အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ

 795

သန့်ဇင် (NP News) - အောက်တိုဘာ ၁

နိုင်ငံတစ်ဝန်း၌ PDF အကြမ်းဖက်သမားများ သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်၊ဖေဖော်ဝါရီလမှစ ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီး နောက် ပြည်တွင်း၌ PDF လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခမျိုးစုံ ဖြစ်ပွားခဲ့သည်။ ထို့ပြင် အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်များသည်လည်း နိုင်ငံအတွင်း၌ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေလျက်ရှိရာ အကြမ်းဖက်သတ်ဖြတ်ခံရသူပေါင်း (၈၁၀ဝ) ဦး ထိရှိပြီဖြစ်ကြောင်း နစကမှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံရေးအရ ၎င်းတို့၏ရပိုင်ခွင့်များ မရှိတော့ ကြောင်း ထင်မြင်သိရှိလာသည့်အတွက် မထူးဇာတ်ခင်း၍ ယခင်ထက်အကြမ်းဖက်မှုများကို ပိုမိုပြုလုပ် လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ သုံးသပ်ပြောကြားသည်။

“ အခု နစကဘက်ကသွားတာတော့ နိုင်ငံရေး အရလည်း ဖွင့်ပေးထားတယ်။ တစ်ဖက်က ဘယ် လို ဖြစ်လာလဲဆိုတော့ သူတို့ဟာသူတို့ နယ်မြေတွေ သိမ်းတာတွေ၊ ချတာတွေ ဘယ်လိုပဲလုပ်လုပ် လက် ရှိမှာ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်တဲ့ အစိုးရအနေအထားကို ရောက်ဖို့လည်း မဖြစ်နိုင်ဘူး။ ဖြစ်လာစရာ အကြောင်းကလည်း ရှိမှာမဟုတ်တဲ့အတွက် သူတို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးအရ အဲဒီ ရည်ရွယ်ချက်မပြည့်မြောက်ဘူးဆိုရင် အကြမ်းဖက်မှုကို ပိုပြီးတော့ တိုးလုပ်လာနိုင်ခြေရှိတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုများသည် နစကအစိုးရ၏ အာဏာသက်ရောက်မှုနည်းပါသည့် ဒေသများတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “ အထင်ရှားဆုံးဆိုရင်တော့ အခြေခံနယ် မြေတွေဖြစ်တဲ့ အစွန်အဖျားတွေပေါ့။ ပြောရရင်တော့ ဗဟိုအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့နေရာ ပေါ့။ အဲဒီနေရာကျရင်တော့ ဖြစ်လာနိုင်ခြေရှိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ရဲ့စိုးမိုးမှုနဲ့နောက် တစ်ခါကြတော့ အာဏာသည် သေနတ်ပြောင်းဝက ထွက်သည် ဖြစ်လာတာကိုး။ သေချာတာသည် သူတို့ ပိုပြီးတော့ လှုပ်ရှားသွားလာမှုများတဲ့နေရာ၊ ဗဟိုအစိုး ရရဲ့ အာဏာမထိရောက်တဲ့နေရာ၊ နည်းနည်းအား ပျော့ တဲ့နေရာ။ အဲဒီလိုမျိုးတွေမှာ ပိုပြီးဖြစ်နိုင်မယ်” ဟု ၎င်းက ထပ်မံပြောသည်။

အကြမ်းဖက်သတ်ဖြတ်မှုများ အင်အားကြီးမား လာပါက ပြည်သူလူထုက အကြမ်းဖက်သမား များကို ယခင်ကထက် ပိုမိုရွံမုန်းလာနိုင်ပြီး ထိုမှတစ်ဆင့် လူထုနှင့်အကြမ်း ဖက်အဖွဲ့အစည်းများအကြား တင်းမာမှုများပိုမိုဖြစ် ပေါ်လာနိုင်ကြောင်းလည်း ဦးသိန်းထွန်းဦးက သုံးသပ်ပြောဆိုထားသည်။ “ အကြမ်းဖက်မှုက အရမ်းရေရှည်ဖြစ်လာလို့ လူတွေ ကြောက်ရတာအရမ်းများသွားပြီး ထုံသွားရင် အကြမ်း ဖက်မှုကမထိရောက်တော့ဘူး။ မထိရောက်တော့ရင် အဲဒီအကြမ်းဖက်မှုဟာလည်း ကျဆုံးတာပါပဲ။ လက် နက်ရှိနဲ့ လက်နက်မဲ့မှာ လက်နက်မဲ့က ကြောက်ရတာ ထုံးစံပါပဲ။ ဒါပေမဲ့ အကြမ်းဖက်တာတို့ အနိုင်ကျင့် တာတို့ ရမ်းကားတာတို့ ဆက်တိုက်ခံလာရလို့ ပေါက် ကွဲလာတဲ့အခါကျရင် အဲဒီအခါကျရင် ဆန့်ကျင် ဘက် အကျိုးရလဒ်တွေ ထွက်တက်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် ရဟန်းသံဃာ တော်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆရာ/ဆရာမများ၊ နိုင်ငံ့ဝန် ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ အုပ်ချုပ်ရေးမှူးများ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း လူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်းမှာ(၈၀)ဝန်းကျင်ထက် မနည်းရှိနေပြီဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

