ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့မှုနဲ့ပတ်သက်ပြီး ဂျာမနီမှာ လူထောင်ချီ ဆန္ဒပြ

 284

Pika (NP News) - အောက်တိုဘာ ၅

အောက်တိုဘာလ(၃)ရက်က ဂျာမနီနိုင်ငံတွင် ထောင်နှင့်ချီသောဆန္ဒပြသူများသည် ဘာလင်မြို့လယ်ကို ချီတက်ခဲ့ကြပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးနေသည့် ဂျာမနီအစိုးရ၏ လုပ်ရပ် ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူများသည် ယူကရိန်း နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် ဖြစ်ပွားနေသောပဋိပက္ခများကို လှုံ့ဆော်ပေးမှုအတွက် အနောက်အုပ်စုနိုင်ငံများကို ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း လည်း သိရသည်။

ဆန္ဒပြသူများသည် ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများကို သံတမန်ရေးနည်းလမ်းများဖြင့်သာဖြေရှင်းကြရန် တောင်းဆို သည့်အနေဖြင့် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ငြိမ်းချမ်းရေးကိုမြှင့်တင်ရာတွင် အမေရိကန် နှင့် ဥရောပသမဂ္ဂတို့၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြောင်း ဆန္ဒပြသူများက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ဆန္ဒပြသူတစ်ဦးက "အခုအချိန်မှာ အမေရိကန်တွေဟာ ငြိမ်းချမ်းရေးကို တကယ်ကာကွယ်နေတာမဟုတ်ဘူးလို့ ကျွန်တော်တို့မြင်ပါတယ်။ ပြီးတော့ ဥရောပသမဂ္ဂကလည်း ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် သေချာ လုပ်ဆောင်နေတာမျိုးတွေကို ကျွန်တော်တို့မမြင်မိပါဘူး။ ဂျာမနီအစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့နေတာကို ရပ်တန့်သင့်ပါတယ်။ ဒါက တရားမဝင်ပါဘူး" ဟု ပြောခဲ့သည်။

ပြင်းထန်လာသောပဋိပက္ခများ နှင့် နောက်ဆက်တွဲအကျိုးဆက်များသည် ပြီးခဲ့သည့်နှစ်များအတွင်း ဂျာမနီ လူ့အဖွဲ့အစည်း နှင့် ၎င်း၏ စီးပွားရေးအပေါ် သက်ရောက်မှုများရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲအများအပြားကို ပေါ်ပေါက်လာစေခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆန္ဒပြသူများသည် အနောက်အုပ်စုနိုင်ငံများ နှင့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့်နိုင်ငံများကို ဖြစ်ပွားနေသောအကျပ်အတည်းများအား သံတမန်ရေးနည်းလမ်းဖြင့်သာ ချက်ချင်းဖြေရှင်းရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူတစ်ဦးက "ကမ္ဘာပေါ်က စစ်ပွဲတွေအားလုံးကို ရပ်စေချင်ပါတယ်။ ပြီးတော့ ဆွေးနွေးမှုတွေ၊ အပစ်အခတ် ရပ်စဲရေးနဲ့ သံတမန်ရေးနည်းလမ်းတွေ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သတ်ဖြတ်နေတာတွေကို ရပ်တန့်ပြီး ဖျက်ဆီးမှုအားလုံးကို ရပ်တန့်ကြပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး ဂ်ာမနီမွာ လူေထာင္ခ်ီ ဆႏၵျပ
Pika (NP News) - ေအာက္တိုဘာ ၅

