MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ

 2259

သုတကျော် (NP News) - အောက်တိုဘာ ၁

MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံများ တိမ်းရှောင်မှုပမာဏ များပြားလာပြီး မြို့ ၏ စီးပွားရေးလည်း ကျဆင်းနေကြောင်း အဆိုပါ မြို့ မှ ထွက်ခွာလာခဲ့သော အမည်မဖော်လိုသည့် သတင်း ရင်းမြစ်တစ်ဦးထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လောက်ကိုင်မြို့ကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ဗမာများ ကို MNDAA က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သေးသည်။ လက်ရှိ လောက်ကိုင်မြို့တွင် ဗမာအ များစု မရှိတော့ ဘဲ မြို့ခံများကိုယ်တိုင်ပင်လျှင် တိမ်း ရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော့် သူငယ်ချင်းတွေ ပြောပြချက်အရပေါ့။ နယ်ခံတွေတောင် လောက်ကိုင်ထဲမှာ မနေကြတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ မြို့က ပြောမယ်ဆိုရင် ရှေ့လျှောက် လုပ်ငန်းလည်း မရှိဘူး၊ ရပေါက်ရလမ်းလည်းမရှိဘူးဆိုတော့ ဒီမြို့ကြီးက လုံးဝကို ခြောက်ကပ်သွားတဲ့ပုံစံကြီးပါ။ တဖြည်း ဖြည်းနဲ့ ပိုဆိုးသွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

မြို့၏အခြေအနေက ခြောက်ကပ်သွားသော်လည်း လောက်ကိုင်သည် နယ်စပ်မြို့ဖြစ်သောကြောင့် MNDAA အနေဖြင့် ပိုက်ဆံရမည်ဟုဆိုပါက ကျားဖျန့်များကိုလည်း တိတ်တဆိတ် လက်ခံဖွယ် ရှိပြီး မူးယစ်ဆေးဝါးလုပ်ငန်းလည်း လုပ်လာဖွယ် ရှိကြောင်း ကာလရှည်နေထိုင်ခဲ့သူ ၎င်းအနေဖြင့် သုံးသပ်ပြောကြားသည်။

“ အခု လက်ရှိ ငြိမ်နေတာက သူတို့ MNDAA က ကြောက်နေတာလည်းပါမယ်။ တကယ်လို့ လုံးဝ ငြိမ်သွားပြီဆိုရင် နောက်လာမယ့် အဆောက်အအုံတွေကို လိုင်စင်သဘောမျိုးအသစ်တွေ ပြန်လုပ်ခိုင်း မယ်။ အခွန်တွေကောက်မယ်၊ ရေကြေး၊ မီးကြေး ကောက်တာလည်း လာမယ်။ ဒီကောင်တွေက အဲဒီက စားရမှာလေ။ ပြန်မလာခင်ကတောင် လုပ်ငန်းလုပ် မယ့်သူတွေကို လိုင်စင်လျှောက်တာတွေရော၊ ဆောက်ပြီးသား လက်စတွေကို မီတာထပ်တိုးကောက် တာရော၊ လူအခွန် ထပ်ကောက်တာတွေ လုပ်နေတာ” ဟု ၎င်းက ပြောသည်။

လောက်ကိုင်မြို့၏ စီးပွားရေးမှာ လက်ရှိ အနေ အထားအရ လုံးဝကျဆင်းနေသည့် အနေအထား ဖြစ်ကြောင်း ၎င်းကထပ်မံ အတည်ပြုပြောကြားသည်။

“ သွားပြီ။ သွားပြီ။ (လောက်ကိုင်) မြို့က ဘာမှလုပ်လို့ မရတော့ဘူး။ အဆင်ကမပြေတော့ဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

zawgyi version
MNDAA ထိန္းခ်ဳပ္ရာ ေလာက္ကိုင္ၿမိဳ႕မွ ေဒသခံတိမ္းေရွာင္မႈ ပမာဏ မ်ားျပားလာၿပီး ၿမိဳ႕၏ စီးပြားေရးလည္း က်ဆင္းေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁

