ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ

 1662

NP News - စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲခံရမှု ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၃ဝ ရက်)၊ မွန်းလွဲ ၁၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်း အုပ်ချုပ်ရေးမှူးရုံး နှင့် စက်ဆန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခွဲတို့တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တာတော့ဟုတ်ပါတယ်။ အလတ်ချောင်းအုပ်ချုပ်ရေးမှူးရုံးမှာဖြစ်တာပါ” ဟု ကြည့်မြင်တိုင်မြို့နယ် တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။

အလတ်ချောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရေဘေးသင့်များလှူဒါန်းရန် ပေးပို့ထားသည့် ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်အိတ်များအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Smart card လုပ်ရန် ရောက်ရှိနေသူ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၇)ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်ဆန်းရပ်ကွက်ရှိ၊အုပ်ချုပ်ရေးမှူးရုံးခွဲတွင်လည်း ရေဘေးအလှူခံရရှိထားသည့် ဆီပုံးများကြားမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရှိသူစုစုပေါင်း(၁၁)ဦးကို အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) သို့ ပို့ဆောင်ထားရှိ ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအား စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ေရေဘးအလႉပစၥည္းမ်ားအတြင္း ဗုံးထည့္ေဖာက္ခြဲသည့္အတြက္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ဒဏ္ရာရ
NP News - စက္တင္ဘာ ၃၀

ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ေရေဘးအလႉပစၥည္းမ်ားအတြင္း ဗုံးထည့္ေဖာက္ခြဲခံရမႈ ေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၃ဝ ရက္)၊ မြန္းလြဲ ၁၂ နာရီခန႔္က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ အလတ္ေခ်ာင္း အုပ္ခ်ဳပ္ေရးမႉး႐ုံး ႏွင့္ စက္ဆန္းရပ္ကြက္၊ ကမ္းနားလမ္းရွိ စက္ဆန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးခြဲတို႔တြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေပါက္ကြဲမႈျဖစ္တာေတာ့ဟုတ္ပါတယ္။ အလတ္ေခ်ာင္းအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာျဖစ္တာပါ” ဟု ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။

အလတ္ေခ်ာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ေရေဘးသင့္မ်ားလႉဒါန္းရန္ ေပးပို႔ထားသည့္ ဆန္၊ ဆီႏွင့္ ေခါက္ဆြဲေျခာက္အိတ္မ်ားအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး Smart card လုပ္ရန္ ေရာက္ရွိေနသူ အမ်ိဳးသား(၄)ဦး ႏွင့္ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း(၇)ဦးမွာ ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

အလားတူ စက္ဆန္းရပ္ကြက္ရွိ၊အုပ္ခ်ဳပ္ေရးမႉး႐ုံးခြဲတြင္လည္း ေရေဘးအလႉခံရရွိထားသည့္ ဆီပုံးမ်ားၾကားမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရွိသူစုစုေပါင္း(၁၁)ဦးကို အမွတ္(၂)တပ္မေတာ္ေဆး႐ုံ(ခုတင္-၅၀၀) သို႔ ပို႔ေဆာင္ထားရွိၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူအား စုံစမ္း စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.