တောင်ကိုရီးယား Miss Universe Korea ပြိုင်ပွဲမှာ ဆန်ကာတင်စာရင်းဝင်နေတဲ့ အသက် ၈ဝ အရွယ် အဘွား

 648

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

မစ္စ ချိုဆွန်းဟွာ အမည်ရှိ အသက် ၈၀ နှစ်အရွယ်အဘွားဟာ Miss Universe Korea ပြိုင်ပွဲမှာ ဆန်ကာတင် ၃၀ ဦး စာရင်းမှာ ပါဝင်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အလှမယ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးလည်းဖြစ်တဲ့ မစ္စချိုဟာ သူမရဲ့ ငွေရောင်ဆံပင်၊ ပါးရေနားရေတွန့်နေတဲ့ အသားအရေနဲ့ပဲ ငယ်ရွယ်တဲ့ အလှမယ်လေးတွေနဲ့ ရင်ပေါင်တန်းကာ ယှဉ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ အစောပိုင်းက နိုင်ငံလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲရဲ့ ဆန်ခါတင် အလှမယ် ၃ဝ ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ တကယ်လို့ စက်တင်ဘာလ ၃ဝ ရက်မှာ ကျင်းပမယ့် ဖိုင်နယ်ပွဲစဉ်မှာသာ သူမက အခြား ဆန်ကာတင် ၃၀ ဦးကို ကျော်ဖြတ်နိုင် ခဲ့ရင်တော့ သူမဟာ နိုဝင်ဘာ ၁၆ ရက် မက္ကဆီကိုစီးတီးမှာ ကျင်းပမယ့် ၇၃ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ တောင်ကိုရီးယားကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူမဟာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အကြီးဆုံးပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ် လာနိုင်မှာဖြစ်ပါတယ်။

Miss Universe Organization ဟာ ပြိုင်ပွဲဝင်တွေရဲ့အသက်ကန့်သတ်ချက်ကို မကြာသေးခင်က ရုပ်သိမ်းခဲ့ပြီဖြစ်လို့ အသက်အရွယ်မရွေး Miss Universe ကို ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါတယ်။ မစ္စချိုဟာ ၇၂ နှစ်အရွယ်မှစ မော်ဒယ် စလုပ်ခဲ့တာဖြစ်ပြီး အသက် ၇၄ နှစ်အရွယ်မှာ Seoul Fashion Week၊ Harper's Bazaar နဲ့ Elle ကဲ့လို မဂ္ဂဇင်းတွေမှာတောင် ပါဝင်လာနိုင်တဲ့အထိ ကျော်ကြားလာခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား Miss Universe Korea ၿပိဳင္ပြဲမွာ ဆန္ကာတင္စာရင္းဝင္ေနတဲ့ အသက္ ၈ဝ အ႐ြယ္ အဘြား
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

မစၥ ခ်ိဳဆြန္းဟြာ အမည္ရွိ အသက္ ၈၀ ႏွစ္အ႐ြယ္အဘြားဟာ Miss Universe Korea ၿပိဳင္ပြဲမွာ ဆန္ကာတင္ ၃၀ ဦး စာရင္းမွာ ပါဝင္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အလွမယ္ၿပိဳင္ပြဲမွာ အသက္အႀကီးဆုံးလည္းျဖစ္တဲ့ မစၥခ်ိဳဟာ သူမရဲ႕ ေငြေရာင္ဆံပင္၊ ပါးေရနားေရတြန႔္ေနတဲ့ အသားအေရနဲ႔ပဲ ငယ္႐ြယ္တဲ့ အလွမယ္ေလးေတြနဲ႔ ရင္ေပါင္တန္းကာ ယွဥ္ၿပိဳင္ခဲ့ၿပီး စက္တင္ဘာလ အေစာပိုင္းက ႏိုင္ငံလုံးဆိုင္ရာ အလွမယ္ၿပိဳင္ပြဲရဲ႕ ဆန္ခါတင္ အလွမယ္ ၃ဝ ဦးစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ တကယ္လို႔ စက္တင္ဘာလ ၃ဝ ရက္မွာ က်င္းပမယ့္ ဖိုင္နယ္ပြဲစဥ္မွာသာ သူမက အျခား ဆန္ကာတင္ ၃၀ ဦးကို ေက်ာ္ျဖတ္ႏိုင္ ခဲ့ရင္ေတာ့ သူမဟာ ႏိုဝင္ဘာ ၁၆ ရက္ မကၠဆီကိုစီးတီးမွာ က်င္းပမယ့္ ၇၃ ႀကိမ္ေျမာက္ Miss Universe ၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားကိုယ္စားျပဳအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ သူမဟာ ႏိုင္ငံတကာအလွမယ္ၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးၿပိဳင္ပြဲဝင္တစ္ဦးလည္းျဖစ္ လာႏိုင္မွာျဖစ္ပါတယ္။

Miss Universe Organization ဟာ ၿပိဳင္ပြဲဝင္ေတြရဲ႕အသက္ကန႔္သတ္ခ်က္ကို မၾကာေသးခင္က ႐ုပ္သိမ္းခဲ့ၿပီျဖစ္လို႔ အသက္အ႐ြယ္မေ႐ြး Miss Universe ကို ယွဥ္ၿပိဳင္ႏိုင္ၿပီျဖစ္ပါတယ္။ မစၥခ်ိဳဟာ ၇၂ ႏွစ္အ႐ြယ္မွစ ေမာ္ဒယ္ စလုပ္ခဲ့တာျဖစ္ၿပီး အသက္ ၇၄ ႏွစ္အ႐ြယ္မွာ Seoul Fashion Week၊ Harper's Bazaar နဲ႔ Elle ကဲ့လို မဂၢဇင္းေတြမွာေတာင္ ပါဝင္လာႏိုင္တဲ့အထိ ေက်ာ္ၾကားလာခဲ့ပါတယ္။

Related news

© 2021. All rights reserved.