၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ

 429

ရဲထက် (NP News) - အောက်တိုဘာ ၄

၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ပရီးမီး ယားလိဂ် ပွဲစဉ်(၇)ကို ရောက်ရှိလာချိန်မှာတော့ အသင်းကြီးတွေ ဟာ နိုင်ပွဲအရေအတွက်သိပ်မကွာဟသလို အမှတ်ပေးဇယား ရပ်တည်မှုအပိုင်းမှာလည်း တစ်သင်းနဲ့တစ်သင်း ကွာဟချက်မရှိတော့တာကို တွေ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်းမှုတွေအပြင် အသင်းတွေရဲ့ ခြေစွမ်းကကိုပါ စိတ်ဝင်တစား စောင့်ကြည့်ရမည့် ပွဲစဉ်တွေကို မြင်တွေ့လာရဖို့ရှိပါတယ်။ ခေတ်စနစ်ပြောင်းလဲလာမှုတွေနဲ့အတူ မတူညီတဲ့ ကစားကွက်အခင်းအကျင်းနဲ့ ဘောလုံးပေးပို့မှုအ ပိုင်းတွေမှာရော လူစာရင်းပိုင်းမှာပါ နည်းပြတွေရဲ့ နည်းဗျူဟာတွေအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာမှာ အပြောင်းအလဲအများကြီး ရှိလာဦးမှာဖြစ်တဲ့အတွက်လည်း အကောင်းဆုံးသော ပြိုင်ပွဲတွေက နောက်ထပ်တွေ့မြင်ရဖို့ရှိနေပါတယ်။ လက်ရှိခြေစွမ်းပိုင်းတွေ့အရတော့ ဘယ်အသင်းကမှ ချန်ပီယံဆုအတွက် အမှတ်ပေးဇယားမှာ ရမှတ်တွေ ဖြတ်တောက်ထားနိုင်တာကို မတွေ့ရသေးသလို ပွဲစဉ်တစ်ပွဲပြီးတိုင်းမှာ အမှတ်ပေးဇယား ဦးဆောင်တဲ့အသင်းကလည်း အပြောင်းအလဲရှိလာဦးမှာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ရသမျိုးစုံပေးစွမ်းမယ့် ပွဲကောင်းတွေကိုလည်း မြင်တွေ့လာရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)အတွက် ခြေစွမ်းနဲ့ သုံးသပ်ချက်တွေ တင်ပြသွားမှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၀ - ၁ ခရစ္စတယ်ပဲလေ့စ် (၁၄-၄-၂ဝ၂၄)
ခရစ္စတယ်ပဲလေ့စ် ၁ - ၂ လီဗာပူးလ် (၉-၁၂-၂ဝ၂၄)
ခရစ္စတယ်ပဲလေ့စ် ၀ - ၀ လီဗာပူးလ် (၂၆-၄-၂ဝ၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရစ္စတယ်ပဲလေ့စ် ၁ - ၂ လီဗာပူးလ်
ခရစ္စတယ်ပဲလေ့စ် ၂ - ၂ လီဗာပူးလ်
လီဗာပူးလ်အသင်းက မနှစ်က လီဗာပူးလ်အသင်းထက် ဒီနှစ်လီဗာပူးလ်အသင်းက အသင်းလိုက်ကစားပုံအရ ပိုကောင်းလာတယ်လို့ပြောလို့ရပါတယ်။ တိုက်စစ်ပိုင်းမှာရော ခံစစ်ပိုင်းမှာပါ ပိုကောင်းလာတာတွေ့ရပြီး အသင်းရဲ့ အဓိကကစားသမားတွေသာ တစ်ရာသီလုံးသာ ဒဏ်ရာမရပဲ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ရင် လီဗာပူးလ် အသင်းဟာ ဆုဖလားတိုင်းကို စိတ်ခေါ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးရှိနေပါတယ်။ လီဗာပူးလ်အ သင်းရဲ့ အားသာချက်က နည်းဗျူဟာပိုင်းမှာ ကစားသမားတစ်ယောက်ချင်းစီက ရနိုင်တဲ့ အရည်းသွေးပိုင်းကို နည်းပြသစ်သစ်တဲ့ အာနဲစလော့က အပြည့်အဝရရှိနိုင်တာကြောင့် အခုလို စွမ်းဆောင်ရည်မျိုး ပြသနေ တယ်လို့လည်း ပြောလို့ရပါတယ်။ အဓိက အားသာချက်က နည်းစနစ်ပိုင်းဖြစ်ပြီး နည်းပြ ပြောင်းလဲသွားပေမယ့် နည်းစနစ်ပိုင်းက ပြောင်းလဲမသွားတာကိုကြည့်ရင် နည်းပြဟောင် ယာဂန်ကလော့နဲ့ နည်းပြသစ် အာနဲစလော့တို့ ဟာ အပြောင်းအလဲလုပ်မှာ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး တွေ့ဆုံပြောင်းလဲခဲ့တာမျိုးတွေရှိခဲ့နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၁)စဖွင့်ကတည်းက လက်ရှိအချိန်အထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေအပြင် အသေးစိတ်နည်းစနစ်ပိုင်း ဘောလုံးပေးပို့မှုက လွဲရင် မနှစ်က လီဗာပူးလ်နဲ့ သိပ်မကွာလှတဲ့အနေအထားကြောင့်ဖြစ်ပါတယ်။ တစ်သင်းလုံးက ဘောလုံးကို ကြာကြာကိုင်ထား လေ့မရှိတဲ့အပြင် တိုက်စစ်နဲ့ကွင်းလယ်အချိတ်အဆက်အပြင် တစ်သင်းလုံးက လုံးဝမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကစားတာကလည်း တကယ်ကို Inpect ဖြစ်ချင်စရာကောင်းနေပါတယ်။ ခရစ္စတယ်ပဲ့လေ့စ်အသင်းကတော့ ဒီနှစ်မှာ ခြေစွမ်းအရ အရမ်းမကောင်းဘူးဆိုပေမယ့် မန်ယူနဲ့ ချဲလ်ဆီးတို့လိုအသင်းကြီးတွေကို ပေးဂိုးမပေးရဘဲ ဂိုးမရှိသရေ ကန်ထားနိုင်တာကြောင့် လီဗာပူးလ်အသင်းအတွက်မလွယ်ကူနိုင်ပါဘူး။ ထိပ်တိုက်တွေ့ဆုံမှု အရပြန်ကြည့်ရင်လည်း နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၅)ကြိမ်မှာ လီဗာပူးလ်အသင်းက(၂)ကြိမ် သာအနိုင်ရထားပြီး သရေ(၂)ကြိမ်နဲ့ တစ်ပွဲရှုံးထားတာကြောင့် ခရစ္စပဲ့လေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ ခက်ခက်ခဲ ခဲရင်ဆိုင်ကစားဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ လီဗာပူးလ်အ သင်းက(၁)ဂိုး အသာလောက်နဲ့သာ ကပ်နိုင်သွားပါမယ်။