‘ထုံးစံကတော့ အကြမ်းဖက်မှုကို ဦးတည်ခြင်းသည် ပြောရရင်တော့ အကြမ်းဖက်မှုကနေ တစ်ဆင့် သူတို့ ဩဇာအာဏာကို ပြချင်တာ။ အကြမ်း ဖက်မှုကို လုပ်ပြီဆိုတာနဲ့ ရပ်ရွာမှာ ဩဇာရှိတဲ့ လူတွေ၊ ပြောရရင်တော့ ဦးစီးခေါင်းဆောင်လုပ်နေတဲ့လူတွေ ပြည်သူ လူထုနဲ့ပတ်သက်ပြီး အသိ ပညာပေးနိုင်တဲ့လူတွေ ရပ်ကွက်အုပ်ချုပ်ရေးတို့ဘာတို့နဲ့ အစိုးရဝန်ထမ်းတွေ ပေါ့။ အဓိကတော့ ဘာကိုပြချင်တာလဲဆိုရင်တော့ အစိုးရဝန်ထမ်းတွေ ဩဇာရှိတဲ့လူတွေကို ငါတို့ဒီလို လုပ်နိုင်တယ်။ အဲဒီတော့ ငါတို့က ပိုပြီးတော့ အင် အားရှိတယ်။ ငါတို့နောက်ကို လိုက်ဆိုတဲ့ message ကိုပေးချင်တာ။ သေချာတာကတော့ ရပ်ရွာတွေမှာ ဩဇာရှိတဲ့လူတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ စပ်ဆက်နေ တဲ့ လူတွေနဲ့ပတ်သက် နေတဲ့လူတွေ က အဓိကအားဖြင့် ပိုပြီးတော့ပစ်မှတ်ဖြစ်ကြတာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက် သတ်ဖြတ်နေမှုများကို နိုင်ငံတာဝန်ရယူထား သည့် လက်ရှိ နစကအစိုးရက အပြည့်အဝ ကာကွယ်ပေး နိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များကလည်း ၎င်းတို့ လုပ်ကြံသတ်ဖြတ်နေမှုများကို ရပ်တန့်သွားခြင်း မရှိသေးပေ။

zawgyi version
အၾကမ္းဖက္သတ္ျဖတ္ခံရသူ (၈၀ဝဝ)ေက်ာ္အထိရွိလာၿပီး သတ္ျဖတ္မႈမ်ား ပိုျဖစ္ပြားလာႏိုင္ဟု သုံးသပ္မႈမ်ားရွိေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁

ႏိုင္ငံတစ္ဝန္း၌ PDF အၾကမ္းဖက္သမားမ်ား သတ္ျဖတ္ခံရသူ (၈၀ဝဝ)ေက်ာ္အထိရွိလာၿပီး သတ္ျဖတ္မႈမ်ား ပိုျဖစ္ပြားလာႏိုင္ဟု သုံးသပ္မႈမ်ားရွိေနသည္။

