စင်္ကာပူမှာ ၁၈ နှစ်ကျော် Overstay နေထိုင်ခဲ့ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

 1977

ရောင်နီ (NP News) - စက်တင်ဘာ ၂၈

တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးဟာ စင်ကာပူမှာ ၁၈ နှစ်ထက်ပို Overstay နေထိုင်ခဲ့ခြင်းကြောင့် သောကြာနေ့ (စက်တင်ဘာ ၂၇ ရက်) က ထောင်ဒဏ် ခြောက်လ နဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

ချန်ယူရင်း အမည်ရှိ အသက် ၅၄ နှစ်အရွယ် တရုတ်အမျိုးသမီးဟာ သူမရဲ့အထူး Pass ကာလ သက်တမ်းကုန်ဆုံး ပြီးနောက် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်ထိ စင်္ကာပူမှာ ၁၈ နှစ်နဲ့ ၁၀ လကြာ တရားမဝင် နေထိုင်မှုအတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ချန်ဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်အထိ စင်ကာပူမှာ နေထိုင်ခွင့် ခွင့်ပြုချက်ရရှိခဲ့ပေမယ့် ခွင့်ပြုတဲ့ရက် ကုန်ဆုံးသွားချိန်မှာလည်း သူမက overstay ဆက်နေခဲ့တာပါ။ ဒါဟာ ချန် ရဲ့ဒုတိယမြောက် ပြစ်မှုဖြစ်ပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း သူမဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုနဲ့ စွဲချက်တင်ခံခဲ့ရဖူး တယ်လို့ သိရပါတယ်။
အဲဒီတုန်းက သူမဟာ ထောင်ဒဏ် သီတင်း ၁၈ ပတ်နဲ့ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၃၀၀၀ ချမှတ်ခံရပြီး ဒဏ်ငွေ ပေးဆောင်ဖို့ ပျက်ကွက်ခြင်းကြောင့် နောက်ထပ် ထောင်ဒဏ်သီတင်း ခြောက်ပတ် ချမှတ်ခံရပါတယ်။

ချန်ဟာ Overstay ပြစ်မူကို မကြာခဏ ကြူးလွန်နေသူ ဖြစ်တာကြောင့် အခုတစ်ခါမှာတော့ ထောင်ဒဏ် ၆ လထိ တိုးမြှင့်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ စင်္ကာပူမှာ overstay ပြစ်မှုအတွက် ထောင်ဒဏ် ခြောက်လအထိ ချမှတ် ခံရနိုင်ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ အမျိုးသားဆိုရင် အနည်းဆုံး ကြိမ်ဒဏ်သုံးကြိမ်ခန့် ကြိမ်ဒဏ်ခံရပေမယ့် အမျိုးသမီးတစ်ဦးဆိုရင်တော့ ကြိမ်ဒဏ်အစား စင်ကာပူဒေါ်လာ ၆၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စကၤာပူမွာ ၁၈ ႏွစ္ေက်ာ္ Overstay ေနထိုင္ခဲ့ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသမီးတစ္ဦး ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈

တ႐ုတ္ႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးဟာ စင္ကာပူမွာ ၁၈ ႏွစ္ထက္ပို Overstay ေနထိုင္ခဲ့ျခင္းေၾကာင့္ ေသာၾကာေန႔ (စက္တင္ဘာ ၂၇ ရက္) က ေထာင္ဒဏ္ ေျခာက္လ နဲ႔ ဒဏ္ေငြ စင္ကာပူေဒၚလာ ၄၀၀၀ ခ်မွတ္ခံခဲ့ရပါတယ္။

ခ်န္ယူရင္း အမည္ရွိ အသက္ ၅၄ ႏွစ္အ႐ြယ္ တ႐ုတ္အမ်ိဳးသမီးဟာ သူမရဲ႕အထူး Pass ကာလ သက္တမ္းကုန္ဆုံး ၿပီးေနာက္ ၂၀၀၅ ခုႏွစ္ ႏိုဝင္ဘာလမွ ၂၀၂၃ ခုႏွစ္ထိ စကၤာပူမွာ ၁၈ ႏွစ္နဲ႔ ၁၀ လၾကာ တရားမဝင္ ေနထိုင္မႈအတြက္ လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒအရ အျပစ္ရွိေၾကာင္း တရား႐ုံးက ေတြ႕ရွိခဲ့ပါတယ္။ ခ်န္ဟာ ၂၀၀၅ ခုႏွစ္ ႏိုဝင္ဘာ ၂ ရက္မွ ၂၀၀၅ ခုႏွစ္ ႏိုဝင္ဘာ ၂၃ ရက္အထိ စင္ကာပူမွာ ေနထိုင္ခြင့္ ခြင့္ျပဳခ်က္ရရွိခဲ့ေပမယ့္ ခြင့္ျပဳတဲ့ရက္ ကုန္ဆုံးသြားခ်ိန္မွာလည္း သူမက overstay ဆက္ေနခဲ့တာပါ။ ဒါဟာ ခ်န္ ရဲ႕ဒုတိယေျမာက္ ျပစ္မႈျဖစ္ၿပီး ၂၀၀၅ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ကလည္း သူမဟာ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ျပစ္မႈနဲ႔ စြဲခ်က္တင္ခံခဲ့ရဖူး တယ္လို႔ သိရပါတယ္။
အဲဒီတုန္းက သူမဟာ ေထာင္ဒဏ္ သီတင္း ၁၈ ပတ္နဲ႔ ဒဏ္ေငြ စကၤာပူေဒၚလာ ၃၀၀၀ ခ်မွတ္ခံရၿပီး ဒဏ္ေငြ ေပးေဆာင္ဖို႔ ပ်က္ကြက္ျခင္းေၾကာင့္ ေနာက္ထပ္ ေထာင္ဒဏ္သီတင္း ေျခာက္ပတ္ ခ်မွတ္ခံရပါတယ္။

ခ်န္ဟာ Overstay ျပစ္မူကို မၾကာခဏ ၾကဴးလြန္ေနသူ ျဖစ္တာေၾကာင့္ အခုတစ္ခါမွာေတာ့ ေထာင္ဒဏ္ ၆ လထိ တိုးျမႇင့္ဖို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ စကၤာပူမွာ overstay ျပစ္မႈအတြက္ ေထာင္ဒဏ္ ေျခာက္လအထိ ခ်မွတ္ ခံရႏိုင္ပါတယ္။ ျပစ္မႈက်ဴးလြန္သူဟာ အမ်ိဳးသားဆိုရင္ အနည္းဆုံး ႀကိမ္ဒဏ္သုံးႀကိမ္ခန႔္ ႀကိမ္ဒဏ္ခံရေပမယ့္ အမ်ိဳးသမီးတစ္ဦးဆိုရင္ေတာ့ ႀကိမ္ဒဏ္အစား စင္ကာပူေဒၚလာ ၆၀၀၀ အထိ ဒဏ္႐ိုက္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.