“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”

 2219

အိဖြူ (NP News) - စက်တင်ဘာ ၂၉

ကွယ်လွန်သွားပြီးသည့်တိုင် ရေဘေးအတွက် တန်ဖိုးရှိနေဆဲ သရုပ်ဆောင်

သရုပ်ဆောင်ဇွဲနိုင်ဝင်းက သရုပ်ဆောင်အကယ်ဒမီဒွေး ဝတ်ဆင်ခဲ့တဲ့အင်္ကျီကို လေလံတင်ရောင်းချ ခဲ့ပြီး ရရှိခဲ့တဲ့ငွေကြေးများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ပါတယ်။ လေလံတင်ခဲ့တဲ့ Adidas အင်္ကျီကို ဒွေးက အဆိုတော်သီရိဂျေမောင်မောင်နဲ့အတူ City FM နှစ်ပတ်လည် ဆုပေးပွဲမှာ “ ပေးဆပ်ခြင်းများစွာ ” သီချင်းဖျော်ဖြေစဉ် ဝတ်ဆင်ခဲ့တာပါ။ အချိန်အားဖြင့် အင်္ကျီသက်တမ်းက (၂၃) နှစ်ရှိပြီဖြစ်ပါတယ်။

ဇွဲနိုင်ဝင်းက အဆိုပါ Adidas အင်္ကျီကို ကျပ်နှစ်သိန်းနဲ့ လေလံကြမ်းခင်ဈေး စတင်ဖွင့်ခဲ့ရာ ဒွေးရဲ့အင်္ကျီကိုရရှိဖို့အပြိုင်အဆိုင် ဈေးပေးခဲ့ကြပါတယ်။ လေလံဆွဲသူတွေထဲ အဆိုတော်လွှမ်းပိုင်က ကနဦး ကျပ်(၈)သိန်းပေးခဲ့ရာ နောက်ဆုံးမှာတော့ ကျပ် (၃၂)သိန်းနဲ့လေလံအောင်သွားခဲ့ခြင်း ဖြစ်ပါ တယ်။အဆိုတော်လွှမ်းပိုင်က “ ငယ်ငယ်ကတည်းက ကိုသားကြီးကို အရမ်းကြိုက်ခဲ့တာ။ ကိုယ်သဘော အကျဆုံးဘဲကြီး (ဒွေး)ရဲ့အင်္ကျီကိုရတော့ အရမ်းလည်းပျော်သလို ဒီပိုက်ဆံကို ရေဘေးသင့်ပြည်သူတွေ အတွက်လှူဒါန်းမှာဆိုတော့ ပိုပြီးတော့ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ဆိုထားပါတယ်။ လွှမ်းပိုင်က လေလံအောင်ပြီးရရှိထားတဲ့ ဒွေးဝတ်ဆင်ခဲ့တဲ့အင်္ကျီကို ဓာတ်ပုံရိုက်ကူးချိန်နဲ့ တစ်ကိုယ်တော်ရှိုးပွဲ ကျင်းပချိန် နှစ်ကြိမ် ဝတ်ဆင်ပြီးတာနဲ့ မှန်ပေါင်နဲ့သေချာသိမ်းဆည်းထားမှာဖြစ်တယ်လို့လည်း လေလံအောင် အင်္ကျီပေးအပ်ပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ဒုတိယအကြိမ်အဖြစ် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ‌ဒွေး (ခ) ကိုသားကြီး “ အဆုံးအစ ”ဇာတ်ကားထဲမှာ ဝတ်ဆင်ခဲ့တဲ့အင်္ကျီကို လေလံတင်ခဲ့ရာ ကချင်ပြည်နယ်၊ဗန်းမော်မြို့(ခေတ္တ ကန်ပိုင်တီ)မှ ဦးသန်းဇော်လတ်က ကျပ် (၃၅) သိန်းပေးကာ လေလံအောင်မြင်ရရှိခဲ့ပါတယ်။ “ ကိုသားကြီး(ခ) ဒွေးရဲ့အဝတ်အစားက တန်ဖိုးအလွန် ကြီးတာမရှိသလို ကိုသားကြီးကလည်း ကမ္ဘာမကျော်ပါဘူး။ တန်ဖိုးရှိဖို့ကလည်း ကမ္ဘာကျော်ဖို့ မလိုအပ်ပါ။ အဲဒီအဝတ်အစားနဲ့အဝတ်အစားပိုင်ရှင်ဖြစ်ခဲ့ဖူးသူအပေါ် မြတ်နိုးတန်ဖိုးထားလို့သာ တန်ဖိုးမြင့်တက်သွားခဲ့တာပါ။ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိနေခြင်းဖြစ်ပါတယ်။ ပြန်မရနိုင် တော့တဲ့အရာတွေဆို ဈေးစကားပြောလို့တောင် မရနိုင်တော့ပါ။ ဘယ်အရာကိုမဆို လူကသာ သတ် မှတ်ခြင်းပါ” ဆိုတဲ့ ပရိသတ်တစ်ဦးရဲ့မှတ်ချက်စကားကိုဖတ်ရှုမိပါတယ်။ ဇွဲနိုင်ဝင်းက “ ကိုသားကြီးကို ချစ်တဲ့စိတ်နဲ့ ကိုသားကြီးရဲ့ရေဘေးအလှူ လေးမှာ အခုလိုပါဝင်ကုသိုလ်ပြုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရရှိလာသောအလှူငွေများအားလုံးကို မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် တကယ်လိုအပ်တဲ့နေရာတွေဆီ လှူဒါန်းပေးမှာဖြစ်ပါတယ်”လို့ အသိပေး ထားပါတယ်။ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီဒွေး (အသက် ၄၂ နှစ်)က (၂၀ဝ၇) ခုနှစ် ဇူလိုင်လ (၁၁) ရက် ညနေ (၅) နာရီ အချိန်မှာ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး သူ့မိသားစုနဲ့ သူမြတ်နိုးတန်ဖိုးထားတဲ့အနုပညာအလုပ်တွေကို အပြီးတိုင်စွန့်ခွာ သွားခဲ့တာ (၁၇) နှစ် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာမရလို့ အသနားခံနေရတဲ့ မင်းမော်ကွန်းရဲ့အဖြစ်

