ဒုတိယကမ္ဘာစစ်လက်ကျန် အမေရိကန်လုပ် ဗုံးပေါက်ကွဲမှုကြောင့် ပိတ်လိုက်ရတဲ့ ဂျပန်နိုင်ငံ၊ မီယာဇာကီလေဆိပ် ပြန်လည်ဖွင့်လှစ်

 161

ရောင်နီ (NP News) - အောက်တိုဘာ ၅

ဒုတိယကမ္ဘာစစ် လက်ကျန် အမေရိကန်လုပ် ဗုံးပေါက်ကွဲမှုကြောင့် ပိတ်ထားလိုက်ရတဲ့ ဂျပန်နိုင်ငံ၊ တောင်ပိုင်းရှိ မီယာဇာကီလေဆိပ် (အောက်တိုဘာ ၃ ရက်) မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

AFP သတင်းဌာနမှ ရရှိခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂ ရက်) က ခရီးသည်တင် လေယာဉ် တစ်စီးထွက်ခွာတော့မယ့်အချိန်၊ လေဆိပ်ပြေးလမ်းမှာ မြေပြင်မှာ ဗုံးပေါက်ကွဲခဲ့တာ တွေ့ရပါတယ်။ ထိခိုက် ဒဏ်ရာရရှိမှုသတင်းတော့ ထုတ်ပြန်ခြင်းမရှိပေမယ့် အဲဒီနေ့က လေယာဉ်ခရီးစဉ် ဒါဇင်များစွာကို ဖျက်သိမ်းခဲ့ရခြင်း ကြောင့် ခရီးသည် ၃၄၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
Self-defence Forces (SDF) ဗုံးရှင်းလင်းရေးအဖွဲ့ရဲ့အဆိုအရ အဲဒီပေါက်ကွဲခဲ့တဲ့ဗုံးဟာ "အမေရိကန်လုပ် ၂၅ဝ ကီလိုဂရမ်အလေးချိန်ရှိ ဗုံးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၁၊ ၂၀၂၁ ခုနှစ်တွေကလည်း လေဆိပ်အနီးမှာ မပေါက်ကွဲသေးတဲ့ အမေရိကန်လုပ်ဗုံးတွေကို တွေ့ခဲ့ရဖူးတယ်လို့ သိရပါတယ်။

၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံ နာဂါဆာကီနဲ့ ဟီရိုရှီးမားတို့မှာ နျူကလီယားဗုံးကြဲချခြင်းမပြုမီ အမေရိကန်လေတပ် ဟာ ဂျပန်နိုင်ငံရှိ မြို့ပေါင်းများစွာကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် မတ်လတစ်ညတည်းမှာပဲ တိုကျိုမြို့မှာ နိုင်ငံသားပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အမေရိကန် ဗုံးကြဲခဲ့တဲ့နေရာတွေထဲမှာ မီယာဇာကီလေဆိပ်ဟာလည်း တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

Zawgyi Version;
ဒုတိယကမာၻစစ္လက္က်န္ အေမရိကန္လုပ္ ဗုံးေပါက္ကြဲမႈေၾကာင့္ ပိတ္လိုက္ရတဲ့ ဂ်ပန္ႏိုင္ငံ၊ မီယာဇာကီေလဆိပ္ ျပန္လည္ဖြင့္လွစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၅

ဒုတိယကမာၻစစ္ လက္က်န္ အေမရိကန္လုပ္ ဗုံးေပါက္ကြဲမႈေၾကာင့္ ပိတ္ထားလိုက္ရတဲ့ ဂ်ပန္ႏိုင္ငံ၊ ေတာင္ပိုင္းရွိ မီယာဇာကီေလဆိပ္ (ေအာက္တိုဘာ ၃ ရက္) မွာ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

AFP သတင္းဌာနမွ ရရွိခဲ့တဲ့ဗီဒီယိုဖိုင္တစ္ခုမွာ ဗုဒၶဟူးေန႔ (ေအာက္တိုဘာ ၂ ရက္) က ခရီးသည္တင္ ေလယာဥ္ တစ္စီးထြက္ခြာေတာ့မယ့္အခ်ိန္၊ ေလဆိပ္ေျပးလမ္းမွာ ေျမျပင္မွာ ဗုံးေပါက္ကြဲခဲ့တာ ေတြ႕ရပါတယ္။ ထိခိုက္ ဒဏ္ရာရရွိမႈသတင္းေတာ့ ထုတ္ျပန္ျခင္းမရွိေပမယ့္ အဲဒီေန႔က ေလယာဥ္ခရီးစဥ္ ဒါဇင္မ်ားစြာကို ဖ်က္သိမ္းခဲ့ရျခင္း ေၾကာင့္ ခရီးသည္ ၃၄၀၀ ေက်ာ္ ထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။
Self-defence Forces (SDF) ဗုံးရွင္းလင္းေရးအဖြဲ႕ရဲ႕အဆိုအရ အဲဒီေပါက္ကြဲခဲ့တဲ့ဗုံးဟာ "အေမရိကန္လုပ္ ၂၅ဝ ကီလိုဂရမ္အေလးခ်ိန္ရွိ ဗုံးတစ္ခုျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၁၁၊ ၂၀၂၁ ခုႏွစ္ေတြကလည္း ေလဆိပ္အနီးမွာ မေပါက္ကြဲေသးတဲ့ အေမရိကန္လုပ္ဗုံးေတြကို ေတြ႕ခဲ့ရဖူးတယ္လို႔ သိရပါတယ္။

၁၉၄၅ ခုႏွစ္က ဂ်ပန္ႏိုင္ငံ နာဂါဆာကီနဲ႔ ဟီ႐ိုရွီးမားတို႔မွာ န်ဴကလီယားဗုံးႀကဲခ်ျခင္းမျပဳမီ အေမရိကန္ေလတပ္ ဟာ ဂ်ပန္ႏိုင္ငံရွိ ၿမိဳ႕ေပါင္းမ်ားစြာကို အျပင္းအထန္ ဗုံးႀကဲတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ၁၉၄၅ ခုႏွစ္ မတ္လတစ္ညတည္းမွာပဲ တိုက်ိဳၿမိဳ႕မွာ ႏိုင္ငံသားေပါင္းသိန္းနဲ႔ခ်ီ ေသဆုံးခဲ့ရတယ္လို႔ သိရပါတယ္။ အေမရိကန္ ဗုံးႀကဲခဲ့တဲ့ေနရာေတြထဲမွာ မီယာဇာကီေလဆိပ္ဟာလည္း တစ္ခု အပါအဝင္ ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.