စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ

 3014

စော (NP News) - အောက်တိုဘာ ၄

စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များပေါ်တွင် ညစ်ပတ်၊ ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေကြောင်း မြန် မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရထားတွဲဆိုင်းသစ်သည် အောက်တိုဘာ (၂)ရက်နေ့မှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ခရီးသည်စုစုပေါင်း (၈၃၀)ကျော် စီးနင်းလိုက်ပါနိုင်ကြောင်း သိရသည်။

“တကယ်တမ်းက ခရီးသည်မှာလည်း အဓိက တာဝန်ရှိပါတယ်။ လက်ရှိအနေအထားကတော့ ကြီးကြပ်ရေးတစ်ယောက်လိုက်ပါတယ်။ တွဲစောင့်တွေ လိုက်တယ်။ ရထားရဲတပ်ဖွဲ့တွေလိုက်တယ်။ လက်မှတ်စစ်တွေနဲ့ လိုက်ပြီးတော့ စည်းကမ်းထိန်းသိမ်းခြင်းဆောင်ရွက်နေပါတယ်။ ရထားလိုက်စီးနင်းတဲ့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပေးမှသာ ပိုပြီးတော့ အဆင်ပြေစေမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အမှတ် (၁၆)အစုန် ပဲခူး-ရန်ကုန် ရထားသည် ပဲခူးဘူတာမှ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၆ နာရီမှာစတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကို နံနက် ၈ နာရီ ၂၀ မိနစ် ခန့်တွင် ဆိုက်ရောက်ကာ အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူး ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာသို့ ၇ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်ကြောင်း သိရသည်။

အောက်တိုဘာ ၂ရက်နေ့တွင် အစုန်ရထား စီးနင်းလိုက်ပါသူဦးရေ (၆၅၁)ဦး၊ အဆန်ရထား စီးနင်းလိုက်ပါသူဦးရေ (၅၅၂)ဦးရှိခဲ့ပြီး အောက်တိုဘာ ၃ရက်နေ့တွင် အစုန်ရထား စီးနင်းလိုက်ပါသူဦးရေ (၆၄၈)ဦး၊ အဆန်ရထား စီးနင်းလိုက်ပါသူဦးရေ (၅၅၈)ဦးရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရပ်နားမည့် ဘူတာများမှာ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင် ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူဘူတာတို့ ဖြစ်ကြောင်း သိရသည်။ ခရီးသွားလက်မှတ်ခအဖြစ် ခရီးစဉ်အစအဆုံးထိ တစ်ဦးလျှင် ငွေကျပ် (၂၅၀၀)သတ်မှတ်ထားပြီး ခရီးစဥ်တစ်ဝက် လိုက်ပါစီးနင်းသူတစ်ဦးလျှင် ငွေကျပ်( ၁၃၀၀) သတ်မှတ်ထားကြောင်း သိရသည်။

zawgyi version
စပိန္ႏိုင္ငံမွဝယ္ယူထားေသာ DEMU ရထားသစ္မ်ား ညစ္ပတ္၊ ထိခိုက္ပ်က္စီးမႈမရွိေစရန္ စည္းကမ္းထိန္းသိမ္းျခင္းမ်ား ေဆာင္႐ြက္ေန
ေစာ (NP News) - ေအာက္တိုဘာ ၄

စပိန္ႏိုင္ငံမွဝယ္ယူထားေသာ DEMU ရထားသစ္မ်ားေပၚတြင္ ညစ္ပတ္၊ ပ်က္စီးမႈမရွိေစရန္ စည္းကမ္းထိန္းသိမ္းျခင္းမ်ား ေဆာင္႐ြက္ေနေၾကာင္း ျမန္ မာ့မီးရထားမွ တာဝန္ရွိသူတစ္ဦးက NP News ကိုပြောသည္။

အဆိုပါရထားတြဲဆိုင္းသစ္သည္ ေအာက္တိုဘာ (၂)ရက္ေန႔မွ စတင္ေျပးဆြဲခဲ့ျခင္းျဖစ္ၿပီး ခရီးသည္စုစုေပါင္း (၈၃၀)ေက်ာ္ စီးနင္းလိုက္ပါႏိုင္ေၾကာင္း သိရသည္။

“တကယ္တမ္းက ခရီးသည္မွာလည္း အဓိက တာဝန္ရွိပါတယ္။ လက္ရွိအေနအထားကေတာ့ ႀကီးၾကပ္ေရးတစ္ေယာက္လိုက္ပါတယ္။ တြဲေစာင့္ေတြ လိုက္တယ္။ ရထားရဲတပ္ဖြဲ႕ေတြလိုက္တယ္။ လက္မွတ္စစ္ေတြနဲ႔ လိုက္ၿပီးေတာ့ စည္းကမ္းထိန္းသိမ္းျခင္းေဆာင္႐ြက္ေနပါတယ္။ ရထားလိုက္စီးနင္းတဲ့ ျပည္သူေတြက ပူးေပါင္းေဆာင္႐ြက္ေပးမွသာ ပိုၿပီးေတာ့ အဆင္ေျပေစမွာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

အမွတ္ (၁၆)အစုန္ ပဲခူး-ရန္ကုန္ ရထားသည္ ပဲခူးဘူတာမွ ေအာက္တိုဘာ ၁ ရက္ေန႔၊ နံနက္ ၆ နာရီမွာစတင္ထြက္ခြာၿပီး ရန္ကုန္ဘူတာကို နံနက္ ၈ နာရီ ၂၀ မိနစ္ ခန႔္တြင္ ဆိုက္ေရာက္ကာ အမွတ္(၁၅)အဆန္ ရန္ကုန္-ပဲခူး ရထားသည္ ရန္ကုန္ဘူတာမွ ညေန ၄ နာရီ ၄၅ မိနစ္တြင္ ျပန္လည္ထြက္ခြာၿပီး ပဲခူးဘူတာသို႔ ၇ နာရီ ၅ မိနစ္တြင္ ဆိုက္ေရာက္ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၂ရက္ေန႔တြင္ အစုန္ရထား စီးနင္းလိုက္ပါသူဦးေရ (၆၅၁)ဦး၊ အဆန္ရထား စီးနင္းလိုက္ပါသူဦးေရ (၅၅၂)ဦးရွိခဲ့ၿပီး ေအာက္တိုဘာ ၃ရက္ေန႔တြင္ အစုန္ရထား စီးနင္းလိုက္ပါသူဦးေရ (၆၄၈)ဦး၊ အဆန္ရထား စီးနင္းလိုက္ပါသူဦးေရ (၅၅၈)ဦးရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရပ္နားမည့္ ဘူတာမ်ားမွာ ပုဇြန္ေတာင္၊ မလႊကုန္း၊ သဃၤန္းကြၽန္း၊ တိုးေၾကာင္ ကေလး၊ ႐ြာသာႀကီး၊ ေလးေဒါင့္ကန္၊ ဒါးပိန္၊ ေကာ့ခ်ဲ၊ ထုံးႀကီး၊ ေက်ာက္တန္း၊ တာဝ၊ ဘုရားသုံးဆူဘူတာတို႔ ျဖစ္ေၾကာင္း သိရသည္။ ခရီးသြားလက္မွတ္ခအျဖစ္ ခရီးစဥ္အစအဆုံးထိ တစ္ဦးလွ်င္ ေငြက်ပ္ (၂၅၀၀)သတ္မွတ္ထားၿပီး ခရီးစဥ္တစ္ဝက္ လိုက္ပါစီးနင္းသူတစ္ဦးလွ်င္ ေငြက်ပ္( ၁၃၀၀) သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.