ပြည်ပြေး သရုပ်ဆောင်မင်းမော်ကွန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်မယ့်ရန်ပုံငွေပွဲကို သွားဖို့စီစဉ်ထားပေမယ့် ထိုင်းအစိုးရရဲ့ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချခံခဲ့တာပါ။ ''ကျွန်တော်ကြိုးစားသမျှ အရာမထင်တာကို တောင်းပန်ပါတယ်။ ထိုင်းဗီဇာမရပါဘူး''လို့ မင်းမော်ကွန်းက အသိပေးထားပါတယ်။
မင်းမော်ကွန်းက စက်တင်ဘာလ (၂၅) ရက်မှာတော့''ကျွန်တော်ရဲ့စိတ်အခြေအနေကိုက ကျရင် ဖုတ်ခနဲ တက်ရင်ဖြတ်ခနဲဖြစ်နေတာ ဒီသုံးနှစ်အတွင်းမှာပါ။ အခုပြန်ပြီး တည်ငြိမ်အောင်ကြိုးစားနေပါတယ်။ ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေအတွက် ဆက်ကြိုးစားပါမယ်''လို့ Kyaw Kyaw Htay Lwin ဖေ့စ်ဘွတ်ခ် အကောင့်မှာ ထပ်မံတင်ခဲ့ပါတယ်။

