The Glory မှာ မင်းသမီးဆောင်းဟေကိုရဲ့မိခင်နေရာက ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး ပတ်ဂျီအာအသက် ၅၂ နှစ်အရွယ်မှာ ကွယ်လွန်
1418
ရောင်နီ (NP News) - အောက်တိုဘာ ၁
အသပ် ၅၂ နှစ်အရွယ် တောင်ကိုရီးယားမင်းသမီး ပက်ခ်ဂျီအာ ဟာ တနင်္လာနေ့ (စက်တင်ဘာ ၃ဝ ရက်)မှာ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
မင်းသမီး ပက်ခ်ဂျီအာဟာ အနုပညာလုပ်သက် နှစ် ၂ဝ ကျော်ကြာမြင့်ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်နဲ့ ဒရာမာဇာတ်လမ်းတွဲ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ နာမည်ကျော် Netflix ဇာတ်လမ်းတွဲ "The Glory" မှာ မင်းသမီး ဆောင်းဟေကိုရဲ့ဇာတ်ကောင် မွန်းဒုံအွန်းရဲ့ ခပ်ဆိုးဆိုး မိခင်ဂျောင်မီဟီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာပရိသတ်တွေကြား လူသိများခဲ့ပါတယ်။
သူမ ကွယ်လွန်တဲ့သတင်းအတွက် အေဂျင်စီက စက်တက်ဘာ ၃ဝ ရက် "ကိုရီးယားစံတော်ချိန် နံနက် ၂ နာရီ ၅ မိနစ်အချိန်မှာ "ဦးနှောက်သွေးကြောပေါက်ခြင်း" ပြီး သေဆုံးသွားခဲ့တယ်" လို့ ကြေညာခဲ့ပါတယ်။
သူမရဲ့ဈာပနကိုတော့ Asan Medical Centre မှာ ပြုလုပ်နေပြီး တောင်းကိုရီးယားမင်းသမီး ဆောင်းဟေကိုက လွမ်းသူ့ပန်းခွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် The Glory မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ပက်ခ်ဆောင်းဟွန်း၊ ဂျောင်ဆောင်အီ၊ ကင်ဟီရိုရာ၊ ကင်ဂန်ဝူးတို့လည်း ဒီဈာပနကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံရုပ်သံသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version;
The Glory မွာ မင္းသမီးေဆာင္းေဟကိုရဲ႕မိခင္ေနရာက ပါဝင္ခဲ့တဲ့ ေတာင္ကိုရီးယားမင္းသမီး ပတ္ဂ်ီအာအသက္ ၅၂ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁
အသပ္ ၅၂ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားမင္းသမီး ပက္ခ္ဂ်ီအာ ဟာ တနလၤာေန႔ (စက္တင္ဘာ ၃ဝ ရက္)မွာ ႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။
မင္းသမီး ပက္ခ္ဂ်ီအာဟာ အႏုပညာလုပ္သက္ ႏွစ္ ၂ဝ ေက်ာ္ၾကာျမင့္ၿပီျဖစ္တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ႐ုပ္ရွင္နဲ႔ ဒရာမာဇာတ္လမ္းတြဲ မ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူမဟာ နာမည္ေက်ာ္ Netflix ဇာတ္လမ္းတြဲ "The Glory" မွာ မင္းသမီး ေဆာင္းေဟကိုရဲ႕ဇာတ္ေကာင္ မြန္းဒုံအြန္းရဲ႕ ခပ္ဆိုးဆိုး မိခင္ေဂ်ာင္မီဟီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ႏိုင္ငံတကာပရိသတ္ေတြၾကား လူသိမ်ားခဲ့ပါတယ္။
သူမ ကြယ္လြန္တဲ့သတင္းအတြက္ ေအဂ်င္စီက စက္တက္ဘာ ၃ဝ ရက္ "ကိုရီးယားစံေတာ္ခ်ိန္ နံနက္ ၂ နာရီ ၅ မိနစ္အခ်ိန္မွာ "ဦးေႏွာက္ေသြးေၾကာေပါက္ျခင္း" ၿပီး ေသဆုံးသြားခဲ့တယ္" လို႔ ေၾကညာခဲ့ပါတယ္။
သူမရဲ႕ဈာပနကိုေတာ့ Asan Medical Centre မွာ ျပဳလုပ္ေနၿပီး ေတာင္းကိုရီးယားမင္းသမီး ေဆာင္းေဟကိုက လြမ္းသူ႔ပန္းေခြေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။ ဒါအျပင္ The Glory မွာ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ပက္ခ္ေဆာင္းဟြန္း၊ ေဂ်ာင္ေဆာင္အီ၊ ကင္ဟီ႐ိုရာ၊ ကင္ဂန္ဝူးတို႔လည္း ဒီဈာပနကို တက္ေရာက္ဖို႔ စီစဥ္ထားတယ္လို႔ ႏိုင္ငံ႐ုပ္သံသတင္းမွာ ေဖာ္ျပထားပါတယ္။