မြန်မာပြည်တွင်းမှ ရေဘေးသင့်ဒေသများအတွက် မလေးရှားရောက်မြန်မာနိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားများက အဝတ်အထည် တန်(၂၀)လှူဒါန်း

 324

ယွန်း (NP News) - စက်တင်ဘာ ၂၈

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် မလေးရှားရောက်မြန်မာနိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားများက အဝတ်အထည် တန်(၂၀)လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ဥက္ကဋ္ဌ ဦးဆန်းဝင်းက NP News ကို ပြောသည်။

မလေးရှားနိုင်ငံရှိ ပရဟိတအသင်း(၅)သင်းမှ ဦးဆောင်၍ မ‌လေးရှားရောက်မြန်မာနိုင်ငံသားများ အပါအဝင် မလေးရှားနိုင်ငံသားများမှ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့သည့် မြန်မာနိုင်ငံ မြို့နယ်အချို့မှ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မလေးရှားနိုင်ငံမှာ ရှိတဲ့ ဦးဆောင်ဦးရွက်လုပ်တတ်တဲ့ သူငယ်ချင်းတွေစုစည်းပြီး မြန်မာနိုင်ငံဘက်ကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီကြတာ။ ကူညီတဲ့နေရာမှာ တစ်ချို့ကလည်း ငွေရေးကြေးရေးနဲ့ ကူညီတယ်။ နေထိုင်ခွင့်ပါမစ် တွေပြီးဆုံးပြီး မြန်မာပြည်မှာနေကြတဲ့အသင်းရဲ့အမှုဆောင်တွေကနေ အကူအညီတောင်းခံတယ်။ တောင်းခံတော့ ပြည်ပကနေ ပိုက်ဆံတွေရှာတယ်။ သူတို့ဆီကို ကူညီဖို့ လွှဲပေးတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။

ကူညီထောက်ပံ့ရေးပစ္စည်းများကို စုစုပေါင်းတန်(၂၀)ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၂၈ ရက်) တွင် (၅)တန်ကို MAI Cargo ဖြင့် စတင်ပေးပို့ခဲ့ရာ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှလည်း လိုအပ်သည့် ပံ့ပိုးမှု များကို ကူညီပေးခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ပြန်လည်တည်ထောင်ရေးလုပ်နဲ့နေရာမှာ လိုအပ်တဲ့နေရာတွေမှာ ဝတ်ဆင်အသုံးပြုနိုင်ဖို့ မလေးရှားမှာရှိတဲ့ ပရဟိတ(၅)သင်းကနေပြီးတော့ မြန်မာသံရုံးရဲ့ကူညီမှုနဲ့ ဒီနေ့မှာ (၅)တန် စပို့တယ်။ MAI Cargo နဲ့ပို့ပါတယ်။ စုစုပေါင်း တန်(၂၀)ပို့မှာပါ။ မြန်မာတွေရဲ့အလှူဖြစ်ပေမယ့် မလေးရှားနိုင်ငံသား တွေကလည်း ပါဝင်လှူဒါန်းထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ကျန်ရှိသည့်(၁၅)တန်ကိုလည်း MAI Cargo လေကြောင်းခရီးစဥ်ဖြင့် အပတ်စဥ်ပေးပို့သွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ ရတနစက္ကနာရေးကူညီမှုအသင်း အပါအဝင် ရွှေလူငယ်အဖွဲ့ ခေတ္တမလေးရှား၊ Kepong Malaysia၊ ထွန်းသစ်စပရဟိတအသင်းနှင့် ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများပရဟိတအဖွဲ့တို့မှ ဆောင်ရွက်နေခြင်းဖြစ်သည်။

Zawgyi Version;
ျမန္မာျပည္တြင္းမွ ေရေဘးသင့္ေဒသမ်ားအတြက္ မေလးရွားေရာက္ျမန္မာႏိုင္ငံသားမ်ားႏွင့္ မေလးရွားႏိုင္ငံသားမ်ားက အဝတ္အထည္ တန္(၂၀)လႉဒါန္း
ယြန္း (NP News) - စက္တင္ဘာ ၂၈