စာအရ သူ့အနေနဲ့ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ပိုင်းဆိုင်ရာဂနာမငြိမ်ဖြစ်မှု၊ စိတ်အားငယ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို သိသာနေပြီး၊ ဆေးပညာ ရှုထောင့်အရ စိတ်ရောဂါဝေဒနာ အစပြုလက္ခဏာ တွေလို့ ကောက်ချက်ချနိုင်နေပြီဖြစ်ပါတယ်။ သူရဲ့ပို့စ်အာက်မှာ တော်လှန်ပုန်ကန်သူအချင်းချင်း စိတ်ဓာတ်မကျဖို့ အားပေးစကားတွေဆိုထားကြသလို CDM ဆရာမဖြစ်သူ အမျိုးသမီးတစ်ဦးက မင်းသားဖြစ်တဲ့အတွက် နိုင်ငံခြားကိုထွက်ပြေးနိုင်သေး။ ကျွန်မတို့ဆိုရင် နိုင်ငံခြားလည်းထွက်မပြေးနိုင်၊ အလုပ်အကိုင်လည်းမရှိ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရကြောင်း ရင်ဖွင့်ထားတာကိုတွေ့ရပြန်ပါတယ်။

လက်ရှိမှာ ထိုင်းအစိုးရအနေနဲ့ တရားမဝင်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံ သားတွေကိုပါ ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေ တင်းကြပ်စွာလုပ်ဆောင်နေကြတာကြောင့် နိုင်ငံရေး ဖြစ်စဉ်နဲ့ငြိစွန်းသူတွေအနေနဲ့ နေ့စဉ်ပူပန်နေကြရတယ်လို့ သတင်းတွေအရသိရပါတယ်။

မင်းမော်ကွန်း၊ ကိုပေါက်တို့အနေနဲ့ ကနဦး တိုင်းရင်းသားနယ်မြေမှာ ခိုလှုံနေထိုင်ခဲ့ကြပြီး ထိုင်း-မြန်မာ နယ်စပ်တွေကတစ်ဆင့် တတိယနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ခွင့်ရရှိအောင် လုပ်ဆောင်ခဲ့ကြတာပါ။ ကိုပေါက်တို့မိသားစု၊ မင်းမော်ကွန်းတို့မိသားစုက နိုင်ငံခြားမှာ အေးအေး‌ ဆေးဆေးနေထိုင်နိုင်နေပြီလို့ဆိုကြပေမယ့်လည်း ၎င်းတို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရက ဘယ် အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမှုတွေရှိလာမလဲဆိုတာကို စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတာ မျိုးဖြစ်ပါတယ်။

