ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်

 5972

NP News - စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ စက်တင်ဘာ (၂၈)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၂၀)ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံး၌ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်းတို့ (၃) ဦးသည် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အမျိုးသား (၄) ဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရစဖမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြည်သူများ၏ သတင်းပေးမှုများကြောင့် စက်တင်ဘာလ(၂၄)ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၇၂) ရပ်ကွက်၊ ဇီဇဝါလမ်း၌ ကျော်စွာအောင်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇၁) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် တင်ဝင်းအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုထားသည်။

ဖမ်းဆီးရမိသူ တင်ဝင်း၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၁၂) ရပ်ကွက်၊ (၈၅)လမ်း၌ အောင်မင်းခန့် အပါအဝင် ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေထိုင်သူ ယုနန္ဒာစိုးတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၆ ရက်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဘူတာ၌ ခင်မောင်ဌေးအားလည်းကောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အိမ်အမှတ် (၃၁၉) တွင် ရဲရင့်အောင်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူ ရဲရင့်အောင် ၏ထွက်ဆိုချက်အရ စက်တင်ဘာလ (၂၇) ရက်တွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ထက်ကြီး ၊အာကာဖြိုးနှင့် လျှန်းထက်အောင်တို့ (၃) ဦးအား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ (၂၇) ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၌ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့ (၃)ဦးအား အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း နစကမှ ဆိုထားသည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း(၁၂)ဦးတို့အား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် ရဲရင့်အောင်၊ ထက်ကြီး နှင့် အာကာဖြိုးတို့သည် KNLA တပ်မဟာ (၂) နယ်မြေသို့ သွားရောက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား တစ်လ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဆင်းပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့အား ရဲရင့်အောင် ခေါင်းဆောင်၍ ခင်မောင်ဌေး ၊ ထက်ကြီး ၊ အာကာဖြိုး ၊ လျှန်းထက်အောင်၊ အောင်မင်းခန့်နှင့် ဖမ်းဆီးရန်ကျန်ရှိသည့် ဖြိုးဇင်အောင်တို့ ပါဝင်သော အဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား KNLA တပ်မဟာ (၇) တွင် ခိုအောင်းနေထိုင်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် မှတ်ကြီးမှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထက်ကြီး နှင့် ယုနန္ဒာစိုးတို့ထံတွင် သိုဝှက်သိမ်းဆည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

zawgyi version
ရန္ကုန္တိုင္းအတြင္း အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ရာအိမ္မႉးမ်ားကို လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ Anonymous Force အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကထုတ္ျပန္

NP News - စက္တင္ဘာ ၂၉

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ရာအိမ္မႉးမ်ားကို လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ Anonymous Force အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ စက္တင္ဘာ (၂၈)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၂၀)ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၁၀၇)ရပ္ကြက္၊ ငုဝါၿမိဳင္လမ္းရွိ ရစဖ႐ုံး၌ ရစဖမႉး ဦးၾကည္ထြန္း၊ ရာအိမ္မႉး ဦးေဆြျမင့္ေအာင္ႏွင့္ ႐ုံးအကူ ဦးမ်ိဳးျမင့္ထြန္းတို႔ (၃) ဦးသည္ ႐ုံးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ အမ်ိဳးသား (၄) ဦးမွ ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ရာ ရစဖမႉးႏွင့္ ရာအိမ္မႉးတို႔ ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ျပည္သူမ်ား၏ သတင္းေပးမႈမ်ားေၾကာင့္ စက္တင္ဘာလ(၂၄)ရက္ ေန႔လယ္ပိုင္းတြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၇၂) ရပ္ကြက္၊ ဇီဇဝါလမ္း၌ ေက်ာ္စြာေအာင္ႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၇၁) ရပ္ကြက္၊ ဗိုလ္မင္းေရာင္လမ္းတြင္ တင္ဝင္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုထားသည္။

