AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ

 427

သုတကျော် (NP News) - စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာနေရာများမှ အခြေအနေကို ပြည်မတွင်နေသူများ အသေးစိတ်သိရှိရန် ခက်လှသည်။ ဆက်သွယ်ရေး ပြတ်တောက်နေသောကြောင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ အခက်အခဲများကို တစုတ စည်းတည်း သိရန်မှာ မလွယ်လှပေ။ မိုးထိမြင့်သော ကုန်ဈေးနှုန်း၊ ဆေးဝါးရှားပါးမှု၊ လုံခြုံမှုစသည်ဖြင့် အခြေအနေ များနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းသိရှိထားသူ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးထံ The Statesman Journal မှ မေးမြန်းထားသည့် အချက်အလက်များအား NP News က ထုတ်နုတ်ဖော်ပြအပ်ပါသည်။

မေး - ရခိုင်ပြည်နယ်မှာ AA လက်အောက်က ဒေသတွေရဲ့ လက်ရှိ ကုန်သွယ်ရေး အခြေအနေကို သိရပါစေ။
ဖြေ - ခက်ခဲသွားတယ်။ အခုဘယ်လို ပြောရမလဲဆို သတင်းက လုံးဝအမှောင်ကျသွားတယ်။ အမှောင်ကျသွားတော့ တချို့ကတော့ အဆင်ပြေနေပြီ ဘာညာဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ တကယ် ဖုန်းအဆက်သွယ်ရတဲ့သူတွေကို မေးကြည့်တဲ့အခါ ကုန်သွယ်ရေးက ဘယ်လို ဖြစ်သွားလဲဆိုတော့ ဥပမာ ကျွန်တော် ပြောပြမယ်။ သံတွဲမြို့မှာ နံပါတ်တစ် အချက် ဖုန်းတစ်ခါခေါ်ဖို့ ငွေခြောက်သောင်းကုန်တယ်။ မြို့ထဲလိုနေရာက ဖုန်းဆက်လို့မရတော့ ဖုန်းခေါ်မယ့်နေရာ ဆိုတာ သံတွဲမြို့နဲ့ဆိုရင် ကျောက်ဖြူမော်ရွာတို့ ဆိုတာရှိတယ်။ ဆိုင်ကယ်နဲ့သွားရင် ဆိုင်ကယ်တစ်စီးဆိုရင် ဓာတ်ဆီ တစ်လီတာဘူး တစ်ဘူးက အသွားတစ်ခါ ၊ အပြန်တစ်ခါ ထည့်ရတယ်။ နှစ်လီတာပေါ့။ တစ်လီတာကို နှစ်သောင်းခွဲ ရှိ တယ်။ အသွားအပြန် ငါးသောင်းဗျ။ သွားတာနဲ့ စားတာ၊ သောက်တာနဲ့ ဖုန်းဘေလ် ဝယ်တာဆို ခြောက်သောင်းပဲ။ အဲဒီရွာရောက်ရင်တောင် ချက်ချင်း ခေါ်လို့မရသေးဘူး။ လူတွေများနေရင် လိုင်းမမိ တာရှိတော့ ကွင်းပြင်ကျယ်ကြီးကို ထွက်ခေါ်ရတယ်။ ဒီရာသီက မိုးရာသီဗျာ။ သိတဲ့အတိုင်းပဲ ကွင်းပြင်ကျယ်က မိုးကြိုးပစ်မှာ ကြောက်ရတယ်။ နောက် တစ်ခါ တောင်ကုန်းတွေပေါ် တက်ရတယ်ဗျာ။ တောင်ကုန်း အမြင့်ပေါ်တက်ပြောမှ လိုင်းမိတဲ့ အခြေအနေရှိတော့ ဖုန်းပြောပြီးတော့ ကုန်ပစ္စည်းရဖို့ အရေး ပြောရတာဆိုတော့ ပစ္စည်းရရင်တောင် ဈေးက အများကြီးတက်တာ။ ဒါက သံတွဲကို ဥပမာပေးပြီး ပြောတာပါ။ ကူးသန်းရောင်းဝယ်ရေး ကောင်း၊ မကောင်းကတော့ ဒီဟာ တစ်ခုတည်းကိုပဲ ကြည့်ရင်တောင် သိနိုင်ပါတယ်။

မေး - လျှပ်စစ်မီး အခြေအနေကကော ဘယ်လိုရှိပါသလဲ။ လျှပ်စစ်မီးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးက ဆက်စပ်နေ တာဆိုတော့ မြေပြင်မှာ ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ - လျှပ်စစ်မီးမရဘူး။ အခုထိ လျှပ်စစ်မီး မရတဲ့အတွက်ဖြစ်တဲ့ ပြဿနာက အလုပ်လုပ်တဲ့အပိုင်းမှာ ခက်ပြီပေါ့။ အခြေခံအကျဆုံးတွေခက်ပြီ။ လျှပ်စစ်မရှိ၊ နောက်တစ်ခုက ကုန်ပစ္စည်းက လမ်းကြောပိတ်ထားတယ်။ ပစ္စည်းက မရောက်။ နောက်တစ်ချက်က ရေကြီးတာတွေရှိတယ်။ ရေကြီးတော့ ကုန်ပစ္စည်း လိုလာတယ်။ ဆိုင်တွေထဲကို ရေတွေ ဝင်တယ်။ ရန်ကုန်ကလည်း ကုန်ပစ္စည်းမရောက်တဲ့အခါ ကုန်သွယ်ရေးက မလည်ပတ်ဘူး။ ဖုန်းတွေကလည်း မရဘူး ဖြစ်နေတာ။ နောက်တစ်ချက်က ပြောရရင် ငွေအလွှဲ၊ အပြောင်းလည်း ခက်တယ်။ ကျွန်တော်သိတာက ဒီမှာ ဘဏ်တွေ မရှိတော့ဘူး။ လုံခြုံရေး အခြေအနေကြောင့် ဘဏ်တွေကလည်း ကြောက်လန့်ပြီး ထွက်သွားတော့ ကျွန်တော် သိသ လောက်ဟာ ကြားတဲ့ဟာနော်။ ငွေလွှဲမယ်ဆိုရင် ရာခိုင်နှုန်း (၃၀) အထိ ဖြတ်တယ်။ (၃၀) နော် (၃) ရာခိုင်နှုန်းတောင် မဟုတ်ဘူး။ ကျွန်တော့်ဆီကနေ ငွေတစ်ထောင် လွှဲတယ်ဆို သုံးရာ ကျွန်တော်ယူတယ်။ ခုနစ်ရာပဲ ရောက်တာဗျ။ ဒါထားပါတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူတစ်ယောက်ရှိတယ်။ သူက ရန်ကုန်မှာရှိတယ်ဆိုရင် ကျွန်တော်က ယုံကြည် စိတ်ချစွာနဲ့လွှဲမှသာ ဖြတ်မရတာ။ အဆင့်ဆင့် လွှဲမယ်ဆိုရင် အဲ့ဒီလိုယူတယ်။ ယူတဲ့အပြင် ကျွန်တော် က ရန်ကုန်ကနေ လွှဲပေးတယ်ထားဦး။ ငါ့မှာတော့ K pay ရှိတယ်။ ယူမယ်ဆို ငါလွှဲပေးမယ်ဆိုရင် တောင် ထုတ်ပေးမယ့်သူမှာ အဲ့ဒီလောက် ငွေသား မရှိဘူး။ ငွေသားခန်းနေတယ်။ ပြီးတော့ ကျွန်တော်ရှေ့မှာ ပြောခဲ့သလို လျှပ်စစ်မီးမရှိတော့ ဖုန်းအားက အချိန်တိုင်းမရှိဘူး။ အဲဒီလိုဆိုတော့ နံပါတ်တစ်က ဘာထပ်ဖြစ်လဲ ဆိုတော့ ဖုန်းအားမရှိတော့ ဒီဂျစ်တယ် မန်းနီးက လည်း ပြဿနာတက်ပြန်ကော။ ဒီအချက်တွေကို ပေါင်းစုံပြီး စဉ်းစားရင် ဖြေပြီးသားတောင် ဖြစ်တယ်။ စီးပွားရေးက ဘယ်လိုလုပ် လည်ပတ်တော့မှာလဲ။