MNDAA ထိန္းခ်ဳပ္ရာ ေလာက္ကိုင္ၿမိဳ႕မွ ေဒသခံမ်ား တိမ္းေရွာင္မႈပမာဏ မ်ားျပားလာၿပီး ၿမိဳ႕ ၏ စီးပြားေရးလည္း က်ဆင္းေနေၾကာင္း အဆိုပါ ၿမိဳ႕ မွ ထြက္ခြာလာခဲ့ေသာ အမည္မေဖာ္လိုသည့္ သတင္း ရင္းျမစ္တစ္ဦးထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ေလာက္ကိုင္ၿမိဳ႕ကို တပ္မေတာ္က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ရာတြင္ ဗမာမ်ား ကို MNDAA က ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ ေသးသည္။ လက္ရွိ ေလာက္ကိုင္ၿမိဳ႕တြင္ ဗမာအ မ်ားစု မရွိေတာ့ ဘဲ ၿမိဳ႕ခံမ်ားကိုယ္တိုင္ပင္လွ်င္ တိမ္း ေရွာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြ ေျပာျပခ်က္အရေပါ့။ နယ္ခံေတြေတာင္ ေလာက္ကိုင္ထဲမွာ မေနၾကေတာ့ဘူးဆိုတဲ့ သေဘာမ်ိဳးျဖစ္ေနတယ္။ ၿမိဳ႕က ေျပာမယ္ဆိုရင္ ေရွ႕ေလွ်ာက္ လုပ္ငန္းလည္း မရွိဘူး၊ ရေပါက္ရလမ္းလည္းမရွိဘူးဆိုေတာ့ ဒီၿမိဳ႕ႀကီးက လုံးဝကို ေျခာက္ကပ္သြားတဲ့ပုံစံႀကီးပါ။ တျဖည္း ျဖည္းနဲ႔ ပိုဆိုးသြားတဲ့ ပုံစံမ်ိဳးျဖစ္သြားတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

ၿမိဳ႕၏အေျခအေနက ေျခာက္ကပ္သြားေသာ္လည္း ေလာက္ကိုင္သည္ နယ္စပ္ၿမိဳ႕ျဖစ္ေသာေၾကာင့္ MNDAA အေနျဖင့္ ပိုက္ဆံရမည္ဟုဆိုပါက က်ားဖ်န႔္မ်ားကိုလည္း တိတ္တဆိတ္ လက္ခံဖြယ္ ရွိၿပီး မူးယစ္ေဆးဝါးလုပ္ငန္းလည္း လုပ္လာဖြယ္ ရွိေၾကာင္း ကာလရွည္ေနထိုင္ခဲ့သူ ၎အေနျဖင့္ သုံးသပ္ေျပာၾကားသည္။

“ အခု လက္ရွိ ၿငိမ္ေနတာက သူတို႔ MNDAA က ေၾကာက္ေနတာလည္းပါမယ္။ တကယ္လို႔ လုံးဝ ၿငိမ္သြားၿပီဆိုရင္ ေနာက္လာမယ့္ အေဆာက္အအုံေတြကို လိုင္စင္သေဘာမ်ိဳးအသစ္ေတြ ျပန္လုပ္ခိုင္း မယ္။ အခြန္ေတြေကာက္မယ္၊ ေရေၾကး၊ မီးေၾကး ေကာက္တာလည္း လာမယ္။ ဒီေကာင္ေတြက အဲဒီက စားရမွာေလ။ ျပန္မလာခင္ကေတာင္ လုပ္ငန္းလုပ္ မယ့္သူေတြကို လိုင္စင္ေလွ်ာက္တာေတြေရာ၊ ေဆာက္ၿပီးသား လက္စေတြကို မီတာထပ္တိုးေကာက္ တာေရာ၊ လူအခြန္ ထပ္ေကာက္တာေတြ လုပ္ေနတာ” ဟု ၎က ေျပာသည္။

ေလာက္ကိုင္ၿမိဳ႕၏ စီးပြားေရးမွာ လက္ရွိ အေန အထားအရ လုံးဝက်ဆင္းေနသည့္ အေနအထား ျဖစ္ေၾကာင္း ၎ကထပ္မံ အတည္ျပဳေျပာၾကားသည္။

“ သြားၿပီ။ သြားၿပီ။ (ေလာက္ကိုင္) ၿမိဳ႕က ဘာမွလုပ္လို႔ မရေတာ့ဘူး။ အဆင္ကမေျပေတာ့ဘူး” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.