ဖမ္းဆီးရမိသူ တင္ဝင္း၏ ထြက္ဆိုခ်က္အရ စက္တင္ဘာလ ၂၅ ရက္ ေန႔လယ္ပိုင္းတြင္ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ အမွတ္ (၁၂) ရပ္ကြက္၊ (၈၅)လမ္း၌ ေအာင္မင္းခန႔္ အပါအဝင္ ၎ႏွင့္တရားမဝင္ ေပါင္းသင္းေနထိုင္သူ ယုနႏၵာစိုးတို႔ ႏွစ္ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စက္တင္ဘာလ ၂၆ ရက္တြင္ အုတ္တြင္းၿမိဳ႕နယ္၊ ကြၽဲပြဲဘူတာ၌ ခင္ေမာင္ေဌးအားလည္းေကာင္း၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁၂) ရပ္ကြက္၊ အိမ္အမွတ္ (၃၁၉) တြင္ ရဲရင့္ေအာင္အားလည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေနာက္ ဖမ္းဆီးရမိသူ ရဲရင့္ေအာင္ ၏ထြက္ဆိုခ်က္အရ စက္တင္ဘာလ (၂၇) ရက္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ဒဂုံဧရာအေဝးေျပးကားဝင္းအတြင္း၌ ထက္ႀကီး ၊အာကာၿဖိဳးႏွင့္ လွ်န္းထက္ေအာင္တို႔ (၃) ဦးအား Sigsauer ပစၥတိုေသနတ္ ၁ လက္၊ Glock ပစၥတို ၁ လက္၊ က်ည္အိမ္ ၂ ခု၊ ၉ မမ က်ည္ ၂၀ ေတာင့္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စက္တင္ဘာလ (၂၇) ရက္ ညေနပိုင္းတြင္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၁၀၇) ရပ္ကြက္၌ ေနလင္း၊ တင္လွႏွင့္ ျမင့္ေက်ာ္တို႔ (၃)ဦးအား အသီးသီး ထပ္မံဖမ္းဆီးရမိခဲ့ ေၾကာင္း နစကမွ ဆိုထားသည္။

ျဖစ္စဥ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးတို႔အား အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ အမ်ိဳးသား ၁၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦး စုစုေပါင္း(၁၂)ဦးတို႔အား Sigsauer ပစၥတိုေသနတ္ ၁ လက္၊ Glock ပစၥတို ၁ လက္၊ က်ည္အိမ္ ၂ ခု၊ ၉ မမက်ည္ ၂၀ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလခန႔္တြင္ ရဲရင့္ေအာင္၊ ထက္ႀကီး ႏွင့္ အာကာၿဖိဳးတို႔သည္ KNLA တပ္မဟာ (၂) နယ္ေျမသို႔ သြားေရာက္၍ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးေရးသင္တန္းအား တစ္လ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးေရးသင္တန္းဆင္းၿပီးေနာက္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လာခဲ့ၿပီး ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ Anonymous Force အမည္ခံ အၾကမ္းဖက္အဖြဲ႕အား ရဲရင့္ေအာင္ ေခါင္းေဆာင္၍ ခင္ေမာင္ေဌး ၊ ထက္ႀကီး ၊ အာကာၿဖိဳး ၊ လွ်န္းထက္ေအာင္၊ ေအာင္မင္းခန႔္ႏွင့္ ဖမ္းဆီးရန္က်န္ရွိသည့္ ၿဖိဳးဇင္ေအာင္တို႔ ပါဝင္ေသာ အဖြဲ႕ဝင္ (၇) ဦးျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

လုပ္ႀကံသတ္ျဖတ္ရာတြင္ အသုံးျပဳခဲ့သည့္ လက္နက္/ခဲယမ္းမ်ားအား KNLA တပ္မဟာ (၇) တြင္ ခိုေအာင္းေနထိုင္လ်က္ရွိသည့္ ဖမ္းဆီးရန္က်န္ရွိသည့္ မွတ္ႀကီးမွ ေပးပို႔ခဲ့ျခင္းျဖစ္ၿပီး ထက္ႀကီး ႏွင့္ ယုနႏၵာစိုးတို႔ထံတြင္ သိုဝွက္သိမ္းဆည္းခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

Related news

© 2021. All rights reserved.