ရေဘေးသင့်ပြည်သူတို့အတွက် NP News နဲ့ Statesman Journal မိသားစုရဲ့အလှူ

ရေဘေးသင့်ပြည်သူတို့အတွက်ရည်ရွယ်ပြီး NP News သတင်းဌာနနဲ့ Statesman Journal အဖွဲ့သားတွေက စက်တင်ဘာလ (၂၂) ရက်နဲ့ (၂၃) ရက်တို့မှာ နေပြည်တော် ဆင်သေရွာ၊ ပေါဆန်ခေါရွာ အစရှိတဲ့ရွာတွေအထိ သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရေဘေးသင့်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို သတင်းမီဒီယာတစ်ခု အနေနဲ့ တတ်အားသရွေ့ တိုက်တွန်းကူညီမှုအပြင် NP News နဲ့ Statesman Journalအနေနဲ့ လူလေးယောက် အိပ်ခြင်ထောင်နဲ့ ခေါင်းအုံးတွေကို ရေဘေးသင့် အိမ်ထောင်စု (၂၀ဝ)စာ ကျပ်သိန်း (၆၀) ဖိုးနီးပါး ဝယ်ယူ လှူဒါန်းခဲ့ပါတယ်။ အဆိုပါအလှူခရီးစဉ်မှာ ရန်ကုန်မြို့နေ စေတနာရှင် အလှူရှင်တစ်ဦးမှ T-Shirt အသစ် အထည် (၂၀ဝ)၊ စေတနာအလှူရှင်တစ်ဦးက ဆန် (၂) ပြည်အိတ် အလုံး (၅၀ဝ)နဲ့ စားသုံးဆီ ငါးဆယ်သားဘူး (၅၀ဝ)၊ ရေသန့်ဘူး (၅၀ဝ)(အိမ်ထောင်စု ၅၀ဝ စာ) အတွက် ပါဝင်လှူဒါန်းခဲ့ကြ ပါတယ်။ ငွေငါးသိန်းကျပ် အလှူရှင်လည်း ရှိခဲ့သလို ကားနှင့် ကားမောင်းသမား အလှူလည်း ပါဝင် ခဲ့ကြပါတယ်။ NP News သတင်းဌာန၊ Statesman Journal အနေနဲ့ အလှူငွေကောက်ခံခြင်းမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ မိမိတို့တတ်နိုင်တဲ့ဝန်ကိုထမ်းကာ ကူညီဆောင်ရွက်ခဲ့ပြီး ဒေသခံတွေရဲ့ ရင်တွင်းစကားသံတွေနဲ့ ကျေးရွာတွေရဲ့မြေပြင်အခြေအနေကို ရိုက်ကူးတင်ဆက်မှုတွေ လုပ်ဆောင်ခဲ့ကြ ပါတယ်။ လက်ရှိမှာ အနုပညာရှင်တွေအပါအဝင် စေတနာရှင်အလှူရှင်တို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ ကလည်း ကိုယ်စီပါဝင်လာကြကာ ဝိုင်းဝန်းကူညီဖေးမလှူဒါန်းမှုတွေ လုပ်ဆောင်နေကြတာကို တွေ့မြင် နေရပါတယ်။ အလားတူ တည်ဆဲအစိုးရအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ထောက်ပံ့ ရေးပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင် နေကြပါ တယ်။ ရေဘေးသင့်မြန်မာနိုင်င်ငံသားများအတွက် မြန်မာနိုင်ငံသားအချင်းချင်း ဝိုင်းဝန်းကူညီလှူဒါန်း မှုပုံရိပ်တွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူများအတွက် စိတ်ခွန်အားတက်စရာမြင်ကွင်းအဖြစ် ဆိုရှယ် လူမှုကွန်ရက်ပလက်ဖောင်းမှာ ဒီကနေ့ထိတိုင် နေရာယူထားဆဲပဲဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ....

zawgyi version
“ ေသြးပ်က္ေနတဲ့ မင္းေမာ္ကြန္းရဲ႕အျဖစ္ အပါအဝင္ ေရေဘးသင့္ အိမ္ ေထာင္စု(၂၀ဝ)အတြက္ NP News အလႉ ”
အိျဖဴ (NP News) - စက္တင္ဘာ ၂၉

ကြယ္လြန္သြားၿပီးသည့္တိုင္ ေရေဘးအတြက္ တန္ဖိုးရွိေနဆဲ သ႐ုပ္ေဆာင္

သ႐ုပ္ေဆာင္ဇြဲႏိုင္ဝင္းက သ႐ုပ္ေဆာင္အကယ္ဒမီေဒြး ဝတ္ဆင္ခဲ့တဲ့အက်ႌကို ေလလံတင္ေရာင္းခ် ခဲ့ၿပီး ရရွိခဲ့တဲ့ေငြေၾကးမ်ားကို ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းခဲ့ပါတယ္။ ေလလံတင္ခဲ့တဲ့ Adidas အက်ႌကို ေဒြးက အဆိုေတာ္သီရိေဂ်ေမာင္ေမာင္နဲ႔အတူ City FM ႏွစ္ပတ္လည္ ဆုေပးပြဲမွာ “ ေပးဆပ္ျခင္းမ်ားစြာ ” သီခ်င္းေဖ်ာ္ေျဖစဥ္ ဝတ္ဆင္ခဲ့တာပါ။ အခ်ိန္အားျဖင့္ အက်ႌသက္တမ္းက (၂၃) ႏွစ္ရွိၿပီျဖစ္ပါတယ္။

