အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်

 169

Pika (NP News) - အောက်တိုဘာ ၁

လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် အောက်တို ဘာလ(၁)ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ဘနွန်နိုင်ငံအတွင်းဝင်ရောက်ထိုးစစ်ဆင်မှုတွေကို စက်တင်ဘာလ (၃၀)ရက်နေ့ညပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ခွဲ(၉၈)က လေတပ်သားတွေနဲ့ ကွန်မန်ဒိုတွေပါဝင်တယ်လို့ အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းက ရွာတွေမှာရှိတဲ့ ဟစ် ဘိုလာလက်နက်ကိုင်အဖွဲ့တွေကို မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြေပြင်တပ်ဖွဲ့တွေကို လေတပ်နဲ့အမြောက်တပ်တွေက ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ အစ္စရေးအစိုးရကပြောကြားထားပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ထောက်လှမ်းဖို့နဲ့ စစ်ဆင်ရေးတွေအတွက် လက်ဘနွန်နိုင်ငံတွင်းကို စက်တင်ဘာလ(၃၀)ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေကို ဖြတ်ကျော်ဝင်ရောက်လာမှုနဲ့အတူ လက်ဘနွန်တပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက်မှာရှိတဲ့နေရာတွေကနေ ချက်ချင်းဆုတ်ခွာခဲ့ရတယ်လို့လည်း အဲဒီသတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာရှိတဲ့ မြေ အောက်ဘန်ကာတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ Hassan Nasrallah သေဆုံးမှုကို ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုကြောင့် အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီးနောက် ယခုလိုနယ်စပ်ဖြတ်ကျော်မြေပြင်ထိုးစစ်ဆင်မှုတွေကို အစ္စရေးဘက်က စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

zawgyi version
အစၥေရးက လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြစတင္လုပ္ေဆာင္
Pika (NP News) - ေအာက္တိုဘာ ၁

လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ၿပီးေနာက္ ေအာက္တို ဘာလ(၁)ရက္ေန႔မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြစတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

လက္ဘႏြန္ႏိုင္ငံအတြင္းဝင္ေရာက္ထိုးစစ္ဆင္မႈေတြကို စက္တင္ဘာလ (၃၀)ရက္ေန႔ညပိုင္းမွာ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး တပ္ခြဲ(၉၈)က ေလတပ္သားေတြနဲ႔ ကြန္မန္ဒိုေတြပါဝင္တယ္လို႔ အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းက ႐ြာေတြမွာရွိတဲ့ ဟစ္ ဘိုလာလက္နက္ကိုင္အဖြဲ႕ေတြကို ေျမျပင္ထိုးစစ္ဆင္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေျမျပင္တပ္ဖြဲ႕ေတြကို ေလတပ္နဲ႔အေျမာက္တပ္ေတြက ကူညီပံ့ပိုးမႈေတြ လုပ္ေဆာင္ေပးခဲ့တယ္လို႔ အစၥေရးအစိုးရကေျပာၾကားထားပါတယ္။ အစၥေရးတပ္ဖြဲ႕ေတြဟာ ေထာက္လွမ္းဖို႔နဲ႔ စစ္ဆင္ေရးေတြအတြက္ လက္ဘႏြန္ႏိုင္ငံတြင္းကို စက္တင္ဘာလ(၃၀)ရက္ေန႔မွာ ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့တယ္လို႔ လက္ဘႏြန္လုံၿခဳံေရးသတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။

အစၥေရးတပ္ဖြဲ႕ေတြကို ျဖတ္ေက်ာ္ဝင္ေရာက္လာမႈနဲ႔အတူ လက္ဘႏြန္တပ္ဖြဲ႕ေတြဟာ နယ္စပ္တစ္ေလွ်ာက္မွာရွိတဲ့ေနရာေတြကေန ခ်က္ခ်င္းဆုတ္ခြာခဲ့ရတယ္လို႔လည္း အဲဒီသတင္းရင္းျမစ္ကေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕မွာရွိတဲ့ ေျမ ေအာက္ဘန္ကာတစ္ခုကို ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ဟစ္ဘိုလာလက္နက္ ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံသတ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ Hassan Nasrallah ေသဆုံးမႈကို ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ေသဆုံးမႈေၾကာင့္ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့ၿပီးေနာက္ ယခုလိုနယ္စပ္ျဖတ္ေက်ာ္ေျမျပင္ထိုးစစ္ဆင္မႈေတြကို အစၥေရးဘက္က စတင္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.