ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်

 7072

Pika (NP News) - အောက်တိုဘာ ၁

တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်သည် ကိုရီးယား-အမေရိကန်စီးပွားရေးလုပ်ငန်းရှင် မက်သရူးရှန်ပိုင်းနှင့် လက်ထပ်ပြီးနောက် (၅) နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ကြောင်း စက်တင်ဘာလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကလောက်ဒီးယားကင်မ်၏အေဂျင်စီ YG Entertainment က ''သေချာဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးနောက် ကလောက်ဒီးယားကင်မ်ဟာ ၎င်းရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အေးအေးဆေးဆေးနဲ့ပဲ သဘောတူညီချက်ရယူခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ မတူညီတဲ့လမ်းတွေကို လျှောက်နေကြပြီဖြစ်ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးပံ့ပိုးကူညီနေကြတုန်းပါပဲ။ အများကြီးစဉ်းစားပြီး လုံလောက်တဲ့ဆွေးနွေးမှုတွေအပြီးမှာ ဒီဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ။ ဒါကြောင့်မို့လို့ မကောင်းတဲ့ ထင် မြင်ချက်တွေနဲ့ ထင်ကြေးပေးတာတွေ မလုပ်ကြဖို့ ကျွန်တော်တိုတောင်းဆိုပါတယ်''ဟု ထုတ်ပြန်ပြောဆိုထားသည်။

ကလောက်ဒီးယားကင်မ်သည် Avengers: Age Of Ultron: Fantastic Beasts: The Secrets of Dumbledore၊ Fantastic Beasts: The Crimes of Grindelwald တို့ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ် ဆောင်ထားသည့် နာမည်ကျော်ရုပ်ရှင်မင်းသမီးဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ကလောက်ဒီးယားကင်မ်နှင့် မက်သရူးရှန်ပိုင်းတို့တွင် (၂၀၂၀) ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင်မွေးဖွားခဲ့သော အသက်(၃)နှစ်အရွယ် သမီးငယ်လေးတစ်ဦးရှိကြောင်းလည်း သိရသည်။ မကြာသေးမီက ကလောက်ဒီးယားကင်မ် နှင့် ၎င်း၏သမီးတို့သည် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ Marina Bay Sands နှင့် Merlion Park တို့ကို သွားရောက်လည်ပတ်ခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

zawgyi version
ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းျပတ္စဲလိုက္ၿပီျဖစ္တဲ့ ေတာင္ကိုရီးယားနာမည္ ေက်ာ္ ႐ုပ္ရွင္မင္းသမီး ကေလာက္ဒီးယားကင္မ္
Pika (NP News) - ေအာက္တိုဘာ ၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး ကေလာက္ဒီးယားကင္မ္သည္ ကိုရီးယား-အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ မက္သ႐ူးရွန္ပိုင္းႏွင့္ လက္ထပ္ၿပီးေနာက္ (၅) ႏွစ္အၾကာတြင္ ကြာရွင္းျပတ္စဲခဲ့ေၾကာင္း စက္တင္ဘာလ (၂၃) ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ကေလာက္ဒီးယားကင္မ္၏ေအဂ်င္စီ YG Entertainment က ''ေသခ်ာေဆြးေႏြးမႈေတြ လုပ္ေဆာင္ၿပီးေနာက္ ကေလာက္ဒီးယားကင္မ္ဟာ ၎ရဲ႕ အိမ္ေထာင္ေရးကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ ေအးေအးေဆးေဆးနဲ႔ပဲ သေဘာတူညီခ်က္ရယူခဲ့ၿပီး ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးစလုံးဟာ မတူညီတဲ့လမ္းေတြကို ေလွ်ာက္ေနၾကၿပီျဖစ္ေပမယ့္လည္း တစ္ဦးနဲ႔တစ္ဦးပံ့ပိုးကူညီေနၾကတုန္းပါပဲ။ အမ်ားႀကီးစဥ္းစားၿပီး လုံေလာက္တဲ့ေဆြးေႏြးမႈေတြအၿပီးမွာ ဒီဆုံးျဖတ္ခ်က္ကို ခ်ခဲ့ၾကတာပါ။ ဒါေၾကာင့္မို႔လို႔ မေကာင္းတဲ့ ထင္ ျမင္ခ်က္ေတြနဲ႔ ထင္ေၾကးေပးတာေတြ မလုပ္ၾကဖို႔ ကြၽန္ေတာ္တိုေတာင္းဆိုပါတယ္''ဟု ထုတ္ျပန္ေျပာဆိုထားသည္။

ကေလာက္ဒီးယားကင္မ္သည္ Avengers: Age Of Ultron: Fantastic Beasts: The Secrets of Dumbledore၊ Fantastic Beasts: The Crimes of Grindelwald တို႔ကဲ့သို႔ေသာ ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါဝင္သ႐ုပ္ ေဆာင္ထားသည့္ နာမည္ေက်ာ္႐ုပ္ရွင္မင္းသမီးျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ကေလာက္ဒီးယားကင္မ္ႏွင့္ မက္သ႐ူးရွန္ပိုင္းတို႔တြင္ (၂၀၂၀) ျပည့္ႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ေမြးဖြားခဲ့ေသာ အသက္(၃)ႏွစ္အ႐ြယ္ သမီးငယ္ေလးတစ္ဦးရွိေၾကာင္းလည္း သိရသည္။ မၾကာေသးမီက ကေလာက္ဒီးယားကင္မ္ ႏွင့္ ၎၏သမီးတို႔သည္ စင္ကာပူႏိုင္ငံသို႔ သြားေရာက္ကာ Marina Bay Sands ႏွင့္ Merlion Park တို႔ကို သြားေရာက္လည္ပတ္ခဲ့သည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။

Related news

© 2021. All rights reserved.