အာဆင်နယ် Vs ဆောက်သမ်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၃ - ၃ ဆောက်သမ်တန် (၂၂-၄-၂၀၂၄)
ဆောက်သမ်တန် ၁ - ၁ အာဆင်နယ် (၂၃-၁၀-၂၀၂၂)
ဆောက်သမ်တန် ၁ - ၀ အာဆင်နယ် (၁၆-၄-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ဝ ဆောက်သမ်တန်
အာဆင်နယ် ၃ - ဝ ဆောက်သမ်တန်

အာဆင်နယ်အသင်းကတော့ ဒီနှစ်ရာသီမှာ ကစာသမားအင်အားအရ လိုအပ်ချက်တွေရှိနေပေမယ့် မဖြစ်မနေချီး ကျူးရမှာကတော့ အသင်းရဲ့နည်းပြ အာတီတာနဲ့ ကစားသမားတွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ မဆုတ်မနစ်ကြိုးစားအားထုတ်မှုတွေ၊နိုင်လိုစိတ်တွေအပြင် ကစားသမားတစ်ယောက် ချင်းစီတိုင်းရဲ့ စိတ်ဓာတတ်ပိုင်းဆိုင်ရာက တကယ်ကို ချီးကျူးရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းက ပရီးမီးယားလိပ်ပွဲစဉ် (၄) စပါးစ်အသင်းကို ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်ကစပြီး အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်က အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ဇင်ချန်ကိုတို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိချိန်မှာ စပါးစ်အသင်းကို (၁)ဂိုးနဲ့ နိုင်ပွဲရရှိအောင် ကျစ်ကျစ်လစ်လစ်နဲ့ကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာလည်း မန်စီးတီးအသင်းကိုလည်း ဒီပုံစံအတိုင်းရင်ဆိုင်ခဲ့ရပေမယ့် မရှုံးခဲ့တဲ့အပြင် တစ်ယောက်လျှော့အနေအထားမှာတောာင် မန်စီးတီးအသင်းကို နိုင်မလိုဖြစ်လောက်တဲ့အထိ စွမ်းဆောင်ရည် ကောင်းကို ပြသထားနိုင်တာက တကယ်ကိုအထင်ကြီးလောက်စရာခြေစွမ်းမျိုးဖြစ်ပါတယ်။ ပြောရရင် အာဆင်နယ်အသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ ဆလီဘာ၊ဂါဘရီရယ်၊ဘန်ဝွိုက်နဲ့ တင့်ဘားတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပြင် ဂိုးသမား ယာယာကိုယ်တိုင်ကလည်း မနှစ်က ရွှေလက်အိတ်ပိုင်ရှင်ဆိုတဲ့ လက်စွမ်းပိုင်းကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ ပုံစံအတိုင်း ကစားသမားအင်အားမဖြည့်တင်းဘဲဆက်သွားရင်တော့ ရေရှည်မှာ ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းရဖို့ ရှိနေပြီး ဉရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေအပြင် ပြည်တွင်ဖလားပြိုင်ပွဲများစွာကစားဖို့ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် အရံအင်အားတောင့်တင်းမှုမရှိလဲ အဓိကစားသမားအချို့သာဒဏ်ရာရရှိခဲ့ရင်တော့ ပေးဆပ်မှုက အရမ်းကိုကြီးမားသွားမှာလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကတော့ ဒီနှစ်ရာသီမှာ နိုင်ပွဲတစ်ပွဲမှ မရရှိထားတဲ့အသင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာပါ အလွန်ကို ကျဆင်းနေပြီဖြစ်တာကြောင့် ဒီနှစ်မှာ တန်းဆင်းသွားရဖို့အတွက် ရာခိုင်နှုန်းများနေတာဖြစ်တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရလည်း အာဆင်နယ်အသင်းက ခြေစွမ်းပိုကောင်းတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲလို့ ယူဆနိုင်ပါတယ်။

မန်စီးတီး Vs ဖူဟမ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖူဟမ် ဝ - ၄ မန်စီးတီး (၁၁-၅-၂၀၂၄)
မန်စီးတီး ၅ - ၁ မန်စီးတီး (၂-၈-၂၀၂၃)
ဝက်စ်ဟမ်း ၁ - ၂ မန်စီးတီး (၃ဝ-၄-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ ဖူဟမ်
မန်စီးတီး ၃ - ၁ ဖူဟမ်

