ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
435
ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇
ဂီဇာမြို့သည် အီဂျစ်နိုင်ငံတွင် ကိုင်ရိုမြို့နှင့် Alexandria မြို့တို့ပြီးလျှင် ဧရိယာအကျယ်အဝန်းအရ တတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ပိရမစ်ကြီးများ၊ ရှေးဟောင်းအီဂျစ်တော်ဝင်ရုပ် အလောင်းများအပြင် ဘုရားကျောင်းများစွာကြောင့် နာမည်ကျော်ကြားသည်။ ထို့ပြင် ဂီဇာမြို့သည် ကင်ရှာဆာ၊ လာဂို့စ်နှင့်ကိုင်ရိုမြို့တို့ပြီးလျှင် လူဦး ရေအရ အာဖရိကတိုက်တွင် စတုတ္တမြောက်အကြီး ဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ ဂီဇာမြို့တွင် လူဦး ရေ (၉ ဒသမ ၂)သန်းကျော်နေထိုင်ပြီး ကိုင်ရိုမြို့ အနီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိကာ မြို့ပြဧရိယာ Greater Cairo ၏ တစ်စိတ်တစ် ပိုင်းလည်း ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ဘီစီ (၃၁၀ဝ)ခန့်တွင် ဖာရိုဘုရင်နာမာ အုပ်ချုပ်စဉ်အချိန်အတွင်း ပေါင်းစည်းထားသော အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် မန်းဖစ်စ်မြို့၏ မြောက်ဘက် (၃၀)ကီလိုမီတာ အကွာတွင်တည်ရှိကြောင်းလည်း သိရသည်။ ဂီဇာမြို့သည် ကမ္ဘာပေါ်တွင် အထင် ကြီးစရာအကောင်းဆုံး ရှေးဟောင်းအထိမ်းအမှတ် အချို့၏နေရာဖြစ်သော ဂီဇာကုန်းပြင်မြင့်၏တည် နေရာအဖြစ် နာမည်ကျော် ကြားကြောင်းလည်း သိရသည်။ ထို့ပြင် ရှေးဟောင်းအီဂျစ်တော်ဝင်ရုပ် အလောင်းများနှင့် အထွတ် အမြတ်ထားရာ အဆောက်အုံများဖြစ်သည့် Great Sphinx ရုပ်တု၊ ပိရမစ်ကြီးများနှင့် ဘုရား ကျောင်း များအပါအဝင် အထင်ကြီးစရာအကောင်းဆုံး ရှေးဟောင်း အထိမ်းအမှတ် နေရာအများအပြားရှိကြောင်း လည်းသိရသည်။ ဂီဇာမြို့သည် ရှေးဟောင်း အီဂျစ်နိုင်ငံ၏မြို့တော်ဖြစ်ခဲ့သည့် မန်းဖစ်စ်နှင့် နီးကပ်သော ကြောင့် ၎င်း၏တည်နေရာသည် အီဂျစ်သမိုင်းတွင် အရေးပါသည့်အချက်အချာ နေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။
ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်း