မေး - လက်ရှိမှာ ကျွန်တော်တို့သိရတဲ့ အနေအထားအရ ရခိုင်အတွက် ကုန်စည်တွေက အိန္ဒိယဘက်က ဝင်တယ်လို့ သိရတယ်။ နောက်တစ်ခုက ရန်ကုန်ကနေလည်း ဝင်တယ်နေလို့ သိရပါတယ်။ လက်ရှိအခက်အခဲတွေက ဘယ်လို ရှိပါသလဲ။ ရန်ကုန်က ကုန်စည်တွေဝင်ဖို့က လွယ်ရဲ့လား။
ဖြေ - ဘဏ်တွေကအစ မရဘူးဆိုရင် ရန်ကုန်က ကုန်စည်ဒိုင်တွေက တစ်ကြိမ် နှစ်ကြိမ်ထက် ဘယ် သူမှ ပိုမချပေးဘူး။ အဲ့ဒီလိုဟာတွေကြောင့်ပါ။ ကုန် ပစ္စည်း ဈေးနှုန်းက အရမ်းတက်တာ ဆိုတော့ ဟို ဘက်က လူတွေကလည်း ဝယ်စားဖို့က အရမ်း ခက်တယ်။

မေး - ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဖြေ - သက်ရောက်မှု ကြီးတယ်။ ဒီ လူတွေအားလုံး ငွေလိုနေတာ ရှိတယ်။ ငွေကြေး ဖောင်းပွမှုကလည်း ခုနကရှေ့မှာ ပြောတဲ့ရာခိုင်နှုန်း ဖြတ်တောက်တာနဲ့ ပေါင်းရင် ကုန်ဈေးနှုန်းက ဒီမှာ တစ်ဆဆို ဟိုမှာက နှစ်ဆလောက် မြင့်တက် နေတာ။ မြင့်တက်နေတော့ အကျိုးသက်ရောက်မှုက ပြည်သူက လက်ထဲမှာ ငွေသား ရှားပါးလာတယ်၊ ဘဏ်လိုဟာမျိုး မရှိဘူး။ နောက်တစ်ချက်က လိုချင်တဲ့ ပစ္စည်းတိုင်းကို ဝယ်လို့ မရဘူး။ နောက်တစ်ခုက ကိုယ်က ရခိုင်က ဖြစ်တယ် ဆိုရင် စစ်ဆေးမေးမြန်းတာလည်း များလာတယ်။ စိတ်မချတဲ့သူကို ပြန်လွှတ်တာတောင် ရှိလာတယ်။ ဒါကြောင့် သူတို့ အတွက် နောက်ဆုံး ဝယ်လို့ရရင် တောင် ရေနံ့သာ လောက်က ပစ္စည်းတွေတွေ့သမျှ ဝယ်၊ ဝယ်ပြီးရင် ပြန်ပေါ့။ ရေနံ့သာနဲ့ နီးတဲ့သူ တွေက ဂွမြို့တို့၊ သံတွဲမြို့တို့ကို လာပြီး ပြန်ရောက်တာရှိတယ်။ အဲ့ဒီမှာတင် ခရီးစရိတ် ဘာညာက မြင့်တက်နေပြီလေ။ ဒါက ဥပမာပေါ့။ သက်ရောက်မှုက ကြီး သွားတာပေါ့။ အခုက ပါးစပ်က ဈေးပဲ ဖြစ်သွားတာ။ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်သွားတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်း ထွက်တယ်ဆိုရင်လည်း ဖြုန်းမယ့်သူ လိုတာလေ။ အခုဒေသက ထွက်တယ်ပဲ ထား ဖြုန်းမယ့်သူ မရှိဘူး။ ဒေသကထွက်တာကို မှီတင်းပြီးတော့ စားနေကြတာပေါ့။ တချို့နေရာတွေမှာက လေယာဉ် တွေ လာတာလည်း ရှိသေးတယ်လေ။ စိုးရိမ်ထိတ် လန့်မှုတစ်ဝက်ရယ် ကုန်ပစ္စည်းစီးဆင်းမှုမရှိတဲ့အတွက် ဝယ်စားလို့မရ တာ အများကြီးရှိတယ်။ ဝယ်မယ် ပိုက်ဆံသုံးမယ်ဆိုရင် အနည်းဆုံးနှစ်ဆပဲ။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်း အခြေ အနေက ကြည့်ရင် ရောင်းတဲ့သူကလည်း ဈေးကို တင်ချင်သလို တင်တယ်။ ဈေးက မှန်းဆလို့ မရဘူး။ ရွာတွေမှာ ဆိုရင် နွားရှိရင်နွားပေါ်စား၊ ကြက်ရှိရင်ကြက်ပေါ်စား၊ ရာသီအလိုက်ပေါ်တဲ့ အသီးအရွက်ကိုစားနေတာကပဲ လည်ပတ်မှု လို့ ပြောရမယ်။ ဒါက အရောင်းအဝယ် မဟုတ်ဘူး။ ကိုယ့်ဒေသမှာ ထွက်တာရယ်၊ မွေးမြူတာရယ်ကို စားတာလေ။ အရောင်း အဝယ်ကတော့ ခန်းသလောက် ဖြစ်နေပြီ။

