ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်

 242

Pika (NP News) - အောက်တိုဘာ ၁

အမေရိကန်နိုင်ငံသည် ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး နယ်စပ်အကျပ်အတည်းကို လေးနှစ်နီးပါကြာ တွေ့ကြုံခံစားနေရကြောင်း ရီပတ် ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဝေဖန် ပြောဆိုခဲ့သည်။ အမေရိကန်-မက္ကဆီကိုတောင်ပိုင်း နယ်စပ်သို့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ် သွားရောက်မလည်ပတ်ခင် စက်တင်ဘာလ (၂၆)ရက်တွင် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့မှတ်ချက် ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်က “ ကျွန်တော်တို့ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အ တည်းအတွင်းမှာ လေးနှစ်နီးပါးကြာနေခဲ့ရပါတယ်။ ကျွန်တော်တို့ မြေပေါ်မှာ မရေမတွက်နိုင်တဲ့ ဆင်းရဲ ဒုက္ခတွေနဲ့သေဆုံးတာတွေကို ဖြစ်စေခဲ့တဲ့ ဒီလိုအကျပ်အတည်းမျိုးက အရင်တုန်းက လုံးဝမရှိခဲ့ဖူးပါဘူး။ ဒီပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အဓိကလူက ဒုသမ္မတကာမာလာဟားရစ်ပဲဖြစ်ပါတယ်” ဟုပြော ဆိုခဲ့သည်။

ကာမာလာဟားရစ်သည် ၎င်းကိုယ်တိုင်ဖျက်ဆီး ပစ်ခဲ့သော အမေရိကန်-မက္ကဆီကိုတောင်ပိုင်း နယ်စပ်ကို စက်တင်ဘာ ၂၇ ရက်ကသွားရောက်လည်ပတ်ခဲ့ ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြော ဆိုခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် ကာမလာဟားရစ်၏ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ရေးရာ မူဝါဒများကို ပြီးခဲ့သည့်ဩဂုတ်လ(၂၁)ရက်တွင် ပြစ်တင်ဝေဖန် ပြောဆိုခဲ့ဖူးကြောင်း သိရသည်။ ကာမာ လာဟားရစ် သည် ဆန်ဖရန်စ္စကိုနှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့ကို ဖျက်ဆီးခဲ့သည့်အတိုင်း အမေရိ ကန်နိုင်ငံ ကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လတွင် ဝေဖန်ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်က “ ကာမာလာဟားရစ်ဟာ ဆန်ဖရန်စ္စကိုမြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့ကို ဖျက်ဆီးခဲ့သလိုပဲ ကျွန်တော်တို့ရဲ့နိုင်ငံကို ဖျက်ဆီး ပစ်ပါလိမ့်မယ်။ ကာမာလာဟားရစ်က ၎င်းထိလိုက် သမျှအရာတိုင်းကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ၎င်းဟာ ဆန်ဖရန်စ္စကိုမြို့မှာ ခရိုင်ရှေ့နေဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ ၎င်းဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှေ့ နေချုပ်ဖြစ်လာခဲ့ပါတယ်။ သူရှိနေခဲ့တဲ့ နေရာတိုင်းက ငရဲလိုပါပဲ။ ဒီတစ်ကြိမ်မှာတော့ ကာမာလာဟားရစ်ဟာ အမေရိကန်အပေါ် အလားတူပုံစံမျိုးဖြစ် အောင် ထပ်လုပ်ပါလိမ့်မယ်။ ကာမာလာဟားရစ်က နယ်စပ်တွေကိုဖွင့်ပစ်ချင်နေတယ်ဆိုတာ အားလုံးသိကြမှာပါ။ကာမာလာဟားရစ်သာ သမ္မတဖြစ်လာခဲ့မယ်ဆိုရင် လေးနှစ်အတွင်းမှာပဲ နိုင်ငံ တွင်းကို အကြမ်းဖက်သမားတွေအပါအဝင် လူမျိုးစုံဝင်ရောက်လာပါလိမ့်မယ်” ဟု ပြစ်တင်ဝေဖန် ပြောဆိုခဲ့သည်။

zawgyi version
ကမာၻ႔သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးနယ္စပ္အက်ပ္အတည္းကို အေမရိကန္တို႔ ႀကဳံေတြ႕ေနရေၾကာင္း ေဒၚနယ္ထရမ့္ေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၁

