မြက်ရိတ်စက်ကို မေးစိပေါ်မှာတင်ပြီး အကွာအဝေးပေ(၁၁၀၀)ကျော်အထိ လမ်းလျှောက်ပြခဲ့တဲ့ အမေရိကန်အမျိုးသား
412
Pika (NP News) - အောက်တိုဘာ ၃
အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်တွင်နေထိုင်သည့် ဒေးဗစ်ရပ်ရှ်ဆိုသည့်အမျိုးသားသည် လည်နေ သောမြက်ရိတ်စက်ကို ၎င်း၏ မေးစိပေါ်တွင်တင်ကာ အကွာအဝေး(၁၁၇၈)ပေ (၅ ဒသမ ၇၃)လက်မ အထိ လမ်းလျှောက်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဂင်းနစ်စံချိန်ပေါင်းများစွာကို ချိုးဖျက်ထားသူ ဒေးဗစ်ရပ်ရှ်သည် မြက်ရိတ်စက်ကို မေးစိပေါ်တွင် တင်ကာ အကွာအဝေးအဝေးဆုံးအထိ လမ်းလျှောက်ပြသည့်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေးဗစ်ရပ်ရှ်သည် အဆိုပါကြိုးပမ်းမှုအတွင်း လည်နေသောမြက်ရိတ်စက်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ ကြောင်းလည်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူက မြက်ရိတ်စက်ကို မေးစိပေါ်တွင်တင်ကာ အကွာအဝေး(၂၃၄)ပေ (၇)လက်မအထိ လမ်းလျှောက်ပြခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်စံချိန်ကိုင်ဆောင်ထားသူကို ကျော်ဖြတ်နိုင်ရန်အတွက်ကြိုးပမ်းမှုအတွင်း လေတိုက်နှုန်းကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။ ထို့ပြင် အကောင်းဆုံး ကြိုးစားရန်အတွက် ဆုံးဖြတ်ခဲ့သော်လည်း ပေ(၁၁၀၀)ကျော်အရောက်တွင် ပြင်းထန်သောလေက မြက်ရိတ်စက်ကို ၎င်း၏ မေးစိပေါ်မှလွဲကျစေခဲ့ကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။
ဒေးဗစ်ရပ်ရှ်၏ ဘေးတွင်လိုက်ပါလာသော အမျိုးသားတစ်ဦးသည် မြက်ရိတ်စက်အောက်သို့ ပြုတ်ကျ သည့်အချိန်တွင် သွယ်တန်းထားသောပလက်ခေါင်းကို လျှပ်စစ်ပလက်ခုံပေါ်မှ ချက်ချင်းဆွဲဖြုတ်ခဲ့ရ ကြောင်းလည်း သိရသည်။ ဒေးဗစ်ရပ်ရှ်က "ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အခက်အခဲတွေရှိပေမယ့်လည်း အကောင်းဆုံးလုပ်နိုင်ခဲ့လို့လည်း ဝမ်းသာပါတယ်" ဟု ပြောခဲ့သည်။
Zawgyi Version;
ျမက္ရိတ္စက္ကို ေမးစိေပၚမွာတင္ၿပီး အကြာအေဝးေပ(၁၁၀၀)ေက်ာ္အထိ လမ္းေလွ်ာက္ျပခဲ့တဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၃
အေမရိကန္ႏိုင္ငံ အိုင္ဒါဟိုျပည္နယ္တြင္ေနထိုင္သည့္ ေဒးဗစ္ရပ္ရွ္ဆိုသည့္အမ်ိဳးသားသည္ လည္ေန ေသာျမက္ရိတ္စက္ကို ၎၏ ေမးစိေပၚတြင္တင္ကာ အကြာအေဝး(၁၁၇၈)ေပ (၅ ဒသမ ၇၃)လက္မ အထိ လမ္းေလွ်ာက္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ကမာၻ႔ဂင္းနစ္စံခ်ိန္ေပါင္းမ်ားစြာကို ခ်ိဳးဖ်က္ထားသူ ေဒးဗစ္ရပ္ရွ္သည္ ျမက္ရိတ္စက္ကို ေမးစိေပၚတြင္ တင္ကာ အကြာအေဝးအေဝးဆုံးအထိ လမ္းေလွ်ာက္ျပသည့္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒးဗစ္ရပ္ရွ္သည္ အဆိုပါႀကိဳးပမ္းမႈအတြင္း လည္ေနေသာျမက္ရိတ္စက္ကို အသုံးျပဳရန္ ဆုံးျဖတ္ခဲ့ ေၾကာင္းလည္း သိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူက ျမက္ရိတ္စက္ကို ေမးစိေပၚတြင္တင္ကာ အကြာအေဝး(၂၃၄)ေပ (၇)လက္မအထိ လမ္းေလွ်ာက္ျပခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ဂင္းနစ္စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္စံခ်ိန္ကိုင္ေဆာင္ထားသူကို ေက်ာ္ျဖတ္ႏိုင္ရန္အတြက္ႀကိဳးပမ္းမႈအတြင္း ေလတိုက္ႏႈန္းေၾကာင့္ အခက္အခဲမ်ားႀကဳံေတြ႕ခဲ့ရေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။ ထို႔ျပင္ အေကာင္းဆုံး ႀကိဳးစားရန္အတြက္ ဆုံးျဖတ္ခဲ့ေသာ္လည္း ေပ(၁၁၀၀)ေက်ာ္အေရာက္တြင္ ျပင္းထန္ေသာေလက ျမက္ရိတ္စက္ကို ၎၏ ေမးစိေပၚမွလြဲက်ေစခဲ့ေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။
ေဒးဗစ္ရပ္ရွ္၏ ေဘးတြင္လိုက္ပါလာေသာ အမ်ိဳးသားတစ္ဦးသည္ ျမက္ရိတ္စက္ေအာက္သို႔ ျပဳတ္က် သည့္အခ်ိန္တြင္ သြယ္တန္းထားေသာပလက္ေခါင္းကို လွ်ပ္စစ္ပလက္ခုံေပၚမွ ခ်က္ခ်င္းဆြဲျဖဳတ္ခဲ့ရ ေၾကာင္းလည္း သိရသည္။ ေဒးဗစ္ရပ္ရွ္က "ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ အခက္အခဲေတြရွိေပမယ့္လည္း အေကာင္းဆုံးလုပ္ႏိုင္ခဲ့လို႔လည္း ဝမ္းသာပါတယ္" ဟု ေျပာခဲ့သည္။