မေး - ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA ရဲ့ အရပ် ဘက် အုပ်ချုပ်ရေး အောင်မြင်တယ်ထင်လား။
ဖြေ - ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အုပ်ချုပ်မှု အောင်မြင်သလားလို့ မေးရင် ရခိုင်မြောက်ပိုင်းက လူတွေ မင်းဘူးဘက်ကို ရသလောက် ပြေးနေလဲဆိုတာပဲ မေးတော့မယ်။ သူတို့ဘက်က ရန်ကုန်ကို တက်လာဖို့ မလွယ်ဘူး။ မင်းဘူးကနေ အဆင်ပြေ တာကိုသွား။ ‘‘မင်းဘူးမှာ မနေနိုင်ရင် စေတုတ္တရာတို့ ငဖဲတို့ ဆင်ဖြူကျွန်းဘက်ကို ဆင်းပြီးနေမယ်။ ဘာ ကြောင့်လဲဆိုတော့ ရန်ကုန်ရဲ့ စရိတ်ကို ငါတို့မတတ်နိုင်ဘူး အဲဒီလိုတွေ ပြောကြတယ်။ ကားရတဲ့သူက ကားနဲ့တချို့က လည်း တောကိုဖြတ်ပြီးတော့ သွားကြတယ်ပြောတယ်။ အဲဒီလိုသွားတော့ မင်းဘူးကို တည်ပြီးတော့ သွားတယ်တဲ့။ ရောက်ရင် မင်းဘူးမှာ နေလို့ရလား ကြည့်တယ်။ မရရင် မကွေးမှာတော့ ရပ်ကွက်တွေ ရှိတယ်။ အဲဒီလိုဟာမျိုးတွေမှာ နေလို့ မရတော့ဘူးဆိုရင် လိုင်းကားတွေနဲ့ စေတုတ္တရာတို့ ဘက်ထွက်သွားတယ်။ သူတို့အုပ်ချုပ်တာ အောင်မြင်တာ၊ မအောင်မြင်တာကို အဲဒါနဲ့ တွက်လို့ရတယ်။ သူတို့ဆီကနေ တဖွဲဖွဲထွက်နေတာပဲ။ ဒါပေမဲ့ သတင်းသည် သူတို့ ဘက်မှာ လည်း အမှောင်ကျနေတယ်။ လေယာဉ် လက်မှတ်ပဲကြည့်။ စစ်တွေကို လေယာဉ်ကွင်းဆင်းတယ်သာပြောတာ လေယာဉ်လက်မှတ်ကို ဘယ်နှယောက်က (ရခိုင်မှာ) ဆင်းတယ် ကြားသေးလို့လဲ။ ဘယ်နှယောက် ဝယ်စီးတယ် ကြားလို့ လဲ။ အုပ်ချုပ်ရေးစနစ်ကို ကြိုက်တာ၊ မကြိုက်တာ သူတို့ ပြောခွင့်မရှိဘူး။ ဘယ်နေရာ လုံခြုံမလဲဆိုတာ ပြေးနေရတယ်။ အားလုံးက အုပ်ချုပ်တဲ့စနစ်က အသက်ဝင်တယ်လို့ ပြောလို့မရဘူး။ ရမ်းဗြဲ ဆိုရင် ပြိုသွားတာကိုး။ အခုချိန်အထိ ရမ်းဗြဲသတင်း ဘာမှမကြားဘူး။ အဲဒီက လူတွေ တောင် ဖုန်းအဆက်သွယ် မရတာအများကြီးပဲ။ နီးစပ် တဲ့သူတွေကို မေးကြည်လိုက်တော့လည်း မြို့က အဲ့ဒီ အတိုင်းပဲ ပျက်တုန်းပဲ။ သူက ဆရာလား ကိုယ်က ဆရာလား မသိဖြစ်နေတာကို သူတို့ပြောလို့ ကျွန် တော်တို့ ကြားရတယ်လေ။

မေး - သူတို့ အုပ်ချုပ်ရေးမှာ ဘယ်သူ့ ဆရာခေါ်ရမှန်း မသိ ဖြစ်နေတာလား။
ဖြေ - ဆရာများနေတာ။ သူတို့ (AA)အုပ်ချုပ်ရေးမှာ သူတို့ ကိုယ်တိုင်ကိုက သူတို့နဲ့ အဆင်ပြေတဲ့သူကို ရွာမှာ အုပ်ချုပ်ရေးဖွဲ့ပြီး တင်ပေးခဲ့တာ ရှိတယ်။ မြို့မှာ ကျတော့လည်း ခွာသွားကြတယ်ဗျာ။ အဲဒီတော့ ရှိတဲ့သူ ဆွဲထည့်တာ။ ကောင်းတဲ့သူ ပါရင်ကောင်း၊ မကောင်းတဲ့သူ ပါရင်တော့ မကောင်း အများကြီး ဖြစ် နေတာ။ မကောင်းတဲ့သူတွေ ပါတဲ့မြို့ ဆိုရင်လည်း မကောင်းတာ အများကြီးပဲတဲ့။ ခံရတဲ့ ဖြစ်စဉ်တွေပေါ့။ အိမ်ကနေ ဘယ်လောက် ပေးရမယ်ဆိုပြီး လာ ကောက်တာတွေလည်း ရှိတယ်လို့ ပြောတယ်။

မေး - ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည် ထူထောင်ရေးက မြန်မြန် အကောင်အထည် ဖော်နိုင်မယ် ထင်လား။
ဖြေ - အစ်ကိုလည်း အများကြီး ဖြတ်သန်းခဲ့တာပဲ။ ကျွန်တော်တို့တွေလည်း ဖြတ်သန်းခဲ့တဲ့ ကာလ တစ် ခု ရှိတာပဲလေ။ ဒီကာလတွေမှာ ရေတိုနဲ့ တည်ထောင်တဲ့ ဥစ္စာအားလုံးက လက်ပူတိုက်လို့ပဲ ရတာလေ။ အစ်ကိုလည်း အများကြီး မြင်ခဲ့ဖူးတာပဲ။ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး လုပ်ကြတယ်။ တစ် ဖက်နဲ့ တစ်ဖက် အပစ်ခတ်ရပ်သွားပြီ လုံးဝ မရှိတော့ ဘူး ဆိုရင်လည်း အဲ့ဒီလူတွေ လုံးဝ ငြိမ်းချမ်းသွားတာ ငါးနှစ်လောက်ပဲ မြင်ဖူးတယ်။ ပြီးရင် သူတို့ဘာသာ ပြန်ချကြရင် ပြန်ပြိုတာပဲလေ။ ပြန်ထိကြတာပဲ။ ဒီ နေရာကို တော်ကြာ ပြန်လည် ထူထောင်ရေး လုပ် မယ်ဆိုရင်လည်း အခု ဟာတွေက ရေတိုပဲ မြင်တယ်။ ပြီးတော့ စနစ်အသက်ဝင်ဖို့အတွက် အုပ်ချုပ်ရေး ယန္တရား အသက်ဝင်ဖို့ အတွက်က ပြည်နယ် အနေနဲ့ ဆို အများကြီး လုပ်ရမှာ။ အခု ကျွန်တော်တို့ကြားက တစ်မြို့စီတောင် ရမ်းဗြဲမှာ တစ်နည်းဆို ကျန်တဲ့ မြောက်ဦး၊ သံတွဲ စသည်ဖြင့် မြို့တွေမှာ တစ်နည်း အုပ်ချုပ်ရေးက အဲ့ဒီလို မြို့တွေမှာ နည်းတွေက မတူ ကြဘူး။ အဲဒါက စနစ်ကြီးတစ်ခု အသက်ဝင်တာ မဟုတ်ဘူး။ အုပ်ချုပ်ရေး တစ်ခု အသက်ဝင်တာ မဟုတ်ဘူး။ ဘာပဲ မြင်လဲဆိုရင် မြို့ပြ အုပ်ချုပ်ရေးလို့ မြင်တယ်။ မြို့ပြ အုပ်ချုပ်ရေး စနစ်ပေါ့ ဒီမြို့ကိုသွားရင် ဒီပေါ်လစီ အဲဒီလိုမျိုးတွေပဲ အဖြစ်များတယ်။ တချို့မြို့တွေကျတော့လည်း ငါတို့မြို့က ကောင်းတယ်။ ဆက်ကြေးကောက်တာလည်း မရှိဘူးပြောတယ်။ တချို့မြို့ကျ တော့လည်း ငါတို့ကျ တစ်အိမ်ဘယ်လောက်ပေးနေရတယ်လို့ ပြောတယ်။ သူတို့အချင်းချင်းကြားထဲမှာကို ကွဲနေတာ တွေက အများကြီးဖြစ်နေတာ။ အဲ့ဒီလိုဆိုတော့ အုပ်ချုပ်ရေး စနစ်က တစ်မြို့နဲ့ တစ်မြို့ မတူဘူး။ လက်ပူတိုက်လို့ ကုန် သွယ်ရေး အထိုင်ကျရင်တောင် ဒါတွေကို မပျက်စီးဖို့အတွက် အာမခံပေးချက်ပေးမလဲပေါ့။ ငါတို့ဆီ စီးပွားရေး လာလုပ် ပါ’’ မတိုက်အောင် အာမခံချက် ပေးမယ်ဆိုတာမျိုးကတော့ လိုဦးမယ်။ ကျွန်တော် ကြားသလောက်ကတော့ တစ်ရွာ တစ်ပုဒ်စီ ဖြစ်နေတယ်။