ဂီဇာမြို့၏ အကျော်ကြားဆုံးမြေပြင်ပုံစံနှင့် ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်သော ဂီဇာ ကုန်းပြင်မြင့်သည် အီဂျစ်သမိုင်း၏ အထင်ကရအဆောက်အအုံအချို့တည်ရှိသည့်နေရာတစ်ခုဖြစ်ပြီး နာမည်ကျော်ကြားသည့် Great Sphinx ရုပ်တု၏နေအိမ်လည်းဖြစ်သည်။ ထို့ပြင် ဂီဇာကုန်း ပြင်မြင့် တွင်ရှိသော Great Pyramid of Giza ပိရမစ်သည် အခြေခံလောင်ဂျီတွဒ်မျဉ်းကို ဆုံးဖြတ် ရာတွင် ကိုးကားသောအချက်တစ်ခုဖြစ်သည့် Prime Meridian ၏တည်နေရာအဖြစ် အသုံးပြုခဲ့ပုံပေါ် ကြောင်းလည်း သိရသည်။ ဘီစီဒုတိယ ထောင်စုနှစ်အတွင်း ယခင်ကဂီဇာမြို့သည် ရှေးဟောင်းအီဂျစ်ကို အုပ်ချုပ်ခဲ့သော ဖာရိုဘုရင် အများအပြား၏ ရှေးသင်္ချိုင်းကြီးအဖြစ် တည်ရှိခဲ့ကြောင်းသိရသည်။ လက်ရှိ အချိန်တွင် ကြီးမာသည့် ပိရမစ်ပုံစံရှိသော အဆိုပါသင်္ချိုင်းကြီးသုံးခုသည် ကမ္ဘာလှည့်ခရီးသွား အများ အပြားလာ ရောက်နေသော ထင်ရှားကျော်ကြားသည့်နေရာများအဖြစ် ဆက်လက်ကျန်ရှိနေခဲ့ကြောင်း သိရသည်။ အဆိုပါပိရမစ်ကြီးများကို မည်ကဲ့သို့တည်ဆောက် ထားသည်ဆိုသောအချက်သည် လူအများ အပြားကြားတွင် ငြင်းခုံစရာကိစ္စတစ်ခုအဖြစ် ဆက်လက်ရှိနေပြီး သိပ္ပံပညာရှင်များကလည်း ယနေ့ အချိန်အထိ အဖြေထုတ်နိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့ပြင် ယင်းပိရမစ်ကြီးများကို ဂြိုဟ်သားများ၏အကူအညီဖြင့် တည်ဆောက်ထားသည်ဟု ပြောဆိုမှုများလည်း ရှိနေသလို သိပ္ပံနည်းကျ နည်းလမ်းများဖြင့်တွေးခေါ်ကာ အဖြေထုတ်မှုအမျိုးမျိုးလည်းရှိနေကြောင်း သိရသည်။
အခြေခံအဆောက်အအုံ
ဂီဇာမြို့သည် အချိန်နှင့်အမျှ အပြောင်းအလဲများ စွာရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။ (၁၈)ရာစုနှင့်(၂၀)ရာစုအစောပိုင်းတွင် ဗြိတိသျှ အပါအဝင် အမျိုးမျိုးသော အုပ်ချုပ်သူများ သည် ၎င်းတို့ အုပ်စိုးသိမ်းပိုက်ထားချိန်ကာလအတွင်း လမ်းများနှင့် အဆောက်အအုံများ တည်ဆောက်မှု အပေါ် အာရုံစိုက်ခဲ့ခြင်းကြောင့် အခြေခံအဆောက်အအုံများတွင် အပြောင်းအလဲများစွာရှိခဲ့ကြောင်း သိရသည်။ ဂီဇာမြို့ သည် အီဂျစ်ယဉ်ကျေးမှုထွန်းကားသော အချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိ ဧရိယာအကျယ်အဝန်းတွင် အဆောက်အအုံများစွာနှင့်အတူ လူဦးရေသိပ်သည်းသော မြို့တစ်မြို့ လည်းဖြစ်သည်။ အထူးသဖြင့် ဂီဇာမြို့သည် ဂီဇာကုန်းပြင်မြင့်တွင်တွေ့ရှိခဲ့သော ရှေးဟောင်းအီဂျစ် အထိမ်းအမှတ် အဆောက်အအုံများစွာနှင့်အတူ ဆွဲဆောင်မှုနေရာ အများအပြားရှိ သည့်နေရာတစ်ခုဖြစ် ပြီး နှစ်စဉ်ထောင်နှင့်ချီသော ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ ဂီဇာမြို့၏ ခရီးသွားလုပ်ငန်းတွင် အရေးပါမှုကြောင့် အခြေခံအဆောက်အအုံများသည် လက်ရှိအီဂျစ်အစိုးရအပြင် (၁၉၅၂) ခုနှစ် အာဏာသိမ်းမှု မတိုင်မီ ဗြိတိသျှအစိုးရတို့ထံမှ အာရုံစူးစိုက်မှုများစွာ ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် ဂီဇာမြို့ ၏ St. George Cathedral ဘုရားကျောင်းသည် Coptic Catholic ဘာသာ ဝင်များ၏ ခရစ်ယာန်ဘုရားကျောင်း လည်းဖြစ်သည်။ ဂီဇာမြို့သည် အာဖရိကတိုက်တစ်ခုလုံး၏ ပထမဆုံးတိရစ္ဆာန်ရုံနှင့် မြေထဲပင်လယ်ဒေသတွင် ရှေးအကျဆုံး တိရစ္ဆာန်ရုံများထဲမှ တစ်ခုဖြစ်သည့် ဂီဇာတိရစ္ဆာန်ရုံ တည်ရှိသည့်နေရာလည်းဖြစ်သည်။ နောက်ထပ်အနေဖြင့် ဂီဇာတွင် ပန်းခြံအများအပြား ရှိ ပြီး ၎င်းတို့အနက် အကျော်ကြားဆုံးမှာ တူရကီဘာသာဖြင့် သစ်တောပန်းခြံဟုအဓိပ္ပာယ်ရသော အော်မန် ပန်းခြံဖြစ်ကြောင်းလည်းသိရသည်။
သယ်ယူပို့ဆောင်ရေးနှင့်စီးပွားရေးလုပ်ငန်း
ဂီဇာမြို့ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ကျယ်ပြန့်သောလမ်းစနစ်၊ မီးရထားလမ်းစနစ်၊ မြေ အောက်ရထားစနစ်နှင့် ရေကြောင်းဝန်ဆောင်မှုများ ပါဝင်သည်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ၊ ဘတ်စကားများ နှင့် မိုက်ခရိုဘတ်စကားများဖြင့် ပံ့ပိုးပေးထား ကြောင်း လည်းသိရသည်။ ဂီဇာမြို့သည် ကိုင်ရိုမြို့နှင့် မြေအောက်မီးရထားလမ်းစနစ်တစ်ခုကို မျှဝေထား ပြီး လျင်လျင်မြန်မြန်ဖြင့်သွားလာနိုင်သော လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ကျယ်ပြန့်သော လမ်းကွန်ရက်သည် ဂီဇာမြို့ကို ကိုင်ရိုမြို့နှင့်အခြားမြို့များဖြင့် ဆက်သွယ်ပေးထားကာ ဂီဇာရှိယာဉ် ကြောသည် ယာဉ်အသွားအလာများပြားကြောင်းလည်းသိရသည်။ ဂီဇာ မြို့၏စီးပွားရေး လုပ်ငန်းကို ရုပ်ရှင်များ၊ ဓာတုပစ္စည်း များ၊ ဂီဇာချည်ထည်၊ စက်ယန္တရားများနှင့် စီးကရက် တို့အပါအဝင် စက်မှု လုပ်ငန်းတို့က ပံ့ပိုးပေးထားသည်။ နောက်ထပ်အနေဖြင့် ဂီဇာမြို့တွင် နိုင်းမြစ်တစ် လျှောက်တည် ဆောက်ထားသော ဇိမ်ခံတိုက်ခန်းအ ဆောက်အအုံများ အများအပြားရှိပြီး နေထိုင်ရန်အတွက် လူကြိုက်များသောနေရာတစ်ခုအဖြစ် ရပ် တည်လျက်ရှိကြောင်းသိရသည်။
