အက်ရှင်မင်းသား ဂျက်ကီချန်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ရိုက်ရင်း မူးလဲ

 4908

ရောင်နီ (NP News) - စက်တင်ဘာ ၂

ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ အသက် ၇၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဇာတ်ကား ရဲ့စတန့်ဇာတ်ကွက်တွေဆိုရင် သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။

မကြာသေးခင်က Behind The Scene ဗီဒီယိုတစ်ခုမှာ ဂျက်ဟာ ရုပ်ရှင်အသစ် Panda Plan အတွက် စတန့် ဇာတ်ကွက်ကို ရိုက်ကူးနေရင်း ရုတ်တရက် သတိလစ် လဲကျသွားတာကြောင့် အမျိုးသားတစ်ဦးက အမြန်ထူမပေး နေတာတွေ့ရပါတယ်။ အဲဒီအချိန်မှာ ဂျက်ရဲ့မျက်နှာဟာ လုံးဝ သတိလစ်နေပုံပေါ်ခဲ့ပါတယ်။ မိနစ်အနည်းငယ် အကြာမှာတော့ ဂျက်ဟာ သတိပြန်လည်လာပြီး စတန့်လုပ်ရင်း အသက်ရူကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခဏအကြာမှာတော့ ဂျက်ဟာ တူညီတဲ့ ဇာတ်ကွက်ကိုပဲ အသစ်ထပ်မံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ဂျက်ကီချန်းဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ပရိုဂျူဆာ၊ စတန့်မန်း စတဲ့ အနုပညာအလုပ်တွေနဲ့ နာမည်ကျော်ကြားလူသိများသူဖြစ်ပြီး အခု အသက် ၇ဝ အရွယ်မှာတောင် စတန့်တွေကို လူစားမထိုးပဲ ကိုယ်တိုင် ရိုက်ကူးလေ့ ရှိပါတယ်။

Zawgyi Version;
အက္ရွင္မင္းသား ဂ်က္ကီခ်န္း ႐ုပ္ရွင္႐ိုက္ကြင္းမွာ စတန႔္႐ိုက္ရင္း မူးလဲ
ေရာင္နီ (NP News) - စက္တင္ဘာ ၂

ေဟာင္ေကာင္ အက္ရွင္မင္းသားႀကီး ဂ်က္ကီခ်န္းဟာ အသက္ ၇၀ အ႐ြယ္ကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ဇာတ္ကား ရဲ႕စတန႔္ဇာတ္ကြက္ေတြဆိုရင္ သူကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

မၾကာေသးခင္က Behind The Scene ဗီဒီယိုတစ္ခုမွာ ဂ်က္ဟာ ႐ုပ္ရွင္အသစ္ Panda Plan အတြက္ စတန႔္ ဇာတ္ကြက္ကို ႐ိုက္ကူးေနရင္း ႐ုတ္တရက္ သတိလစ္ လဲက်သြားတာေၾကာင့္ အမ်ိဳးသားတစ္ဦးက အျမန္ထူမေပး ေနတာေတြ႕ရပါတယ္။ အဲဒီအခ်ိန္မွာ ဂ်က္ရဲ႕မ်က္ႏွာဟာ လုံးဝ သတိလစ္ေနပုံေပၚခဲ့ပါတယ္။ မိနစ္အနည္းငယ္ အၾကာမွာေတာ့ ဂ်က္ဟာ သတိျပန္လည္လာၿပီး စတန႔္လုပ္ရင္း အသက္႐ူၾကပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ခဏအၾကာမွာေတာ့ ဂ်က္ဟာ တူညီတဲ့ ဇာတ္ကြက္ကိုပဲ အသစ္ထပ္မံ ႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။

ဂ်က္ကီခ်န္းဟာ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ၊ စာေရးဆရာ၊ ပ႐ိုဂ်ဴဆာ၊ စတန႔္မန္း စတဲ့ အႏုပညာအလုပ္ေတြနဲ႔ နာမည္ေက်ာ္ၾကားလူသိမ်ားသူျဖစ္ၿပီး အခု အသက္ ၇ဝ အ႐ြယ္မွာေတာင္ စတန႔္ေတြကို လူစားမထိုးပဲ ကိုယ္တိုင္ ႐ိုက္ကူးေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.