ကားဈေးကွက် အရောင်းအဝယ်ကျနေသော်လည်း EV ကားများ ဝယ်လိုအားတက်လာ

 348

ယွန်း (NP News) - အောက်တိုဘာ ၅

ကား‌ဈေးကွက်အရောင်းအဝယ်ကျနေသော်လည်း EV ကားများကို ယခုနှစ်တွင် ဝယ်လိုအားပိုများလာကြောင်း မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ယနေ့(အောက်တိုဘာ ၅ ရက်) တွင် ရန်ကုန်ရှိ LOTTE HOTEL ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေနှင့် ကားအ‌ရောင်းပြပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ပြည်တွင်းကားဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်နေသော်လည်း လက်ရှိတွင် ကား ဈေးကွက်မှာ အဆိုပါကာလထက် အရောင်းအဝယ်အေးနေ ကြောင်း သိရသည်။

"လက်ရှိကားဈေးကွက်ကတော့ လွန်ခဲ့တဲ့နှစ်လလောက်ထက်စာရင်တော့ ကားဈေးကွက်အေးပါတယ်။ ကျသင့်တဲ့ ကားလည်း ကျသွားတယ်။ လက်ရှိကားဈေးကွက်ကတော့ ကျတယ်လို့ပဲပြောရမယ်။ ဝါကျွတ်ကာလလည်း အရမ်း မပြောင်းလဲနိုင်ဘူး။ မနှစ်က ၂၀၂၃ မှာတုန်းက နှစ်သောင်းတန် ဂယက်ထခဲ့တယ်။ အဲဒီနောက်ပိုင်း ၇ လပိုင်းကနေ စပြီး တက်သွားတဲ့ကားဈေးကွက် ၉ လပိုင်းအထိ တားမနိုင်အောင်တက်တယ်။ ပြီးတော့ ၁၀ လပိုင်းကနေစပြီး တောက်လျှောက်ငြိမ်သွားတာ ၂၀၂၄ မေလလောက်အထိငြိမ်တယ်။ ဇွန်၊ ဇူလိုင်မှာတော့ ကားနဲ့နွယ်နေတဲ့ ရွှေဈေး တွေ၊ ဒေါ်လာဈေးတွေရိုက်ခတ်တယ်။ အဲဒီအချိန်မှ ကားဈေးက တက်သွားတယ်။ လက်ရှိကတော့ ဝါကျွတ်အထိကို ဒီအနေအထားနဲ့ပဲ အရောင်းအဝယ်ဖြစ်လိမ့်မယ်လို့ မှန်းထားတယ်" ဟု ဦးကျော်စွာထွန်းမြင့်က ဆိုသည်။

လက်ရှိတွင် ကားဈေးကွက်အတွင်း အနိမ့်ဆုံးအနေဖြင့် ငွေကျပ်သိန်း(၃၀၀) နှင့် သိန်း(၁၀၀၀)ကြားရှိ ကားများမှာ အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။
ပြည်တွင်း၌ ကားဈေးကွက်အရောင်းအဝယ်အေးနေသည်ဆိုသော်လည်း ICE ဈေးကွက်ထက် EV ကားဈေးကွက်မှာ ဝယ်လိုအား ပိုများနေပြီး ယခင်နှစ်ထက် ယခုနှစ်တွင် ပိုရောင်းနေရကြောင်း ၎င်းက ဆိုသည်။

"ဈေးကွက်ထဲမှာတော့ လူစီးကားတွေက ပိုအရောင်းအဝယ်ဖြစ်ပါတယ်။ အရင်ကတော့ ICE တစ်မျိုးထဲပေါ့ အခုကျတော့လည်း EV အစားထိုးလာတဲ့အခါ နှစ်ခုလုံးတော့ ရောင်းရပါတယ်။ မြို့ပြတွေမှာတော့ EV ကားတော့ ဝယ်လိုအား ပိုများတာပေါ့။ မြို့ပြမှာနေတဲ့သူတွေအတွက်ကတော့ မနှစ်က EV ဝယ်တဲ့သူ ၅ ယောက်ဆိုရင် ဒီနှစ်မှာ ၇ ယောက်ဖြစ်လာနိုင်တယ်။ Demand လည်း တက်လာတယ်။ EV ဈေးကွက်လည်း မနှစ်ကထက်စာရင်တော့ ဒီနှစ်မှာ ပိုရောင်းရတယ်လို့ ပြောချင်ပါတယ်" ဟု ဦးကျော်စွာထွန်းမြင့်က ဆိုသည်။

Zawgyi Version;
ကားေဈးကြက္ အေရာင္းအဝယ္က်ေနေသာ္လည္း EV ကားမ်ား ဝယ္လိုအားတက္လာ
ယြန္း (NP News) - ေအာက္တိုဘာ ၅

ကား‌ေဈးကြက္အေရာင္းအဝယ္က်ေနေသာ္လည္း EV ကားမ်ားကို ယခုႏွစ္တြင္ ဝယ္လိုအားပိုမ်ားလာေၾကာင္း ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႉး ခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က ေျပာသည္။

