အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ

 161

Pika (NP News) - အောက်တိုဘာ ၁

မြောက်ကိုရီးယားနိုင်ငံသည် လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးတွင် ၎င်း၏(၇)ကြိမ်မြောက်စမ်းသပ်မှု ဖြစ်လာ မည့် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်ဖွယ်ရှိ ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီမှ အရာရှိတစ်ဦး၏ ပြောကြားချက်များကို ကိုး ကားပြီး Yonhap သတင်းအေဂျင်စီကရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏(၇)ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို အမေရိကန် သမ္မတရွေးကောက်ပွဲအပြီးတွင် လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း စက်တင်ဘာလ(၂၆)ရက်နေ့တွင် အမျိုးသားထောက်လှမ်း ရေးဝန်ဆောင်မှု(NIS)က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယားလွှတ်တော် ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Lee Seong Kweun က သတင်းထောက်များကို ယခုကဲ့သို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ဂြိုဟ်တုလွှတ်တင်ခြင်း နှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းတို့ကဲ့သို့သော အခြားလုပ်ရပ်များနှင့်အတူ နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်နိုင်ဖွယ်ရှိနေသည်ဟု NIS က တောင်ကိုရီးယားလွှတ်တော်ထောက်လှမ်းရေး ကော်မတီကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားတွင် ပလူတိုနီယမ်(၇၀)ကီလိုဂရမ်ခန့်နှင့် နျူကလီးယားလက်နက်များတည်ဆောက်ရန်လုံလောက်သော သန့်စင်ထားသည့်ယူ ရေနီယမ်ပမာဏအများအပြားကို ပိုင်ဆိုင်ထားသည် ဟု တောင်ကိုရီးယားလွှတ်တော်အမတ်များကို NIS ကပြောကြားခဲ့ကြောင်းလည်းသိရသည်။ ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားအစိုးရ ခေါင်း ဆောင်ကင်ဂျုံအန်က ယူရေနီယမ်သန့်စင်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးနေသည့် ဓာတ်ပုံများကို ပထမဆုံးအကြိမ်ထုတ်ပြန်ပြသခဲ့ပြီး နောက် ယခုလိုခန့်မှန်းပြောဆိုချက်များထွက်ပေါ် လာခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အများအပြားအရ တားမြစ်ပိတ်ပင်ခံ ထားရကြောင်းလည်းသိရသည်။

၂၀ဝ၆ ခုနှစ်တွင် ပထမဆုံးနျူကလီးယားစမ်းသပ် မှုကို လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ယူရေနီယမ်သန့်စင်သည့်စက်ရုံများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ခဲ့သည်မှာ ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံတွင် ယူရေနီယမ် သန့်စင်ရန်အတွက် နေရာအများအပြားရှိပုံပေါ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားထား သည်။ ယူရေနီယမ်သည် သဘာဝအတိုင်းတည်ရှိနေသော ရေဒီယိုသတ္တိြွကဒြပ်စင်ဖြစ်ပြီး အများအားဖြင့် နျူကလီးယားလက်နက်များတွင် အသုံးပြုကြောင်း လည်းသိရသည်။

zawgyi version
အေမရိကန္ေ႐ြးေကာက္ပြဲအၿပီးတြင္ ေျမာက္ကိုရီးယားက န်ဴကလီးယား စမ္းသပ္မႈ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေန
Pika (NP News) - ေအာက္တိုဘာ ၁