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ခြေစွမ်းကောင်းတွေအပြင် တိုက်စစ်ပိုင်းမှာပါ ဂိုးတွေမြူးနေတဲ့ မန်စီးတီးအသင်းအတွက် ဒီနှစ်ရာသီမှာလည်း ရာသီအဖွင့်လှခဲ့သလို ချန်ပီယံဆုကို နောက်ထပ်ကာကွယ်ဖို့လည်း ခြေစွမ်းကောင်းတွေအပြင် လူအင်အားအရလည်း အကောင်းဆုံးအနေအထားကို ရရှိနေတယ်လို့ ပြောလို့ရနေပါ တယ်။ နည်းပြ ဂွာဒီယိုလာလက်ထက်မှာ (၅)ကြိမ်ဆက်တိုက်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တိုက်ပွဲ ဝင်သွားဖို့လည်းရှိနေပါတယ်။ တကယ်လည်း ဒီနှစ်မှာ မျှော်လင့်ချင်စရာ ခြေစွမ်းနဲ့ အသင်းရဲ့ အဓိက ကစား သမားအများစုနဲ့အတူ အမှတ်ပေးဇယားအတွက်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ကောင်းတွေပြသ နေပါ တယ်။ ဒါပေမဲ့ အဓိက ကစားသမားဖြစ်တဲ့ ကင်ဗင်ဒီဘရိုင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ဒဏ်ရာမကြာခဏရမှုနဲ့ အသက်အရွယ်ကြောင့်လဲ မန်စီးတီးရဲ့ ပွဲစည်တိုင်းကို ပါဝင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကလဲရှိနေပါတယ်။ နောက်ပိုင်းမှာ ကွင်းလယ်ဖန်တီးရှင်ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်က ပွဲတစ်ပွဲအပေါ်မှာ အပြောင်းအလဲအများကြီးလုပ်နိုင်တာကြောင့် ဒီဘရိုင်းသာပါမလာခဲ့ရင် မန်စီးတီးအသင်းဟာ ဖန်တီးမှုပိုင်းမှာပါ လျော့ကျသွားတာတွေ့ရပါတယ်။ အာဆင်နယ်အသင်းမှာလည်း ကွင်းလယ်က အိုဒီဂတ်မပါဝင်လာချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက ဖန်တီးမှုလျော့ကျပြီးအသက်မဲ့နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးအသင်းမှာက ရွေးချယ်စရာတွေနောက်ထပ်ရှိသေးတာကြောင့် ဒီဘရိုင်းတစ်ယောက်မပါတိုင်း နိုင်ပွဲမရဘူးလို့ ပြောလို့မရသေးတာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဖူဟမ်အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် လက်ရှိဖူဟမ်အသင်းရဲ့ ခြေစွမ်းကလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစွမ်းအတိုင်းဆို မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအိမ်ကွင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ မန်စီးတီးက ဂိုးပြတ်နိုင်ထားတာကြောင့် ခက်ခဲပေမယ့်လည်း ဂိုးမပြတ်ဘဲ မန်စီးတီးကပဲ နိုင်ပါမယ်။

အက်စတွန်ဗီလာ Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အက်စတွန်ဗီလာ ၁ - ၂ မန်ယူ (၁၁-၂-၂၀၂၄)
မန်ယူ ၃ - ၂ အက်စတွန်ဗီလာ (၂၇-၁၂-၂၀ ၂၃)
မန်ယူ ၁ - ၀ အက်စတွန်ဗီလာ (၃ဝ-၄-၂၀ ၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်စတွန်ဗီလာ ၂ - ၂ မန်ယူ
အက်စတွန်ဗီလာ ၂ - ၁ မန်ယူ

မန်ယူအသင်းကတော့ “တစ်ပွဲရွှေတစ်ပွဲငွေ” ဆိုသလို နိုင်သင့်တဲ့ပွဲတွေကို အနိုင်မရခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် အသင်းငယ်လေးတွေနဲ့တွေ့ရင် သေချာပေါက် အနိုင်(၃)မှတ်ရအောင်မစုဆောင်နိုင်တာက မန်ယူအသင်းရဲ့ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကစားပုံအရ ပိုကောင်းလာတာမှန်ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်များစွာရှိနေတဲ့အပြင် စိတ်မချရသေးတဲ့ နောက်တန်းခံစစ်ကစားသမား ဒါးလော့ရဲ့ ကစားဟန်ကလည်း မန်ယူအသင်းအတွက် ရေရှည်မှာ စိတ်ပူစရာရှိလာပါတယ်။ တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး သွင်းဂိုးနဲ့ အဆုံးသတ်ပိုင်းမှာသာပို ကောင်းလာခဲ့ရင်တော့ မန်ယူအသင်းဟာ မကြာခင်မှာပဲ လမ်းကြောင်းမှန်ကို ပြန်ရောက်လာနိုင်ဖို့ရှိပါတယ်။ အက်စတွန်ဗီလာအသင်းကတော့ အူနှိုင်းအမ်မရီလက်ထက်မှာ ဉရောပ ပြိုင်ပွဲတွေမှာပါ ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်သလို အမှတ်ပေးဇယားမှာလည်း အသင်းကြီးတွေနဲ့တန်းတူရည်တူရပ်တည်ထားနိုင်တာက သာမန်မဟုတ်တာသေချာပါတယ်။ အူနှိုင်းအမ်မရီရဲ့ စီမံခန့်ခွဲမှုတွေကြောင့်သာ အက်စတွန်ဗီလာအသင်းဟာ အခုလို အသင်းကြီးတွေကို နိုင်ပွဲရယူနိုင်လောက်တဲ့အထိ တူတူတန်တန်ခြေစွမ်းမျိုးရှိလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာတို့ရဲ့ မနှစ်ကရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ မန်ယူအသင်းက အိမ်ကွင်းရော အဝေးကွင်းမှာပါ အက်တွန်ဗီလာအသင်းကို (၂)ပွဲလုံးကို အနိုင်ရထားကြောင့် ဒီတကြိမ်တွေ့ဆုံမှုက အက်စတွန်ဗီလာအသင်းက အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ခြေကုန်ထုတ်ကန်မယ့် ပွဲစဉ်ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ သတိကြီးကြီးနဲ့ ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ အက်စတွန်ဗီလာအသင်းက အိမ်ကွင်းဖြစ်တာကြောင့် မန်ယူအသင်းကို ဖိအားပေးကစားဖို့ရှိနေပြီး နိုင်ဖို့ရာခိုင်နှုန်းလည်းများနေတာကြောင့် သရေကျသွားနိုင်သလို အက်စတွန်ီလာအသင်းက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ဖို့များပါတယ်။

ချဲလ်ဆီး Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နော်တင်ဖောရက်စ် ၂ - ၃ ချဲလ်ဆီး (၁၁-၅-၂၀၂၄)
ချဲလ်ဆီး ဝ - ၁ နော်တင်ဖောရက်စ် (၂-၉-၂၀၂၃)
ချဲလ်ဆီး ၂ - ၂ နော်တင်ဖောရက်စ် (၁၃ -၅-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ဝ စပါးစ်
ချဲလ်ဆီး ၂ - ၁ စပါးစ်