မေး - AA ပြောနေတဲ့ Confederate ဆိုတာ ရခိုင်ပြည်နယ်မှာ အလုပ်ဖြစ်မယ်ထင်လား။
ဖြေ - အခု တိုက်ပွဲဖြစ်တဲ့အထဲမှာ ရခိုင်တစ်ခုတည်း Confederate လို့ ပြောတယ်။ ကျန်တဲ့သူတွေကတော့ ဖက်ဒရယ်လို့ ပြောနေတယ်။ အဓိကတော့ Confederate ဆိုတာ ဝ ကို အားကျတယ်ဆိုတာက လူတစ်ယောက် ဆိုပါတော့။ ကျွန်တော် က အစ်ကို့ကို အားကျတယ်ဆိုရင် အစ်ကိုလုပ်ထားသလောက်ရဲ့ လေးပုံသုံးပုံက ကျွန်တော့်ဆီရှိသလားဆိုတာ တွေး ရမှာ။ အဲဒီမှာ ဝ ရှိတာရဲ့ လေးပုံသုံးပုံရှိသလား မေးရမယ်။ နံပါတ်တစ် လက်နက်၊ နံပါတ်နှစ် တပ်သားအင်အား၊ နံပါတ်သုံး ပြန်လည်ထူထောင်မယ့်ဟာ၊ နံပါတ်သုံးနောက်ကနေ ပံ့ပိုးမယ့်နိုင်ငံ။ ပြီးတော့ လိုအပ်လာတဲ့ ငွေကြေးကို အာမခံချက်ထားလို့ ရမယ့်နေရာ။ နောက်မြို့တော်။ ‘ဝ’ မူကို ယူတာသည် ကျွန်တော်ပြောတာက သူ့ တိုးတက်နေတာက တပိုင်းပေါ့။ ‘ဝ’ မူထဲက မကောင်းတာတွေလည်း ပါတယ်လေ။ လောင်းကစားတွေလည်း အများကြီး။ တခြားဟာတွေလည်း အများကြီးလေ။ ဒီထဲက ငွေဝင်တယ်လေ။ ဒါဆိုရင် ရခိုင်ထဲအပျက်ခံပြီး ဒါမျိုးလုပ်မလားပေါ့။ ငွေရှာတဲ့ တစ်ခုခုကို စိုက်ရတော့ မယ်လေ။ ဒါဆို ဘိန်းစိုက်မလား မေးရတော့ မယ်။ ကျွန်တော်တို့ဆီမှာက ရေထွက်ပစ္စည်းပဲရှိတာ။ စိုက်ပျိုးရေး ဆိုလည်း ဧရာဝတီတို့နဲ့ ယှဉ်ရင်တောင် အထွက်နှုန်းက အဝေးမှာလေ။ ခရီးသွားကျတော့လည်း ငပလီတို့ မြောက်ဦးတို့ စစ်တွေတို့ နေရာတွေကနေ ဝင်ငွေ ရတာပဲ ရှိတာလေ။ ခရီးသွားနဲ့ ရေထွက်ပစ္စည်းက ဝင်ငွေ အဲဒီလောက်ရဖို့ မရှိဘူးလေ။ ကျွန်တော်တို့ ပစ္စည်းကို ဝယ်မယ့်နိုင်ငံက ရှိဦးမှ။ လာမယ့် ဧည့်သည်က ရှိဦးမှလေ။ သူတို့ကတော့ ဝ မူကို သွားမယ်ဆိုရင် ဝင်ငွေရလမ်း ဘယ်ကရမလဲ။ ဝ သည် မျိုးရိုး စဉ်ဆက် တစ်ပါတီ အာဏာရှင်စနစ် သွားတာ။ အဲဒီမူကို လုံးဝယူပြီး သွားမလား။ ရခိုင်ပုံစံသည် အစတည်းက ကျွန်းပိုင်း ရှိတယ်၊ တောင်ပိုင်းရှိတယ်၊ မြောက်ပိုင်းရှိတယ်။ ကွဲနေတာလေ။ အဲဒါအားလုံး ပေါင်းဖို့ ဒီစနစ်က အသုံးဝင်ပါ့မလားပေါ့။ အဖြေရှာ ရမယ်ထင်တယ်။ Confederate အဖြစ် ခွဲထွက်ပြီး ပြည်နယ်ထဲ ဖက်ဒရယ် မူ ပြန်သွားမလားပေါ့။ သံတွဲ၊ တောင်ကုတ်ဘက်မှာ ဘယ်လိုပုံစံ သွားမယ်၊ ကျွန်း ပိုင်းကို ဘယ်လိုသွားမယ်၊ ဗဟိုက ဘယ်လို ပြန်ချုပ် မယ် အဲဒီစနစ်က အဆင်ပြေမလားပေါ့။ ဝ လိုပဲ သွားမယ်ဆို အာဏာရှင်လက်အောက်ပဲလေ။ ဝ ရဲ့ နေရာမှာ အမိန့်ပဲရှိတာလေ။ တချို့ဟာဆို လူတွေ ရှေ့မှာတင် လူလယ်ကောင်မှာ လက်ပြန်တုပ်ပြီး ပစ် သတ်ချင် သတ်မှာလေ။ ဘယ်လို အာမခံချက်နဲ့ သွား မလဲပေါ့။ ဖက်ဒရယ်ကိုပဲ ကျွန်တော်တို့က အားပေးတယ်။ အပြင်နဲ့သွားပြီး အဆက်အစပ် လုပ်လို့ ရတယ်လေ။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
AA လက္ေအာက္ေရာက္ ရခိုင္ၿမိဳ႕ေတြမွာ ဘာေတြျဖစ္ေနလဲ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၆

