ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ

 2188

NP News – စက်တင်ဘာ ၂၉

ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့်အရေး ယူခြင်းခံထားရသည့် ဇေကမ္ဘာဦးခင်ရွှေ အင်းစိန်ထောင်မှ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) ညနေပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

“ကိုဇေသီဟကတော့ မလွတ်သေးပါဘူး၊ ဦးခင်ရွှေကိုဘဲ ကျန်းမာရေးအရ သက်ညှာမှုနဲ့ လွတ်ပေးလိုက်တာပါ။ တရားဆက်စွဲထားတုန်းဘဲရှိပါတယ်” ဟု သတင်းအရင်းအမြစ်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြရိပ်ညိုဟိုတယ်နှင့်ခြံဝင်းငှားရမ်းမှုတွင် သဘောတူညီချက်ဖောက်ဖျက်မှု၊ အဆိုပါ ဟိုတယ်ခြံဝန်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ(၂)ခုကို ဖြိုဖျက်မှုတို့ဖြင့် ဦးခင်ရွှေ နှင့် သားဖြစ်သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးဇေသီဟတို့ကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် မတ်လက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြရိပ်ညိုဟိုတယ်ဝင်း မြေတိုင်းအမှတ် ၃၆-J၊ မြေကွက် အမှတ် ၁၁၁၊ ၁၁၂ A၊ ၁၁၂ B ၊ ၁၁၂ C နှင့် ၁၁၂ D မြေဧရိယာ ၆ ဒသမ ၉၃၇ ဧကနှင့် မြေတိုင်းအမှတ် ၃၆ L၊ မြေတိုင်းအမှတ် ၁၁၂ B၊ ၁၁၆ C မြေဧရိယာ ၆ ဒသမ ၈၅၇ ဧက စုစုပေါင်း မြေဧရိယာ ၁၃ ဒသမ ၇၉၄ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံများကို ကာကွယ်ရေးဝန်ကြီးဌာနက ဇေကမ္ဘာကုမ္ပဏီထံ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငှားရမ်းခြင်း သဘောတူစာချုပ်ပါ အချက်များကို ဖောက်ဖျက်သည့်အပြင် ရှေးဟောင်းအဆောက်အအုံ (၂) လုံးဖြစ်သည့် မြို့တော်ဝန်အိမ်ဟောင်းနှင့် မြို့တော်ဝန်ဧည့်ဂေယာတို့ကို ဖြိုချခဲ့သည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးခင်ရွှေနှင့် သားဖြစ်သူတို့အား ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်က ဖမ်းဆီးထိန်းသိမ်းကာ ရှေးဟောင်း ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရစဉ်က သတင်းများအရ သိရသည်။

zawgyi version
ေဇကမာၻဦးခင္ေ႐ႊ ျပန္လည္ လြတ္ေျမာက္လာ
NP News – စက္တင္ဘာ ၂၉

ေရွးေဟာင္းအေဆာက္အအုံမ်ားကာကြယ္ထိန္းသိမ္းေရး ဥပေဒျဖင့္အေရး ယူျခင္းခံထားရသည့္ ေဇကမာၻဦးခင္ေ႐ႊ အင္းစိန္ေထာင္မွ ယမန္ေန႔ (စက္တင္ဘာ ၂၈ ရက္) ညေနပိုင္းက ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း မိသားစုႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

“ကိုေဇသီဟကေတာ့ မလြတ္ေသးပါဘူး၊ ဦးခင္ေ႐ႊကိုဘဲ က်န္းမာေရးအရ သက္ညႇာမႈနဲ႔ လြတ္ေပးလိုက္တာပါ။ တရားဆက္စြဲထားတုန္းဘဲရွိပါတယ္” ဟု သတင္းအရင္းအျမစ္က ေျပာသည္။

ကာကြယ္ေရးဝန္ႀကီးဌာနပိုင္ ျမရိပ္ညိဳဟိုတယ္ႏွင့္ၿခံဝင္းငွားရမ္းမႈတြင္ သေဘာတူညီခ်က္ေဖာက္ဖ်က္မႈ၊ အဆိုပါ ဟိုတယ္ၿခံဝန္းအတြင္းရွိ ေရွးေဟာင္းအေဆာက္အအုံ(၂)ခုကို ၿဖိဳဖ်က္မႈတို႔ျဖင့္ ဦးခင္ေ႐ႊ ႏွင့္ သားျဖစ္သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးေဇသီဟတို႔ကို ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ မတ္လက ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမရိပ္ညိဳဟိုတယ္ဝင္း ေျမတိုင္းအမွတ္ ၃၆-J၊ ေျမကြက္ အမွတ္ ၁၁၁၊ ၁၁၂ A၊ ၁၁၂ B ၊ ၁၁၂ C ႏွင့္ ၁၁၂ D ေျမဧရိယာ ၆ ဒသမ ၉၃၇ ဧကႏွင့္ ေျမတိုင္းအမွတ္ ၃၆ L၊ ေျမတိုင္းအမွတ္ ၁၁၂ B၊ ၁၁၆ C ေျမဧရိယာ ၆ ဒသမ ၈၅၇ ဧက စုစုေပါင္း ေျမဧရိယာ ၁၃ ဒသမ ၇၉၄ ဧကႏွင့္ ယင္းေျမေပၚရွိ အေဆာက္အအုံမ်ားကို ကာကြယ္ေရးဝန္ႀကီးဌာနက ေဇကမာၻကုမၸဏီထံ ငွားရမ္းခဲ့ျခင္းျဖစ္သည္။ အဆိုပါ ငွားရမ္းျခင္း သေဘာတူစာခ်ဳပ္ပါ အခ်က္မ်ားကို ေဖာက္ဖ်က္သည့္အျပင္ ေရွးေဟာင္းအေဆာက္အအုံ (၂) လုံးျဖစ္သည့္ ၿမိဳ႕ေတာ္ဝန္အိမ္ေဟာင္းႏွင့္ ၿမိဳ႕ေတာ္ဝန္ဧည့္ေဂယာတို႔ကို ၿဖိဳခ်ခဲ့သည္ဟုဆိုကာ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးခင္ေ႐ႊႏွင့္ သားျဖစ္သူတို႔အား ၂၀၂၂ ခုႏွစ္ မတ္လ (၂၂) ရက္က ဖမ္းဆီးထိန္းသိမ္းကာ ေရွးေဟာင္း ဥပေဒပုဒ္မ (၂၄) ျဖင့္ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း ဖမ္းဆီးခံရစဥ္က သတင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.