ေျမာက္ကိုရီးယားႏိုင္ငံသည္ လာမည့္ႏိုဝင္ဘာလတြင္က်င္းပမည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲအၿပီးတြင္ ၎၏(၇)ႀကိမ္ေျမာက္စမ္းသပ္မႈ ျဖစ္လာ မည့္ န်ဴကလီးယားစမ္းသပ္မႈကို လုပ္ေဆာင္ႏိုင္ဖြယ္ရွိ ေၾကာင္း ေတာင္ကိုရီးယားေထာက္လွမ္းေရးေအဂ်င္စီမွ အရာရွိတစ္ဦး၏ ေျပာၾကားခ်က္မ်ားကို ကိုး ကားၿပီး Yonhap သတင္းေအဂ်င္စီကေရးသားေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ ၎၏(၇)ႀကိမ္ေျမာက္ န်ဴကလီးယားစမ္းသပ္မႈကို အေမရိကန္ သမၼတေ႐ြးေကာက္ပြဲအၿပီးတြင္ လုပ္ေဆာင္ႏိုင္ဖြယ္ ရွိေၾကာင္း စက္တင္ဘာလ(၂၆)ရက္ေန႔တြင္ အမ်ိဳးသားေထာက္လွမ္း ေရးဝန္ေဆာင္မႈ(NIS)က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားလႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ Lee Seong Kweun က သတင္းေထာက္မ်ားကို ယခုကဲ့သို႔ အတည္ျပဳေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ ၿဂိဳဟ္တုလႊတ္တင္ျခင္း ႏွင့္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္ျခင္းတို႔ကဲ့သို႔ေသာ အျခားလုပ္ရပ္မ်ားႏွင့္အတူ န်ဴကလီးယား စမ္းသပ္မႈကို လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနသည္ဟု NIS က ေတာင္ကိုရီးယားလႊတ္ေတာ္ေထာက္လွမ္းေရး ေကာ္မတီကို ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေျမာက္ကိုရီးယားတြင္ ပလူတိုနီယမ္(၇၀)ကီလိုဂရမ္ခန႔္ႏွင့္ န်ဴကလီးယားလက္နက္မ်ားတည္ေဆာက္ရန္လုံေလာက္ေသာ သန႔္စင္ထားသည့္ယူ ေရနီယမ္ပမာဏအမ်ားအျပားကို ပိုင္ဆိုင္ထားသည္ ဟု ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္မ်ားကို NIS ကေျပာၾကားခဲ့ေၾကာင္းလည္းသိရသည္။ ယခုလအေစာပိုင္းတြင္ ေျမာက္ကိုရီးယားအစိုးရ ေခါင္း ေဆာင္ကင္ဂ်ဳံအန္က ယူေရနီယမ္သန႔္စင္သည့္ စက္႐ုံသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးေနသည့္ ဓာတ္ပုံမ်ားကို ပထမဆုံးအႀကိမ္ထုတ္ျပန္ျပသခဲ့ၿပီး ေနာက္ ယခုလိုခန႔္မွန္းေျပာဆိုခ်က္မ်ားထြက္ေပၚ လာျခင္းျဖစ္သည္။ ေျမာက္ကိုရီးယား၏ န်ဴကလီးယား အစီအစဥ္မ်ားသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္အမ်ားအျပားအရ တားျမစ္ပိတ္ပင္ခံ ထားရေၾကာင္းလည္းသိရသည္။

၂၀ဝ၆ ခုႏွစ္တြင္ ပထမဆုံးန်ဴကလီးယားစမ္းသပ္ မႈကို လုပ္ေဆာင္ခဲ့သည့္ ေျမာက္ကိုရီးယားႏိုင္ငံသည္ ၎၏ယူေရနီယမ္သန႔္စင္သည့္စက္႐ုံမ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို လူသိရွင္ၾကားထုတ္ျပန္ခဲ့သည္မွာ ယခုအႀကိမ္က ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေျမာက္ကိုရီးယားႏိုင္ငံတြင္ ယူေရနီယမ္ သန႔္စင္ရန္အတြက္ ေနရာအမ်ားအျပားရွိပုံေပၚ ေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ေျပာၾကားထား သည္။ ယူေရနီယမ္သည္ သဘာဝအတိုင္းတည္ရွိေနေသာ ေရဒီယိုသတၱိျြကျဒပ္စင္ျဖစ္ၿပီး အမ်ားအားျဖင့္ န်ဴကလီးယားလက္နက္မ်ားတြင္ အသုံးျပဳေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.