ရခိုင္ျပည္နယ္ရွိ AA ထိန္းခ်ဳပ္ရာေနရာမ်ားမွ အေျခအေနကို ျပည္မတြင္ေနသူမ်ား အေသးစိတ္သိရွိရန္ ခက္လွသည္။ ဆက္သြယ္ေရး ျပတ္ေတာက္ေနေသာေၾကာင့္ ရခိုင္ျပည္နယ္မွ ျပည္သူမ်ား၏ အခက္အခဲမ်ားကို တစုတ စည္းတည္း သိရန္မွာ မလြယ္လွေပ။ မိုးထိျမင့္ေသာ ကုန္ေဈးႏႈန္း၊ ေဆးဝါးရွားပါးမႈ၊ လုံၿခဳံမႈစသည္ျဖင့္ အေျခအေန မ်ားႏွင့္ပတ္သက္၍ အေသးစိတ္ေမးျမန္းသိရွိထားသူ ရခိုင္တိုင္းရင္းသား သတင္းရင္းျမစ္တစ္ဦးထံ The Statesman Journal မွ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအား NP News က ထုတ္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ရခိုင္ျပည္နယ္မွာ AA လက္ေအာက္က ေဒသေတြရဲ႕ လက္ရွိ ကုန္သြယ္ေရး အေျခအေနကို သိရပါေစ။
ေျဖ - ခက္ခဲသြားတယ္။ အခုဘယ္လို ေျပာရမလဲဆို သတင္းက လုံးဝအေမွာင္က်သြားတယ္။ အေမွာင္က်သြားေတာ့ တခ်ိဳ႕ကေတာ့ အဆင္ေျပေနၿပီ ဘာညာဆိုၿပီး ေျပာၾကတယ္။ ဒါေပမဲ့ တကယ္ ဖုန္းအဆက္သြယ္ရတဲ့သူေတြကို ေမးၾကည့္တဲ့အခါ ကုန္သြယ္ေရးက ဘယ္လို ျဖစ္သြားလဲဆိုေတာ့ ဥပမာ ကြၽန္ေတာ္ ေျပာျပမယ္။ သံတြဲၿမိဳ႕မွာ နံပါတ္တစ္ အခ်က္ ဖုန္းတစ္ခါေခၚဖို႔ ေငြေျခာက္ေသာင္းကုန္တယ္။ ၿမိဳ႕ထဲလိုေနရာက ဖုန္းဆက္လို႔မရေတာ့ ဖုန္းေခၚမယ့္ေနရာ ဆိုတာ သံတြဲၿမိဳ႕နဲ႔ဆိုရင္ ေက်ာက္ျဖဴေမာ္႐ြာတို႔ ဆိုတာရွိတယ္။ ဆိုင္ကယ္နဲ႔သြားရင္ ဆိုင္ကယ္တစ္စီးဆိုရင္ ဓာတ္ဆီ တစ္လီတာဘူး တစ္ဘူးက အသြားတစ္ခါ ၊ အျပန္တစ္ခါ ထည့္ရတယ္။ ႏွစ္လီတာေပါ့။ တစ္လီတာကို ႏွစ္ေသာင္းခြဲ ရွိ တယ္။ အသြားအျပန္ ငါးေသာင္းဗ်။ သြားတာနဲ႔ စားတာ၊ ေသာက္တာနဲ႔ ဖုန္းေဘလ္ ဝယ္တာဆို ေျခာက္ေသာင္းပဲ။ အဲဒီ႐ြာေရာက္ရင္ေတာင္ ခ်က္ခ်င္း ေခၚလို႔မရေသးဘူး။ လူေတြမ်ားေနရင္ လိုင္းမမိ တာရွိေတာ့ ကြင္းျပင္က်ယ္ႀကီးကို ထြက္ေခၚရတယ္။ ဒီရာသီက မိုးရာသီဗ်ာ။ သိတဲ့အတိုင္းပဲ ကြင္းျပင္က်ယ္က မိုးႀကိဳးပစ္မွာ ေၾကာက္ရတယ္။ ေနာက္ တစ္ခါ ေတာင္ကုန္းေတြေပၚ တက္ရတယ္ဗ်ာ။ ေတာင္ကုန္း အျမင့္ေပၚတက္ေျပာမွ လိုင္းမိတဲ့ အေျခအေနရွိေတာ့ ဖုန္းေျပာၿပီးေတာ့ ကုန္ပစၥည္းရဖို႔ အေရး ေျပာရတာဆိုေတာ့ ပစၥည္းရရင္ေတာင္ ေဈးက အမ်ားႀကီးတက္တာ။ ဒါက သံတြဲကို ဥပမာေပးၿပီး ေျပာတာပါ။ ကူးသန္းေရာင္းဝယ္ေရး ေကာင္း၊ မေကာင္းကေတာ့ ဒီဟာ တစ္ခုတည္းကိုပဲ ၾကည့္ရင္ေတာင္ သိႏိုင္ပါတယ္။

ေမး - လွ်ပ္စစ္မီး အေျခအေနကေကာ ဘယ္လိုရွိပါသလဲ။ လွ်ပ္စစ္မီးနဲ႔ စီးပြားေရး၊ ကုန္သြယ္ေရးက ဆက္စပ္ေန တာဆိုေတာ့ ေျမျပင္မွာ ဘယ္လို အေျခအေနရွိပါသလဲ။
ေျဖ - လွ်ပ္စစ္မီးမရဘူး။ အခုထိ လွ်ပ္စစ္မီး မရတဲ့အတြက္ျဖစ္တဲ့ ျပႆနာက အလုပ္လုပ္တဲ့အပိုင္းမွာ ခက္ၿပီေပါ့။ အေျခခံအက်ဆုံးေတြခက္ၿပီ။ လွ်ပ္စစ္မရွိ၊ ေနာက္တစ္ခုက ကုန္ပစၥည္းက လမ္းေၾကာပိတ္ထားတယ္။ ပစၥည္းက မေရာက္။ ေနာက္တစ္ခ်က္က ေရႀကီးတာေတြရွိတယ္။ ေရႀကီးေတာ့ ကုန္ပစၥည္း လိုလာတယ္။ ဆိုင္ေတြထဲကို ေရေတြ ဝင္တယ္။ ရန္ကုန္ကလည္း ကုန္ပစၥည္းမေရာက္တဲ့အခါ ကုန္သြယ္ေရးက မလည္ပတ္ဘူး။ ဖုန္းေတြကလည္း မရဘူး ျဖစ္ေနတာ။ ေနာက္တစ္ခ်က္က ေျပာရရင္ ေငြအလႊဲ၊ အေျပာင္းလည္း ခက္တယ္။ ကြၽန္ေတာ္သိတာက ဒီမွာ ဘဏ္ေတြ မရွိေတာ့ဘူး။ လုံၿခဳံေရး အေျခအေနေၾကာင့္ ဘဏ္ေတြကလည္း ေၾကာက္လန႔္ၿပီး ထြက္သြားေတာ့ ကြၽန္ေတာ္ သိသ ေလာက္ဟာ ၾကားတဲ့ဟာေနာ္။ ေငြလႊဲမယ္ဆိုရင္ ရာခိုင္ႏႈန္း (၃၀) အထိ ျဖတ္တယ္။ (၃၀) ေနာ္ (၃) ရာခိုင္ႏႈန္းေတာင္ မဟုတ္ဘူး။ ကြၽန္ေတာ့္ဆီကေန ေငြတစ္ေထာင္ လႊဲတယ္ဆို သုံးရာ ကြၽန္ေတာ္ယူတယ္။ ခုနစ္ရာပဲ ေရာက္တာဗ်။ ဒါထားပါေတာ့ ကြၽန္ေတာ္နဲ႔ ရင္းႏွီးတဲ့ သူတစ္ေယာက္ရွိတယ္။ သူက ရန္ကုန္မွာရွိတယ္ဆိုရင္ ကြၽန္ေတာ္က ယုံၾကည္ စိတ္ခ်စြာနဲ႔လႊဲမွသာ ျဖတ္မရတာ။ အဆင့္ဆင့္ လႊဲမယ္ဆိုရင္ အဲ့ဒီလိုယူတယ္။ ယူတဲ့အျပင္ ကြၽန္ေတာ္ က ရန္ကုန္ကေန လႊဲေပးတယ္ထားဦး။ ငါ့မွာေတာ့ K pay ရွိတယ္။ ယူမယ္ဆို ငါလႊဲေပးမယ္ဆိုရင္ ေတာင္ ထုတ္ေပးမယ့္သူမွာ အဲ့ဒီေလာက္ ေငြသား မရွိဘူး။ ေငြသားခန္းေနတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ေရွ႕မွာ ေျပာခဲ့သလို လွ်ပ္စစ္မီးမရွိေတာ့ ဖုန္းအားက အခ်ိန္တိုင္းမရွိဘူး။ အဲဒီလိုဆိုေတာ့ နံပါတ္တစ္က ဘာထပ္ျဖစ္လဲ ဆိုေတာ့ ဖုန္းအားမရွိေတာ့ ဒီဂ်စ္တယ္ မန္းနီးက လည္း ျပႆနာတက္ျပန္ေကာ။ ဒီအခ်က္ေတြကို ေပါင္းစုံၿပီး စဥ္းစားရင္ ေျဖၿပီးသားေတာင္ ျဖစ္တယ္။ စီးပြားေရးက ဘယ္လိုလုပ္ လည္ပတ္ေတာ့မွာလဲ။