ျမန္မာႏိုင္ငံရွိ ေရေဘးသင့္ေဒသမ်ားအတြက္ မေလးရွားေရာက္ျမန္မာႏိုင္ငံသားမ်ားႏွင့္ မေလးရွားႏိုင္ငံသားမ်ားက အဝတ္အထည္ တန္(၂၀)လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ ဥကၠ႒ ဦးဆန္းဝင္းက NP News ကို ေျပာသည္။

မေလးရွားႏိုင္ငံရွိ ပရဟိတအသင္း(၅)သင္းမွ ဦးေဆာင္၍ မ‌ေလးရွားေရာက္ျမန္မာႏိုင္ငံသားမ်ား အပါအဝင္ မေလးရွားႏိုင္ငံသားမ်ားမွ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ေရေဘးသင့္ခဲ့သည့္ ျမန္မာႏိုင္ငံ ၿမိဳ႕နယ္အခ်ိဳ႕မွ ေရေဘးသင့္ ျပည္သူမ်ားအတြက္ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မေလးရွားႏိုင္ငံမွာ ရွိတဲ့ ဦးေဆာင္ဦး႐ြက္လုပ္တတ္တဲ့ သူငယ္ခ်င္းေတြစုစည္းၿပီး ျမန္မာႏိုင္ငံဘက္ကို တတ္ႏိုင္တဲ့ ဘက္ကေန ကူညီၾကတာ။ ကူညီတဲ့ေနရာမွာ တစ္ခ်ိဳ႕ကလည္း ေငြေရးေၾကးေရးနဲ႔ ကူညီတယ္။ ေနထိုင္ခြင့္ပါမစ္ ေတြၿပီးဆုံးၿပီး ျမန္မာျပည္မွာေနၾကတဲ့အသင္းရဲ႕အမႈေဆာင္ေတြကေန အကူအညီေတာင္းခံတယ္။ ေတာင္းခံေတာ့ ျပည္ပကေန ပိုက္ဆံေတြရွာတယ္။ သူတို႔ဆီကို ကူညီဖို႔ လႊဲေပးတယ္" ဟု ဦးဆန္းဝင္းက ဆိုသည္။

ကူညီေထာက္ပံ့ေရးပစၥည္းမ်ားကို စုစုေပါင္းတန္(၂၀)ေပးပို႔ လႉဒါန္းသြားမည္ျဖစ္ၿပီး ယေန႔ (စက္တင္ဘာ ၂၈ ရက္) တြင္ (၅)တန္ကို MAI Cargo ျဖင့္ စတင္ေပးပို႔ခဲ့ရာ မေလးရွားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးမွလည္း လိုအပ္သည့္ ပံ့ပိုးမႈ မ်ားကို ကူညီေပးခဲ့ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံမွာရွိတဲ့ ေရေဘးသင့္ျပည္သူေတြကို ျပန္လည္တည္ေထာင္ေရးလုပ္နဲ႔ေနရာမွာ လိုအပ္တဲ့ေနရာေတြမွာ ဝတ္ဆင္အသုံးျပဳႏိုင္ဖို႔ မေလးရွားမွာရွိတဲ့ ပရဟိတ(၅)သင္းကေနၿပီးေတာ့ ျမန္မာသံ႐ုံးရဲ႕ကူညီမႈနဲ႔ ဒီေန႔မွာ (၅)တန္ စပို႔တယ္။ MAI Cargo နဲ႔ပို႔ပါတယ္။ စုစုေပါင္း တန္(၂၀)ပို႔မွာပါ။ ျမန္မာေတြရဲ႕အလႉျဖစ္ေပမယ့္ မေလးရွားႏိုင္ငံသား ေတြကလည္း ပါဝင္လႉဒါန္းထားပါတယ္" ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ က်န္ရွိသည့္(၁၅)တန္ကိုလည္း MAI Cargo ေလေၾကာင္းခရီးစဥ္ျဖင့္ အပတ္စဥ္ေပးပို႔သြားမည္ျဖစ္ၿပီး မေလးရွားႏိုင္ငံရွိ ရတနစကၠနာေရးကူညီမႈအသင္း အပါအဝင္ ေ႐ႊလူငယ္အဖြဲ႕ ေခတၱမေလးရွား၊ Kepong Malaysia၊ ထြန္းသစ္စပရဟိတအသင္းႏွင့္ ေပးဆပ္ျခင္းမွာ ေပ်ာ္ေမြ႕သူမ်ားပရဟိတအဖြဲ႕တို႔မွ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.