နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး

 274

Pika (NP News) - အောက်တိုဘာ ၁

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ နျူကလီးယားလက်နက်တွေနဲ့တောင်ကိုရီးယားကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ကင်ဂျုံအန်းအစိုးရအဆုံးသွားသတ်မယ့် အန္တရာယ်ကိုရင်ဆိုင်ရလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က အောက်တိုဘာလ(၁)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမှာ ယွန်ဆက်ယိုလ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ယွန်ဆက်ယိုလ်က "မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေအသုံးပြုဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့စစ်တပ်ရဲ့ ပြတ်သားတဲ့လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီနေ့က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့အစိုးရ အဆုံးသတ်မယ့်နေ့ပါပဲ"လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် တောင်ကိုရီးယားဟာ မြေအောက်ဘန်ကာတွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတဲ့ ၎င်းရဲ့အကြီးဆုံးပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Hyunmoo-5 ကို ပထမဆုံးအကြိမ် ပြသခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ၎င်းရဲ့ယူရေနီယမ်သန့်စင်တဲ့စက်ရုံရဲ့ ဓာတ်ပုံတွေကို ပထမဆုံးအကြိမ်ထုတ်ပြန်ပြသပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ယွန်ဆက်ယိုလ်ရဲ့ သတိပေးချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံမှာ ယူရေနီယမ်သန့်စင်ဖို့အတွက် နေရာအများအပြားရှိပုံပေါ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားထားပါတယ်။ ယူရေနီယမ်ဟာ သဘာဝအတိုင်းတည်ရှိနေတဲ့ ရေဒီယိုသတ္တိကြွဒြပ်စင်ဖြစ်ပြီး အများအားဖြင့် နျူကလီးယားလက်နက်တွေမှာ အသုံးပြုတယ်လို့လည်း သိရပါတယ်။မြောက်ကိုရီးယားဟာ လာမည့်နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးမှာ ၎င်းရဲ့(၇)ကြိမ်မြောက်စမ်းသပ်မှု ဖြစ်လာမယ့် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက အရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

zawgyi version
န်ဴကလီးယားလက္နက္ေတြအသုံးျပဳခဲ့မယ္ဆိုရင္ ေျမာက္ကိုရီးယားအစိုးရ အဆုံးသတ္သြားမယ္လို႔ ေတာင္ကိုရီးယားအစိုးရသတိေပး
Pika (NP News) - ေအာက္တိုဘာ ၁

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ န်ဴကလီးယားလက္နက္ေတြနဲ႔ေတာင္ကိုရီးယားကို တိုက္ခိုက္ခဲ့မယ္ဆိုရင္ ကင္ဂ်ဳံအန္းအစိုးရအဆုံးသြားသတ္မယ့္ အႏၲရာယ္ကိုရင္ဆိုင္ရလိမ့္မယ္လို႔ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ေအာက္တိုဘာလ(၁)ရက္ေန႔မွာ သတိေပးေျပာဆိုခဲ့ပါတယ္။

ေတာင္ကိုရီးယားစစ္တပ္တည္ေထာင္ျခင္း ႏွစ္ပတ္လည္အထိမ္းအမွတ္အခမ္းအနားမွာ ယြန္ဆက္ယိုလ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္က "ေျမာက္ကိုရီးယားဟာ န်ဴကလီးယားလက္နက္ေတြအသုံးျပဳဖို႔ ႀကိဳးပမ္းခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔စစ္တပ္ရဲ႕ ျပတ္သားတဲ့လက္တုံ႔ျပန္မႈေတြကို ရင္ဆိုင္ရပါလိမ့္မယ္။ အဲဒီေန႔က ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕အစိုးရ အဆုံးသတ္မယ့္ေန႔ပါပဲ"လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ေတာင္ကိုရီးယားဟာ ေျမေအာက္ဘန္ကာေတြကို ဖ်က္ဆီးပစ္ႏိုင္စြမ္းရွိတဲ့ ၎ရဲ႕အႀကီးဆုံးပဲ့ထိန္းဒုံးက်ည္ျဖစ္တဲ့ Hyunmoo-5 ကို ပထမဆုံးအႀကိမ္ ျပသခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ၎ရဲ႕ယူေရနီယမ္သန႔္စင္တဲ့စက္႐ုံရဲ႕ ဓာတ္ပုံေတြကို ပထမဆုံးအႀကိမ္ထုတ္ျပန္ျပသၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ယြန္ဆက္ယိုလ္ရဲ႕ သတိေပးခ်က္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံမွာ ယူေရနီယမ္သန႔္စင္ဖို႔အတြက္ ေနရာအမ်ားအျပားရွိပုံေပၚတယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ေျပာၾကားထားပါတယ္။ ယူေရနီယမ္ဟာ သဘာဝအတိုင္းတည္ရွိေနတဲ့ ေရဒီယိုသတၱိႂကြျဒပ္စင္ျဖစ္ၿပီး အမ်ားအားျဖင့္ န်ဴကလီးယားလက္နက္ေတြမွာ အသုံးျပဳတယ္လို႔လည္း သိရပါတယ္။ေျမာက္ကိုရီးယားဟာ လာမည့္ႏိုဝင္ဘာလမွာက်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲအၿပီးမွာ ၎ရဲ႕(၇)ႀကိမ္ေျမာက္စမ္းသပ္မႈ ျဖစ္လာမယ့္ န်ဴကလီးယားစမ္းသပ္မႈကို လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ ေတာင္ကိုရီးယားေထာက္လွမ္းေရးေအဂ်င္စီက အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.