ေမး - လက္ရွိမွာ ကြၽန္ေတာ္တို႔သိရတဲ့ အေနအထားအရ ရခိုင္အတြက္ ကုန္စည္ေတြက အိႏၵိယဘက္က ဝင္တယ္လို႔ သိရတယ္။ ေနာက္တစ္ခုက ရန္ကုန္ကေနလည္း ဝင္တယ္ေနလို႔ သိရပါတယ္။ လက္ရွိအခက္အခဲေတြက ဘယ္လို ရွိပါသလဲ။ ရန္ကုန္က ကုန္စည္ေတြဝင္ဖို႔က လြယ္ရဲ႕လား။
ေျဖ - ဘဏ္ေတြကအစ မရဘူးဆိုရင္ ရန္ကုန္က ကုန္စည္ဒိုင္ေတြက တစ္ႀကိမ္ ႏွစ္ႀကိမ္ထက္ ဘယ္ သူမွ ပိုမခ်ေပးဘူး။ အဲ့ဒီလိုဟာေတြေၾကာင့္ပါ။ ကုန္ ပစၥည္း ေဈးႏႈန္းက အရမ္းတက္တာ ဆိုေတာ့ ဟို ဘက္က လူေတြကလည္း ဝယ္စားဖို႔က အရမ္း ခက္တယ္။

ေမး - ကုန္ေဈးႏႈန္း ႀကီးျမင့္တာဟာ ရခိုင္ျပည္နယ္က ျပည္သူေတြအတြက္ ဘယ္လို အခက္အခဲေတြ ရွိပါသလဲ။
ေျဖ - သက္ေရာက္မႈ ႀကီးတယ္။ ဒီ လူေတြအားလုံး ေငြလိုေနတာ ရွိတယ္။ ေငြေၾကး ေဖာင္းပြမႈကလည္း ခုနကေရွ႕မွာ ေျပာတဲ့ရာခိုင္ႏႈန္း ျဖတ္ေတာက္တာနဲ႔ ေပါင္းရင္ ကုန္ေဈးႏႈန္းက ဒီမွာ တစ္ဆဆို ဟိုမွာက ႏွစ္ဆေလာက္ ျမင့္တက္ ေနတာ။ ျမင့္တက္ေနေတာ့ အက်ိဳးသက္ေရာက္မႈက ျပည္သူက လက္ထဲမွာ ေငြသား ရွားပါးလာတယ္၊ ဘဏ္လိုဟာမ်ိဳး မရွိဘူး။ ေနာက္တစ္ခ်က္က လိုခ်င္တဲ့ ပစၥည္းတိုင္းကို ဝယ္လို႔ မရဘူး။ ေနာက္တစ္ခုက ကိုယ္က ရခိုင္က ျဖစ္တယ္ ဆိုရင္ စစ္ေဆးေမးျမန္းတာလည္း မ်ားလာတယ္။ စိတ္မခ်တဲ့သူကို ျပန္လႊတ္တာေတာင္ ရွိလာတယ္။ ဒါေၾကာင့္ သူတို႔ အတြက္ ေနာက္ဆုံး ဝယ္လို႔ရရင္ ေတာင္ ေရနံ႔သာ ေလာက္က ပစၥည္းေတြေတြ႕သမွ် ဝယ္၊ ဝယ္ၿပီးရင္ ျပန္ေပါ့။ ေရနံ႔သာနဲ႔ နီးတဲ့သူ ေတြက ဂြၿမိဳ႕တို႔၊ သံတြဲၿမိဳ႕တို႔ကို လာၿပီး ျပန္ေရာက္တာရွိတယ္။ အဲ့ဒီမွာတင္ ခရီးစရိတ္ ဘာညာက ျမင့္တက္ေနၿပီေလ။ ဒါက ဥပမာေပါ့။ သက္ေရာက္မႈက ႀကီး သြားတာေပါ့။ အခုက ပါးစပ္က ေဈးပဲ ျဖစ္သြားတာ။ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ ျဖစ္သြားတယ္။ ကြၽန္ေတာ္တို႔ ကုန္ပစၥည္း ထြက္တယ္ဆိုရင္လည္း ျဖဳန္းမယ့္သူ လိုတာေလ။ အခုေဒသက ထြက္တယ္ပဲ ထား ျဖဳန္းမယ့္သူ မရွိဘူး။ ေဒသကထြက္တာကို မွီတင္းၿပီးေတာ့ စားေနၾကတာေပါ့။ တခ်ိဳ႕ေနရာေတြမွာက ေလယာဥ္ ေတြ လာတာလည္း ရွိေသးတယ္ေလ။ စိုးရိမ္ထိတ္ လန႔္မႈတစ္ဝက္ရယ္ ကုန္ပစၥည္းစီးဆင္းမႈမရွိတဲ့အတြက္ ဝယ္စားလို႔မရ တာ အမ်ားႀကီးရွိတယ္။ ဝယ္မယ္ ပိုက္ဆံသုံးမယ္ဆိုရင္ အနည္းဆုံးႏွစ္ဆပဲ။ အခုလက္ရွိ ရခိုင္ျပည္နယ္မွာ ကုန္ေဈးႏႈန္း အေျခ အေနက ၾကည့္ရင္ ေရာင္းတဲ့သူကလည္း ေဈးကို တင္ခ်င္သလို တင္တယ္။ ေဈးက မွန္းဆလို႔ မရဘူး။ ႐ြာေတြမွာ ဆိုရင္ ႏြားရွိရင္ႏြားေပၚစား၊ ၾကက္ရွိရင္ၾကက္ေပၚစား၊ ရာသီအလိုက္ေပၚတဲ့ အသီးအ႐ြက္ကိုစားေနတာကပဲ လည္ပတ္မႈ လို႔ ေျပာရမယ္။ ဒါက အေရာင္းအဝယ္ မဟုတ္ဘူး။ ကိုယ့္ေဒသမွာ ထြက္တာရယ္၊ ေမြးျမဴတာရယ္ကို စားတာေလ။ အေရာင္း အဝယ္ကေတာ့ ခန္းသေလာက္ ျဖစ္ေနၿပီ။

