ပအိုဝ်းနယ်မြေအထူးဒေသ(၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို

 837

မြူနစ် (NP News) - အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းနယ်မြေ အထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)/ပအိုဝ်း အမျိုးသားတပ်မ တော် (PNA) ကပြောသည်။

လက်ရှိတွင် KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ်၊တောင်ဘက်ခြမ်းရှိ ကျေးရွာ အချို့နှင့် ညောင်ရွှေမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာအချို့တို့တွင် ဝင်ရောက်ကျူးကျော် နေထိုင်မှု များရှိနေကြောင်း PNO ထိပ်ပိုင်းအရာရှိ တစ်ဦးက NP News ကို ပြောသည်။

“အဓိကတော့ သူတို့ (KNDF ပူးပေါင်းအဖွဲ့)က နယ်မြေကျူးကျော်လာတယ်ပေါ့နော်။ ကျွန်တော် တို့ နယ်ထဲမှာ လောလောဆယ် ကျန်နေတဲ့နေရာတွေကတော့ ညောင်ရွှေမြို့နယ် တောင်ဘက်ခြမ်း အစပ်ပေါ့။ ကျွန်တော်တို့ အထူးဒေသ (၆) နယ်မြေ နဲ့ ကယားနယ်မြေ အစပ်ထဲမှာပေါ့။ အဲဒီမှာ တစ်နေ ရာ ကျန်တယ်။ နောက်တစ်ခုက ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းက တောင်မဲသင်းမှာ ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ မရှိတော့ဘူးပေါ့။ အဓိကတော့ ရှိတဲ့နေရာတွေကို ထုံးစံအတိုင်းပဲ နယ်မြေလုံ ခြုံရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်မယ်။ သူ့ နယ်မြေ သူ ပြန်သွားတဲ့အထိတော့ တိုက်ရမှာပေါ့။ တိုက်ထုတ်သွားမှာပေါ့ ” ဟု PNO ထိပ်ပိုင်းအရာရှိက ပြောသည်။ ထို့ပြင် KNDF ပူးပေါင်းအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် ( PNLA ) ၏နယ်မြေအတွင်းသို့ ဝင်ရောက်နေထိုင်ကာ PNLA ယူနီဖောင်းဝတ်ဆင်ပြီးနောက် အသွင်ယူ နေထိုင်မှုများလည်းရှိနေကြောင်း ၎င်းက ထပ်မံ ပြော သည်။ ၎င်း KNDF ပူးပေါင်းအဖွဲ့ဝင်များကို KNDF အဖွဲ့ကခွင့်ပြုပေးထားသည့်အတွက် ဝင်ရောက် နေ ထိုင်ခြင်းမျိုးလည်းဖြစ်ကြောင်း သိရသည်။

KNDF နှင့် PDFပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ (၆) ရှိ ပင်လောင်းမြို့နယ်တစ်ဝိုက်တွင် တိုက်ပွဲများကို အပြင်း အထန်ကို ဖော်ဆောင်ခဲ့ဖူးသည်။

အဆိုပါတိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ် နန်းနိန် ရွာဘုန်းကြီးကျောင်းတွင်ရှိနေသည့် သံဃာတော်များအပါအဝင် အရပ်သားပြည်သူများမှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။ ထို့အတူ PNLA ၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၄) ခုနှစ် ဇန်နဝါရီ လပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) ရှိ ဆီဆိုင်မြို့နယ်ကိုလည်း တိုက်ပွဲများ အပြင်းအ ထန်ဖော်ဆောင်ခဲ့ဖူးသည်။ ယင်းဆီဆိုင်မြို့တိုက်ပွဲအတွင်း၌ အရပ်သားပြည်သူများစွာသေဆုံးခဲ့ရသ ကဲ့သို့ ဒေသခံပြည်သူလူထု၏ နေအိမ်များစွာမှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

zawgyi version
ပအိုဝ္းနယ္ေျမအထူးေဒသ (၆)အတြင္း ဝင္ေရာက္ေနထိုင္သည့္ KNDF ပူးေပါင္းအဖြဲ႕မ်ားကို တိုက္ထုတ္သြားမည္ဟု PNA ဆို
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၂

ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ္းနယ္ေျမ အထူးေဒသ (၆)အတြင္း ဝင္ေရာက္ေနထိုင္သည့္ KNDF ပူးေပါင္းအဖြဲ႕မ်ားကို တိုက္ထုတ္သြားမည္ဟု ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO)/ပအိုဝ္း အမ်ိဳးသားတပ္မ ေတာ္ (PNA) ကေျပာသည္။