ဇြဲႏိုင္ဝင္းက အဆိုပါ Adidas အက်ႌကို က်ပ္ႏွစ္သိန္းနဲ႔ ေလလံၾကမ္းခင္ေဈး စတင္ဖြင့္ခဲ့ရာ ေဒြးရဲ႕အက်ႌကိုရရွိဖို႔အၿပိဳင္အဆိုင္ ေဈးေပးခဲ့ၾကပါတယ္။ ေလလံဆြဲသူေတြထဲ အဆိုေတာ္လႊမ္းပိုင္က ကနဦး က်ပ္(၈)သိန္းေပးခဲ့ရာ ေနာက္ဆုံးမွာေတာ့ က်ပ္ (၃၂)သိန္းနဲ႔ေလလံေအာင္သြားခဲ့ျခင္း ျဖစ္ပါ တယ္။အဆိုေတာ္လႊမ္းပိုင္က “ ငယ္ငယ္ကတည္းက ကိုသားႀကီးကို အရမ္းႀကိဳက္ခဲ့တာ။ ကိုယ္သေဘာ အက်ဆုံးဘဲႀကီး (ေဒြး)ရဲ႕အက်ႌကိုရေတာ့ အရမ္းလည္းေပ်ာ္သလို ဒီပိုက္ဆံကို ေရေဘးသင့္ျပည္သူေတြ အတြက္လႉဒါန္းမွာဆိုေတာ့ ပိုၿပီးေတာ့ ဝမ္းသာပီတိျဖစ္ရပါတယ္” လို႔ ဆိုထားပါတယ္။ လႊမ္းပိုင္က ေလလံေအာင္ၿပီးရရွိထားတဲ့ ေဒြးဝတ္ဆင္ခဲ့တဲ့အက်ႌကို ဓာတ္ပုံ႐ိုက္ကူးခ်ိန္နဲ႔ တစ္ကိုယ္ေတာ္ရႈိးပြဲ က်င္းပခ်ိန္ ႏွစ္ႀကိမ္ ဝတ္ဆင္ၿပီးတာနဲ႔ မွန္ေပါင္နဲ႔ေသခ်ာသိမ္းဆည္းထားမွာျဖစ္တယ္လို႔လည္း ေလလံေအာင္ အက်ႌေပးအပ္ပြဲမွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ဒုတိယအႀကိမ္အျဖစ္ ႐ုပ္ရွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ အကယ္ဒမီ‌ေဒြး (ခ) ကိုသားႀကီး “ အဆုံးအစ ”ဇာတ္ကားထဲမွာ ဝတ္ဆင္ခဲ့တဲ့အက်ႌကို ေလလံတင္ခဲ့ရာ ကခ်င္ျပည္နယ္၊ဗန္းေမာ္ၿမိဳ႕(ေခတၱ ကန္ပိုင္တီ)မွ ဦးသန္းေဇာ္လတ္က က်ပ္ (၃၅) သိန္းေပးကာ ေလလံေအာင္ျမင္ရရွိခဲ့ပါတယ္။ “ ကိုသားႀကီး(ခ) ေဒြးရဲ႕အဝတ္အစားက တန္ဖိုးအလြန္ ႀကီးတာမရွိသလို ကိုသားႀကီးကလည္း ကမာၻမေက်ာ္ပါဘူး။ တန္ဖိုးရွိဖို႔ကလည္း ကမာၻေက်ာ္ဖို႔ မလိုအပ္ပါ။ အဲဒီအဝတ္အစားနဲ႔အဝတ္အစားပိုင္ရွင္ျဖစ္ခဲ့ဖူးသူအေပၚ ျမတ္ႏိုးတန္ဖိုးထားလို႔သာ တန္ဖိုးျမင့္တက္သြားခဲ့တာပါ။ တန္ဖိုးထားသူေတြအတြက္ တန္ဖိုးရွိေနျခင္းျဖစ္ပါတယ္။ ျပန္မရႏိုင္ ေတာ့တဲ့အရာေတြဆို ေဈးစကားေျပာလို႔ေတာင္ မရႏိုင္ေတာ့ပါ။ ဘယ္အရာကိုမဆို လူကသာ သတ္ မွတ္ျခင္းပါ” ဆိုတဲ့ ပရိသတ္တစ္ဦးရဲ႕မွတ္ခ်က္စကားကိုဖတ္ရႈမိပါတယ္။ ဇြဲႏိုင္ဝင္းက “ ကိုသားႀကီးကို ခ်စ္တဲ့စိတ္နဲ႔ ကိုသားႀကီးရဲ႕ေရေဘးအလႉ ေလးမွာ အခုလိုပါဝင္ကုသိုလ္ျပဳေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ရရွိလာေသာအလႉေငြမ်ားအားလုံးကို ျမန္မာႏိုင္ငံမွ ေရေဘးသင့္ ျပည္သူမ်ားအတြက္ တကယ္လိုအပ္တဲ့ေနရာေတြဆီ လႉဒါန္းေပးမွာျဖစ္ပါတယ္”လို႔ အသိေပး ထားပါတယ္။ ႐ုပ္ရွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီေဒြး (အသက္ ၄၂ ႏွစ္)က (၂၀ဝ၇) ခုႏွစ္ ဇူလိုင္လ (၁၁) ရက္ ညေန (၅) နာရီ အခ်ိန္မွာ ႏွလုံးေရာဂါနဲ႔ ႐ုတ္တရက္ကြယ္လြန္ဆုံးပါးသြားခဲ့ျခင္းျဖစ္ၿပီး သူ႔မိသားစုနဲ႔ သူျမတ္ႏိုးတန္ဖိုးထားတဲ့အႏုပညာအလုပ္ေတြကို အၿပီးတိုင္စြန႔္ခြာ သြားခဲ့တာ (၁၇) ႏွစ္ ျပည့္ခဲ့ၿပီးျဖစ္ပါတယ္။

