လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော

 382

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာအဖွဲ့ဝင်များကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ဖွယ်ရှိနေကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားရေးအစီအစဉ်များကိုဆွေးနွေးနေပြီး မကြာခင် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဘိုလာအဖွဲ့ဝင်များကို မြေပြင်ထိုးစစ်ဆင်နွဲ့သွားဖွယ်ရှိနေကြောင်း၊ လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအဖွဲ့ဝင်များကို ယခုသီတင်းပတ်အတွင်း လေကြောင်းကနေ ပစ် မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟာ မြေပြင်ထိုးစစ်ဆင်နွဲဖို့ ပြင်ဆင်ခြင်းဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီကထပ်မံပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဟာလီဗီက "မြေပြင်ထိုးစစ်ဆင်နွဲဖို့ ပြင်ဆင်နေတယ်။မြေပြင်ထိုးစစ်ဆင်နွဲပြီး ရန်သူတွေကိုဖျက်ဆီးသွားမှာဖြစ်သလို ရန်သူတွေရဲ့အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်ဆီးသွားမယ်။ မြေအောက်မှာရှိနေတဲ့ ရန်သူတွေရဲ့စစ်ရေးအခြေခံအဆောက်အအုံကိုလည်း ဖျက်ဆီးမယ်။ ကျွန် တော်တို့နိုင်ငံပိုင်နက်တွေကို ပစ်ခတ်နေတဲ့ ရန်သူတွေရဲ့နေရာတွေကိုလည်းဖျက်ဆီးမယ်"လို့ပြောပါတယ်။ အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များ၊ ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ရာတင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့သလို ဟစ်ဘိုလာကလည်း ရော့ကဒ်ဒုံးကျည်များနဲ့အစ္စရေးနိုင်ငံဘက်ခြမ်းကိုပစ်ခတ်ခဲ့ရာတင်းမာမှုများပိုမိုဖြစ်လာခဲ့ပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်သေဆုံးခဲ့ခြင်းဟာနှစ်ဖက်ကြားတင်းမာမှုပိုမိုဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။

zawgyi version
လက္ဘႏြန္ႏိုင္ငံကိုမၾကာခင္ ေျမျပင္ထိုးစစ္ဆင္မယ္လို႔ အစၥေရးဗိုလ္ခ်ဳပ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

အစၥေရးစစ္တပ္ဟာ ဟစ္ဘိုလာအဖြဲ႕ဝင္မ်ားကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေလေၾကာင္းက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီးေနာက္ မၾကာမီ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အစၥေရးႏိုင္ငံေျမာက္ပိုင္းမွာ တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားေရးအစီအစဥ္မ်ားကိုေဆြးေႏြးေနၿပီး မၾကာခင္ လက္ဘႏြန္ႏိုင္ငံအတြင္းရွိ ဟစ္ဘိုလာအဖြဲ႕ဝင္မ်ားကို ေျမျပင္ထိုးစစ္ဆင္ႏြဲ႕သြားဖြယ္ရွိေနေၾကာင္း၊ လက္ဘႏြန္ႏိုင္ငံရွိ ဟစ္ဘိုလာအဖြဲ႕ဝင္မ်ားကို ယခုသီတင္းပတ္အတြင္း ေလေၾကာင္းကေန ပစ္ မွတ္ထားတိုက္ခိုက္ခဲ့ျခင္းဟာ ေျမျပင္ထိုးစစ္ဆင္ႏြဲဖို႔ ျပင္ဆင္ျခင္းျဖစ္ ေၾကာင္း အစၥေရးကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ႀကီး ဟာဇီဟာလီဗီကထပ္မံေျပာဆိုခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ဟာလီဗီက "ေျမျပင္ထိုးစစ္ဆင္ႏြဲဖို႔ ျပင္ဆင္ေနတယ္။ေျမျပင္ထိုးစစ္ဆင္ႏြဲၿပီး ရန္သူေတြကိုဖ်က္ဆီးသြားမွာျဖစ္သလို ရန္သူေတြရဲ႕အေျခခံအေဆာက္အဦးေတြကိုလည္း ဖ်က္ဆီးသြားမယ္။ ေျမေအာက္မွာရွိေနတဲ့ ရန္သူေတြရဲ႕စစ္ေရးအေျခခံအေဆာက္အအုံကိုလည္း ဖ်က္ဆီးမယ္။ ကြၽန္ ေတာ္တို႔ႏိုင္ငံပိုင္နက္ေတြကို ပစ္ခတ္ေနတဲ့ ရန္သူေတြရဲ႕ေနရာေတြကိုလည္းဖ်က္ဆီးမယ္"လို႔ေျပာပါတယ္။ အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဟစ္ဘိုလာအဖြဲ႕ဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့ရာတင္းမာမႈအရွိန္ ျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးကေလေၾကာင္းတိုက္ခိုက္ခဲ့သလို ဟစ္ဘိုလာကလည္း ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔အစၥေရးႏိုင္ငံဘက္ျခမ္းကိုပစ္ခတ္ခဲ့ရာတင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ပါတယ္။ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ေသဆုံးခဲ့ျခင္းဟာႏွစ္ဖက္ၾကားတင္းမာမႈပိုမိုျဖစ္လာေစခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.