စိုက္ထူထားဖို႔လိုမယ္ထင္ပါတယ္။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.