အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားမှာ ဆရာက ထိုင်ထအပြစ်ပေးခြင်းကြောင့် ကျောင်းသား သေဆုံး

 1112

ရောင်နီ (NP News) - အောက်တိုဘာ ၁

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားမှာ ဘာသာရေးဆရာက ထိုင်ထ အပြစ်ပေးခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျမ်းစာပိုဒ်တွေကို အလွတ်ကျက်မှတ်ဖို့ ပျက်ကွက်မှုအတွက် ထိုင်ထအကြိမ် (၁၀၀) အပြစ်ပေးခံရခြင်းကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က အသက် ၁၄ နှစ်အရွယ် ရင်ဒူဆရက်ပူတရာစီနာဂါ အမည်ရှိ အလယ်တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ထိုင်ထအပြစ်ပေးခံရပြီးနောက် တစ်ပတ်အကြာ စက်တင်ဘာ ၂၆ ရက်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။
ကျောင်းသားရဲ့မိခင်ဖြစ်သူ မဒမ်ရူလီရာနာ ဒါမာ ပါဒန်ရဲ့အဆိုအရ အဆိုပါပြစ်ဒဏ်ဟာကလေးရဲ့ ကျန်းမာရေးကို သိသိသာသာထိခိုက်စေခဲ့ပြီး ကျောင်းမှ ပြန်လာပြီးနောက် သားဖြစ်သူဟာ အထူးသဖြင့် ခြေထောက်တွေ မသက်မသာခံစားရပြီး အဖျားပါတက်လာခဲ့တယ်လို့ သူမက ဆိုပါတယ်။
ကျောင်းသား ရင်ဒူဟာ ဒီလီတူအာ မြို့ရှိ Sembiring ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပေမယ့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး စက်တင်ဘာ ၂၆ ရက် နံနက်မှာ သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲ ရစ်ချီအက်ခ်ဘာက အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောကြားထားပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံ၊ အေနာက္ဆူမားၾတားမွာ ဆရာက ထိုင္ထအျပစ္ေပးျခင္းေၾကာင့္ ေက်ာင္းသား ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁

အင္ဒိုနီးရွားႏိုင္ငံ၊ အေနာက္ဆူမားၾတားမွာ ဘာသာေရးဆရာက ထိုင္ထ အျပစ္ေပးျခင္းေၾကာင့္ အသက္ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

က်မ္းစာပိုဒ္ေတြကို အလြတ္က်က္မွတ္ဖို႔ ပ်က္ကြက္မႈအတြက္ ထိုင္ထအႀကိမ္ (၁၀၀) အျပစ္ေပးခံရျခင္းေၾကာင့္ ၿပီးခဲ့တဲ့သီတင္းပတ္က အသက္ ၁၄ ႏွစ္အ႐ြယ္ ရင္ဒူဆရက္ပူတရာစီနာဂါ အမည္ရွိ အလယ္တန္းေက်ာင္းသားတစ္ဦး ေသဆုံးခဲ့ပါတယ္။
ထိုင္ထအျပစ္ေပးခံရၿပီးေနာက္ တစ္ပတ္အၾကာ စက္တင္ဘာ ၂၆ ရက္မွာ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္လို႔ ဆိုပါတယ္။
ေက်ာင္းသားရဲ႕မိခင္ျဖစ္သူ မဒမ္႐ူလီရာနာ ဒါမာ ပါဒန္ရဲ႕အဆိုအရ အဆိုပါျပစ္ဒဏ္ဟာကေလးရဲ႕ က်န္းမာေရးကို သိသိသာသာထိခိုက္ေစခဲ့ၿပီး ေက်ာင္းမွ ျပန္လာၿပီးေနာက္ သားျဖစ္သူဟာ အထူးသျဖင့္ ေျခေထာက္ေတြ မသက္မသာခံစားရၿပီး အဖ်ားပါတက္လာခဲ့တယ္လို႔ သူမက ဆိုပါတယ္။
ေက်ာင္းသား ရင္ဒူဟာ ဒီလီတူအာ ၿမိဳ႕ရွိ Sembiring ေဆး႐ုံမွာ ကုသမႈ ခံယူခဲ့ရေပမယ့္ အေျခအေန ပိုမိုဆိုး႐ြားလာခဲ့ၿပီး စက္တင္ဘာ ၂၆ ရက္ နံနက္မွာ ေသဆုံးသြားခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ မႈခင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕အႀကီးအကဲ ရစ္ခ်ီအက္ခ္ဘာက အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.