ထိုင္းႏိုင္ငံဝင္ခြင့္ ဗီဇာမရလို႔ အသနားခံေနရတဲ့ မင္းေမာ္ကြန္းရဲ႕အျဖစ္

ျပည္ေျပး သ႐ုပ္ေဆာင္မင္းေမာ္ကြန္းက ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာျပဳလုပ္မယ့္ရန္ပုံေငြပြဲကို သြားဖို႔စီစဥ္ထားေပမယ့္ ထိုင္းအစိုးရရဲ႕ျပည္ဝင္ခြင့္ဗီဇာကို ပယ္ခ်ခံခဲ့တာပါ။ ''ကြၽန္ေတာ္ႀကိဳးစားသမွ် အရာမထင္တာကို ေတာင္းပန္ပါတယ္။ ထိုင္းဗီဇာမရပါဘူး''လို႔ မင္းေမာ္ကြန္းက အသိေပးထားပါတယ္။
မင္းေမာ္ကြန္းက စက္တင္ဘာလ (၂၅) ရက္မွာေတာ့''ကြၽန္ေတာ္ရဲ႕စိတ္အေျခအေနကိုက က်ရင္ ဖုတ္ခနဲ တက္ရင္ျဖတ္ခနဲျဖစ္ေနတာ ဒီသုံးႏွစ္အတြင္းမွာပါ။ အခုျပန္ၿပီး တည္ၿငိမ္ေအာင္ႀကိဳးစားေနပါတယ္။ ေရွ႕ဆက္လုပ္ရမယ့္ကိစၥေတြအတြက္ ဆက္ႀကိဳးစားပါမယ္''လို႔ Kyaw Kyaw Htay Lwin ေဖ့စ္ဘြတ္ခ္ အေကာင့္မွာ ထပ္မံတင္ခဲ့ပါတယ္။

