Miss Universe Korea 2024 ပြိုင်ပွဲမှာ Best Dress Award ဆု ရရှိခဲ့တဲ့ အသက် ၈၀ ကျော် အမျိုးသမီးကြီး

 544

ရောင်နီ (NP News) - အောက်တိုဘာ ၂

၂၀၂၄ ခုနှစ်ရဲ့ Miss Universe Korea ကို ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ အသက် ၈၁ နှစ်အရွယ် အမျိုးသမီး မစ္စချိုဆုန်းဟွာဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
သူမဟာ စက်တင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ "Miss Universe Korea" အလှမယ်ပြိုင်ပွဲအတွက် Miss Korea Crown ကြီးကို မရရှိခဲ့ပေမယ့် သူမ ဝတ်ဆင်ခဲ့တဲ့ ငွေရောင် Evening Grown ကြီးကြောင့် Best Dress Award ဆုကို ပိုက်ပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။ သူမဟာ Nurse တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး အသက် ၇ဝ နှစ် ဝန်းကျင်မှာမှ မော်ဒယ်လ်အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့တာပါ။

Miss Universe ပြိုင်ပွဲအတွက် အသက်အရွယ်စည်းကမ်းချက်ကို ယခင်က ၁၈ နှစ်မှ ၂၈ နှစ်ကြား သတ်မှတ်ထားပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ Miss Universe Organization က အမျိုးသမီးတွေရဲ့မတူကွဲပြားမှုတွေကို မြှင့်တင်ဖို့နဲ့ ပြိုင်ပွဲကို ပိုခေတ်မီလာစေဖို့အတွက် အသက်ကန့်သတ်ချက်ကို ဖယ်ရှားခဲ့ပါတယ်။ အသက်ကန့်သတ်ချက်အပြောင်းအလဲကြောင့် မစ္စချိုဟာလည်း Miss Universe ပြိုင်ပွဲမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။

Miss Universe Korea Crown ကြီးကိုတော့ အသက် ၂၂ နှစ်အရွယ် ဖက်ရှင်ကျောင်းသူ ဟန်အေရီရယ်က ရရှိခဲ့ပြီး သူမကတော့ လာမယ့် နိုဝင်ဘာလအတွင်း မက္ကဆီကိုစီးတီးမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ တောင်ကိုရီးယားကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

Zawgyi Version;





=========
အက်ရှင်မင်းသား ဂျက်ကီချန်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ရိုက်ရင်း မူးလဲ

ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ အသက် ၇၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဇာတ်ကားရဲ့ စတန့်ဇာတ်ကွက်တွေဆိုရင် သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
မကြာသေးခင်က Behind The Scene ဗီဒီယို တစ်ခုမှာ ဂျက်ဟာ ရုပ်ရှင်အသစ် Panda Plan အတွက် စတန့်ဇာတ်ကွက်ကို ရိုက်ကူးနေရင်း ရုတ်တရက် သတိလစ် လဲကျသွားတာကြောင့် အမျိုးသားတစ်ဦးက အမြန်ထူ မ ပေးနေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ ဂျက်ရဲ့ မျက်နှာဟာ လုံးဝ သတိလစ်နေပုံ ပေါ်ခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ ဂျက်ဟာ သတိပြန်လည်လာပြီး စတန့်လုပ်ရင်း အသက်ရူကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခဏအကြာမှာတော့ ဂျက်ဟာ တူညီတဲ့ ဇာတ်ကွက်ကိုပဲ အသစ်ထပ်မံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
ဂျက်ကီချန်းဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ပရိုဂျူဆာ၊ စတန့်မန်း စတဲ့ အနုပညာအလုပ်တွေနဲ့ နာမည်ကျော်ကြားလူသိများသူဖြစ်ပြီး အခု အသက် ၇၀ အရွယ်မှာတောင် စတန့်တွေကို လူစားမထိုးပဲ ကိုယ်တိုင်ရိုက်ကူးလေ့ ရှိပါတယ်။

Related news

© 2021. All rights reserved.