နိုင်ငံတကာဝင်ရောက်ခွင့်
ဂီဇာမြို့သို့ဝင်ရောက်ခွင့်သည် ကိုင်ရိုအပြည် ပြည်ဆိုင်ရာလေဆိပ်ပေါ်တွင် မူတည်ကြောင်းသိရ သည်။ Imbaba လေဆိပ်ဟုခေါ်သော ဒေသတွင်း အခြားလေဆိပ်တစ်ခုသည် ဂီဇာမြို့တွင်ရှိခဲ့သော် လည်း မကြာသေးမီက အီဂျစ်အစိုးရသည် အဆိုပါ ဧရိယာကိုပိတ်ပစ်ကာ ယဉ်ကျေးမှု သို့မဟုတ် အား ကစားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း အီဂျစ်အာဏာ ပိုင် များသည် လူစည်ကားသော ကိုင်ရိုအပြည်ပြည် ဆိုင်ရာလေဆိပ်အပြင် အခြားရွေးချယ်စရာလေဆိပ် တစ်ခုအဖြစ် Sphinx အပြည် ပြည်ဆိုင်ရာလေဆိပ်ကို (၂၀၁၈)ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပညာရေး
ဂီဇာမြို့ရှိ သင်ကြားရေးအဖွဲ့အစည်းများတွင် (၁၉၂၄)ခုနှစ်တွင် ဂီဇာသို့ပြောင်းရွှေ့ခဲ့သော ကိုင်ရို တက္ကသိုလ်လည်းပါဝင်သည်။ ဂီဇာမြို့သည် အီဂျစ် သာမက မြေထဲပင်လယ်ဒေသတစ်ခုလုံးအတွက် ပညာရေးနှင့်ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၏ အဓိကအချက်အချာနေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဂီဇာမြို့တွင် ကျောင်းများ၊ သူ ငယ်တန်းကျောင်းများနှင့် အဆင့်မြင့်သင်ကြားရေး အဖွဲ့အစည်းများစွာရှိကြောင်းလည်းသိရသည်။ ဂျပန် အပြည်ပြည်ဆိုင်ရာကျောင်းတစ်ခုဖြစ်သော ကိုင်ရို ဂျပန်ကျောင်းသည် ဂါဇာမြို့တွင်တည်ရှိပြီး ဂျာမနီအပြည်ပြည်ဆိုင်ရာကျောင်းတစ်ခုဖြစ်သော Deutsche Evangelische Oberschule ကျောင်း သည် ဒေါ့ကီခရိုင်တွင် တည်ရှိကြောင်းသိရသည်။
အားကစား
ဂီဇာမြို့သည် အီဂျစ်နိုင်ငံနှင့် အာဖရိကတိုက်တွင် ဒုတိယအအောင်မြင်ဆုံး ဘောလုံးအသင်းဖြစ် ကာ Meet Okba ရပ်ကွက်တွင်အခြေစိုက်သည့် El Zamalek ဘောလုံးအသင်းရှိသော မြို့တစ် မြို့လည်း ဖြစ်သည်။ El Zamalek ဘောလုံးအသင်း အပြင် အီဂျစ်ရှိထိပ်တန်းအသင်းများထဲမှ တစ် သင်းဖြစ်သော El Tersana ဘောလုံးအသင်းသည်လည်း ဂီဇာမြို့တွင်အခြေစိုက်ကြောင်းသိရသည်။
zawgyi version