စာအရ သူ႔အေနနဲ႔ စိတ္ဓာတ္က်ဆင္းမႈ၊ စိတ္ပိုင္းဆိုင္ရာဂနာမၿငိမ္ျဖစ္မႈ၊ စိတ္အားငယ္မႈေတြ ျဖစ္ေပၚေနတယ္ဆိုတာကို သိသာေနၿပီး၊ ေဆးပညာ ရႈေထာင့္အရ စိတ္ေရာဂါေဝဒနာ အစျပဳလကၡဏာ ေတြလို႔ ေကာက္ခ်က္ခ်ႏိုင္ေနၿပီျဖစ္ပါတယ္။ သူရဲ႕ပို႔စ္အာက္မွာ ေတာ္လွန္ပုန္ကန္သူအခ်င္းခ်င္း စိတ္ဓာတ္မက်ဖို႔ အားေပးစကားေတြဆိုထားၾကသလို CDM ဆရာမျဖစ္သူ အမ်ိဳးသမီးတစ္ဦးက မင္းသားျဖစ္တဲ့အတြက္ ႏိုင္ငံျခားကိုထြက္ေျပးႏိုင္ေသး။ ကြၽန္မတို႔ဆိုရင္ ႏိုင္ငံျခားလည္းထြက္မေျပးႏိုင္၊ အလုပ္အကိုင္လည္းမရွိ အေျခအေနမ်ိဳးနဲ႔ရင္ဆိုင္ေနရေၾကာင္း ရင္ဖြင့္ထားတာကိုေတြ႕ရျပန္ပါတယ္။

လက္ရွိမွာ ထိုင္းအစိုးရအေနနဲ႔ တရားမဝင္ေရာက္ရွိလာတဲ့ ျမန္မာႏိုင္ငံသားေတြအပါအဝင္ တျခားႏိုင္ငံ သားေတြကိုပါ ဖမ္းဆီးထိန္းသိမ္းတာမ်ိဳးေတြ တင္းၾကပ္စြာလုပ္ေဆာင္ေနၾကတာေၾကာင့္ ႏိုင္ငံေရး ျဖစ္စဥ္နဲ႔ၿငိစြန္းသူေတြအေနနဲ႔ ေန႔စဥ္ပူပန္ေနၾကရတယ္လို႔ သတင္းေတြအရသိရပါတယ္။

မင္းေမာ္ကြန္း၊ ကိုေပါက္တို႔အေနနဲ႔ ကနဦး တိုင္းရင္းသားနယ္ေျမမွာ ခိုလႈံေနထိုင္ခဲ့ၾကၿပီး ထိုင္း-ျမန္မာ နယ္စပ္ေတြကတစ္ဆင့္ တတိယႏိုင္ငံသို႔ ဒုကၡသည္အျဖစ္ ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ရရွိေအာင္ လုပ္ေဆာင္ခဲ့ၾကတာပါ။ ကိုေပါက္တို႔မိသားစု၊ မင္းေမာ္ကြန္းတို႔မိသားစုက ႏိုင္ငံျခားမွာ ေအးေအး‌ ေဆးေဆးေနထိုင္ႏိုင္ေနၿပီလို႔ဆိုၾကေပမယ့္လည္း ၎တို႔အေနနဲ႔ သက္ဆိုင္ရာႏိုင္ငံအစိုးရက ဘယ္ အခ်ိန္မွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ အေရးယူမႈေတြရွိလာမလဲဆိုတာကို စိုးရိမ္စိတ္နဲ႔ ေနထိုင္ေနၾကရတာ မ်ိဳးျဖစ္ပါတယ္။