ချဲလ်ဆီးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့အသင်းလို့ ဆိုလာနိုင်ဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချဲလ်ဆီးအသင်းရဲ့ လူစားရင်က အရည်အသွေးရှိတဲ့ ကစားသမားများစွာရှိနေတဲ့အပြင် အခြားဘယ်အသင်းထက်ကိုမဆို ပိုပြီးတောင့်တင်း တဲ့အနေအထားမှာရှိပါတယ်။ ကစားသမားတွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည် အစစ်အမှန်ကိုသာ နည်းပြ မာရက်စကာ ပုံဖော်နိုင်ခဲ့ရင် မန်စီးတီး၊အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ကောင်းကောင်းယှဉ်ပြီး စိန်ခေါ်နိုင် တဲ့အနေအထားတစ်ရပ်ကို ပြိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက လူစားရင်းကြည့်ပြီး ဆုံးဖြတ်ထားတဲ့ ရလဒ်တစ်ခုမျှသာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းစီတိုင်းမှာ လိုအပ်ချက်များစွာရှိနေသေးပြီး နောက်တန်းခံစစ်မှာလည်း စိတ်ချရခြင်းမရှိသေးတာကြောင့် ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မှာ မှန်ပေမယ့် နောက်လာမယ့် ပွဲကြပ်ကာလတွေမှာ ဘယ်လိုစွမ်းဆောင်ရည်မျိုးပြသနိုင်မလဲဆိုတဲ့ ခြေစွမ်းတွေကိုလည်း လေ့လာ အကဲဖြတ်ရဦးမှာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်နဲ့ တောင်ပံနှစ်ဖက်က အပေးအယူအချိတ်အဆက်တွေမှာ ကစားသစ်တွေဖြစ်တာကြောင့် အထာမကျသေးတဲ့ မြင်ကွင်းမျိုးရှိသလို လူပေးမကစားချင်းတဲ့ ကစားသမားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်လည်း ရသင့်သလောက်ဂိုးတွေမရကြတာများပါတယ်။ နော်တင်ဖောရက်အသင်းကတော့ ဒီရာသီမှာ ဘယ်အသင်းကိုမဆို ဒုက္ခပေးဦးမယ့်အသင်းအဖြစ် ရှုမြင်ရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကို အနိုင်ကန်ထားတဲ့အသင်းဖြစ်တာကြောင့်လည်း ချဲလ်ဆီးအသင်းအတွက် နိုင်ဖို့မလွယ်ကူတာဖြစ်ပါတယ်။ မနှစ်ကထိပ်တိုက်တွေ့ဆုံမှုမှာလည်း နော်တင်ဖောရက်စ်က စွမ်းဆောင်ရည်ပိုင်းပိုကောင်းတာကြောင့် ဒီပွဲစဉ်က သရေကျဖို့များသလို ချဲလ်ဆီးအသင်းကလည်း နိုင်မယ်ဆိုရင်တောင် (၁)ဂိုးအသာလောက်နဲ့သာ ကပ်နိုင်ပါမယ်။

၅ - ၁ဝ-၂၀၂၄ (စနေနေ့ညပိုင်း)
ည(၆းဝဝ) ခရစ္စတယ်ပဲလေ့စ် Vs လီဗာပူးလ်
ည(၈း၃ဝ) အာဆင်နယ် Vs ဆောက်သမ်တန်
ည(၈း၃ဝ) မန်စီးတီး Vs ဖူဟမ်

၆-၁ဝ-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(ရး၃ဝ) အက်စတွန်ဗီလာ Vs မန်ယူ
ည(ရး၃ဝ) ချဲလ်ဆီး Vs နော်တင်ဖောရက်စ်

zawgyi version
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ္ပြဲစဥ္ (၇) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေအာက္တိုဘာ ၄