ယေန႔(ေအာက္တိုဘာ ၅ ရက္) တြင္ ရန္ကုန္ရွိ LOTTE HOTEL ၌ က်င္းပသည့္ (၁၆)ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးအိမ္ၿခံေျမႏွင့္ ကားအ‌ေရာင္းျပပြဲတြင္ မီဒီယာမ်ား၏ေမးျမန္းမႈကို အထက္ပါကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္ သည္။
ၿပီးခဲ့သည့္ ဇူလိုင္လတြင္ ျပည္တြင္းကားေဈးကြက္မွာ အေရာင္းအဝယ္ပုံမွန္ျဖစ္ေနေသာ္လည္း လက္ရွိတြင္ ကား ေဈးကြက္မွာ အဆိုပါကာလထက္ အေရာင္းအဝယ္ေအးေန ေၾကာင္း သိရသည္။

"လက္ရွိကားေဈးကြက္ကေတာ့ လြန္ခဲ့တဲ့ႏွစ္လေလာက္ထက္စာရင္ေတာ့ ကားေဈးကြက္ေအးပါတယ္။ က်သင့္တဲ့ ကားလည္း က်သြားတယ္။ လက္ရွိကားေဈးကြက္ကေတာ့ က်တယ္လို႔ပဲေျပာရမယ္။ ဝါကြၽတ္ကာလလည္း အရမ္း မေျပာင္းလဲႏိုင္ဘူး။ မႏွစ္က ၂၀၂၃ မွာတုန္းက ႏွစ္ေသာင္းတန္ ဂယက္ထခဲ့တယ္။ အဲဒီေနာက္ပိုင္း ၇ လပိုင္းကေန စၿပီး တက္သြားတဲ့ကားေဈးကြက္ ၉ လပိုင္းအထိ တားမႏိုင္ေအာင္တက္တယ္။ ၿပီးေတာ့ ၁၀ လပိုင္းကေနစၿပီး ေတာက္ေလွ်ာက္ၿငိမ္သြားတာ ၂၀၂၄ ေမလေလာက္အထိၿငိမ္တယ္။ ဇြန္၊ ဇူလိုင္မွာေတာ့ ကားနဲ႔ႏြယ္ေနတဲ့ ေ႐ႊေဈး ေတြ၊ ေဒၚလာေဈးေတြ႐ိုက္ခတ္တယ္။ အဲဒီအခ်ိန္မွ ကားေဈးက တက္သြားတယ္။ လက္ရွိကေတာ့ ဝါကြၽတ္အထိကို ဒီအေနအထားနဲ႔ပဲ အေရာင္းအဝယ္ျဖစ္လိမ့္မယ္လို႔ မွန္းထားတယ္" ဟု ဦးေက်ာ္စြာထြန္းျမင့္က ဆိုသည္။

လက္ရွိတြင္ ကားေဈးကြက္အတြင္း အနိမ့္ဆုံးအေနျဖင့္ ေငြက်ပ္သိန္း(၃၀၀) ႏွင့္ သိန္း(၁၀၀၀)ၾကားရွိ ကားမ်ားမွာ အေရာင္းအဝယ္ပိုျဖစ္ေနေၾကာင္း သိရသည္။
ျပည္တြင္း၌ ကားေဈးကြက္အေရာင္းအဝယ္ေအးေနသည္ဆိုေသာ္လည္း ICE ေဈးကြက္ထက္ EV ကားေဈးကြက္မွာ ဝယ္လိုအား ပိုမ်ားေနၿပီး ယခင္ႏွစ္ထက္ ယခုႏွစ္တြင္ ပိုေရာင္းေနရေၾကာင္း ၎က ဆိုသည္။

"ေဈးကြက္ထဲမွာေတာ့ လူစီးကားေတြက ပိုအေရာင္းအဝယ္ျဖစ္ပါတယ္။ အရင္ကေတာ့ ICE တစ္မ်ိဳးထဲေပါ့ အခုက်ေတာ့လည္း EV အစားထိုးလာတဲ့အခါ ႏွစ္ခုလုံးေတာ့ ေရာင္းရပါတယ္။ ၿမိဳ႕ျပေတြမွာေတာ့ EV ကားေတာ့ ဝယ္လိုအား ပိုမ်ားတာေပါ့။ ၿမိဳ႕ျပမွာေနတဲ့သူေတြအတြက္ကေတာ့ မႏွစ္က EV ဝယ္တဲ့သူ ၅ ေယာက္ဆိုရင္ ဒီႏွစ္မွာ ၇ ေယာက္ျဖစ္လာႏိုင္တယ္။ Demand လည္း တက္လာတယ္။ EV ေဈးကြက္လည္း မႏွစ္ကထက္စာရင္ေတာ့ ဒီႏွစ္မွာ ပိုေရာင္းရတယ္လို႔ ေျပာခ်င္ပါတယ္" ဟု ဦးေက်ာ္စြာထြန္းျမင့္က ဆိုသည္။

Related news

© 2021. All rights reserved.