ေရေဘးသင့္ျပည္သူတို႔အတြက္ NP News နဲ႔ Statesman Journal မိသားစုရဲ႕အလႉ

ေရေဘးသင့္ျပည္သူတို႔အတြက္ရည္႐ြယ္ၿပီး NP News သတင္းဌာနနဲ႔ Statesman Journal အဖြဲ႕သားေတြက စက္တင္ဘာလ (၂၂) ရက္နဲ႔ (၂၃) ရက္တို႔မွာ ေနျပည္ေတာ္ ဆင္ေသ႐ြာ၊ ေပါဆန္ေခါ႐ြာ အစရွိတဲ့႐ြာေတြအထိ သြားေရာက္လႉဒါန္းမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ေရေဘးသင့္ျပည္သူေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကို သတင္းမီဒီယာတစ္ခု အေနနဲ႔ တတ္အားသေ႐ြ႕ တိုက္တြန္းကူညီမႈအျပင္ NP News နဲ႔ Statesman Journalအေနနဲ႔ လူေလးေယာက္ အိပ္ျခင္ေထာင္နဲ႔ ေခါင္းအုံးေတြကို ေရေဘးသင့္ အိမ္ေထာင္စု (၂၀ဝ)စာ က်ပ္သိန္း (၆၀) ဖိုးနီးပါး ဝယ္ယူ လႉဒါန္းခဲ့ပါတယ္။ အဆိုပါအလႉခရီးစဥ္မွာ ရန္ကုန္ၿမိဳ႕ေန ေစတနာရွင္ အလႉရွင္တစ္ဦးမွ T-Shirt အသစ္ အထည္ (၂၀ဝ)၊ ေစတနာအလႉရွင္တစ္ဦးက ဆန္ (၂) ျပည္အိတ္ အလုံး (၅၀ဝ)နဲ႔ စားသုံးဆီ ငါးဆယ္သားဘူး (၅၀ဝ)၊ ေရသန႔္ဘူး (၅၀ဝ)(အိမ္ေထာင္စု ၅၀ဝ စာ) အတြက္ ပါဝင္လႉဒါန္းခဲ့ၾက ပါတယ္။ ေငြငါးသိန္းက်ပ္ အလႉရွင္လည္း ရွိခဲ့သလို ကားႏွင့္ ကားေမာင္းသမား အလႉလည္း ပါဝင္ ခဲ့ၾကပါတယ္။ NP News သတင္းဌာန၊ Statesman Journal အေနနဲ႔ အလႉေငြေကာက္ခံျခင္းမ်ိဳး လုပ္ေဆာင္ခဲ့ျခင္းမရွိဘဲ မိမိတို႔တတ္ႏိုင္တဲ့ဝန္ကိုထမ္းကာ ကူညီေဆာင္႐ြက္ခဲ့ၿပီး ေဒသခံေတြရဲ႕ ရင္တြင္းစကားသံေတြနဲ႔ ေက်း႐ြာေတြရဲ႕ေျမျပင္အေျခအေနကို ႐ိုက္ကူးတင္ဆက္မႈေတြ လုပ္ေဆာင္ခဲ့ၾက ပါတယ္။ လက္ရွိမွာ အႏုပညာရွင္ေတြအပါအဝင္ ေစတနာရွင္အလႉရွင္တို႔နဲ႔ စီးပြားေရးလုပ္ငန္းရွင္တို႔ ကလည္း ကိုယ္စီပါဝင္လာၾကကာ ဝိုင္းဝန္းကူညီေဖးမလႉဒါန္းမႈေတြ လုပ္ေဆာင္ေနၾကတာကို ေတြ႕ျမင္ ေနရပါတယ္။ အလားတူ တည္ဆဲအစိုးရအေနနဲ႔ ေရေဘးသင့္ျပည္သူေတြအတြက္ အေရးေပၚ ေထာက္ပံ့ ေရးပစၥည္းေတြနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို အင္တိုက္အားတိုက္လုပ္ေဆာင္ ေနၾကပါ တယ္။ ေရေဘးသင့္ျမန္မာႏိုင္င္ငံသားမ်ားအတြက္ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း ဝိုင္းဝန္းကူညီလႉဒါန္း မႈပုံရိပ္ေတြဟာ ဒုကၡေရာက္ေနတဲ့ ျပည္သူမ်ားအတြက္ စိတ္ခြန္အားတက္စရာျမင္ကြင္းအျဖစ္ ဆိုရွယ္ လူမႈကြန္ရက္ပလက္ေဖာင္းမွာ ဒီကေန႔ထိတိုင္ ေနရာယူထားဆဲပဲျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နားခြင့္ျပဳပါ....

Related news

© 2021. All rights reserved.