၂၀၂၄-၂၀၂၅ ေဘာလုံးရာသီရဲ႕ ပရီးမီး ယားလိဂ္ ပြဲစဥ္(၇)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ အသင္းႀကီးေတြ ဟာ ႏိုင္ပြဲအေရအတြက္သိပ္မကြာဟသလို အမွတ္ေပးဇယား ရပ္တည္မႈအပိုင္းမွာလည္း တစ္သင္းနဲ႔တစ္သင္း ကြာဟခ်က္မရွိေတာ့တာကို ေတြ႕ရၿပီး ပရီးမီးယားလိဂ္ရဲ႕ ထုံးစံအတိုင္း ၿပိဳင္ဆိုင္မႈ ျပင္းထန္းမႈေတြအျပင္ အသင္းေတြရဲ႕ ေျခစြမ္းကကိုပါ စိတ္ဝင္တစား ေစာင့္ၾကည့္ရမည့္ ပြဲစဥ္ေတြကို ျမင္ေတြ႕လာရဖို႔ရွိပါတယ္။ ေခတ္စနစ္ေျပာင္းလဲလာမႈေတြနဲ႔အတူ မတူညီတဲ့ ကစားကြက္အခင္းအက်င္းနဲ႔ ေဘာလုံးေပးပို႔မႈအ ပိုင္းေတြမွာေရာ လူစာရင္းပိုင္းမွာပါ နည္းျပေတြရဲ႕ နည္းဗ်ဴဟာေတြအျပင္ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာမွာ အေျပာင္းအလဲအမ်ားႀကီး ရွိလာဦးမွာျဖစ္တဲ့အတြက္လည္း အေကာင္းဆုံးေသာ ၿပိဳင္ပြဲေတြက ေနာက္ထပ္ေတြ႕ျမင္ရဖို႔ရွိေနပါတယ္။ လက္ရွိေျခစြမ္းပိုင္းေတြ႕အရေတာ့ ဘယ္အသင္းကမွ ခ်န္ပီယံဆုအတြက္ အမွတ္ေပးဇယားမွာ ရမွတ္ေတြ ျဖတ္ေတာက္ထားႏိုင္တာကို မေတြ႕ရေသးသလို ပြဲစဥ္တစ္ပြဲၿပီးတိုင္းမွာ အမွတ္ေပးဇယား ဦးေဆာင္တဲ့အသင္းကလည္း အေျပာင္းအလဲရွိလာဦးမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြအတြက္ ရသမ်ိဳးစုံေပးစြမ္းမယ့္ ပြဲေကာင္းေတြကိုလည္း ျမင္ေတြ႕လာရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၆)အတြက္ ေျခစြမ္းနဲ႔ သုံးသပ္ခ်က္ေတြ တင္ျပသြားမွာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၀ - ၁ ခရစၥတယ္ပဲေလ့စ္ (၁၄-၄-၂ဝ၂၄)
ခရစၥတယ္ပဲေလ့စ္ ၁ - ၂ လီဗာပူးလ္ (၉-၁၂-၂ဝ၂၄)
ခရစၥတယ္ပဲေလ့စ္ ၀ - ၀ လီဗာပူးလ္ (၂၆-၄-၂ဝ၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခရစၥတယ္ပဲေလ့စ္ ၁ - ၂ လီဗာပူးလ္
ခရစၥတယ္ပဲေလ့စ္ ၂ - ၂ လီဗာပူးလ္
လီဗာပူးလ္အသင္းက မႏွစ္က လီဗာပူးလ္အသင္းထက္ ဒီႏွစ္လီဗာပူးလ္အသင္းက အသင္းလိုက္ကစားပုံအရ ပိုေကာင္းလာတယ္လို႔ေျပာလို႔ရပါတယ္။ တိုက္စစ္ပိုင္းမွာေရာ ခံစစ္ပိုင္းမွာပါ ပိုေကာင္းလာတာေတြ႕ရၿပီး အသင္းရဲ႕ အဓိကကစားသမားေတြသာ တစ္ရာသီလုံးသာ ဒဏ္ရာမရပဲ အေကာင္းဆုံးေရွ႕ဆက္ႏိုင္ခဲ့ရင္ လီဗာပူးလ္ အသင္းဟာ ဆုဖလားတိုင္းကို စိတ္ေခၚႏိုင္တဲ့ စြမ္းေဆာင္ရည္မ်ိဳးရွိေနပါတယ္။ လီဗာပူးလ္အ သင္းရဲ႕ အားသာခ်က္က နည္းဗ်ဴဟာပိုင္းမွာ ကစားသမားတစ္ေယာက္ခ်င္းစီက ရႏိုင္တဲ့ အရည္းေသြးပိုင္းကို နည္းျပသစ္သစ္တဲ့ အာနဲစေလာ့က အျပည့္အဝရရွိႏိုင္တာေၾကာင့္ အခုလို စြမ္းေဆာင္ရည္မ်ိဳး ျပသေန တယ္လို႔လည္း ေျပာလို႔ရပါတယ္။ အဓိက အားသာခ်က္က နည္းစနစ္ပိုင္းျဖစ္ၿပီး နည္းျပ ေျပာင္းလဲသြားေပမယ့္ နည္းစနစ္ပိုင္းက ေျပာင္းလဲမသြားတာကိုၾကည့္ရင္ နည္းျပေဟာင္ ယာဂန္ကေလာ့နဲ႔ နည္းျပသစ္ အာနဲစေလာ့တို႔ ဟာ အေျပာင္းအလဲလုပ္မွာ နည္းစနစ္ပိုင္းနဲ႔ ပတ္သက္ၿပီး ေတြ႕ဆုံေျပာင္းလဲခဲ့တာမ်ိဳးေတြရွိခဲ့ႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လီဗာပူးလ္အသင္းဟာ ပြဲစဥ္(၁)စဖြင့္ကတည္းက လက္ရွိအခ်ိန္အထိ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြအျပင္ အေသးစိတ္နည္းစနစ္ပိုင္း ေဘာလုံးေပးပို႔မႈက လြဲရင္ မႏွစ္က လီဗာပူးလ္နဲ႔ သိပ္မကြာလွတဲ့အေနအထားေၾကာင့္ျဖစ္ပါတယ္။ တစ္သင္းလုံးက ေဘာလုံးကို ၾကာၾကာကိုင္ထား ေလ့မရွိတဲ့အျပင္ တိုက္စစ္နဲ႔ကြင္းလယ္အခ်ိတ္အဆက္အျပင္ တစ္သင္းလုံးက လုံးဝၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ကစားတာကလည္း တကယ္ကို Inpect ျဖစ္ခ်င္စရာေကာင္းေနပါတယ္။ ခရစၥတယ္ပဲ့ေလ့စ္အသင္းကေတာ့ ဒီႏွစ္မွာ ေျခစြမ္းအရ အရမ္းမေကာင္းဘူးဆိုေပမယ့္ မန္ယူနဲ႔ ခ်ဲလ္ဆီးတို႔လိုအသင္းႀကီးေတြကို ေပးဂိုးမေပးရဘဲ ဂိုးမရွိသေရ ကန္ထားႏိုင္တာေၾကာင့္ လီဗာပူးလ္အသင္းအတြက္မလြယ္ကူႏိုင္ပါဘူး။ ထိပ္တိုက္ေတြ႕ဆုံမႈ အရျပန္ၾကည့္ရင္လည္း ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ (၅)ႀကိမ္မွာ လီဗာပူးလ္အသင္းက(၂)ႀကိမ္ သာအႏိုင္ရထားၿပီး သေရ(၂)ႀကိမ္နဲ႔ တစ္ပြဲရႈံးထားတာေၾကာင့္ ခရစၥပဲ့ေလ့စ္အသင္းရဲ႕ အိမ္ကြင္းမွာ ခက္ခက္ခဲ ခဲရင္ဆိုင္ကစားဖို႔ရွိေနၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္မယ္ဆိုရင္ေတာ့ လီဗာပူးလ္အ သင္းက(၁)ဂိုး အသာေလာက္နဲ႔သာ ကပ္ႏိုင္သြားပါမယ္။

အာဆင္နယ္ Vs ေဆာက္သမ္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၃ - ၃ ေဆာက္သမ္တန္ (၂၂-၄-၂၀၂၄)
ေဆာက္သမ္တန္ ၁ - ၁ အာဆင္နယ္ (၂၃-၁၀-၂၀၂၂)
ေဆာက္သမ္တန္ ၁ - ၀ အာဆင္နယ္ (၁၆-၄-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ဝ ေဆာက္သမ္တန္
အာဆင္နယ္ ၃ - ဝ ေဆာက္သမ္တန္