ဖာ႐ိုဘုရင္ေတြ နားခိုလဲေလ်ာင္းရာ ပိရမစ္ႀကီးေတြရွိတဲ့ ဂီဇာၿမိဳ႕အေၾကာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇
ဂီဇာၿမိဳ႕သည္ အီဂ်စ္ႏိုင္ငံတြင္ ကိုင္႐ိုၿမိဳ႕ႏွင့္ Alexandria ၿမိဳ႕တို႔ၿပီးလွ်င္ ဧရိယာအက်ယ္အဝန္းအရ တတိယေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ပိရမစ္ႀကီးမ်ား၊ ေရွးေဟာင္းအီဂ်စ္ေတာ္ဝင္႐ုပ္ အေလာင္းမ်ားအျပင္ ဘုရားေက်ာင္းမ်ားစြာေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ထို႔ျပင္ ဂီဇာၿမိဳ႕သည္ ကင္ရွာဆာ၊ လာဂို႔စ္ႏွင့္ကိုင္႐ိုၿမိဳ႕တို႔ၿပီးလွ်င္ လူဦး ေရအရ အာဖရိကတိုက္တြင္ စတုတၱေျမာက္အႀကီး ဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ဂီဇာၿမိဳ႕တြင္ လူဦး ေရ (၉ ဒသမ ၂)သန္းေက်ာ္ေနထိုင္ၿပီး ကိုင္႐ိုၿမိဳ႕ အနီး ႏိုင္းျမစ္အေနာက္ဘက္ကမ္းတြင္တည္ရွိကာ ၿမိဳ႕ျပဧရိယာ Greater Cairo ၏ တစ္စိတ္တစ္ ပိုင္းလည္း ျဖစ္သည္။ အၾကမ္းဖ်င္းအားျဖင့္ ဘီစီ (၃၁၀ဝ)ခန႔္တြင္ ဖာ႐ိုဘုရင္နာမာ အုပ္ခ်ဳပ္စဥ္အခ်ိန္အတြင္း ေပါင္းစည္းထားေသာ အီဂ်စ္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ခဲ့သည့္ မန္းဖစ္စ္ၿမိဳ႕၏ ေျမာက္ဘက္ (၃၀)ကီလိုမီတာ အကြာတြင္တည္ရွိေၾကာင္းလည္း သိရသည္။ ဂီဇာၿမိဳ႕သည္ ကမာၻေပၚတြင္ အထင္ ႀကီးစရာအေကာင္းဆုံး ေရွးေဟာင္းအထိမ္းအမွတ္ အခ်ိဳ႕၏ေနရာျဖစ္ေသာ ဂီဇာကုန္းျပင္ျမင့္၏တည္ ေနရာအျဖစ္ နာမည္ေက်ာ္ ၾကားေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေရွးေဟာင္းအီဂ်စ္ေတာ္ဝင္႐ုပ္ အေလာင္းမ်ားႏွင့္ အထြတ္ အျမတ္ထားရာ အေဆာက္အုံမ်ားျဖစ္သည့္ Great Sphinx ႐ုပ္တု၊ ပိရမစ္ႀကီးမ်ားႏွင့္ ဘုရား ေက်ာင္း မ်ားအပါအဝင္ အထင္ႀကီးစရာအေကာင္းဆုံး ေရွးေဟာင္း အထိမ္းအမွတ္ ေနရာအမ်ားအျပားရွိေၾကာင္း လည္းသိရသည္။ ဂီဇာၿမိဳ႕သည္ ေရွးေဟာင္း အီဂ်စ္ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ခဲ့သည့္ မန္းဖစ္စ္ႏွင့္ နီးကပ္ေသာ ေၾကာင့္ ၎၏တည္ေနရာသည္ အီဂ်စ္သမိုင္းတြင္ အေရးပါသည့္အခ်က္အခ်ာ ေနရာတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။
ပထဝီဝင္အေနအထားႏွင့္ သမိုင္းေၾကာင္း