ေအာက္တိုဘာလ(၃)ရက္က ဂ်ာမနီႏိုင္ငံတြင္ ေထာင္ႏွင့္ခ်ီေသာဆႏၵျပသူမ်ားသည္ ဘာလင္ၿမိဳ႕လယ္ကို ခ်ီတက္ခဲ့ၾကၿပီး ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ဆက္လက္ေထာက္ပံ့ေပးေနသည့္ ဂ်ာမနီအစိုးရ၏ လုပ္ရပ္ ကို ဆန႔္က်င္ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။ ဆႏၵျပသူမ်ားသည္ ယူကရိန္း ႏွင့္ အေရွ႕အလယ္ပိုင္းေဒသတို႔တြင္ ျဖစ္ပြားေနေသာပဋိပကၡမ်ားကို လႈံ႕ေဆာ္ေပးမႈအတြက္ အေနာက္အုပ္စုႏိုင္ငံမ်ားကို ျပစ္တင္ေဝဖန္ခဲ့ၾကေၾကာင္း လည္း သိရသည္။

ဆႏၵျပသူမ်ားသည္ ကမာၻလုံးဆိုင္ရာပဋိပကၡမ်ားကို သံတမန္ေရးနည္းလမ္းမ်ားျဖင့္သာေျဖရွင္းၾကရန္ ေတာင္းဆို သည့္အေနျဖင့္ ခ်ီတက္ဆႏၵျပခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ၿငိမ္းခ်မ္းေရးကိုျမႇင့္တင္ရာတြင္ အေမရိကန္ ႏွင့္ ဥေရာပသမဂၢတို႔၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ မေက်နပ္ေၾကာင္း ဆႏၵျပသူမ်ားက ထုတ္ေဖာ္ ေျပာဆိုခဲ့ၾကသည္။
ဆႏၵျပသူတစ္ဦးက "အခုအခ်ိန္မွာ အေမရိကန္ေတြဟာ ၿငိမ္းခ်မ္းေရးကို တကယ္ကာကြယ္ေနတာမဟုတ္ဘူးလို႔ ကြၽန္ေတာ္တို႔ျမင္ပါတယ္။ ၿပီးေတာ့ ဥေရာပသမဂၢကလည္း ၿငိမ္းခ်မ္းေရးကို ကာကြယ္ဖို႔အတြက္ ေသခ်ာ လုပ္ေဆာင္ေနတာမ်ိဳးေတြကို ကြၽန္ေတာ္တို႔မျမင္မိပါဘူး။ ဂ်ာမနီအစိုးရဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ေပးပို႔ေနတာကို ရပ္တန႔္သင့္ပါတယ္။ ဒါက တရားမဝင္ပါဘူး" ဟု ေျပာခဲ့သည္။

ျပင္းထန္လာေသာပဋိပကၡမ်ား ႏွင့္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဂ်ာမနီ လူ႔အဖြဲ႕အစည္း ႏွင့္ ၎၏ စီးပြားေရးအေပၚ သက္ေရာက္မႈမ်ားရွိခဲ့ၿပီး ႏိုင္ငံတစ္ဝန္းတြင္ ဆႏၵျပပြဲအမ်ားအျပားကို ေပၚေပါက္လာေစခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဆႏၵျပသူမ်ားသည္ အေနာက္အုပ္စုႏိုင္ငံမ်ား ႏွင့္ ပဋိပကၡမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ႏိုင္ငံမ်ားကို ျဖစ္ပြားေနေသာအက်ပ္အတည္းမ်ားအား သံတမန္ေရးနည္းလမ္းျဖင့္သာ ခ်က္ခ်င္းေျဖရွင္းရန္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ဆႏၵျပသူတစ္ဦးက "ကမာၻေပၚက စစ္ပြဲေတြအားလုံးကို ရပ္ေစခ်င္ပါတယ္။ ၿပီးေတာ့ ေဆြးေႏြးမႈေတြ၊ အပစ္အခတ္ ရပ္စဲေရးနဲ႔ သံတမန္ေရးနည္းလမ္းေတြ လုပ္ေဆာင္ဖို႔လည္း လိုအပ္ပါတယ္။ သတ္ျဖတ္ေနတာေတြကို ရပ္တန႔္ၿပီး ဖ်က္ဆီးမႈအားလုံးကို ရပ္တန႔္ၾကပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.