အာဆင္နယ္အသင္းကေတာ့ ဒီႏွစ္ရာသီမွာ ကစာသမားအင္အားအရ လိုအပ္ခ်က္ေတြရွိေနေပမယ့္ မျဖစ္မေနခ်ီး က်ဴးရမွာကေတာ့ အသင္းရဲ႕နည္းျပ အာတီတာနဲ႔ ကစားသမားေတြရဲ႕ အရည္အေသြးျဖစ္ပါတယ္။ ေနာက္ဆုံးအခ်ိန္အထိ မဆုတ္မနစ္ႀကိဳးစားအားထုတ္မႈေတြ၊ႏိုင္လိုစိတ္ေတြအျပင္ ကစားသမားတစ္ေယာက္ ခ်င္းစီတိုင္းရဲ႕ စိတ္ဓာတတ္ပိုင္းဆိုင္ရာက တကယ္ကို ခ်ီးက်ဴးရမွာျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အာဆင္နယ္အသင္းက ပရီးမီးယားလိပ္ပြဲစဥ္ (၄) စပါးစ္အသင္းကို ရင္ဆိုင္ခဲ့ရတဲ့ပြဲစဥ္ကစၿပီး အဓိက ကစားသမားေတြျဖစ္တဲ့ ကြင္းလယ္က အသင္းေခါင္းေဆာင္ အိုဒီဂတ္နဲ႔ ဇင္ခ်န္ကိုတို႔ ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ျခင္းမရွိခ်ိန္မွာ စပါးစ္အသင္းကို (၁)ဂိုးနဲ႔ ႏိုင္ပြဲရရွိေအာင္ က်စ္က်စ္လစ္လစ္နဲ႔ကစားႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ပြဲစဥ္(၅)မွာလည္း မန္စီးတီးအသင္းကိုလည္း ဒီပုံစံအတိုင္းရင္ဆိုင္ခဲ့ရေပမယ့္ မရႈံးခဲ့တဲ့အျပင္ တစ္ေယာက္ေလွ်ာ့အေနအထားမွာေတာာင္ မန္စီးတီးအသင္းကို ႏိုင္မလိုျဖစ္ေလာက္တဲ့အထိ စြမ္းေဆာင္ရည္ ေကာင္းကို ျပသထားႏိုင္တာက တကယ္ကိုအထင္ႀကီးေလာက္စရာေျခစြမ္းမ်ိဳးျဖစ္ပါတယ္။ ေျပာရရင္ အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းကစားသမားေတြျဖစ္တဲ့ ဆလီဘာ၊ဂါဘရီရယ္၊ဘန္ဝြိဳက္နဲ႔ တင့္ဘားတို႔ရဲ႕ စြမ္းေဆာင္ရည္ပိုင္းေတြအျပင္ ဂိုးသမား ယာယာကိုယ္တိုင္ကလည္း မႏွစ္က ေ႐ႊလက္အိတ္ပိုင္ရွင္ဆိုတဲ့ လက္စြမ္းပိုင္းကို ျပသထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းအေနနဲ႔ ပုံစံအတိုင္း ကစားသမားအင္အားမျဖည့္တင္းဘဲဆက္သြားရင္ေတာ့ ေရရွည္မွာ ျပႆနာမ်ားစြာကို ရင္ဆိုင္ေျဖရွင္းရဖို႔ ရွိေနၿပီး ဉေရာပ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအျပင္ ျပည္တြင္ဖလားၿပိဳင္ပြဲမ်ားစြာကစားဖို႔ရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ အရံအင္အားေတာင့္တင္းမႈမရွိလဲ အဓိကစားသမားအခ်ိဳ႕သာဒဏ္ရာရရွိခဲ့ရင္ေတာ့ ေပးဆပ္မႈက အရမ္းကိုႀကီးမားသြားမွာလည္းျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းကေတာ့ ဒီႏွစ္ရာသီမွာ ႏိုင္ပြဲတစ္ပြဲမွ မရရွိထားတဲ့အသင္းျဖစ္တဲ့အျပင္ ေျခစြမ္းပိုင္းမွာပါ အလြန္ကို က်ဆင္းေနၿပီျဖစ္တာေၾကာင့္ ဒီႏွစ္မွာ တန္းဆင္းသြားရဖို႔အတြက္ ရာခိုင္ႏႈန္းမ်ားေနတာျဖစ္တာျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရလည္း အာဆင္နယ္အသင္းက ေျခစြမ္းပိုေကာင္းတာေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲလို႔ ယူဆႏိုင္ပါတယ္။

မန္စီးတီး Vs ဖူဟမ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဖူဟမ္ ဝ - ၄ မန္စီးတီး (၁၁-၅-၂၀၂၄)
မန္စီးတီး ၅ - ၁ မန္စီးတီး (၂-၈-၂၀၂၃)
ဝက္စ္ဟမ္း ၁ - ၂ မန္စီးတီး (၃ဝ-၄-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ ဖူဟမ္
မန္စီးတီး ၃ - ၁ ဖူဟမ္

ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ဖို႔အတြက္ ေျခစြမ္းေကာင္းေတြအျပင္ တိုက္စစ္ပိုင္းမွာပါ ဂိုးေတြျမဴးေနတဲ့ မန္စီးတီးအသင္းအတြက္ ဒီႏွစ္ရာသီမွာလည္း ရာသီအဖြင့္လွခဲ့သလို ခ်န္ပီယံဆုကို ေနာက္ထပ္ကာကြယ္ဖို႔လည္း ေျခစြမ္းေကာင္းေတြအျပင္ လူအင္အားအရလည္း အေကာင္းဆုံးအေနအထားကို ရရွိေနတယ္လို႔ ေျပာလို႔ရေနပါ တယ္။ နည္းျပ ဂြာဒီယိုလာလက္ထက္မွာ (၅)ႀကိမ္ဆက္တိုက္အျဖစ္ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔ တိုက္ပြဲ ဝင္သြားဖို႔လည္းရွိေနပါတယ္။ တကယ္လည္း ဒီႏွစ္မွာ ေမွ်ာ္လင့္ခ်င္စရာ ေျခစြမ္းနဲ႔ အသင္းရဲ႕ အဓိက ကစား သမားအမ်ားစုနဲ႔အတူ အမွတ္ေပးဇယားအတြက္လည္း အေကာင္းဆုံးစြမ္းေဆာင္ရည္ေကာင္းေတြျပသ ေနပါ တယ္။ ဒါေပမဲ့ အဓိက ကစားသမားျဖစ္တဲ့ ကင္ဗင္ဒီဘ႐ိုင္းရဲ႕ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဒဏ္ရာမၾကာခဏရမႈနဲ႔ အသက္အ႐ြယ္ေၾကာင့္လဲ မန္စီးတီးရဲ႕ ပြဲစည္တိုင္းကို ပါဝင္ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းကလဲရွိေနပါတယ္။ ေနာက္ပိုင္းမွာ ကြင္းလယ္ဖန္တီးရွင္ကစားသမားတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္က ပြဲတစ္ပြဲအေပၚမွာ အေျပာင္းအလဲအမ်ားႀကီးလုပ္ႏိုင္တာေၾကာင့္ ဒီဘ႐ိုင္းသာပါမလာခဲ့ရင္ မန္စီးတီးအသင္းဟာ ဖန္တီးမႈပိုင္းမွာပါ ေလ်ာ့က်သြားတာေတြ႕ရပါတယ္။ အာဆင္နယ္အသင္းမွာလည္း ကြင္းလယ္က အိုဒီဂတ္မပါဝင္လာခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ပိုင္းက ဖန္တီးမႈေလ်ာ့က်ၿပီးအသက္မဲ့ေနတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့လည္း မန္စီးတီးအသင္းမွာက ေ႐ြးခ်ယ္စရာေတြေနာက္ထပ္ရွိေသးတာေၾကာင့္ ဒီဘ႐ိုင္းတစ္ေယာက္မပါတိုင္း ႏိုင္ပြဲမရဘူးလို႔ ေျပာလို႔မရေသးတာျဖစ္ပါတယ္။ ဒီပြဲစဥ္မွာေတာ့ ဖူဟမ္အသင္းကို အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ လက္ရွိဖူဟမ္အသင္းရဲ႕ ေျခစြမ္းကလည္း နယူးကာဆယ္အသင္းကို အႏိုင္ရခဲ့တဲ့ ေျခစြမ္းအတိုင္းဆို မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးအိမ္ကြင္းျဖစ္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ မန္စီးတီးက ဂိုးျပတ္ႏိုင္ထားတာေၾကာင့္ ခက္ခဲေပမယ့္လည္း ဂိုးမျပတ္ဘဲ မန္စီးတီးကပဲ ႏိုင္ပါမယ္။

အက္စတြန္ဗီလာ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အက္စတြန္ဗီလာ ၁ - ၂ မန္ယူ (၁၁-၂-၂၀၂၄)
မန္ယူ ၃ - ၂ အက္စတြန္ဗီလာ (၂၇-၁၂-၂၀ ၂၃)
မန္ယူ ၁ - ၀ အက္စတြန္ဗီလာ (၃ဝ-၄-၂၀ ၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္စတြန္ဗီလာ ၂ - ၂ မန္ယူ
အက္စတြန္ဗီလာ ၂ - ၁ မန္ယူ

မန္ယူအသင္းကေတာ့ “တစ္ပြဲေ႐ႊတစ္ပြဲေငြ” ဆိုသလို ႏိုင္သင့္တဲ့ပြဲေတြကို အႏိုင္မရခဲ့တာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ အသင္းငယ္ေလးေတြနဲ႔ေတြ႕ရင္ ေသခ်ာေပါက္ အႏိုင္(၃)မွတ္ရေအာင္မစုေဆာင္ႏိုင္တာက မန္ယူအသင္းရဲ႕ အဓိကလိုအပ္ခ်က္ျဖစ္ပါတယ္။ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ခဲ့ၿပီးတဲ့ေနာက္ပိုင္းမွာ ကစားပုံအရ ပိုေကာင္းလာတာမွန္ေပမယ့္ အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္မ်ားစြာရွိေနတဲ့အျပင္ စိတ္မခ်ရေသးတဲ့ ေနာက္တန္းခံစစ္ကစားသမား ဒါးေလာ့ရဲ႕ ကစားဟန္ကလည္း မန္ယူအသင္းအတြက္ ေရရွည္မွာ စိတ္ပူစရာရွိလာပါတယ္။ တိုက္စစ္ပိုင္းက ဒီထက္ပိုၿပီး သြင္းဂိုးနဲ႔ အဆုံးသတ္ပိုင္းမွာသာပို ေကာင္းလာခဲ့ရင္ေတာ့ မန္ယူအသင္းဟာ မၾကာခင္မွာပဲ လမ္းေၾကာင္းမွန္ကို ျပန္ေရာက္လာႏိုင္ဖို႔ရွိပါတယ္။ အက္စတြန္ဗီလာအသင္းကေတာ့ အူႏႈိင္းအမ္မရီလက္ထက္မွာ ဉေရာပ ၿပိဳင္ပြဲေတြမွာပါ ယွဥ္ၿပိဳင္ခြင့္ရေအာင္ စြမ္းေဆာင္ထားႏိုင္သလို အမွတ္ေပးဇယားမွာလည္း အသင္းႀကီးေတြနဲ႔တန္းတူရည္တူရပ္တည္ထားႏိုင္တာက သာမန္မဟုတ္တာေသခ်ာပါတယ္။ အူႏႈိင္းအမ္မရီရဲ႕ စီမံခန႔္ခြဲမႈေတြေၾကာင့္သာ အက္စတြန္ဗီလာအသင္းဟာ အခုလို အသင္းႀကီးေတြကို ႏိုင္ပြဲရယူႏိုင္ေလာက္တဲ့အထိ တူတူတန္တန္ေျခစြမ္းမ်ိဳးရွိလာတယ္ဆိုတာ ျငင္းမရတဲ့အခ်က္တစ္ခုလည္းျဖစ္ပါတယ္။ မန္ယူအသင္းနဲ႔ အက္စတြန္ဗီလာတို႔ရဲ႕ မႏွစ္ကရာသီ ထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ မန္ယူအသင္းက အိမ္ကြင္းေရာ အေဝးကြင္းမွာပါ အက္တြန္ဗီလာအသင္းကို (၂)ပြဲလုံးကို အႏိုင္ရထားေၾကာင့္ ဒီတႀကိမ္ေတြ႕ဆုံမႈက အက္စတြန္ဗီလာအသင္းက အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ ေျခကုန္ထုတ္ကန္မယ့္ ပြဲစဥ္ျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူအသင္းအေနနဲ႔ သတိႀကီးႀကီးနဲ႔ ကစားဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ရလဒ္ပိုင္းကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ အက္စတြန္ဗီလာအသင္းက အိမ္ကြင္းျဖစ္တာေၾကာင့္ မန္ယူအသင္းကို ဖိအားေပးကစားဖို႔ရွိေနၿပီး ႏိုင္ဖို႔ရာခိုင္ႏႈန္းလည္းမ်ားေနတာေၾကာင့္ သေရက်သြားႏိုင္သလို အက္စတြန္ီလာအသင္းက က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ႏိုင္ဖို႔မ်ားပါတယ္။