ဂီဇာၿမိဳ႕၏ အေက်ာ္ၾကားဆုံးေျမျပင္ပုံစံႏွင့္ ေရွးေဟာင္းသုေတသနေနရာတစ္ခုျဖစ္ေသာ ဂီဇာ ကုန္းျပင္ျမင့္သည္ အီဂ်စ္သမိုင္း၏ အထင္ကရအေဆာက္အအုံအခ်ိဳ႕တည္ရွိသည့္ေနရာတစ္ခုျဖစ္ၿပီး နာမည္ေက်ာ္ၾကားသည့္ Great Sphinx ႐ုပ္တု၏ေနအိမ္လည္းျဖစ္သည္။ ထို႔ျပင္ ဂီဇာကုန္း ျပင္ျမင့္ တြင္ရွိေသာ Great Pyramid of Giza ပိရမစ္သည္ အေျခခံေလာင္ဂ်ီတြဒ္မ်ဥ္းကို ဆုံးျဖတ္ ရာတြင္ ကိုးကားေသာအခ်က္တစ္ခုျဖစ္သည့္ Prime Meridian ၏တည္ေနရာအျဖစ္ အသုံးျပဳခဲ့ပုံေပၚ ေၾကာင္းလည္း သိရသည္။ ဘီစီဒုတိယ ေထာင္စုႏွစ္အတြင္း ယခင္ကဂီဇာၿမိဳ႕သည္ ေရွးေဟာင္းအီဂ်စ္ကို အုပ္ခ်ဳပ္ခဲ့ေသာ ဖာ႐ိုဘုရင္ အမ်ားအျပား၏ ေရွးသခ်ႋဳင္းႀကီးအျဖစ္ တည္ရွိခဲ့ေၾကာင္းသိရသည္။ လက္ရွိ အခ်ိန္တြင္ ႀကီးမာသည့္ ပိရမစ္ပုံစံရွိေသာ အဆိုပါသခ်ႋဳင္းႀကီးသုံးခုသည္ ကမာၻလွည့္ခရီးသြား အမ်ား အျပားလာ ေရာက္ေနေသာ ထင္ရွားေက်ာ္ၾကားသည့္ေနရာမ်ားအျဖစ္ ဆက္လက္က်န္ရွိေနခဲ့ေၾကာင္း သိရသည္။ အဆိုပါပိရမစ္ႀကီးမ်ားကို မည္ကဲ့သို႔တည္ေဆာက္ ထားသည္ဆိုေသာအခ်က္သည္ လူအမ်ား အျပားၾကားတြင္ ျငင္းခုံစရာကိစၥတစ္ခုအျဖစ္ ဆက္လက္ရွိေနၿပီး သိပၸံပညာရွင္မ်ားကလည္း ယေန႔ အခ်ိန္အထိ အေျဖထုတ္ႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ ယင္းပိရမစ္ႀကီးမ်ားကို ၿဂိဳဟ္သားမ်ား၏အကူအညီျဖင့္ တည္ေဆာက္ထားသည္ဟု ေျပာဆိုမႈမ်ားလည္း ရွိေနသလို သိပၸံနည္းက် နည္းလမ္းမ်ားျဖင့္ေတြးေခၚကာ အေျဖထုတ္မႈအမ်ိဳးမ်ိဳးလည္းရွိေနေၾကာင္း သိရသည္။
အေျခခံအေဆာက္အအုံ
ဂီဇာၿမိဳ႕သည္ အခ်ိန္ႏွင့္အမွ် အေျပာင္းအလဲမ်ား စြာရွိခဲ့သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။ (၁၈)ရာစုႏွင့္(၂၀)ရာစုအေစာပိုင္းတြင္ ၿဗိတိသွ် အပါအဝင္ အမ်ိဳးမ်ိဳးေသာ အုပ္ခ်ဳပ္သူမ်ား သည္ ၎တို႔ အုပ္စိုးသိမ္းပိုက္ထားခ်ိန္ကာလအတြင္း လမ္းမ်ားႏွင့္ အေဆာက္အအုံမ်ား တည္ေဆာက္မႈ အေပၚ အာ႐ုံစိုက္ခဲ့ျခင္းေၾကာင့္ အေျခခံအေဆာက္အအုံမ်ားတြင္ အေျပာင္းအလဲမ်ားစြာရွိခဲ့ေၾကာင္း သိရသည္။ ဂီဇာၿမိဳ႕ သည္ အီဂ်စ္ယဥ္ေက်းမႈထြန္းကားေသာ အခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး လက္ရွိ ဧရိယာအက်ယ္အဝန္းတြင္ အေဆာက္အအုံမ်ားစြာႏွင့္အတူ လူဦးေရသိပ္သည္းေသာ ၿမိဳ႕တစ္ၿမိဳ႕ လည္းျဖစ္သည္။ အထူးသျဖင့္ ဂီဇာၿမိဳ႕သည္ ဂီဇာကုန္းျပင္ျမင့္တြင္ေတြ႕ရွိခဲ့ေသာ ေရွးေဟာင္းအီဂ်စ္ အထိမ္းအမွတ္ အေဆာက္အအုံမ်ားစြာႏွင့္အတူ ဆြဲေဆာင္မႈေနရာ အမ်ားအျပားရွိ သည့္ေနရာတစ္ခုျဖစ္ ၿပီး ႏွစ္စဥ္ေထာင္ႏွင့္ခ်ီေသာ ခရီးသြားမ်ား လာေရာက္လည္ပတ္ေလ့ရွိေၾကာင္း သိရသည္။ ဂီဇာၿမိဳ႕၏ ခရီးသြားလုပ္ငန္းတြင္ အေရးပါမႈေၾကာင့္ အေျခခံအေဆာက္အအုံမ်ားသည္ လက္ရွိအီဂ်စ္အစိုးရအျပင္ (၁၉၅၂) ခုႏွစ္ အာဏာသိမ္းမႈ မတိုင္မီ ၿဗိတိသွ်အစိုးရတို႔ထံမွ အာ႐ုံစူးစိုက္မႈမ်ားစြာ ခံခဲ့ရေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဂီဇာၿမိဳ႕ ၏ St. George Cathedral ဘုရားေက်ာင္းသည္ Coptic Catholic ဘာသာ ဝင္မ်ား၏ ခရစ္ယာန္ဘုရားေက်ာင္း လည္းျဖစ္သည္။ ဂီဇာၿမိဳ႕သည္ အာဖရိကတိုက္တစ္ခုလုံး၏ ပထမဆုံးတိရစာၦန္႐ုံႏွင့္ ေျမထဲပင္လယ္ေဒသတြင္ ေရွးအက်ဆုံး တိရစာၦန္႐ုံမ်ားထဲမွ တစ္ခုျဖစ္သည့္ ဂီဇာတိရစာၦန္႐ုံ တည္ရွိသည့္ေနရာလည္းျဖစ္သည္။ ေနာက္ထပ္အေနျဖင့္ ဂီဇာတြင္ ပန္းၿခံအမ်ားအျပား ရွိ ၿပီး ၎တို႔အနက္ အေက်ာ္ၾကားဆုံးမွာ တူရကီဘာသာျဖင့္ သစ္ေတာပန္းၿခံဟုအဓိပၸာယ္ရေသာ ေအာ္မန္ ပန္းၿခံျဖစ္ေၾကာင္းလည္းသိရသည္။
သယ္ယူပို႔ေဆာင္ေရးႏွင့္စီးပြားေရးလုပ္ငန္း
ဂီဇာၿမိဳ႕ရွိ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းတြင္ က်ယ္ျပန႔္ေသာလမ္းစနစ္၊ မီးရထားလမ္းစနစ္၊ ေျမ ေအာက္ရထားစနစ္ႏွင့္ ေရေၾကာင္းဝန္ေဆာင္မႈမ်ား ပါဝင္သည္။ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးကို ကိုယ္ပိုင္ယာဥ္မ်ား၊ အငွားယာဥ္မ်ား၊ ဘတ္စကားမ်ား ႏွင့္ မိုက္ခ႐ိုဘတ္စကားမ်ားျဖင့္ ပံ့ပိုးေပးထား ေၾကာင္း လည္းသိရသည္။ ဂီဇာၿမိဳ႕သည္ ကိုင္႐ိုၿမိဳ႕ႏွင့္ ေျမေအာက္မီးရထားလမ္းစနစ္တစ္ခုကို မွ်ေဝထား ၿပီး လ်င္လ်င္ျမန္ျမန္ျဖင့္သြားလာႏိုင္ေသာ လမ္းေၾကာင္းတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ က်ယ္ျပန႔္ေသာ လမ္းကြန္ရက္သည္ ဂီဇာၿမိဳ႕ကို ကိုင္႐ိုၿမိဳ႕ႏွင့္အျခားၿမိဳ႕မ်ားျဖင့္ ဆက္သြယ္ေပးထားကာ ဂီဇာရွိယာဥ္ ေၾကာသည္ ယာဥ္အသြားအလာမ်ားျပားေၾကာင္းလည္းသိရသည္။ ဂီဇာ ၿမိဳ႕၏စီးပြားေရး လုပ္ငန္းကို ႐ုပ္ရွင္မ်ား၊ ဓာတုပစၥည္း မ်ား၊ ဂီဇာခ်ည္ထည္၊ စက္ယႏၲရားမ်ားႏွင့္ စီးကရက္ တို႔အပါအဝင္ စက္မႈ လုပ္ငန္းတို႔က ပံ့ပိုးေပးထားသည္။ ေနာက္ထပ္အေနျဖင့္ ဂီဇာၿမိဳ႕တြင္ ႏိုင္းျမစ္တစ္ ေလွ်ာက္တည္ ေဆာက္ထားေသာ ဇိမ္ခံတိုက္ခန္းအ ေဆာက္အအုံမ်ား အမ်ားအျပားရွိၿပီး ေနထိုင္ရန္အတြက္ လူႀကိဳက္မ်ားေသာေနရာတစ္ခုအျဖစ္ ရပ္ တည္လ်က္ရွိေၾကာင္းသိရသည္။
