AA က ရွာသားများကို ဖမ်းဆီး စစ်သားစုဆောင်း၍ အမ်းမြို့ ပြင်၌ တိုက်ပွဲဖော်နေ

 679

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၃ဝ

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာပြီး တပ်မတော်ထိန်းချုပ်ရာ အမ်းမြို့အနီးတွင် ယနေ့ (စက်တင်ဘာ ၂၇ ရက်) နံနက်ပိုင်းမှစတင်ကာ ထိတွေ့မှုများဖြစ်ပွားနေကြောင်း အမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။
‘မနေ့က စစ်ကြောင်းထွက်တော့တိုက် ပွဲဖြစ်တာပေါ့။ နှစ်ဖက်အင်အား တစ်ရာလောက်စီနဲ့ တိုက်ပွဲဖြစ်တယ်။ ဒေသခံတချို့က တာဝန်ရှိသူတွေကို သတင်းကြိုပေးခဲ့တယ်။ ပေါ့တာလားမသိဘူး အခုဖြစ်ပြီလေ’ဟု အမ်းမြို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
လက်ရှိတွင် အမ်းမြို့အခြေစိုက်ခြေမြန် တပ်ရင်း ခလရ (၃၇၃)အနီး အမ်း-စစ်တွေ လမ်းမ ပေါ်ရှိ အိမ်ခြေ(၂၀ဝ) ခန့်ရှိသော ရွာသာယာရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ AA လက်နက် ကိုင်များက ရွာအတွင်းသို့ စိမ့်ဝင်လာပြီး နောက် ဒေသခံများကို စစ်သားစုဆောင်းသည့် သဘောဖြင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်း ရင်းမြစ်က ဆိုသည်။
“AA လက်နက်ကိုင်တွေဘက်က လွန်ခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က ရွာထဲဝင်လာပြီး ကလေးတွေကိုလာဆွဲ တယ်။ ရခိုင်မတွေလည်း ငိုကြယိုကြပေါ့။ အဲဒီသတင်းကို တာဝန်ရှိသူတွေက လက်မခံတာ။ အခုစစ်ကြောင်းသွားတော့ ရွာသာ ယာရွာ စစ်ဆေးရေးဂိတ်မှာတိုက်ပွဲဖြစ်တာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲသည် လက်ရှိစက်တင်ဘာလ (၂၇) ရက်နေ့ မနက်ပိုင်းမှစတင်ကာ ဖြစ်ပွားနေပြီး အမ်းမြို့တွင်းမှ လက်နက် ကြီး ပစ်ကူပေးနေရကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ရာဘက်သို့ ဒေသခံများသွားလာ၍မရသည့် အပြင် အမ်း ဂေါက်ကွင်းကိုပါပိတ်ထားရကြောင်းသိရသည်။
အမ်းမြို့ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ မြို့အတွင်းသို့ပြောင်းရွှေ့နေထိုင်နေကြပြီး ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ပြောင်းရွှေ့လာကြောင်းသိရသည်။ အမ်းမြို့ပေါ်တွင် လတ်တလော စစ်ရှောင်အများအပြားလာရောက်နေထိုင်နေကြပြီး တိုက်ပွဲမှာလည်း ရက်ကြာမြင့်နိုင် ကြောင်းသိရသည်

Zawgyi Version;
AA က ႐ြာသားမ်ားကို ဖမ္းဆီး စစ္သားစုေဆာင္း၍ အမ္းၿမိဳ႕ ျပင္၌ တိုက္ပြဲေဖာ္ေန
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၃ဝ

ရခိုင္ျပည္နယ္အတြင္း တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ား ျပင္းထန္လာၿပီး တပ္မေတာ္ထိန္းခ်ဳပ္ရာ အမ္းၿမိဳ႕အနီးတြင္ ယေန႔ (စက္တင္ဘာ ၂၇ ရက္) နံနက္ပိုင္းမွစတင္ကာ ထိေတြ႕မႈမ်ားျဖစ္ပြားေနေၾကာင္း အမ္းၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။
‘မေန႔က စစ္ေၾကာင္းထြက္ေတာ့တိုက္ ပြဲျဖစ္တာေပါ့။ ႏွစ္ဖက္အင္အား တစ္ရာေလာက္စီနဲ႔ တိုက္ပြဲျဖစ္တယ္။ ေဒသခံတခ်ိဳ႕က တာဝန္ရွိသူေတြကို သတင္းႀကိဳေပးခဲ့တယ္။ ေပါ့တာလားမသိဘူး အခုျဖစ္ၿပီေလ’ဟု အမ္းၿမိဳ႕ ေဒသခံ သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ အမ္းၿမိဳ႕အေျခစိုက္ေျချမန္ တပ္ရင္း ခလရ (၃၇၃)အနီး အမ္း-စစ္ေတြ လမ္းမ ေပၚရွိ အိမ္ေျခ(၂၀ဝ) ခန႔္ရွိေသာ ႐ြာသာယာ႐ြာတြင္ တိုက္ပြဲျဖစ္ပြားေနျခင္းျဖစ္သည္။ AA လက္နက္ ကိုင္မ်ားက ႐ြာအတြင္းသို႔ စိမ့္ဝင္လာၿပီး ေနာက္ ေဒသခံမ်ားကို စစ္သားစုေဆာင္းသည့္ သေဘာျဖင့္ ေပၚတာဆြဲဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သတင္း ရင္းျမစ္က ဆိုသည္။
“AA လက္နက္ကိုင္ေတြဘက္က လြန္ခဲ့တဲ့ စက္တင္ဘာ ၂၅ ရက္က ႐ြာထဲဝင္လာၿပီး ကေလးေတြကိုလာဆြဲ တယ္။ ရခိုင္မေတြလည္း ငိုၾကယိုၾကေပါ့။ အဲဒီသတင္းကို တာဝန္ရွိသူေတြက လက္မခံတာ။ အခုစစ္ေၾကာင္းသြားေတာ့ ႐ြာသာ ယာ႐ြာ စစ္ေဆးေရးဂိတ္မွာတိုက္ပြဲျဖစ္တာ” ဟု ၎က ေျပာသည္။

တိုက္ပြဲသည္ လက္ရွိစက္တင္ဘာလ (၂၇) ရက္ေန႔ မနက္ပိုင္းမွစတင္ကာ ျဖစ္ပြားေနၿပီး အမ္းၿမိဳ႕တြင္းမွ လက္နက္ ႀကီး ပစ္ကူေပးေနရေၾကာင္း သိရသည္။ လက္ရွိတြင္ တိုက္ပြဲျဖစ္ရာဘက္သို႔ ေဒသခံမ်ားသြားလာ၍မရသည့္ အျပင္ အမ္း ေဂါက္ကြင္းကိုပါပိတ္ထားရေၾကာင္းသိရသည္။
အမ္းၿမိဳ႕ဝန္းက်င္ရွိ ေက်း႐ြာမ်ားမွ ေဒသခံမ်ား ၿမိဳ႕အတြင္းသို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကၿပီး ကားႀကီးကားငယ္ အသြယ္သြယ္ျဖင့္ ေျပာင္းေ႐ႊ႕လာေၾကာင္းသိရသည္။ အမ္းၿမိဳ႕ေပၚတြင္ လတ္တေလာ စစ္ေရွာင္အမ်ားအျပားလာေရာက္ေနထိုင္ေနၾကၿပီး တိုက္ပြဲမွာလည္း ရက္ၾကာျမင့္ႏိုင္ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.