အဆိုတော်လာနာဒဲလ်ရေး ချစ်သူ alligator tour guide ဂျယ်ရမီဒူဖရီနီနဲ့ လက်ထပ်

 78

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

အမေရိကန်အဆိုတော် တေးရေးဆရာ လာနာဒယ်လ်ရေးဟာ alligator tour guide ဂျယ်ရမီ ဒူဖရီနီ နဲ့ dating သတင်းထွက်ပြီး တစ်လမကြာခင်မှာပဲ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။

မင်္ဂလာပွဲကို ဒူဖရီနီ စီမံခန့်ခွဲတဲ့ လူဝီဆီယားနားရဲ့ကမ်းခြေ ဒက်စ်အယ်လီမန်ဒက်မှာပဲ စက်တင်ဘာ ၂၆ ရက်က တသီးတသန့် လျှို့ဝှက်စွာနဲ့ ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။ သတင်းဓာတ်ပုံတွေ ထဲမှာ ပန်းစည်းကိုင်ဆောင်ထားတဲ့ ဒယ်လ်ရီရယ်နဲ့ ဖခင်ဖြစ်သူ ရောဘတ်ဂရန့်ရဲ့လက်ကိုတွဲကာ ပန်းစည်း ကိုင်ဆောင် လမ်းလျှောက်လာနေတဲ့ လာနာဒဲရေးကို မြင်တွေ့ရပါတယ်။

ယခုလက်ထပ်ပွဲဟာ အသက် ၄၉ နှစ်အရွယ် လာနာဒဲရေးအတွက် ပထမဆုံး မင်္ဂလာပွဲဖြစ်ပြီး မစ္စတာ ဒူဖရီနီ အတွက် ဒုတိယမင်္ဂလာပွဲဖြစ်တယ်လို့ သိရပါတယ်။ လာနာဒယ်လ်ရေးဟာ "Say yes to heaven" "Summertime Sadness" ဆိုတဲ့ သီချင်းတွေနဲ့ လူသိများ ထင်ရှားပါတယ်။

Zawgyi Version;
အဆိုေတာ္လာနာဒဲလ္ေရး ခ်စ္သူ alligator tour guide ဂ်ယ္ရမီဒူဖရီနီနဲ႔ လက္ထပ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

အေမရိကန္အဆိုေတာ္ ေတးေရးဆရာ လာနာဒယ္လ္ေရးဟာ alligator tour guide ဂ်ယ္ရမီ ဒူဖရီနီ နဲ႔ dating သတင္းထြက္ၿပီး တစ္လမၾကာခင္မွာပဲ လက္ထပ္လိုက္ၿပီျဖစ္ပါတယ္။

မဂၤလာပြဲကို ဒူဖရီနီ စီမံခန႔္ခြဲတဲ့ လူဝီဆီယားနားရဲ႕ကမ္းေျခ ဒက္စ္အယ္လီမန္ဒက္မွာပဲ စက္တင္ဘာ ၂၆ ရက္က တသီးတသန႔္ လွ်ိဳ႕ဝွက္စြာနဲ႔ က်င္းပခဲ့ျခင္းျဖစ္တယ္လို႔ Daily Mail ရဲ႕သတင္းအရ သိရပါတယ္။ သတင္းဓာတ္ပုံေတြ ထဲမွာ ပန္းစည္းကိုင္ေဆာင္ထားတဲ့ ဒယ္လ္ရီရယ္နဲ႔ ဖခင္ျဖစ္သူ ေရာဘတ္ဂရန႔္ရဲ႕လက္ကိုတြဲကာ ပန္းစည္း ကိုင္ေဆာင္ လမ္းေလွ်ာက္လာေနတဲ့ လာနာဒဲေရးကို ျမင္ေတြ႕ရပါတယ္။

ယခုလက္ထပ္ပြဲဟာ အသက္ ၄၉ ႏွစ္အ႐ြယ္ လာနာဒဲေရးအတြက္ ပထမဆုံး မဂၤလာပြဲျဖစ္ၿပီး မစၥတာ ဒူဖရီနီ အတြက္ ဒုတိယမဂၤလာပြဲျဖစ္တယ္လို႔ သိရပါတယ္။ လာနာဒယ္လ္ေရးဟာ "Say yes to heaven" "Summertime Sadness" ဆိုတဲ့ သီခ်င္းေတြနဲ႔ လူသိမ်ား ထင္ရွားပါတယ္။

Related news

© 2021. All rights reserved.