ေမး - ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ AA ရဲ႕ အရပ္ ဘက္ အုပ္ခ်ဳပ္ေရး ေအာင္ျမင္တယ္ထင္လား။
ေျဖ - ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ အုပ္ခ်ဳပ္မႈ ေအာင္ျမင္သလားလို႔ ေမးရင္ ရခိုင္ေျမာက္ပိုင္းက လူေတြ မင္းဘူးဘက္ကို ရသေလာက္ ေျပးေနလဲဆိုတာပဲ ေမးေတာ့မယ္။ သူတို႔ဘက္က ရန္ကုန္ကို တက္လာဖို႔ မလြယ္ဘူး။ မင္းဘူးကေန အဆင္ေျပ တာကိုသြား။ ‘‘မင္းဘူးမွာ မေနႏိုင္ရင္ ေစတုတၱရာတို႔ ငဖဲတို႔ ဆင္ျဖဴကြၽန္းဘက္ကို ဆင္းၿပီးေနမယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ ရန္ကုန္ရဲ႕ စရိတ္ကို ငါတို႔မတတ္ႏိုင္ဘူး အဲဒီလိုေတြ ေျပာၾကတယ္။ ကားရတဲ့သူက ကားနဲ႔တခ်ိဳ႕က လည္း ေတာကိုျဖတ္ၿပီးေတာ့ သြားၾကတယ္ေျပာတယ္။ အဲဒီလိုသြားေတာ့ မင္းဘူးကို တည္ၿပီးေတာ့ သြားတယ္တဲ့။ ေရာက္ရင္ မင္းဘူးမွာ ေနလို႔ရလား ၾကည့္တယ္။ မရရင္ မေကြးမွာေတာ့ ရပ္ကြက္ေတြ ရွိတယ္။ အဲဒီလိုဟာမ်ိဳးေတြမွာ ေနလို႔ မရေတာ့ဘူးဆိုရင္ လိုင္းကားေတြနဲ႔ ေစတုတၱရာတို႔ ဘက္ထြက္သြားတယ္။ သူတို႔အုပ္ခ်ဳပ္တာ ေအာင္ျမင္တာ၊ မေအာင္ျမင္တာကို အဲဒါနဲ႔ တြက္လို႔ရတယ္။ သူတို႔ဆီကေန တဖြဲဖြဲထြက္ေနတာပဲ။ ဒါေပမဲ့ သတင္းသည္ သူတို႔ ဘက္မွာ လည္း အေမွာင္က်ေနတယ္။ ေလယာဥ္ လက္မွတ္ပဲၾကည့္။ စစ္ေတြကို ေလယာဥ္ကြင္းဆင္းတယ္သာေျပာတာ ေလယာဥ္လက္မွတ္ကို ဘယ္ႏွေယာက္က (ရခိုင္မွာ) ဆင္းတယ္ ၾကားေသးလို႔လဲ။ ဘယ္ႏွေယာက္ ဝယ္စီးတယ္ ၾကားလို႔ လဲ။ အုပ္ခ်ဳပ္ေရးစနစ္ကို ႀကိဳက္တာ၊ မႀကိဳက္တာ သူတို႔ ေျပာခြင့္မရွိဘူး။ ဘယ္ေနရာ လုံၿခဳံမလဲဆိုတာ ေျပးေနရတယ္။ အားလုံးက အုပ္ခ်ဳပ္တဲ့စနစ္က အသက္ဝင္တယ္လို႔ ေျပာလို႔မရဘူး။ ရမ္းၿဗဲ ဆိုရင္ ၿပိဳသြားတာကိုး။ အခုခ်ိန္အထိ ရမ္းၿဗဲသတင္း ဘာမွမၾကားဘူး။ အဲဒီက လူေတြ ေတာင္ ဖုန္းအဆက္သြယ္ မရတာအမ်ားႀကီးပဲ။ နီးစပ္ တဲ့သူေတြကို ေမးၾကည္လိုက္ေတာ့လည္း ၿမိဳ႕က အဲ့ဒီ အတိုင္းပဲ ပ်က္တုန္းပဲ။ သူက ဆရာလား ကိုယ္က ဆရာလား မသိျဖစ္ေနတာကို သူတို႔ေျပာလို႔ ကြၽန္ ေတာ္တို႔ ၾကားရတယ္ေလ။

ေမး - သူတို႔ အုပ္ခ်ဳပ္ေရးမွာ ဘယ္သူ႔ ဆရာေခၚရမွန္း မသိ ျဖစ္ေနတာလား။
ေျဖ - ဆရာမ်ားေနတာ။ သူတို႔ (AA)အုပ္ခ်ဳပ္ေရးမွာ သူတို႔ ကိုယ္တိုင္ကိုက သူတို႔နဲ႔ အဆင္ေျပတဲ့သူကို ႐ြာမွာ အုပ္ခ်ဳပ္ေရးဖြဲ႕ၿပီး တင္ေပးခဲ့တာ ရွိတယ္။ ၿမိဳ႕မွာ က်ေတာ့လည္း ခြာသြားၾကတယ္ဗ်ာ။ အဲဒီေတာ့ ရွိတဲ့သူ ဆြဲထည့္တာ။ ေကာင္းတဲ့သူ ပါရင္ေကာင္း၊ မေကာင္းတဲ့သူ ပါရင္ေတာ့ မေကာင္း အမ်ားႀကီး ျဖစ္ ေနတာ။ မေကာင္းတဲ့သူေတြ ပါတဲ့ၿမိဳ႕ ဆိုရင္လည္း မေကာင္းတာ အမ်ားႀကီးပဲတဲ့။ ခံရတဲ့ ျဖစ္စဥ္ေတြေပါ့။ အိမ္ကေန ဘယ္ေလာက္ ေပးရမယ္ဆိုၿပီး လာ ေကာက္တာေတြလည္း ရွိတယ္လို႔ ေျပာတယ္။

ေမး - ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ျပန္လည္ ထူေထာင္ေရးက ျမန္ျမန္ အေကာင္အထည္ ေဖာ္ႏိုင္မယ္ ထင္လား။
ေျဖ - အစ္ကိုလည္း အမ်ားႀကီး ျဖတ္သန္းခဲ့တာပဲ။ ကြၽန္ေတာ္တို႔ေတြလည္း ျဖတ္သန္းခဲ့တဲ့ ကာလ တစ္ ခု ရွိတာပဲေလ။ ဒီကာလေတြမွာ ေရတိုနဲ႔ တည္ေထာင္တဲ့ ဥစၥာအားလုံးက လက္ပူတိုက္လို႔ပဲ ရတာေလ။ အစ္ကိုလည္း အမ်ားႀကီး ျမင္ခဲ့ဖူးတာပဲ။ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲဆိုၿပီး လုပ္ၾကတယ္။ တစ္ ဖက္နဲ႔ တစ္ဖက္ အပစ္ခတ္ရပ္သြားၿပီ လုံးဝ မရွိေတာ့ ဘူး ဆိုရင္လည္း အဲ့ဒီလူေတြ လုံးဝ ၿငိမ္းခ်မ္းသြားတာ ငါးႏွစ္ေလာက္ပဲ ျမင္ဖူးတယ္။ ၿပီးရင္ သူတို႔ဘာသာ ျပန္ခ်ၾကရင္ ျပန္ၿပိဳတာပဲေလ။ ျပန္ထိၾကတာပဲ။ ဒီ ေနရာကို ေတာ္ၾကာ ျပန္လည္ ထူေထာင္ေရး လုပ္ မယ္ဆိုရင္လည္း အခု ဟာေတြက ေရတိုပဲ ျမင္တယ္။ ၿပီးေတာ့ စနစ္အသက္ဝင္ဖို႔အတြက္ အုပ္ခ်ဳပ္ေရး ယႏၲရား အသက္ဝင္ဖို႔ အတြက္က ျပည္နယ္ အေနနဲ႔ ဆို အမ်ားႀကီး လုပ္ရမွာ။ အခု ကြၽန္ေတာ္တို႔ၾကားက တစ္ၿမိဳ႕စီေတာင္ ရမ္းၿဗဲမွာ တစ္နည္းဆို က်န္တဲ့ ေျမာက္ဦး၊ သံတြဲ စသည္ျဖင့္ ၿမိဳ႕ေတြမွာ တစ္နည္း အုပ္ခ်ဳပ္ေရးက အဲ့ဒီလို ၿမိဳ႕ေတြမွာ နည္းေတြက မတူ ၾကဘူး။ အဲဒါက စနစ္ႀကီးတစ္ခု အသက္ဝင္တာ မဟုတ္ဘူး။ အုပ္ခ်ဳပ္ေရး တစ္ခု အသက္ဝင္တာ မဟုတ္ဘူး။ ဘာပဲ ျမင္လဲဆိုရင္ ၿမိဳ႕ျပ အုပ္ခ်ဳပ္ေရးလို႔ ျမင္တယ္။ ၿမိဳ႕ျပ အုပ္ခ်ဳပ္ေရး စနစ္ေပါ့ ဒီၿမိဳ႕ကိုသြားရင္ ဒီေပၚလစီ အဲဒီလိုမ်ိဳးေတြပဲ အျဖစ္မ်ားတယ္။ တခ်ိဳ႕ၿမိဳ႕ေတြက်ေတာ့လည္း ငါတို႔ၿမိဳ႕က ေကာင္းတယ္။ ဆက္ေၾကးေကာက္တာလည္း မရွိဘူးေျပာတယ္။ တခ်ိဳ႕ၿမိဳ႕က် ေတာ့လည္း ငါတို႔က် တစ္အိမ္ဘယ္ေလာက္ေပးေနရတယ္လို႔ ေျပာတယ္။ သူတို႔အခ်င္းခ်င္းၾကားထဲမွာကို ကြဲေနတာ ေတြက အမ်ားႀကီးျဖစ္ေနတာ။ အဲ့ဒီလိုဆိုေတာ့ အုပ္ခ်ဳပ္ေရး စနစ္က တစ္ၿမိဳ႕နဲ႔ တစ္ၿမိဳ႕ မတူဘူး။ လက္ပူတိုက္လို႔ ကုန္ သြယ္ေရး အထိုင္က်ရင္ေတာင္ ဒါေတြကို မပ်က္စီးဖို႔အတြက္ အာမခံေပးခ်က္ေပးမလဲေပါ့။ ငါတို႔ဆီ စီးပြားေရး လာလုပ္ ပါ’’ မတိုက္ေအာင္ အာမခံခ်က္ ေပးမယ္ဆိုတာမ်ိဳးကေတာ့ လိုဦးမယ္။ ကြၽန္ေတာ္ ၾကားသေလာက္ကေတာ့ တစ္႐ြာ တစ္ပုဒ္စီ ျဖစ္ေနတယ္။