အေမရိကန္ႏိုင္ငံသည္ ကမာၻ႔သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး နယ္စပ္အက်ပ္အတည္းကို ေလးႏွစ္နီးပါၾကာ ေတြ႕ႀကဳံခံစားေနရေၾကာင္း ရီပတ္ ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ေဝဖန္ ေျပာဆိုခဲ့သည္။ အေမရိကန္-မကၠဆီကိုေတာင္ပိုင္း နယ္စပ္သို႔ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ သြားေရာက္မလည္ပတ္ခင္ စက္တင္ဘာလ (၂၆)ရက္တြင္ ေဒၚနယ္ထရမ့္က ယခုကဲ့သို႔မွတ္ခ်က္ ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေဒၚနယ္ထရမ့္က “ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးနယ္စပ္အက်ပ္အ တည္းအတြင္းမွာ ေလးႏွစ္နီးပါးၾကာေနခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ ေျမေပၚမွာ မေရမတြက္ႏိုင္တဲ့ ဆင္းရဲ ဒုကၡေတြနဲ႔ေသဆုံးတာေတြကို ျဖစ္ေစခဲ့တဲ့ ဒီလိုအက်ပ္အတည္းမ်ိဳးက အရင္တုန္းက လုံးဝမရွိခဲ့ဖူးပါဘူး။ ဒီပ်က္စီးမႈေတြကို ျဖစ္ေပၚေစခဲ့တဲ့ အဓိကလူက ဒုသမၼတကာမာလာဟားရစ္ပဲျဖစ္ပါတယ္” ဟုေျပာ ဆိုခဲ့သည္။

ကာမာလာဟားရစ္သည္ ၎ကိုယ္တိုင္ဖ်က္ဆီး ပစ္ခဲ့ေသာ အေမရိကန္-မကၠဆီကိုေတာင္ပိုင္း နယ္စပ္ကို စက္တင္ဘာ ၂၇ ရက္ကသြားေရာက္လည္ပတ္ခဲ့ ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာ ဆိုခဲ့သည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ကာမလာဟားရစ္၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ နယ္စပ္ေရးရာ မူဝါဒမ်ားကို ၿပီးခဲ့သည့္ဩဂုတ္လ(၂၁)ရက္တြင္ ျပစ္တင္ေဝဖန္ ေျပာဆိုခဲ့ဖူးေၾကာင္း သိရသည္။ ကာမာ လာဟားရစ္ သည္ ဆန္ဖရန္စၥကိုႏွင့္ ကယ္လီဖိုးနီးယားျပည္နယ္တို႔ကို ဖ်က္ဆီးခဲ့သည့္အတိုင္း အေမရိ ကန္ႏိုင္ငံ ကို ဖ်က္ဆီးပစ္လိမ့္မည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္လတြင္ ေဝဖန္ေျပာဆိုခဲ့သည္။

ေဒၚနယ္ထရမ့္က “ ကာမာလာဟားရစ္ဟာ ဆန္ဖရန္စၥကိုၿမိဳ႕နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္တို႔ကို ဖ်က္ဆီးခဲ့သလိုပဲ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံကို ဖ်က္ဆီး ပစ္ပါလိမ့္မယ္။ ကာမာလာဟားရစ္က ၎ထိလိုက္ သမွ်အရာတိုင္းကို ဖ်က္ဆီးပစ္ပါလိမ့္မယ္။ ၎ဟာ ဆန္ဖရန္စၥကိုၿမိဳ႕မွာ ခ႐ိုင္ေရွ႕ေနျဖစ္ခဲ့ဖူးပါတယ္။ ၿပီးေတာ့ ၎ဟာ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ေရွ႕ ေနခ်ဳပ္ျဖစ္လာခဲ့ပါတယ္။ သူရွိေနခဲ့တဲ့ ေနရာတိုင္းက ငရဲလိုပါပဲ။ ဒီတစ္ႀကိမ္မွာေတာ့ ကာမာလာဟားရစ္ဟာ အေမရိကန္အေပၚ အလားတူပုံစံမ်ိဳးျဖစ္ ေအာင္ ထပ္လုပ္ပါလိမ့္မယ္။ ကာမာလာဟားရစ္က နယ္စပ္ေတြကိုဖြင့္ပစ္ခ်င္ေနတယ္ဆိုတာ အားလုံးသိၾကမွာပါ။ကာမာလာဟားရစ္သာ သမၼတျဖစ္လာခဲ့မယ္ဆိုရင္ ေလးႏွစ္အတြင္းမွာပဲ ႏိုင္ငံ တြင္းကို အၾကမ္းဖက္သမားေတြအပါအဝင္ လူမ်ိဳးစုံဝင္ေရာက္လာပါလိမ့္မယ္” ဟု ျပစ္တင္ေဝဖန္ ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.