အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်

 3404

ယွန်း (NP News) - အောက်တိုဘာ ၃

အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း အွန်လိုင်းထီမှ ထုတ်ပြန်ထားချက်အရ သိရသည်။

လာမည့်အောက်တိုဘာ(၁၅)ရက်မှစ၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား အက္ခရာ(၁)လုံးနှင့် ဂဏန်း(၅)လုံးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ထီလက်မှတ်တစ်စောင် တန်ဖိုးမှာ (၁၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အက္ခရာ(၁)လုံးနှင့် ဂဏန်း(၆)လုံးပါ ကျပ် (၁၀၀၀)တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား စက်တင်ဘာ (၂၉) ရက်နောက်ဆုံးထားရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အက္ခရာ(၁)လုံးနှင့် ဂဏန်း(၅)လုံးပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား (၁)လလျှင် (၂)ကြိမ်ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချမည့်ကာလများမှာ လတစ်လ၏ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁)ကြိမ်နှင့် (၁၆)ရက်နေ့မှ လကုန်မတိုင်မီ(၁)ရက်အလိုအထိ (၁)ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ကြောင်း သိရသည်။

ထီဖွင့်ပွဲအား လတစ်လ၏ ပထမအကြိမ်အတွက် ထီဖွင့်ပွဲအား လစဉ်(၁၆) ရက်နေ့နှင့် ဒုတိယအကြိမ်အတွက် ထီဖွင့်ပွဲအား နောက်လ၏(၂)ရက်နေ့တွင် ပုံမှန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် အဆိုပါ အောင်ဘာလေသိန်းဆုထီတွင် Jackpot ဆု၊ ယူနစ်ဆုနှင့် နှစ်သိမ့်ဆုများဖြင့် ထီဆုများဖွင့်လှစ်ပေးမည်ဖြစ်ပြီး Jackpot ဆု၏ ထီလက်မှတ်ကံထူးရှင်အား (၃)ကြိမ်တိတိ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ (၃)ကြိမ်အတွင်း ပေါက်မဲနံပါတ်မထွက်ပေါ်ပါက Jackpot ဆုအ တွက် ထီဆုငွေကို နောက်တစ်ကြိမ်ထီဖွင့်ပွဲတွင် ပေါင်းထည့်သွားမည်ဖြစ်ပြီး ဆတိုးရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေ အက်ပလီကေးရှင်းကို အောက်တိုဘာ(၁၂)ရက်တွင် ဗားရှင်းအသစ်မြှင့်တင်၍ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ပြီး လာမည့် အောက်တိုဘာ (၁၅)ရက်မှစ၍ ထီလက်မှတ်ကို ဝယ်ယူကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေအာင္ဘာေလအြန္လိုင္းထီကို တစ္လလွ်င္ႏွစ္ႀကိမ္ဖြင့္လွစ္မည္
ယြန္း (NP News) - ေအာက္တိုဘာ ၃

ေအာင္ဘာေလအြန္လိုင္းထီကို တစ္လလွ်င္ႏွစ္ႀကိမ္ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္း အြန္လိုင္းထီမွ ထုတ္ျပန္ထားခ်က္အရ သိရသည္။

လာမည့္ေအာက္တိုဘာ(၁၅)ရက္မွစ၍ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအား အကၡရာ(၁)လုံးႏွင့္ ဂဏန္း(၅)လုံးျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး ထီလက္မွတ္တစ္ေစာင္ တန္ဖိုးမွာ (၁၀၀၀)က်ပ္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အကၡရာ(၁)လုံးႏွင့္ ဂဏန္း(၆)လုံးပါ က်ပ္ (၁၀၀၀)တန္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအား စက္တင္ဘာ (၂၉) ရက္ေနာက္ဆုံးထားေရာင္းခ်ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အကၡရာ(၁)လုံးႏွင့္ ဂဏန္း(၅)လုံးပါ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအား (၁)လလွ်င္ (၂)ႀကိမ္ေရာင္းခ်ေပးမည္ျဖစ္ၿပီး ေရာင္းခ်မည့္ကာလမ်ားမွာ လတစ္လ၏ (၁)ရက္ေန႔မွ (၁၄)ရက္ေန႔အထိ (၁)ႀကိမ္ႏွင့္ (၁၆)ရက္ေန႔မွ လကုန္မတိုင္မီ(၁)ရက္အလိုအထိ (၁)ႀကိမ္ စုစုေပါင္း(၂)ႀကိမ္ျဖစ္ေၾကာင္း သိရသည္။

ထီဖြင့္ပြဲအား လတစ္လ၏ ပထမအႀကိမ္အတြက္ ထီဖြင့္ပြဲအား လစဥ္(၁၆) ရက္ေန႔ႏွင့္ ဒုတိယအႀကိမ္အတြက္ ထီဖြင့္ပြဲအား ေနာက္လ၏(၂)ရက္ေန႔တြင္ ပုံမွန္ဖြင့္လွစ္ေပးမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ထို႔ျပင္ အဆိုပါ ေအာင္ဘာေလသိန္းဆုထီတြင္ Jackpot ဆု၊ ယူနစ္ဆုႏွင့္ ႏွစ္သိမ့္ဆုမ်ားျဖင့္ ထီဆုမ်ားဖြင့္လွစ္ေပးမည္ျဖစ္ၿပီး Jackpot ဆု၏ ထီလက္မွတ္ကံထူးရွင္အား (၃)ႀကိမ္တိတိ ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။ (၃)ႀကိမ္အတြင္း ေပါက္မဲနံပါတ္မထြက္ေပၚပါက Jackpot ဆုအ တြက္ ထီဆုေငြကို ေနာက္တစ္ႀကိမ္ထီဖြင့္ပြဲတြင္ ေပါင္းထည့္သြားမည္ျဖစ္ၿပီး ဆတိုးရရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာင္ဘာေလ အက္ပလီေကးရွင္းကို ေအာက္တိုဘာ(၁၂)ရက္တြင္ ဗားရွင္းအသစ္ျမႇင့္တင္၍ စတင္ေဆာင္႐ြက္ႏိုင္ၿပီျဖစ္ၿပီး လာမည့္ ေအာက္တိုဘာ (၁၅)ရက္မွစ၍ ထီလက္မွတ္ကို ဝယ္ယူကံစမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.