ႏိုင္ငံတကာဝင္ေရာက္ခြင့္
ဂီဇာၿမိဳ႕သို႔ဝင္ေရာက္ခြင့္သည္ ကိုင္႐ိုအျပည္ ျပည္ဆိုင္ရာေလဆိပ္ေပၚတြင္ မူတည္ေၾကာင္းသိရ သည္။ Imbaba ေလဆိပ္ဟုေခၚေသာ ေဒသတြင္း အျခားေလဆိပ္တစ္ခုသည္ ဂီဇာၿမိဳ႕တြင္ရွိခဲ့ေသာ္ လည္း မၾကာေသးမီက အီဂ်စ္အစိုးရသည္ အဆိုပါ ဧရိယာကိုပိတ္ပစ္ကာ ယဥ္ေက်းမႈ သို႔မဟုတ္ အား ကစားနယ္ေျမတစ္ခုအျဖစ္ ေျပာင္းလဲရန္ဆုံးျဖတ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အီဂ်စ္အာဏာ ပိုင္ မ်ားသည္ လူစည္ကားေသာ ကိုင္႐ိုအျပည္ျပည္ ဆိုင္ရာေလဆိပ္အျပင္ အျခားေ႐ြးခ်ယ္စရာေလဆိပ္ တစ္ခုအျဖစ္ Sphinx အျပည္ ျပည္ဆိုင္ရာေလဆိပ္ကို (၂၀၁၈)ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။
ပညာေရး
ဂီဇာၿမိဳ႕ရွိ သင္ၾကားေရးအဖြဲ႕အစည္းမ်ားတြင္ (၁၉၂၄)ခုႏွစ္တြင္ ဂီဇာသို႔ေျပာင္းေ႐ႊ႕ခဲ့ေသာ ကိုင္႐ို တကၠသိုလ္လည္းပါဝင္သည္။ ဂီဇာၿမိဳ႕သည္ အီဂ်စ္ သာမက ေျမထဲပင္လယ္ေဒသတစ္ခုလုံးအတြက္ ပညာေရးႏွင့္ပညာေရးဆိုင္ရာဝန္ေဆာင္မႈမ်ား၏ အဓိကအခ်က္အခ်ာေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဂီဇာၿမိဳ႕တြင္ ေက်ာင္းမ်ား၊ သူ ငယ္တန္းေက်ာင္းမ်ားႏွင့္ အဆင့္ျမင့္သင္ၾကားေရး အဖြဲ႕အစည္းမ်ားစြာရွိေၾကာင္းလည္းသိရသည္။ ဂ်ပန္ အျပည္ျပည္ဆိုင္ရာေက်ာင္းတစ္ခုျဖစ္ေသာ ကိုင္႐ို ဂ်ပန္ေက်ာင္းသည္ ဂါဇာၿမိဳ႕တြင္တည္ရွိၿပီး ဂ်ာမနီအျပည္ျပည္ဆိုင္ရာေက်ာင္းတစ္ခုျဖစ္ေသာ Deutsche Evangelische Oberschule ေက်ာင္း သည္ ေဒါ့ကီခ႐ိုင္တြင္ တည္ရွိေၾကာင္းသိရသည္။
အားကစား
ဂီဇာၿမိဳ႕သည္ အီဂ်စ္ႏိုင္ငံႏွင့္ အာဖရိကတိုက္တြင္ ဒုတိယအေအာင္ျမင္ဆုံး ေဘာလုံးအသင္းျဖစ္ ကာ Meet Okba ရပ္ကြက္တြင္အေျခစိုက္သည့္ El Zamalek ေဘာလုံးအသင္းရွိေသာ ၿမိဳ႕တစ္ ၿမိဳ႕လည္း ျဖစ္သည္။ El Zamalek ေဘာလုံးအသင္း အျပင္ အီဂ်စ္ရွိထိပ္တန္းအသင္းမ်ားထဲမွ တစ္ သင္းျဖစ္ေသာ El Tersana ေဘာလုံးအသင္းသည္လည္း ဂီဇာၿမိဳ႕တြင္အေျခစိုက္ေၾကာင္းသိရသည္။