ခ်ဲလ္ဆီး Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေနာ္တင္ေဖာရက္စ္ ၂ - ၃ ခ်ဲလ္ဆီး (၁၁-၅-၂၀၂၄)
ခ်ဲလ္ဆီး ဝ - ၁ ေနာ္တင္ေဖာရက္စ္ (၂-၉-၂၀၂၃)
ခ်ဲလ္ဆီး ၂ - ၂ ေနာ္တင္ေဖာရက္စ္ (၁၃ -၅-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ဝ စပါးစ္
ခ်ဲလ္ဆီး ၂ - ၁ စပါးစ္

ခ်ဲလ္ဆီးအသင္းက ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ဖို႔ အေကာင္းဆုံးလူစာရင္းကို ပိုင္ဆိုင္ထားတဲ့အသင္းလို႔ ဆိုလာႏိုင္ဖို႔ရွိေနပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ လူစားရင္က အရည္အေသြးရွိတဲ့ ကစားသမားမ်ားစြာရွိေနတဲ့အျပင္ အျခားဘယ္အသင္းထက္ကိုမဆို ပိုၿပီးေတာင့္တင္း တဲ့အေနအထားမွာရွိပါတယ္။ ကစားသမားေတြရဲ႕ ကြင္းတြင္းစြမ္းေဆာင္ရည္ အစစ္အမွန္ကိုသာ နည္းျပ မာရက္စကာ ပုံေဖာ္ႏိုင္ခဲ့ရင္ မန္စီးတီး၊အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ကို ေကာင္းေကာင္းယွဥ္ၿပီး စိန္ေခၚႏိုင္ တဲ့အေနအထားတစ္ရပ္ကို ၿပိဳင္ဆိုင္ထားတာျဖစ္ပါတယ္။ ဒါေပမဲ့ ဒါက လူစားရင္းၾကည့္ၿပီး ဆုံးျဖတ္ထားတဲ့ ရလဒ္တစ္ခုမွ်သာျဖစ္ပါတယ္။ ကစားသမားတစ္ေယာက္ခ်င္းစီတိုင္းမွာ လိုအပ္ခ်က္မ်ားစြာရွိေနေသးၿပီး ေနာက္တန္းခံစစ္မွာလည္း စိတ္ခ်ရျခင္းမရွိေသးတာေၾကာင့္ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ကို စိန္ေခၚႏိုင္မွာ မွန္ေပမယ့္ ေနာက္လာမယ့္ ပြဲၾကပ္ကာလေတြမွာ ဘယ္လိုစြမ္းေဆာင္ရည္မ်ိဳးျပသႏိုင္မလဲဆိုတဲ့ ေျခစြမ္းေတြကိုလည္း ေလ့လာ အကဲျဖတ္ရဦးမွာျဖစ္ပါတယ္။ ဒါ့ျပင္ တိုက္စစ္နဲ႔ ေတာင္ပံႏွစ္ဖက္က အေပးအယူအခ်ိတ္အဆက္ေတြမွာ ကစားသစ္ေတြျဖစ္တာေၾကာင့္ အထာမက်ေသးတဲ့ ျမင္ကြင္းမ်ိဳးရွိသလို လူေပးမကစားခ်င္းတဲ့ ကစားသမားေတြရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြေၾကာင့္လည္း ရသင့္သေလာက္ဂိုးေတြမရၾကတာမ်ားပါတယ္။ ေနာ္တင္ေဖာရက္အသင္းကေတာ့ ဒီရာသီမွာ ဘယ္အသင္းကိုမဆို ဒုကၡေပးဦးမယ့္အသင္းအျဖစ္ ရႈျမင္ရမွာျဖစ္ၿပီး လီဗာပူးလ္အသင္းကို အႏိုင္ကန္ထားတဲ့အသင္းျဖစ္တာေၾကာင့္လည္း ခ်ဲလ္ဆီးအသင္းအတြက္ ႏိုင္ဖို႔မလြယ္ကူတာျဖစ္ပါတယ္။ မႏွစ္ကထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း ေနာ္တင္ေဖာရက္စ္က စြမ္းေဆာင္ရည္ပိုင္းပိုေကာင္းတာေၾကာင့္ ဒီပြဲစဥ္က သေရက်ဖို႔မ်ားသလို ခ်ဲလ္ဆီးအသင္းကလည္း ႏိုင္မယ္ဆိုရင္ေတာင္ (၁)ဂိုးအသာေလာက္နဲ႔သာ ကပ္ႏိုင္ပါမယ္။

၅ - ၁ဝ-၂၀၂၄ (စေနေန႔ညပိုင္း)
ည(၆းဝဝ) ခရစၥတယ္ပဲေလ့စ္ Vs လီဗာပူးလ္
ည(၈း၃ဝ) အာဆင္နယ္ Vs ေဆာက္သမ္တန္
ည(၈း၃ဝ) မန္စီးတီး Vs ဖူဟမ္

၆-၁ဝ-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(ရး၃ဝ) အက္စတြန္ဗီလာ Vs မန္ယူ
ည(ရး၃ဝ) ခ်ဲလ္ဆီး Vs ေနာ္တင္ေဖာရက္စ္

Related news

© 2021. All rights reserved.