ျမန္မာႏိုင္ငံတြင္ (၂၀၂၁) ခုႏွစ္၊ေဖေဖာ္ဝါရီလမွစ ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီး ေနာက္ ျပည္တြင္း၌ PDF လက္နက္ကိုင္အဖြဲ႕အစည္းေပါင္း မ်ားစြာေပၚေပါက္လာခဲ့ၿပီး ပဋိပကၡမ်ိဳးစုံ ျဖစ္ပြားခဲ့သည္။ ထို႔ျပင္ အၾကမ္းဖက္သတ္ျဖတ္မႈ ျဖစ္စဥ္မ်ားသည္လည္း ႏိုင္ငံအတြင္း၌ ပုံစံမ်ိဳးစုံျဖင့္ ျဖစ္ပြားေနလ်က္ရွိရာ အၾကမ္းဖက္သတ္ျဖတ္ခံရသူေပါင္း (၈၁၀ဝ) ဦး ထိရွိၿပီျဖစ္ေၾကာင္း နစကမွ ယခုရက္ပိုင္းအတြင္း ထုတ္ျပန္သည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ ႏိုင္ငံေရးအရ ၎တို႔၏ရပိုင္ခြင့္မ်ား မရွိေတာ့ ေၾကာင္း ထင္ျမင္သိရွိလာသည့္အတြက္ မထူးဇာတ္ခင္း၍ ယခင္ထက္အၾကမ္းဖက္မႈမ်ားကို ပိုမိုျပဳလုပ္ လာႏိုင္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

“ အခု နစကဘက္ကသြားတာေတာ့ ႏိုင္ငံေရး အရလည္း ဖြင့္ေပးထားတယ္။ တစ္ဖက္က ဘယ္ လို ျဖစ္လာလဲဆိုေတာ့ သူတို႔ဟာသူတို႔ နယ္ေျမေတြ သိမ္းတာေတြ၊ ခ်တာေတြ ဘယ္လိုပဲလုပ္လုပ္ လက္ ရွိမွာ တစ္ႏိုင္ငံလုံးကို အုပ္ခ်ဳပ္ႏိုင္တဲ့ အစိုးရအေနအထားကို ေရာက္ဖို႔လည္း မျဖစ္ႏိုင္ဘူး။ ျဖစ္လာစရာ အေၾကာင္းကလည္း ရွိမွာမဟုတ္တဲ့အတြက္ သူတို႔ ရည္႐ြယ္ထားတဲ့ ႏိုင္ငံေရးအရ အဲဒီ ရည္႐ြယ္ခ်က္မျပည့္ေျမာက္ဘူးဆိုရင္ အၾကမ္းဖက္မႈကို ပိုၿပီးေတာ့ တိုးလုပ္လာႏိုင္ေျခရွိတယ္” ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

အဆိုပါ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားသည္ နစကအစိုးရ၏ အာဏာသက္ေရာက္မႈနည္းပါသည့္ ေဒသမ်ားတြင္ အမ်ားဆုံးျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။ “ အထင္ရွားဆုံးဆိုရင္ေတာ့ အေျခခံနယ္ ေျမေတြျဖစ္တဲ့ အစြန္အဖ်ားေတြေပါ့။ ေျပာရရင္ေတာ့ ဗဟိုအစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ မရွိတဲ့ေနရာ ေပါ့။ အဲဒီေနရာက်ရင္ေတာ့ ျဖစ္လာႏိုင္ေျခရွိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ သူတို႔ရဲ႕စိုးမိုးမႈနဲ႔ေနာက္ တစ္ခါၾကေတာ့ အာဏာသည္ ေသနတ္ေျပာင္းဝက ထြက္သည္ ျဖစ္လာတာကိုး။ ေသခ်ာတာသည္ သူတို႔ ပိုၿပီးေတာ့ လႈပ္ရွားသြားလာမႈမ်ားတဲ့ေနရာ၊ ဗဟိုအစိုး ရရဲ႕ အာဏာမထိေရာက္တဲ့ေနရာ၊ နည္းနည္းအား ေပ်ာ့ တဲ့ေနရာ။ အဲဒီလိုမ်ိဳးေတြမွာ ပိုၿပီးျဖစ္ႏိုင္မယ္” ဟု ၎က ထပ္မံေျပာသည္။