လက္ရွိတြင္ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ပင္ေလာင္း ၿမိဳ႕နယ္၊ေတာင္ဘက္ျခမ္းရွိ ေက်း႐ြာ အခ်ိဳ႕ႏွင့္ ေညာင္ေ႐ႊၿမိဳ႕နယ္ ေတာင္ဘက္ျခမ္းရွိ ေက်း႐ြာအခ်ိဳ႕တို႔တြင္ ဝင္ေရာက္က်ဴးေက်ာ္ ေနထိုင္မႈ မ်ားရွိေနေၾကာင္း PNO ထိပ္ပိုင္းအရာရွိ တစ္ဦးက NP News ကို ေျပာသည္။

“အဓိကေတာ့ သူတို႔ (KNDF ပူးေပါင္းအဖြဲ႕)က နယ္ေျမက်ဴးေက်ာ္လာတယ္ေပါ့ေနာ္။ ကြၽန္ေတာ္ တို႔ နယ္ထဲမွာ ေလာေလာဆယ္ က်န္ေနတဲ့ေနရာေတြကေတာ့ ေညာင္ေ႐ႊၿမိဳ႕နယ္ ေတာင္ဘက္ျခမ္း အစပ္ေပါ့။ ကြၽန္ေတာ္တို႔ အထူးေဒသ (၆) နယ္ေျမ နဲ႔ ကယားနယ္ေျမ အစပ္ထဲမွာေပါ့။ အဲဒီမွာ တစ္ေန ရာ က်န္တယ္။ ေနာက္တစ္ခုက ပင္ေလာင္းၿမိဳ႕နယ္ ေတာင္ဘက္ျခမ္းက ေတာင္မဲသင္းမွာ ရွိတယ္။ က်န္တဲ့ေနရာေတြမွာေတာ့ မရွိေတာ့ဘူးေပါ့။ အဓိကေတာ့ ရွိတဲ့ေနရာေတြကို ထုံးစံအတိုင္းပဲ နယ္ေျမလုံ ၿခဳံေရးကိစၥေတြကို ဆက္လက္ေဆာင္႐ြက္မယ္။ သူ႔ နယ္ေျမ သူ ျပန္သြားတဲ့အထိေတာ့ တိုက္ရမွာေပါ့။ တိုက္ထုတ္သြားမွာေပါ့ ” ဟု PNO ထိပ္ပိုင္းအရာရွိက ေျပာသည္။ ထို႔ျပင္ KNDF ပူးေပါင္းအဖြဲ႕သည္ ပအိုဝ္းအမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္ ( PNLA ) ၏နယ္ေျမအတြင္းသို႔ ဝင္ေရာက္ေနထိုင္ကာ PNLA ယူနီေဖာင္းဝတ္ဆင္ၿပီးေနာက္ အသြင္ယူ ေနထိုင္မႈမ်ားလည္းရွိေနေၾကာင္း ၎က ထပ္မံ ေျပာ သည္။ ၎ KNDF ပူးေပါင္းအဖြဲ႕ဝင္မ်ားကို KNDF အဖြဲ႕ကခြင့္ျပဳေပးထားသည့္အတြက္ ဝင္ေရာက္ ေန ထိုင္ျခင္းမ်ိဳးလည္းျဖစ္ေၾကာင္း သိရသည္။

KNDF ႏွင့္ PDFပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းတြင္ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အထူးေဒသ (၆) ရွိ ပင္ေလာင္းၿမိဳ႕နယ္တစ္ဝိုက္တြင္ တိုက္ပြဲမ်ားကို အျပင္း အထန္ကို ေဖာ္ေဆာင္ခဲ့ဖူးသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ပင္ေလာင္းၿမိဳ႕နယ္ နန္းနိန္ ႐ြာဘုန္းႀကီးေက်ာင္းတြင္ရွိေနသည့္ သံဃာေတာ္မ်ားအပါအဝင္ အရပ္သားျပည္သူမ်ားမွာ အစုလိုက္အၿပဳံလိုက္ေသဆုံးခဲ့ရသည့္ျဖစ္စဥ္လည္း ရွိခဲ့ဖူးသည္။ ထို႔အတူ PNLA ၊ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီ လပိုင္းတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း အထူးေဒသ (၆) ရွိ ဆီဆိုင္ၿမိဳ႕နယ္ကိုလည္း တိုက္ပြဲမ်ား အျပင္းအ ထန္ေဖာ္ေဆာင္ခဲ့ဖူးသည္။ ယင္းဆီဆိုင္ၿမိဳ႕တိုက္ပြဲအတြင္း၌ အရပ္သားျပည္သူမ်ားစြာေသဆုံးခဲ့ရသ ကဲ့သို႔ ေဒသခံျပည္သူလူထု၏ ေနအိမ္မ်ားစြာမွာလည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။

Related news

© 2021. All rights reserved.