ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် (၄) နှစ်အရွယ်ကလေးငယ်ကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

 1967

NP News - စက်တင်ဘာ-၂၉

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင်ဘုန်းကြီး ကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် ၄ နှစ်အရွယ် ကလေး ငယ်ကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၇ ရက်၊ နံနက် ၉ နာရီ မိနစ် ၂ဝ ခန့်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၎င်း၏ အသက် (၄) နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက်ပို့ဆောင်စဉ် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် သားအဖ (၂) ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ အကြမ်းဖက်သတ်ဖြတ်ခံသူ (၈၁၀၀)ကျော်ရှိကြောင်း နစကမှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version;
ဘုန္းႀကီးေက်ာင္းသို႔ ဆြမ္းခ်ိဳင့္သြားပို႔သည့္ ဖခင္ႏွင့္ (၄) ႏွစ္အ႐ြယ္ကေလးငယ္ကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြား
NP News - စက္တင္ဘာ-၂၉

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္တြင္ဘုန္းႀကီး ေက်ာင္းသို႔ ဆြမ္းခ်ိဳင့္သြားပို႔သည့္ ဖခင္ႏွင့္ ၄ ႏွစ္အ႐ြယ္ ကေလး ငယ္ကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၇ ရက္၊ နံနက္ ၉ နာရီ မိနစ္ ၂ဝ ခန္႔က ငဖဲၿမိဳ႕နယ္၊ ဂုတ္ႀကီးေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးသည္ ၎၏ အသက္ (၄) ႏွစ္အ႐ြယ္ သမီးျဖစ္သူႏွင့္အတူ ေတာရဘုန္းႀကီးေက်ာင္းသို႔ ဆြမ္းခ်ိဳင့္သြားေရာက္ပို႔ေဆာင္စဥ္ PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ သားအဖ (၂) ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံတစ္ဝန္းတြင္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ကာ အၾကမ္းဖက္သတ္ျဖတ္ခံသူ (၈၁၀၀)ေက်ာ္ရွိေၾကာင္း နစကမွ ယခုရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.