အိန္ဒိယနိုင်ငံတွင်ကျင်းပသော ဟိန္ဒူဘာသာရေးပွဲတစ်ခုအတွင်း ရေနစ်မှုကြောင့် လူပေါင်း ၅ဝ နီးပါး သေဆုံး

 181

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းတွင် ကျင်းပခဲ့သော ဟိန္ဒူဘာသာရေးပွဲတော်အတွင်း ကလေးငယ်များ ၃၇ ဦး အပါအဝင် လူပေါင်း အနည်းဆုံး ၄၆ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။

အဆိုပါအဖြစ်ပျက်သည် ဘီဟာပြည်နယ်ရှိ မတူညီသောနေရာများတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာရေး အစဉ်အလာအတိုင်းမြစ်ထဲရေဆင်းကူးရာမှ ရေနစ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘီဟာပြည်နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘီဟာပြည်နယ်အာဏာပိုင်တစ်ဦးက "လူတွေဟာ မြစ်အတွင်း ရေနက်လွန်းတဲ့နေရာတွေနဲ့ပတ်သက်ပြီး သတိပေးချက်တွေကို မသိကျိူးကျွံပြုခဲ့ပြီး ဘာသာရေးပွဲတော်အတွင်း မြစ်ထဲရေကူးတာတွေ၊ ရေချိုးတာတွေ လုပ်ဆောင်ခဲ့တယ်" ဟု ပြောသည်။

မြစ်အတွင်းရေဆင်းကူးမှု၊ ရေချိုးမှုများကြောင့် သေဆုံးမှုများသည် ဘီဟာပြည်နယ်အတွင်းရှိ နေရာ ၁၅ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များကျန်းမာရေးကောင်းမွန်စေရန် ကူညီပေးသည့် အယူဆရှိနေသည့် အတွက် မြစ်အတွင်း ကလေးများလည်း ရေဆင်းကူးမှု၊ ရေချိုးမှုများ ရှိခဲ့ကြောင်း ဘီဟာပြည်နယ် အာဏာပိုင်များ က ပြောသည်။

ဘီဟာပြည်နယ်တွင် ကျင်းပခဲ့သော Jitiya Parv ဟိန္ဒူဘာသာရေးပွဲတော်ကို လူအများအပြား တက်ရောက်ခဲ့ပြီး ရေနစ်သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဘီဟာပြည်နယ် အာဏာပိုင်များက ပြောသည်။ Jitiya Parv ဟိန္ဒူဘာသာရေးပွဲတော်ကို ရက်ပေါင်းများစွာ ကျင်းပလေ့ရှိနေပြီး ဘီဟာပြည်နယ်အပြင် ဥတ္တရာပရာဒက်ချ်ပြည်နယ်၊ ဂျဟတ်ဟန်ပြည်နယ်တို့တွင်လည်း ကျင်းပပြုလုပ်လေ့ရှိ ကြောင်း သိရသည်။

ထို့အပြင် နီပေါနိုင်ငံတောင်ပိုင်း ပြည်နယ်များတွင်လည်း အဆိုပါဘာသာရေးပွဲတော်ကို ကျင်းပလေ့ရှိနေကြောင်း သိရသည်။ ဘီဟာပြည်နယ်အစိုးရအဖွဲ့က ရေနစ်သေဆုံးသူများအတွက် လျော်ကြေးငွေ ပြန်လည်ပေးချေသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံတြင္က်င္းပေသာ ဟိႏၵဴဘာသာေရးပြဲတစ္ခုအတြင္း ေရနစ္မႈေၾကာင့္ လူေပါင္း ၅ဝ နီးပါး ေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇

အိႏၵိယႏိုင္ငံအေရွ႕ဘက္ပိုင္းတြင္ က်င္းပခဲ့ေသာ ဟိႏၵဴဘာသာေရးပြဲေတာ္အတြင္း ကေလးငယ္မ်ား ၃၇ ဦး အပါအဝင္ လူေပါင္း အနည္းဆုံး ၄၆ ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားက ေျပာသည္။

အဆိုပါအျဖစ္ပ်က္သည္ ဘီဟာျပည္နယ္ရွိ မတူညီေသာေနရာမ်ားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဟိႏၵဴဘာသာေရး အစဥ္အလာအတိုင္းျမစ္ထဲေရဆင္းကူးရာမွ ေရနစ္မႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဘီဟာျပည္နယ္ သဘာဝေဘး အႏၲရာယ္စီမံခန႔္ခြဲေရးဌာနတာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဘီဟာျပည္နယ္အာဏာပိုင္တစ္ဦးက "လူေတြဟာ ျမစ္အတြင္း ေရနက္လြန္းတဲ့ေနရာေတြနဲ႔ပတ္သက္ၿပီး သတိေပးခ်က္ေတြကို မသိက်ိဴးကြၽံျပဳခဲ့ၿပီး ဘာသာေရးပြဲေတာ္အတြင္း ျမစ္ထဲေရကူးတာေတြ၊ ေရခ်ိဳးတာေတြ လုပ္ေဆာင္ခဲ့တယ္" ဟု ေျပာသည္။

ျမစ္အတြင္းေရဆင္းကူးမႈ၊ ေရခ်ိဳးမႈမ်ားေၾကာင့္ ေသဆုံးမႈမ်ားသည္ ဘီဟာျပည္နယ္အတြင္းရွိ ေနရာ ၁၅ ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ကေလးငယ္မ်ားက်န္းမာေရးေကာင္းမြန္ေစရန္ ကူညီေပးသည့္ အယူဆရွိေနသည့္ အတြက္ ျမစ္အတြင္း ကေလးမ်ားလည္း ေရဆင္းကူးမႈ၊ ေရခ်ိဳးမႈမ်ား ရွိခဲ့ေၾကာင္း ဘီဟာျပည္နယ္ အာဏာပိုင္မ်ား က ေျပာသည္။

ဘီဟာျပည္နယ္တြင္ က်င္းပခဲ့ေသာ Jitiya Parv ဟိႏၵဴဘာသာေရးပြဲေတာ္ကို လူအမ်ားအျပား တက္ေရာက္ခဲ့ၿပီး ေရနစ္ေသဆုံးခဲ့သူမ်ား၏ ႐ုပ္အေလာင္းကို ျပန္လည္ဆယ္ယူရရွိရန္ ႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္း ဘီဟာျပည္နယ္ အာဏာပိုင္မ်ားက ေျပာသည္။ Jitiya Parv ဟိႏၵဴဘာသာေရးပြဲေတာ္ကို ရက္ေပါင္းမ်ားစြာ က်င္းပေလ့ရွိေနၿပီး ဘီဟာျပည္နယ္အျပင္ ဥတၱရာပရာဒက္ခ်္ျပည္နယ္၊ ဂ်ဟတ္ဟန္ျပည္နယ္တို႔တြင္လည္း က်င္းပျပဳလုပ္ေလ့ရွိ ေၾကာင္း သိရသည္။

ထို႔အျပင္ နီေပါႏိုင္ငံေတာင္ပိုင္း ျပည္နယ္မ်ားတြင္လည္း အဆိုပါဘာသာေရးပြဲေတာ္ကို က်င္းပေလ့ရွိေနေၾကာင္း သိရသည္။ ဘီဟာျပည္နယ္အစိုးရအဖြဲ႕က ေရနစ္ေသဆုံးသူမ်ားအတြက္ ေလ်ာ္ေၾကးေငြ ျပန္လည္ေပးေခ်သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.