ေမး - AA ေျပာေနတဲ့ Confederate ဆိုတာ ရခိုင္ျပည္နယ္မွာ အလုပ္ျဖစ္မယ္ထင္လား။
ေျဖ - အခု တိုက္ပြဲျဖစ္တဲ့အထဲမွာ ရခိုင္တစ္ခုတည္း Confederate လို႔ ေျပာတယ္။ က်န္တဲ့သူေတြကေတာ့ ဖက္ဒရယ္လို႔ ေျပာေနတယ္။ အဓိကေတာ့ Confederate ဆိုတာ ဝ ကို အားက်တယ္ဆိုတာက လူတစ္ေယာက္ ဆိုပါေတာ့။ ကြၽန္ေတာ္ က အစ္ကို႔ကို အားက်တယ္ဆိုရင္ အစ္ကိုလုပ္ထားသေလာက္ရဲ႕ ေလးပုံသုံးပုံက ကြၽန္ေတာ့္ဆီရွိသလားဆိုတာ ေတြး ရမွာ။ အဲဒီမွာ ဝ ရွိတာရဲ႕ ေလးပုံသုံးပုံရွိသလား ေမးရမယ္။ နံပါတ္တစ္ လက္နက္၊ နံပါတ္ႏွစ္ တပ္သားအင္အား၊ နံပါတ္သုံး ျပန္လည္ထူေထာင္မယ့္ဟာ၊ နံပါတ္သုံးေနာက္ကေန ပံ့ပိုးမယ့္ႏိုင္ငံ။ ၿပီးေတာ့ လိုအပ္လာတဲ့ ေငြေၾကးကို အာမခံခ်က္ထားလို႔ ရမယ့္ေနရာ။ ေနာက္ၿမိဳ႕ေတာ္။ ‘ဝ’ မူကို ယူတာသည္ ကြၽန္ေတာ္ေျပာတာက သူ႔ တိုးတက္ေနတာက တပိုင္းေပါ့။ ‘ဝ’ မူထဲက မေကာင္းတာေတြလည္း ပါတယ္ေလ။ ေလာင္းကစားေတြလည္း အမ်ားႀကီး။ တျခားဟာေတြလည္း အမ်ားႀကီးေလ။ ဒီထဲက ေငြဝင္တယ္ေလ။ ဒါဆိုရင္ ရခိုင္ထဲအပ်က္ခံၿပီး ဒါမ်ိဳးလုပ္မလားေပါ့။ ေငြရွာတဲ့ တစ္ခုခုကို စိုက္ရေတာ့ မယ္ေလ။ ဒါဆို ဘိန္းစိုက္မလား ေမးရေတာ့ မယ္။ ကြၽန္ေတာ္တို႔ဆီမွာက ေရထြက္ပစၥည္းပဲရွိတာ။ စိုက္ပ်ိဳးေရး ဆိုလည္း ဧရာဝတီတို႔နဲ႔ ယွဥ္ရင္ေတာင္ အထြက္ႏႈန္းက အေဝးမွာေလ။ ခရီးသြားက်ေတာ့လည္း ငပလီတို႔ ေျမာက္ဦးတို႔ စစ္ေတြတို႔ ေနရာေတြကေန ဝင္ေငြ ရတာပဲ ရွိတာေလ။ ခရီးသြားနဲ႔ ေရထြက္ပစၥည္းက ဝင္ေငြ အဲဒီေလာက္ရဖို႔ မရွိဘူးေလ။ ကြၽန္ေတာ္တို႔ ပစၥည္းကို ဝယ္မယ့္ႏိုင္ငံက ရွိဦးမွ။ လာမယ့္ ဧည့္သည္က ရွိဦးမွေလ။ သူတို႔ကေတာ့ ဝ မူကို သြားမယ္ဆိုရင္ ဝင္ေငြရလမ္း ဘယ္ကရမလဲ။ ဝ သည္ မ်ိဳး႐ိုး စဥ္ဆက္ တစ္ပါတီ အာဏာရွင္စနစ္ သြားတာ။ အဲဒီမူကို လုံးဝယူၿပီး သြားမလား။ ရခိုင္ပုံစံသည္ အစတည္းက ကြၽန္းပိုင္း ရွိတယ္၊ ေတာင္ပိုင္းရွိတယ္၊ ေျမာက္ပိုင္းရွိတယ္။ ကြဲေနတာေလ။ အဲဒါအားလုံး ေပါင္းဖို႔ ဒီစနစ္က အသုံးဝင္ပါ့မလားေပါ့။ အေျဖရွာ ရမယ္ထင္တယ္။ Confederate အျဖစ္ ခြဲထြက္ၿပီး ျပည္နယ္ထဲ ဖက္ဒရယ္ မူ ျပန္သြားမလားေပါ့။ သံတြဲ၊ ေတာင္ကုတ္ဘက္မွာ ဘယ္လိုပုံစံ သြားမယ္၊ ကြၽန္း ပိုင္းကို ဘယ္လိုသြားမယ္၊ ဗဟိုက ဘယ္လို ျပန္ခ်ဳပ္ မယ္ အဲဒီစနစ္က အဆင္ေျပမလားေပါ့။ ဝ လိုပဲ သြားမယ္ဆို အာဏာရွင္လက္ေအာက္ပဲေလ။ ဝ ရဲ႕ ေနရာမွာ အမိန႔္ပဲရွိတာေလ။ တခ်ိဳ႕ဟာဆို လူေတြ ေရွ႕မွာတင္ လူလယ္ေကာင္မွာ လက္ျပန္တုပ္ၿပီး ပစ္ သတ္ခ်င္ သတ္မွာေလ။ ဘယ္လို အာမခံခ်က္နဲ႔ သြား မလဲေပါ့။ ဖက္ဒရယ္ကိုပဲ ကြၽန္ေတာ္တို႔က အားေပးတယ္။ အျပင္နဲ႔သြားၿပီး အဆက္အစပ္ လုပ္လို႔ ရတယ္ေလ။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.