အၾကမ္းဖက္သတ္ျဖတ္မႈမ်ား အင္အားႀကီးမား လာပါက ျပည္သူလူထုက အၾကမ္းဖက္သမား မ်ားကို ယခင္ကထက္ ပိုမို႐ြံမုန္းလာႏိုင္ၿပီး ထိုမွတစ္ဆင့္ လူထုႏွင့္အၾကမ္း ဖက္အဖြဲ႕အစည္းမ်ားအၾကား တင္းမာမႈမ်ားပိုမိုျဖစ္ ေပၚလာႏိုင္ေၾကာင္းလည္း ဦးသိန္းထြန္းဦးက သုံးသပ္ေျပာဆိုထားသည္။ “ အၾကမ္းဖက္မႈက အရမ္းေရရွည္ျဖစ္လာလို႔ လူေတြ ေၾကာက္ရတာအရမ္းမ်ားသြားၿပီး ထုံသြားရင္ အၾကမ္း ဖက္မႈကမထိေရာက္ေတာ့ဘူး။ မထိေရာက္ေတာ့ရင္ အဲဒီအၾကမ္းဖက္မႈဟာလည္း က်ဆုံးတာပါပဲ။ လက္ နက္ရွိနဲ႔ လက္နက္မဲ့မွာ လက္နက္မဲ့က ေၾကာက္ရတာ ထုံးစံပါပဲ။ ဒါေပမဲ့ အၾကမ္းဖက္တာတို႔ အႏိုင္က်င့္ တာတို႔ ရမ္းကားတာတို႔ ဆက္တိုက္ခံလာရလို႔ ေပါက္ ကြဲလာတဲ့အခါက်ရင္ အဲဒီအခါက်ရင္ ဆန႔္က်င္ ဘက္ အက်ိဳးရလဒ္ေတြ ထြက္တက္ပါတယ္” ဟု ၎က ေျပာသည္။

ယခုကဲ့သို႔ အၾကမ္းဖက္သတ္ျဖတ္ခံရသူမ်ားထဲတြင္ ရဟန္းသံဃာ ေတာ္မ်ား၊ ကေလးသူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ဆရာ/ဆရာမမ်ား၊ ႏိုင္ငံ့ဝန္ ထမ္းမ်ား၊ ႏိုင္ငံေရးပါတီဝင္မ်ား အုပ္ခ်ဳပ္ေရးမႉးမ်ား ပါဝင္ေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံတစ္ဝန္း လူ(၃)ဦးႏွင့္အထက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ ခံခဲ့ရသည့္ ျဖစ္စဥ္ေပါင္းမွာ(၈၀)ဝန္းက်င္ထက္ မနည္းရွိေနၿပီျဖစ္ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

‘ထုံးစံကေတာ့ အၾကမ္းဖက္မႈကို ဦးတည္ျခင္းသည္ ေျပာရရင္ေတာ့ အၾကမ္းဖက္မႈကေန တစ္ဆင့္ သူတို႔ ဩဇာအာဏာကို ျပခ်င္တာ။ အၾကမ္း ဖက္မႈကို လုပ္ၿပီဆိုတာနဲ႔ ရပ္႐ြာမွာ ဩဇာရွိတဲ့ လူေတြ၊ ေျပာရရင္ေတာ့ ဦးစီးေခါင္းေဆာင္လုပ္ေနတဲ့လူေတြ ျပည္သူ လူထုနဲ႔ပတ္သက္ၿပီး အသိ ပညာေပးႏိုင္တဲ့လူေတြ ရပ္ကြက္အုပ္ခ်ဳပ္ေရးတို႔ဘာတို႔နဲ႔ အစိုးရဝန္ထမ္းေတြ ေပါ့။ အဓိကေတာ့ ဘာကိုျပခ်င္တာလဲဆိုရင္ေတာ့ အစိုးရဝန္ထမ္းေတြ ဩဇာရွိတဲ့လူေတြကို ငါတို႔ဒီလို လုပ္ႏိုင္တယ္။ အဲဒီေတာ့ ငါတို႔က ပိုၿပီးေတာ့ အင္ အားရွိတယ္။ ငါတို႔ေနာက္ကို လိုက္ဆိုတဲ့ message ကိုေပးခ်င္တာ။ ေသခ်ာတာကေတာ့ ရပ္႐ြာေတြမွာ ဩဇာရွိတဲ့လူေတြ၊ အစိုးရဝန္ထမ္းေတြနဲ႔ စပ္ဆက္ေန တဲ့ လူေတြနဲ႔ပတ္သက္ ေနတဲ့လူေတြ က အဓိကအားျဖင့္ ပိုၿပီးေတာ့ပစ္မွတ္ျဖစ္ၾကတာေပါ့”ဟု ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ႏိုင္ငံအတြင္းျဖစ္ပြားလ်က္ရွိသည့္ အၾကမ္းဖက္ သတ္ျဖတ္ေနမႈမ်ားကို ႏိုင္ငံတာဝန္ရယူထား သည့္ လက္ရွိ နစကအစိုးရက အျပည့္အဝ ကာကြယ္ေပး ႏိုင္ျခင္းမရွိသကဲ့သို႔ အၾကမ္းဖက္အဖြဲ႕မ်ားကလည္း ၎တို႔ လုပ္ႀကံသတ္ျဖတ္ေနမႈမ်ားကို ရပ္တန႔္သြားျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.